Aung Aung
Saturday, October 8, 2022
သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ အကြောင်းသိကောင်းစရာ 🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
အဘိဓမ္မာ နတ်ပြည်မှာ ဟောရခြင်း 🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁 သို့သော် ဒီလောက် လေးနက်တဲ့ သဘာဝတရားတွေကို ရှင်းပြပြီး ခေါင်းစီးတစ်ခုတည်းနဲ့ အင်မတန် ရှည်လျားတဲ့ ဒေသနာတော်ကြီးကို ဟောဖို့ဆိုတာ လူ့ပြည်မှာ မဖြစ်နိုင်ဘူး၊ လူသားတွေဟာ တစ်နေကုန် ထိုင်ဖို့ဆို တော်တော်ခက်မယ်၊ ၃-လတိတိ ထိုင်ဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး၊ ၁-နာရီ, ၂-နာရီလောက် ထိုင်လိုက်ရင်ပဲ ညောင်းကုန်ပြီလေ။ အဘိဓမ္မာ ခေါင်းစည်းအောက်မှာ အင်မတန် ရှည်လျားတဲ့ တရားကြီး၊ ပဋ္ဌာန်းထိအောင် ဟောရမှာဆိုလို့ရှိရင် အချိန်အားဖြင့် ၃-လလောက် အချိန်ယူရမယ်တဲ့၊ အဲဒီ ၃-လလောက် အချိန်ယူရမယ့်တရား၊ မြတ်စွာဘုရားက ၇-ရက်နဲ့ ဆင်ခြင် စဉ်းစားထားတဲ့ တရားဟာ အတိုင်းအတာ မရှိလောက်အောင် အလွန်ကျယ်ဝန်းတယ်၊ ဒီတရားတွေကို လူ့ပြည်မှာ ဟောလို့မဖြစ်နိုင်ဘူး၊ ဘာဖြစ်လို့တုန်း၊ လူတွေက ကြာရှည်စွာ ထိုင်ပြီးတော့ တရားဆုံးအောင် မနာနိုင်ဘူးတဲ့၊ ဘုရားက တရားဟောနေ ၁-နာရီ, ၂-နာရီ, ၄,၅ နာရီလောက်ဆို ထပြေးကုန်ကြမှာ၊ ရှိမှာ မဟုတ်တော့ဘူး၊ မထိုင်နိုင်ဘူးလေ၊ အဲဒါကြောင့်မို့ အဘိဓမ္မာတရားကို လူ့ပြည်မှာ မဟောဘူး။ #တန်ခိုးပြာဋိဟာ ပထမဆုံး ဓမ္မစကြာတရားဟောတယ်၊ နောက် အနတ္တလက္ခဏသုတ္တန် ဟောတယ်၊ ၇-ဝါမြောက်တဲ့ အခါကျတော့ အဘိဓမ္မာတရားဟောဖို့ အချိန်ကျလာတယ်၊ ဝါဆိုဦးကာလမှာ ရေ,မီးအစုံ တန်ခိုးပြာဋိဟာကို ပြတယ်၊ ရေးမီးအစုံ တန်ခိုးပြာဋိဟာ လို့ဆိုတာ အားလုံးကြားဖူးကြပါလိမ့်မယ်၊ ထူးမခြားနား သီချင်းကြီးကြားဖူးကြမှာပေါ့၊ လူတွေကတော့ ပြောကြတယ်၊ မင်းပြောနေတာ ထူးမခြားနားပါကွာတဲ့၊ တကယ်က ထူးမခြားနားဆိုတာ ထူးတယ်၊ ဒါပေမယ့် တစ်ခုနဲ့တစ်ခု အချိန်ချင်း မကွားခြားဘူးလို့ ဒီလို အဓိပ္ပါယ်ရတယ်။ #ရေ,မီးအစုံ တန်ခိုးပြပုံ ရေနဲ့မီးဆိုတာ အင်မတန် ဆန့်ကျင်တဲ့ အရာနှစ်ခု မဟုတ်လား၊ ရေနဲ့မီးကို တန်ခိုးပြာဋိဟာ ပြတယ်ဆိုတာ အကျဉ်းချုပ်ပြောလို့ရှိရင်တော့ လက်ယာဘက် မျက်လုံးတော်က ရေတွေ ပန်းထွက်နေတဲ့အချိန်မှာ လက်ဝဲဘက် မျက်လုံးတော်က မီးတွေ ပန်းထွက်နေတယ်၊ အံ့သြဖွယ် လုပ်ပြရတာ၊ ရေဖြစ်ဖို့ရာအတွက် အာပေါကသိုဏ်း ဝင်စားရတယ်၊ ဒါက moment ချင်း မတူဘူး၊ အချိန်ကာလချင်း ခြားနားတယ်၊ သို့သော် သိပ်လျင်မြန်သည့်အတွက်ကြောင့် တစ်ပြိုင်နက်လို့ ကြည့်တဲ့ပုဂ္ဂိုလ်တွေက ထင်ရတယ်တဲ့၊ အဲဒါ အလွန် အလွန် ထူးခြားပြီးတော့ အချိန်ကာလ မခြားနားသကဲ့သို့ တစ်ဆက်တည်း မြင်ရတာကို “#ထူးမခြားနား” လို့ ဆိုတာ။ အလွန် ထူးဆန်းတယ်၊ အချိန်ကာလ အကွဲအပြားကို မမြင်ရဘူး၊ အင်မတန် ထူးဆန်းလို့ မြတ်စွာဘုရားရဲ့ လက်ယာမျက်လုံးက နေပြီးတော့ ရေတွေ ပန်းထွက်နေတယ်၊ လက်ဝဲဘက်မျက်လုံးက မီးတွေ ပန်းထွက်နေတယ်၊ ကြည့်တဲ့ ပုဂ္ဂိုလ်က မျက်တောင်လေး တစ်ချက်ခတ်လိုက်တာနဲ့ ရေမီးက တစ်ခါ ညာနဲ့ဘယ် ပြောင်းသွားပြန်တယ်၊ လက်ယာဘတ် နှာခေါင်းတွင်းက နေပြီးတော့ ရေတွေပန်းထွက်နေတယ်၊ လက်ဝဲဘက်က မီးတွေပန်းထွက်နေတယ်၊ မျက်တောင်လေး ခတ်လိုက်တာနဲ့ ရေနဲ့မီးက ဘယ်,ညာ ပြောင်းသွားပြန်ရော၊ အဲဒီလောက် ထူးဆန်းတဲ့ တန်ခိုး ပြာဋိဟာတွေကို ပြတာ၊ ‘ယမကျပာဋိဟာ’ ဆိုတာ ရေ,မီးအစုံ တန်ခိုးပြာဋိဟာ ကို ဆိုလိုတယ်။ အဲဒီလို ရေ မီး အစုံ အစုံ အင်မတန် ထူးဆန်း အံ့သြဖွယ်ကောင်းတဲ့ တန်ခိုးပြာဋိဟာတွေကို ဝါဆိုလပြည့်နေ့မှာ ပြပြီးတော့ မြတ်စွာဘုရားက အဘိဓမ္မာ တရားဟောဖို့ တာဝတိ ံသာ ကြွသားတယ်။ #အဘိဓမ္မာတရား ဟောတော်မူပုံ တာဝတိ ံသာ ရောက်တဲ့အခါကျတော့ သိကြားမင်းကြီးထိုင်တဲ့ ပင်လယ်ကသစ်ပင် အောက်မှာ ခင်းထားတဲ့ ပဏ္ဍုကမ္ဗလာ ကျောက်နေရာမှာ ထိုင်တော်မူတယ်။ အဲဒီ ကျောက်နေရာကြီးက ကျောက်တော့ကျောက်ပဲ၊ ဒါပေမယ့် ကျောက်ပျော့ကြီး၊ အဲဒီအပေါ် ထိုင်လိုက်လို့ရှိရင် အိသွားတယ်၊ ထူးထူးဆန်းဆန်း ကျောက်ပျော့၊ ဘယ်မှာရှိလဲလို့ပြောရင် အဲဒီမှာ ရှိတယ်လို့ ပြောရမယ်၊ ဆိုဖာကြီးလိုပဲ၊ သိကြားမင်းကြီး အဲဒီပေါ် ထိုင်လိုက်လို့ရှိရင် ချက်လောက် ထိအောင် မြုပ်သွားတယ်တဲ့။ အဲဒီလို မြတ်စွာဘုရားက ပဏ္ဍုကမ္ဗလာ ကျောက်ဖျာပေါ်မှာ သီတင်းသုံး ထိုင်နေစဉ် နတ်တွေ ဗြဟ္မာတွေ ရောက်လာကြတဲ့အခါမှာ ဘုရားဖြစ်ပြီး ၂၂-ရက် နေ့ကနေပြီး ရက်သတ္တပတ် ဆင်ခြင်ထားတဲ့ အဘိဓမ္မာတရားတွေကို ခေါင်းစီးတစ်ခုတည်း အောက်မှာထားပြီး အဘိဓမ္မာ ၇-ကျမ်းကို ဟောတယ်တဲ့၊ တစ်ဝါတွင်းလုံး ဒီ အဘိဓမ္မာတရားချည်းပဲ ဟောတယ်။ #မယ်တော် ကျေးဇူးဆပ် အဲဒီလို မြတ်စွာဘုရားက ပဏ္ဍုကမ္ဗလာ ကျောက်ဖျာပေါ်မှာ သီတင်းသုံး ထိုင်နေပြီး နတ်တွေ ဗြဟ္မာတွေ ရောက်လာကြတဲ့ အခါမှာ ဘုရားဖြစ်ပြီး ၂၂-ရက် နေ့ကစပြီး ရက်သတ္တပတ် ဆင်ခြင်ထားတဲ့ ဘိဓမ္မာတရားတွေကို ခေါင်းစည်းတစ်ခုထဲ အောက်မှာထားပြီး အဘိဓမ္မာ ၇-ကျမ်းကို ဟောတယ်တဲ့၊
‘ကုသလာ ဓမ္မာ၊ အကုသလာ ဓမ္မာ၊ အဗျာကတာ ဓမ္မာ’ ဆိုပြီးတော့ ၃-စု မာတိကာပေးတယ်၊ ‘ေဟတူ ဓမၼာ၊ န ေဟတူ ဓမၼာ’ စသည်ဖြင့် ၂-စု မာတိကာလေးတွေ ခေါင်းစဉ်လေးတွေ ပေးပြီးတော့ မြတ်စွာဘုရားက ဟောသွားလိုက်တာ တစ်ဝါတွင်းလုံး ဒီ အဘိဓမ္မာတရားချည်းပဲ ဟောတယ်။ အဲဒီလို အဘိဓမ္မာတရား ဟောကြားရာ တာဝတိ ံသာ နတ်ပြည် တရားနာပရိတ်သတ်ထဲမှာ အလွန်ထူးခြားတဲ့ ပုဂ္ဂိုလ် တစ်ဦး ပါလာတယ်၊ ဘယ်သူတုန်းဆိုရင် တုသိတာနတ်ပြည်မှာ နတ်မင်းအဖြစ်ဖြင့် ဖြစ်နေတဲ့ လူ့ဘဝတုန်းက ဘုရားလောင်းရဲ့ မယ်တော် နတ်သားပဲ၊ သန္တုဿိတ နတ်သားဘဝနဲ့ ဘုရားတရားပွဲမှာ လာရောက်ပြီး လက်ယာဘက်မှာ ထိုင်ပြီးတော့ နာယူနေတယ်၊ အဲဒီ မယ်တော်ကြီးကို ဦးတည်ပြီးတော့ မြတ်စွာဘုရားက အဘိဓမ္မာတရားကို ဟောတာ၊ မယ်တော်ကို ကျေးဇူးဆပ်တယ်လို့ ပြောကြတာပေါ့။ ကျေးဇူးဆပ်တယ်လို့ ပြောတဲ့အထဲမှာ ဘာတွေ အပိုထည့်ပြောတုန်း ဆိုရင် “အမိကျေးဇူးဟာ ဆပ်မကုန်နိုင်ဘူး၊ အဲဒါ ဘုရားသော်မှ အဘိဓမ္မာတရား ဟောတာတောင် နို့တစ်လုံးဖိုးသာ ကျေသေးတို့ ဘာတို့နော်” တစ်လုံးက ဘယ်လောက်တန်လို့ တစ်လုံးဖိုးတို့, နှစ်လုံးဖိုးတို့ ပြောလို့ရတုံး၊ တစ်လုံးဖိုးပဲ ကျေသေးတယ်၊ နောက်တစ်လုံးဖိုး ကျန်သေးတယ်လို့ အဓိပ္ပါယ်မျိုး ပြောကြတယ်။ ဒါတွေက စာထဲမပါတဲ့ စကားတွေပါ၊ စာထဲ မပါပေမယ့် တချို့ဟာက ယုတ္တိရှိတယ်။ အခုဟာက ယုတ္တိမရှိဘူး၊ ဘာဖြစ်လို့ တုန်းဆို တန်ဖိုးဖြတ်ထားမှသာ ပြောလို့ ရတော့မပေါ့၊ အဘိဓမ္မာ တရားဟောရင် တစ်လုံးဖိုးပဲ ကျေသေးတယ်၊ နောက်တစ်လုံးဖိုးကို ကျေဖို့ရန်အတွက် ထပ်ဟောရမယ့် ပုံစံမျိုး ဖြစ်နေတယ်။ မယ်တော်ကြီးကို ဦးတည်ပြီး တစ်သောင်းသော စကြာဝဠာက ရောက်ရှိလာတဲ့ နတ်ဗြဟ္မာအပေါင်းရဲ့ အလယ်မှာ ရှင်တော်မြတ်ဘုရားဟာ ဒီ အဘိဓမ္မာမြတ်ဒေသနာကို တာဝတိ ံသာနတ်ပြည်မှာ ဟောကြားခဲ့တာ၊ လူ့ပြည်က အရေအတွက်အားဖြင့် ပြောမယ်ဆိုလို့ရှိရင် ၃-လတိတိ၊ ရက်ပေါင်း ၉၀-ကြတာတယ်လို့ ပြောရမယ်၊ ရက်ပေါင်း ၉၀-ကြမှ ဟောဒီ အဘိဓမ္မာတရားဟာ ပြီးဆုံးသွားတယ်။ နတ်တို့ရဲ့ အချိန်နဲ့ ပြောမယ်ဆိုရင် မိနစ်ပိုင်းလောက်ပဲ ရှိပါတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ လူ့ပြည်က အနှစ် ၁၀၀-သည် တာဝတိ ံသာနတ်ပြည်မှာ ၁-ရက်ပဲ ရှိပါသေးတယ်၊ နေ့တာ ညတာ ဟိုက ပိုပြီးတော့ ရှည်တယ်၊ လူ့ပြည်က တိုတယ်၊ လူ့ပြည် အနှစ် ၁၀၀-မှ တာဝတိ ံသာနတ်ပြည် ၁-ရက်ဆိုတော့ မိနစ်ပိုင်းလောက်ပဲ ကြာတယ်ပေါ့၊ ၃-လဆိုတာ ဘာမှ မရှိဘူးပေါ့၊ တရားပွဲက ဘာမှ မကြာလိုက်ဘူးပေါ့၊ ခဏလေး ပြီးသွားတယ်။ မြတ်စွာဘုရားက တာဝတိ ံသာနတ်ပြည်ကို ကြွသွားတဲ့ အခါကျတော့ ဘုရားက လူသားဆိုတော့ ခပ်သေးသေးနေမှာပေါ့၊ လူ့အတောင်နဲ့ ပြောရင် ၁၈-တောင်ပေါ့၊ ၁၈-တောင်ဆိုတာ ဘယ်လောက်မှ မရှိဘူးပေါ့၊ ၁၈-တောင်ကို တစ်ချို့က ၁၈-မိုက်လို့ ပြောကြတယ်၊ ဘုရား ၁၈-တောင်ဆိုရင် ထိုခေတ်လူတွေကလည်း အားလုံး ၁၈-တောင် တညီတည်း ဖြစ်ကြရမှာပေါ့၊ လျော့ရင် နည်းနည်းပဲပေါ့၊ နို့မို့ဆိုရင် ဘုရားတစ်ဆူထဲကသာ ၁၈-တောင်ဖြစ်ပြီးတော့ ကျန်တဲ့သူတွေက ပုပုလေးတွေဆို ဘယ်လိုလုပ်ပြီးတော့ ဆွမ်းလောင်းတာတို့၊ ဘုရားဖူးသွားတာတို့ ဖြစ်နိုင်ပါ့မတုံး၊ မဖြစ်နိုင်ဘူး၊ သူ့ခေတ်သူ့လူတွေရဲ့ အရပ်အမောင်း ဒီလိုပဲ တစ်ညီတည်း ဖြစ်ရမှာပေါ့။ ဒီတော့ နတ်ပြည်ရောက်သွားတဲ့အခါ နတ်တွေက ကြီးတယ်၊ သူတို့ ခန္ဓာကိုယ်က အကြီးကြီးတွေ၊ အဲဒီတော့ မြတ်စွာဘုရားက ပကတိကိုယ်နဲ့ သီတင်းသုံးမယ်ဆိုရင် နတ်တွေကလည်း သူတို့ လူသားတွေရဲ့ပုံစံပဲ ဖန်ဆင်းပြီး ထိုင်နေရမှာပဲ၊ နတ်က ဖန်ဆင်းလို့ရတာပဲ၊ လူ့ပြည်လာတဲ့အခါမှာ အပ်ဖျားလေးချလောက်တဲ့ နေရာလေးမှာတောင် နတ်က ၁၀-ယောက်၊ အယောက် ၂၀၊ ဒီလို စုထိုင်နေကြတာတဲ့၊ နေရာ မရဘူး ဆိုရင် အဲဒီလို သူတို့ ထိုင်ရတယ်၊ အပ်ဖျားလေး ထောက်လောက်တဲ့ နေရာလေးဆို သေးသေးလေး၊ အဲဒီလောက် သေးသေးလေးကို နတ်တွေက ၁၀-ယောက်, ၁၅-ယောက် စုထိုင်နိုင်အောင် သူတို့ ဖန်တီးလို့ ရတယ်။ သို့သော် စာထဲအတိုင်း ပြောမယ်ဆိုရင် မြတ်စွာဘုရားက ပါလာတဲ့ နှစ်ထပ်သင်္ကန်းကြီးကို ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာကြီးပေါ်မှာ လွှမ်းလိုက်တဲ့အခါ နှစ်ထပ်သင်္ကန်းကြီး ပဏ္ဍုကမ္ဗလာ ကျောက်ဖျာကြီးတစ်ခုလုံး ဖုံးသွားတယ်တဲ့၊ ကိုယ်တော်မြတ် ကလည်း ထိုင်လိုက်တဲ့အခါ တင်ပလ္လင်ခွေကြီး တစ်ခုလုံးဟာ အဲဒီကျောက်ဖျာကြီး တစ်ခုလုံး ပြည့်သွားတယ်ဆိုတော့ ဘုရားကိုယ်တော်ကြီးဟာ ပြောင်းသွားတယ်ပေါ့၊ ခန္ဓာကိုယ်တော်ကြီး က နေပြီးတော့ နတ်တွေရဲ့ အတိုင်းအတာလို ရုပ်ပွားတော်ကြီး အကြီးကြီး ဖြစ်သွားတယ်လို့ ဒီလိုပြောရမှာ။
#လူ့ပြည်ပြန်ကြွလေ့ရှိ မြတ်စွာဘုရားက တရားဟောရင်း နေ့စဉ် နေ့စဉ် ဆွမ်းဘုဉ်းပေးတဲ့ အချိန်ကို လူ့ပြည် ကြွလာလေ့ရှိတယ်၊ သို့သော် သာဝတ္ထိတို့ ရာဇဂြိုလ်တို့ဆိုတဲ့ ဒေသကို မကြွဘဲနဲ့ ဘယ်သူမှ မသိတဲ့ မြောက်ကျွန်းဘက်ကို ကြွတယ်၊ မြောက်ကျွန်း ကြွပြီးတော့ ဆွမ်းခံတယ်၊ ဆွမ်းခံပြီးတဲ့အခါ ဟိမဝန္တာတောင် စန္ဒကူးတောထဲက စန္ဒကူးပင်အောက် အနောတက်ရေအိုင် အနီးအနားမှာ ဆွမ်းဘုဉ်းပေးတယ်၊ အဲဒီလို မြတ်စွာဘုရား ဆွမ်းဘုဉ်းပေးတဲ့အခါ ဘယ်သူက ဝတ်ကြီးဝတ်ငယ် ပြုတုန်းဆို ရှင်သာရိပုတ္တရာ တစ်ပါးတည်းပဲ အဲဒီကို ကြွာလာပြီး ဘုရား ဆွမ်းဘုန်းပေးတဲ့အခါမှာ ဝတ်ကြီးဝတ်ငယ် ပြုတယ်တဲ့။ အဋ္ဌကထာထဲမှာတော့ ဘယ်လို ရေးထားသလဲဆိုတော့ လူ့ခန္ဓာကိုယ်ရဲ့ သဘာဝအတိုင်း စားချိန်ကျရင် စားရမယ်၊ နားချိန်ကျရင် နားရမယ်ပေါ့၊ ဒါကြောင့်မို့ မြတ်စွာဘုရားလည်း ရုပ်သဘာဝအတိုင်းပေါ့၊ ဒါကြောင့်မို့ မြတ်စွာဘုရားလည်း ရုပ်သဘာဝအတိုင်းပေါ့၊ ဆွမ်းဘုဉ်းပေးဖို့ အချိန်ကျတဲ့အခါ လူ့ပြည်ကြွ ဘုဉ်းပေးတယ်၊ အနားယူရမယ့် အချိန် အနားယူတယ်၊ ပြီးတော့မှ တရားဆက်ဟောတယ်။ ဘုရားရှင် လူ့ပြည်ကြွတဲ့အခါ နိမ္မိတရုပ် ဖန်ဆင်းပြီးတော့ ထားခဲ့တယ်တဲ့၊ အဲဒီ နိမ္မိတ ရုပ်ပွားတော်ကနေ ဆက်ပြီးတော့ တရားဟောနေရစ်တယ်လို့ ပြောတယ်၊ ဘုရားအစစ်က ဘယ်ကနေ ဘယ်လောက်ထိ ဟောမယ်ဆိုတာကို သတ်မှတ်ပေး ထားတဲ့ အတိုင်း နိမ္မိတရုပ်ကနေ ဆက်ပြီးတော့ ဟောသွားတယ်၊ ခုခေတ်လိုဆိုရင် TV ဖွင့်ထားခဲ့တဲ့ သဘောပေါ့။
#လူ့ပြည်မှာ ဟောခဲ့ မြတ်စွာဘုရား ဘာဖြစ်လို့ လူ့ပြည်ကြွတာတုန်းဆိုတော့ ရှင်သာရိပုတ္တရာနဲ့ နေ့တိုင်း တွေ့ပြီးတော့ နတ်ပြည်မှာ ဟောခဲ့တဲ့ တရားကို ရှင်သာရိပုတ္တရာကို အကျဉ်းချုပ် ပြန်ပြီး နေ့တိုင်းဟောခဲ့တာ၊ ဘုန်းကြိး တစ်ခုတွေးမိတာကတော့ အဲဒါဟာ အဓိကဖြစ်လောက်တယ်၊ လူ့ပြည်က လူတွေတန်ရုံ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာကို ဟောခဲ့တယ်၊ ရှင်သာရိပုတ္တရာက အမျိုးကောင်းသား တပည့်ရဟန်း ၅၀၀-ကို ထပ်ဆင့် သင်ပေးတယ်၊ အဲဒီ ရဟန်းတွေဟာ ကဿပမြတ်စွာဘုရားရှင်ရဲ့ လက်ထက်တော်တုန်းက လင်းနို့တွေ ဖြစ်ခဲ့တယ်။ လင်းနို့ကနေ လူ့ဘဝရောက်လာတယ်ပေါ့၊ လင်းနို့သား ၅၀၀- ဘဝတုန်းက အဘိဓမ္မာဆောင် ရဟန်းတွေက သူတို့နေတဲ့ လိုဏ်ဂူထဲမှာ ရွတ်ဖတ် သရဇ္စျာယ်ကြတယ်၊ ဒီအခါ လင်းနို့တွေက အဘိဓမ္မာတရားသံကို နားထောင်ရင်း သူတို့ နားထဲမှာ ကျက်မိနေကြတယ်၊ ဒီလို မြတ်စွာဘုရားရှင်ဟာ ၃-လတိတိ ရက်ပေါင်း ၉၀-နေ့စဉ် လူ့ပြည်ကို ကြွပြီးတော့ ရှင်သာရိပုတ္တရာကို အဘိဓမ္မာတရား အကျဉ်းချုပ်ပြီး ဟောခဲ့တာ၊ ရှင်သာရိပုတ္တရာဆိုတာက အင်မတန်မှ ဉာဏ်ထက်မြက်တဲ့ ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့် မြတ်စွာဘုရားက အရိပ်အမြွက် အကျဉ်းချုပ်ကို ဟောပြလိုက်တာနဲ့ အကုန်လုံး ရသွားတယ်။ အခု ဒီကနေ့ လူ့ပြည်မှာ ရောက်နေတဲ့ အဘိဓမ္မတရားသည် တာဝတိ ံသာနတ်ပြည်မှာ ဟောတဲ့ အလွန် ကျယ်ဝန်းလှတဲ့ အဘိဓမ္မာတရား မဟုတ်ဘူး၊ ရှင်သာရိပုတ္တရာမထေရ်မြတ်ကို နေ့စဉ် နေ့စဉ် သင်ပေးခဲ့ပြီး ရှင်သာရိပုတ္တရာက သူ့ဉာဏ်နဲ့ ဘုရားဟောတဲ့ အဘိဓမ္မာကို အကျဉ်းချုပ်ပြီး လင်းနို့တစ်ဖြစ်လဲ ရဟန်းတော်တွေကို သင်ပေးခဲ့တဲ့ အဘိဓမ္မာလို့ နားလည်ရပါတယ်။ အဋ္ဌကထာမှာ ဘယ်လို မှတ်တမ်းတင်ထားတုန်းဆို တာဝတိ ံသာနတ်ပြည်မှာ မြတ်စွာဘုရားက အဘိဓမ္မာ ၇-ကျမ်းဟောလို့ နိဂုံးချုပ်တဲ့နေ့မှာပဲ လူ့ပြည်က ရဟန်း ၅၀၀-လည်းပဲ အဘိဓမ္မာ ၇-ကျမ်းဆောင် ပုဂ္ဂိုလ်တွေ ဖြစ်သွားတယ်တဲ့၊ တစ်ပြိုင်နက် ပြီးတယ်၊ လူ့ပြည်က ရှင်သာရိပုတ္တရာရဲ့ ဘိဓမ္မာသင်တန်း၊ နတ်ပြည်က မြတ်စွာဘုရားရဲ့ အဘိဓမ္မာဒေသနာတော်ဟာ တစ်ပြိုင်နက် ပြီးဆုံးသွားတယ်လို့ ဆိုပါတယ်။
ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ၏
အဘိဓမ္မမြတ်ဒေသနာ ပထမတွဲမှ....
Saturday, March 30, 2019
ဝီတိက္ကမိတဗ္ဗဝတ္ထုံ အာရမဏံကတွာ ဝေရစေတနာဟိယေဝ ဝိရမတိ" ဟူသော သိက္ခာပဒဝိဘင်္ဂဋ္ဌကထာနှင့်အညီ " ဝိရတိ တရားတို့သည် ဝီတိ က္ကမိတဗ္ဗဖြစ်သော ပစ္စုန်ပ္ပန်အာရုံတစ်ခုခုကိုအာရုံပြု၍ ဝိရမိတဗ္ဗဖြစ်သော ဒုစရိုက်မှရှောင်ကြဉ်ကြသည်" ဟု မှတ်ပါ၊ သစ္စဝိဘင်း မူလဋီကာ "သမ္မာဝါစာဒီနံ အင်္ဂါနံ တံ တံ ဝိရမိတဗ္ဗာဒိ အာရမဏတ္တာ" ဟူသော ပါဌ်၌ကား ဝီတိက္ကမိတဗ္ဗဝတ္ထုကိုပင် "ဝိရမိတဗ္ဗ" ဟု နာမည် တပ်လျက်ရှိ၏၊ ထို့ကြောင့် ဆရာတို့လည်း "သုံးထွေဝိရတိ, ဝိရမိတဗ္ဗ, သမုတ်ရသည့်, ကာမနာမ်ရုပ်" ဟု အာရုံပြုခန်း၌ မိန့်တော်မူကြသည်။ •••••••••••••••••• အပ္ပမညာ။ ။နတ္ထိပမာဏံဧတဿာတိအပ္ပမာဏော၊ ဧတဿ-ဤသတ္တဝါအေ
Saturday, March 16, 2019
ဘုံပိုင်း
စိတ္တုပ္ပာဒါနမိစ္စေဝံ, ကတွာ သင်္ဂဟမုတ္တရံ၊
ဘူမိပုဂ္ဂလဘေဒေန, ပုဗ္ဗာပရနိယာမိတံ၊
ပဝတ္တိသင်္ဂဟံ နာမ, ပဋိသန္ဓိပဝတ္တိယံ၊
ပဝက္ခာမိ သမာသေန, ယထာသမ္ဘဝတော ကထံ။
အနုသန္ဓေ။ ။စိတ်စေတသိက်တို့ကိုဝေဒနာစသည်ဖြင့်ခွဲခြားဝေဖန်ရာ ပကိဏ္ဏကသင်္ဂဟကို ပြဆိုပြီး၍,
ယခုအခါဝယ် ထိုစိတ် စေတသိက်တို့၏ ဖြစ်ပုံကို ပြဆိုရာ ပဝတ္တိသင်္ဂဟမည်သော ဝီထိ-ဝီထိမုတ္တသင်္ဂဟ
တို့ကို ပြတော်မူလိုသော အရှင်အနုရုဒ္ဓါသည် "စိတ္တုပ္ပါဒါနမိစ္စေဝံ" အစချီသော ဂါထာနှစ်ရပ်ကို မိန့်အပ်
သတည်း၊ ဤနှစ်ဂါထာသည် ဝီထိပိုင်း ဝီထိမုတ်ပိုင်းအတွက် ပဋိညာဉ်ကိုပြသော ဂါထာတည်း၊ မှန်၏-
"ပဝတ္တိသင်္ဂဟံနာမ, ပဋိသန္ဓိပဝတ္တိယံ"၌ ၁-ပဝတ္တိသင်္ဂဟံနာမ ပဋိသန္ဓိယံ, ၂-ပဝတ္တိသင်္ဂဟံနာမ ပဝတ္တိယံ
ဟု စကားနှစ်ရပ်ခွဲ၍, (၁)နံပါတ်စကားရပ်ဖြင့် ဝီထိမုတ်ပိုင်းအတွက်ပဋိညာဉ်ကို, (၂)နံပါတ်စကားရပ်ဖြင့်
ဝီထိပိုင်းအတွက် ပဋိညာဉ်ကို ပြသည်။
အချို့ကား-"ပဝတ္တိသင်္ဂဟံနာမ, သန္ဓိယံဒါနိဝုစ္စတိ"ဟု ဝီထိပိုင်းအတွက်ပဋိညာဉ်ကို သီးခြားဆိုလတ္တံ့
ဖြစ်သောကြောင့်"ဤနှစ်ဂါထာသည်ဝီထိပိုင်းအတွက်သာ ပဋိညာဉ်ကိုပြသော ဂါထာဖြစ်သည်"ဟုဆိုကြ၏၊
ထိုဝါဒကိုဤကျမ်းက လက်မခံနိုင်ပါ၊ အဘယ့်ကြောင့်နည်း...သဘောတူသော အခန်းကြီး တစ်ခန်းအတွက်
အပေါင်းပဋိညာဉ်ကို ပြုပြီးလျှင်အခန်းငယ်တစ်ခန်းမှတစ်ခန်းသို့ကူးရာ၌ အစိတ်ပဋိညာဉ်ကိုထပ်၍ပြုခြင်း
သည် ကျမ်းဆရာတို့ ထုံးစံ ဖြစ်သောကြောင့်တည်း၊ ဤဝီထိသင်္ဂဟနှင့် ဝီထိမုတ္တသင်္ဂဟလည်း စိတ်တို့၏
ဖြစ်ပုံကိုပြရာ ပဝတ္တိသင်္ဂဟချည်း ဖြစ်သောကြောင့် သဘောတူသော အခန်းကြီးတစ်ခန်း ဖြစ်သည်၊ ထို
အခန်းကြီး တစ်ခန်းအတွက် "ပဝတ္တိသင်္ဂဟံနာမ ပဋိသန္ဓိပဝတ္တိယံပဝက္ခာမိ"ဟု အပေါင်းပဋိညာဉ်ကို ပြပြီး
နောက် ဝိမုတ္တိသင်္ဂဟအခန်းငယ်တစ်ခုသို့ကူးပြောင်းသောအခါ "ပဝတ္တိသင်္ဂဟံ နာမ, သန္ဓိယံ ဒါနိ ဝုစ္စတိ"
ဟု အစိတ်ပဋိညာဉ်ကို ထပ်၍ ပြုခွင့်ရှိသောကြောင့်တည်း။
စိတ္တုပါဒါနံ။ ။"ဥပ္ပဇ္ဇတိ ဧတေနာတိ ဥပ္ပာဒါ" (စေတသိက်ပိုင်း-ဋီကာကျော်) ဧတေန-ဤစေတသိက်
အပေါင်းဖြင့်၊ စိတ္တံ-သည်၊ ဥပ္ပဇ္ဇတိ-ဖြစ်၏၊ ဣတိ-ထို့ကြောင့်၊ သော-ထိုစေတသိက်အပေါင်းသည်၊ ဥပ္ပာဒေါ-
ဥပ္ပာဒမည်၏၊ ဤဝစနတ္ထဖြင့် "ဥပ္ပာဒ" အရ စေတသိက်အပေါင်းသာ ရ၏၊ "စိတ္တဉ္စ+ဥပ္ပာဒေါ စ စိတ္တုပ္ပာဒါ"
ဟူသော ဝစနတ္ထဖြင့် စိတ္တုပ္ပါဒ အရ စိတ် စေတသိက်နှစ်ပါးစုံကို ယူနိုင်၏၊ သို့သော်သင်္ဂြိုဟ်ကျမ်းဝယ် များစွာသော ဌာနတို့၌ "စိတ္တုပ္ပာဒါ,
စိတ္တုပ္ပာဒါနံ, စိတ္တုပ္ပာဒေသု, စိတ္တုပ္ပာဒဝသေန"ဟု စိတ္တုပ္ပာဒသဒ္ဒါ သုံးစွဲထားသည်ကိုတွေ့ရ၏၊ တွေ့ရသမျှ
ကိုစိစစ်လျှင်စေတသိက်ကိုမယူဘဲ စိတ်ကိုချည်းသာ ယူသင့်သောဌာနက များ၏၊ ပကိဏ်းပိုင်း၌ "စိတ္တုပ္ပာ
ဒဝသေနေဝ, သင်္ဂဟော နာမ နီယတေ" ဟုဆိုပြီးလျှင်ဝေဒနာသင်္ဂဟစသည်ကို ပြသောအခါ စေတသိက်
ကို တို့ရုံမျှမတို့ဘဲ စိတ်ကိုသာ ပဓာနထား၍ ပြခဲ့သည်၊ ဤဝီထိပိုင်း၌လည်း စိတ်ကိုသာ ပဓာနထား၍
ပြလတ္တံ့၊ ထို့ကြောင့်စိတ္တုပ္ပာဒအရ စိတ်ကိုချည်း ယူခြင်းက ကျမ်းဆရာ၏ အာဘော်ကျပေလိမ့်မည်၊ စိတ်ကို
တိုက်ရိုက်ဆိုလိုက်လျှင်ယှဉ်ဖက်စေတသိက်များလည်း ပဓာနနည်း, ဥပလက္ခဏနည်းတို့အရ ပါဝင်ပြီးဖြစ်
ကြတော့သည်၊ [စိတ္တုပ္ပာဒအရ စိတ်ကိုသာယူရာ၌ "ဥပ္ပဇ္ဇတီတိ ဥပ္ပာဒေါ, စိတ္တမေဝ ဥပ္ပာဒေါ စိတ္တုပ္ပာဒေါ=
ဥပါဒ်သောစိတ်"ဟု အဋ္ဌသာလိနီ-အဋ္ဌကထာကဏ္ဍ၌ တိုက်ရိုက်ဝစနတ္ထပြုထားသည်၊ ဋီကာ၌ကား တစ်မျိုး
ပြလေသေး၏ ။]
ဘူမိပုဂ္ဂလဘေဒေန။ ။"ဘူမိပုဂ္ဂလဘေဒေန-ဘုံပုဂ္ဂိုလ်တို့၏ အပြားအားဖြင့်၊ လက္ခိတံ-မှတ်သားအပ်
သော"ဟုလက္ခိတံပုဒ်ကိုထည့်၍ ဋီကာကျော်ဖွင့်၏၊ ဘေဒေန၌ နာဝိဘတ်သည်ဣတ္ထမ္ဘူတလက္ခဏအနက်
၌ သက်သည်ဟုယူလိုသတဲ့၊ သို့သော်လက္ခဏဟူသည်အများထက်ထူးခြားသော အမှတ်အသားတစ်မျိုး
တည်း၊[သဒ္ဒါကျမ်းက ပုံစံများကိုစဉ်းစားကြည့်ပါ၊] ဤ "ဘူမိပုဂ္ဂလဘေဒ"ကား ထူးခြားသော အမှတ်အသား
မဟုတ်၊ စိတ်တို့ဖြစ်ပုံ(ပဝတ္တိ)ကို ပြရာဝယ်ဘူမိဘေဒ ပုဂ္ဂလဘေဒအခန်းများလည်း ပါဝင်လိမ့်မည်ဟုဆိုလို
သည်၊ ထို့ကြောင့်ဘေဒေန၌ နာဝိဘတ်ကိုသဟတ္ထ(သဟအနက်ရှိသည်)ဟု ကြံပြီးလျှင် "ဘူမိပုဂ္ဂလဘေ
ဒေန-ဘူမိပုဂ္ဂလဘေဒနှင့်တကွ"ဟုအနက်ဆိုရာ၏၊ ဤဘူမိပုဂ္ဂလဘေဒေနဖြင့်ဝီထိပိုင်းအဆုံးနားက ပုဂ္ဂလ
ဘေဒနှင့်ဘူမိဝိဘာဂအခန်းလောက်သာမက, ဝီထိပိုင်း ဝီထိမုတ်ပိုင်း၌ပါသော ဘုံနှင့်ဆိုင်ရာ ပုဂ္ဂိုလ်နှင့်ဆိုင်
ရာ အားလုံးကိုပင်ပြလိုရင်းဖြစ်၏၊ ထို့ကြောင့်အရှင်အနုရုဒ္ဓါသည်ပင် ပရမတ္ထဝိနိစ္ဆယ၌...
စသည်ဖြင့် "ဘူမိပုဂ္ဂလ, ဘူမိပုဂ္ဂလစိတ္တပဝတ္တိ, ဘူမိပုဂ္ဂလသမ္ဘဝ"ဟုအခန်းသုံးခန်း ပိုင်းခြား၍ ကျယ်ဝန်း
စွာ ဆိုသည်၊ ထိုဆိုသမျှ စကားရပ်များလည်း ဤဝီထိပိုင်း ဝီထိမုတ်ပိုင်းမှာ ပါဝင်သော ပုဂ္ဂလဘေဒ
ဘူမိဝိဘာဂ ဘူမိစတုက္က ပဋိသန္ဓိစတုက္ကစကားမျိုးသာတည်း၊ ဤ အဓိပ္ပာယ်သွားကိုထောက်ထားလျှင်
Saturday, September 10, 2016
သင်္ဂြိုဟ်ဘာသာဋီကာ
စာ-၂၆
ခေါင်းစဉ်မာတိကာ။ ။ဤ"စိတ္တ တာဝ စတုဗ္ဗိဓံ၊ပေ၊လောကုတ္တရဉ္စေတိ" ဟူသောစကားလည်းဘုံလေးပါးဖြင့်စိတ်ကို အကျဉ်းချုပ်ခွဲခြားပြသော ဥဒ္ဒေသ(ခေါင်းစဉ်မာတိက)စကားပင်ဖြစ်သေး၏၊ဤခေါင်းစဉ်အတိုင်း ကာမာဝစရစိတ်(၅၄),ရူပစိတ်(၁၅)စသည်ဖြင့်အကျယ်ပြလိမ့်ဦးမည်။
©©©©©©©©©©©©
ကာမာဝစရစိတ်အကျယ်
******************
တတ္ထ ကတမံ ကာမာဝစရံ
အနုသန္ဓေ။ ။"ကာမာဝစရံ ရူပါဝစရံ အရူပါဝစရံ လောကုတ္တရဉ္စေတိ " ဟူသောခေါင်းစဉ်မာတ်ကာအားလျော်စွာ ကာမာဝစရစိတ်ကိုရှေးဦးစွာချဲ့ပြလိုသောကြောင့်"တတ္တ ကတမံ ကာမာဝစရံ"ဟူသော ပါဌ်ကိုမိန့်သည်။[တတ္ထချီလျက်,စကားတက်မူ,မှတ်ယူ ဝိတ္တာရ။]
ပါပနှင့် အဟေတုကရှေ့ထား။ ။ကာမာဝစရစိတ်တွင်လည်း ကုသိုလ် အကုသိုလ် အဗျာကတသုံးမျိုးရှိသည်တွင်"ကုသလာဓမ္မာ အကုသလာဓမ္မာ အဗျာကတာဓမ္မာ"ဟူသော ဓမ္မသင်္ဂဏီပါဠိတော်နှင့်ညီစွာ ကုသိုလ်ကိုရှေးဦးစွာပြထိုက်သော်လည်း ကုသိုလ်သည်သောဘနတရားဖြစ်၍ မဟဂ္ဂုတ်လောကုတ္တရာသောဘနများနှင့်ပေါင်းစက်လျက်"သောဘနစိတ်တစ်ခုယုတ်ခြောက်ဆယ်" ဟု ရေတွက်၍လွယ်ကူစေခြင်းငှာ ကုသိုလ်ကိုနောက်ထားလျက် ပါပနှင့် အဟေတုကို ရှေးဦးစွာပြသည်။
ံ
လောဘမူကိုရှေ့ထား။ ။ပါပနှင့်အဟေတုကတွင်လည်း အဟေတုကသည် အဗျာကတဖြစ်၍ ကုသိုလ် အကုသိုလ်တို့၏နောက်လိုက်ဖြစ်သောကြောင့်လည်းကောင်း,ဟိတ်နှင့်လုံးဝမယှဉ်သောကြောင့်လည်းကောင်းပါပမည်သော အကုသိုလ်ကိုရှေးဦးစွာပြသည်၊ပါပစိတ်တွင်လည်းပဋိသန္ဓေနေသူတိုင်း၏တစ်ဘဝဝယ် ဘဝနိကန္တိက(ဘဝကိုနှစ်သက်သော)လောဘဇောကရှေးဦးစွာဖြစ်ခြင်း,အဝိဇ္ဇာ,တဏှာဟူသော မောဟ လောဘနှင့်ယှဉ်ရသဖြင့် ဝဋ္ဋမူလ(ဝဋ်ဘဝ၏အခြေမြစ်)ဖြစ်ခြင်းကြောင့် လောဘမူစိတ်ကိုရှေးဦးစွာပြသည်၊ထို့နောက် ဟိတ်နှစ်ပါးချင်းအယှဉ်တူ၍ ဒေါသမူစိတ်ကိုလည်းကောင်း ဟိတ်တသ်ပါးနှင့်သာ ယှဉ်သောကြောင့် မောဟမူစိတ်ကိုလည်းကောင်း ရှေ့နောက်ဆက်၍ပြသည်။
သင်္ဂြိုဟ်ဘာသာဋီကာ
စာ-၂၆
ခေါင်းစဉ်မာတိကာ။ ။ဤ"စိတ္တ တာဝ စတုဗ္ဗိဓံ၊ပေ၊လောကုတ္တရဉ္စေတိ" ဟူသောစကားလည်းဘုံလေးပါးဖြင့်စိတ်ကို အကျဉ်းချုပ်ခွဲခြားပြသော ဥဒ္ဒေသ(ခေါင်းစဉ်မာတိက)စကားပင်ဖြစ်သေး၏၊ဤခေါင်းစဉ်အတိုင်း ကာမာဝစရစိတ်(၅၄),ရူပစိတ်(၁၅)စသည်ဖြင့်အကျယ်ပြလိမ့်ဦးမည်။
©©©©©©©©©©©©
ကာမာဝစရစိတ်အကျယ်
******************
တတ္ထ ကတမံ ကာမာဝစရံ
အနုသန္ဓေ။ ။"ကာမာဝစရံ ရူပါဝစရံ အရူပါဝစရံ လောကုတ္တရဉ္စေတိ " ဟူသောခေါင်းစဉ်မာတ်ကာအားလျော်စွာ ကာမာဝစရစိတ်ကိုရှေးဦးစွာချဲ့ပြလိုသောကြောင့်"တတ္တ ကတမံ ကာမာဝစရံ"ဟူသော ပါဌ်ကိုမိန့်သည်။[တတ္ထချီလျက်,စကားတက်မူ,မှတ်ယူ ဝိတ္တာရ။]
ပါပနှင့် အဟေတုကရှေ့ထား။ ။ကာမာဝစရစိတ်တွင်လည်း ကုသိုလ် အကုသိုလ် အဗျာကတသုံးမျိုးရှိသည်တွင်"ကုသလာဓမ္မာ အကုသလာဓမ္မာ အဗျာကတာဓမ္မာ"ဟူသော ဓမ္မသင်္ဂဏီပါဠိတော်နှင့်ညီစွာ ကုသိုလ်ကိုရှေးဦးစွာပြထိုက်သော်လည်း ကုသိုလ်သည်သောဘနတရားဖြစ်၍ မဟဂ္ဂုတ်လောကုတ္တရာသောဘနများနှင့်ပေါင်းစက်လျက်"သောဘနစိတ်တစ်ခုယုတ်ခြောက်ဆယ်" ဟု ရေတွက်၍လွယ်ကူစေခြင်းငှာ ကုသိုလ်ကိုနောက်ထားလျက် ပါပနှင့် အဟေတုကို ရှေးဦးစွာပြသည်။
ံ
လောဘမူကိုရှေ့ထား။ ။ပါပနှင့်အဟေတုကတွင်လည်း အဟေတုကသည် အဗျာကတဖြစ်၍ ကုသိုလ် အကုသိုလ်တို့၏နောက်လိုက်ဖြစ်သောကြောင့်လည်းကောင်း,ဟိတ်နှင့်လုံးဝမယှဉ်သောကြောင့်လည်းကောင်းပါပမည်သော အကုသိုလ်ကိုရှေးဦးစွာပြသည်၊ပါပစိတ်တွင်လည်းပဋိသန္ဓေနေသူတိုင်း၏တစ်ဘဝဝယ် ဘဝနိကန္တိက(ဘဝကိုနှစ်သက်သော)လောဘဇောကရှေးဦးစွာဖြစ်ခြင်း,အဝိဇ္ဇာ,တဏှာဟူသော မောဟ လောဘနှင့်ယှဉ်ရသဖြင့် ဝဋ္ဋမူလ(ဝဋ်ဘဝ၏အခြေမြစ်)ဖြစ်ခြင်းကြောင့် လောဘမူစိတ်ကိုရှေးဦးစွာပြသည်၊ထို့နောက် ဟိတ်နှစ်ပါးချင်းအယှဉ်တူ၍ ဒေါသမူစိတ်ကိုလည်းကောင်း ဟိတ်တသ်ပါးနှင့်သာ ယှဉ်သောကြောင့် မောဟမူစိတ်ကိုလည်းကောင်း ရှေ့နောက်ဆက်၍ပြသည်။
စိတ်လေးပါးခေါင်းစဉ်အဖွင့်
စာ-၂၅
[စရတိ၌ စရဓာတ်သည် လှည့်လည်ခြင်းအနက်သာမက,ဖြစ်ခြင်းဟူသော ပဝတ္တနအနက်ကိုလည်းဟော၏။]
လောကုတ္တရ။ ။လုဇ္ဇတိ ပလုဇ္ဇတိ လောကော၊လုဇ္ဇတိ ပလုဇ္ဇတိ_ပျက်စီးတက်၏၊ဣတိ_ကြောင့်၊လောကမည်၏၊သတ္တ,သင်္ခါရ,သြကာသဟူသောလောကသုံးမျိုးတွင် သင်္ခါရလောကတည်း၊သင်္ဃါရလောကဟူသည်လည်း"ဥပါဒါနက္ခန္ဓာ"ဟုခေါ်ရသောလောကီရုပ်နာမ်တရားများတည်း၊ဥတ္တရီတိ ဥတ္တရံ၊ဥတ္တရတိ_လွန်မြောက်ဆဲ၊ဣတိ_ကြောင့်၊ဥတ္တရံ_ဥတ္တရမည်၏၊ဤအလို လွန်မြောက်ဆဲမဂ်တရားရ၏၊(တစ်နည်း)ဥတ္တိဏ္ဏံ_လွန်မြောက်ပြီး၊ဣတိ_ကြောင့်၊ဥတ္တရံ_ဥတ္တရမည်၏၊ဤအလို လွန်မြောက်ပြီးသောဖိုလ်တရားရ၏၊လောကတော_ဥပါဒါနက္ခန္ဓာဟူသော သင်္ခါရလောကမှ၊ဥတ္တရံ_လွန်မြောက်ဆဲ လွန်မြောက်ပြီးစိတ်တည်း၊လောကုတ္တရံ_လောကမှလွန်မြောက်ဆဲ လွန်မြောက်ပြီးစိတ်။
မှတ်ချက်။ ။လုဇ္ဇတိ ပလုဇ္ဇတိကို "ဖြစ်တက် ပျက်တက်၏" ဟုလည်းကောင်း,ခဏဘင်အားဖြင့်ပျက်တက်,စုတိဘင်အားဖြင့်ပျက်တက်၏ဟုလည်းကောင်းအနက်ဆိုကြသေး၏၊ထိုအနက်များကို"ပလုဇ္ဇနတာယာတိ ဗျာဓိအာဒိပကာရေဟိ ဘိဇ္ဇနတော" ဟူသော မဂ္ဂါ မဂ္ဂဥာဏဒဿနဝိသုဒ္ဓိမဂ် မဟာဋီကာဖြင့် ဆင်ခြင်ပါ။
တစ်နည်း။ ။လောကအရ သတ္တဝါအပေါင်းဟူသော သတ္တလောက,သတ္တဝါတို့နေရာဘုံဌာနဟူသောသြကာသလောက,ရုပ်နာမ်သင်္ခါရဟူသော သင်္ခါရလောက ဤသုံးပါးလုံးကိုယူပါ၊သောတာပတ္တိမဂ်သည် ပုထုဇဉ်အပေ့င်းဟူသောသတ္တလောက,အပါယ်လေးဘုံဟူသော သြကာသမှလွတ်မြောက်၏၊သကဒါဂါမိမဂ်သည် သောတာပန်ပုဂ္ဂိုလ်အပေါင်းဟူသောသတ္တလောက,ကာမဘုံတစ်စိတ်ဟူသော သြကာသလောကမှလွတ်မြောက်၏၊ စိတ်လေးပါးခေါင်းစဉ်အဖွင့်
စာ-၂၅
[စရတိ၌ စရဓာတ်သည် လှည့်လည်ခြင်းအနက်သာမက,ဖြစ်ခြင်းဟူသော ပဝတ္တနအနက်ကိုလည်းဟော၏။]
လောကုတ္တရ။ ။လုဇ္ဇတိ ပလုဇ္ဇတိ လောကော၊လုဇ္ဇတိ ပလုဇ္ဇတိ_ပျက်စီးတက်၏၊ဣတိ_ကြောင့်၊လောကမည်၏၊သတ္တ,သင်္ခါရ,သြကာသဟူသောလောကသုံးမျိုးတွင် သင်္ခါရလောကတည်း၊သင်္ဃါရလောကဟူသည်လည်း"ဥပါဒါနက္ခန္ဓာ"ဟုခေါ်ရသောလောကီရုပ်နာမ်တရားများတည်း၊ဥတ္တရီတိ ဥတ္တရံ၊ဥတ္တရတိ_လွန်မြောက်ဆဲ၊ဣတိ_ကြောင့်၊ဥတ္တရံ_ဥတ္တရမည်၏၊ဤအလို လွန်မြောက်ဆဲမဂ်တရားရ၏၊(တစ်နည်း)ဥတ္တိဏ္ဏံ_လွန်မြောက်ပြီး၊ဣတိ_ကြောင့်၊ဥတ္တရံ_ဥတ္တရမည်၏၊ဤအလို လွန်မြောက်ပြီးသောဖိုလ်တရားရ၏၊လောကတော_ဥပါဒါနက္ခန္ဓာဟူသော သင်္ခါရလောကမှ၊ဥတ္တရံ_လွန်မြောက်ဆဲ လွန်မြောက်ပြီးစိတ်တည်း၊လောကုတ္တရံ_လောကမှလွန်မြောက်ဆဲ လွန်မြောက်ပြီးစိတ်။
မှတ်ချက်။ ။လုဇ္ဇတိ ပလုဇ္ဇတိကို "ဖြစ်တက် ပျက်တက်၏" ဟုလည်းကောင်း,ခဏဘင်အားဖြင့်ပျက်တက်,စုတိဘင်အားဖြင့်ပျက်တက်၏ဟုလည်းကောင်းအနက်ဆိုကြသေး၏၊ထိုအနက်များကို"ပလုဇ္ဇနတာယာတိ ဗျာဓိအာဒိပကာရေဟိ ဘိဇ္ဇနတော" ဟူသော မဂ္ဂါ မဂ္ဂဥာဏဒဿနဝိသုဒ္ဓိမဂ် မဟာဋီကာဖြင့် ဆင်ခြင်ပါ။
တစ်နည်း။ ။လောကအရ သတ္တဝါအပေါင်းဟူသော သတ္တလောက,သတ္တဝါတို့နေရာဘုံဌာနဟူသောသြကာသလောက,ရုပ်နာမ်သင်္ခါရဟူသော သင်္ခါရလောက ဤသုံးပါးလုံးကိုယူပါ၊သောတာပတ္တိမဂ်သည် ပုထုဇဉ်အပေ့င်းဟူသောသတ္တလောက,အပါယ်လေးဘုံဟူသော သြကာသမှလွတ်မြောက်၏၊သကဒါဂါမိမဂ်သည် သောတာပန်ပုဂ္ဂိုလ်အပေါင်းဟူသောသတ္တလောက,ကာမဘုံတစ်စိတ်ဟူသော သြကာသလောကမှလွတ်မြောက်၏၊
[ကာမသုဂတိဘုံ၌အထပ်ထပ်မဖြစ်ရ,တစ်ကြိမ်မျှသာဖြစ်ရတော့သဖြင့်"ကာမဘုံတစ်စိတ်မှလွတ်သည်"ဟုဆိုသည်၊]အနာဂါမ်မိမဂ်သည် သကဒါဂမ်ပုဂ္ဂိုလ်အပေါင်းဟူသော သတ္တလောက,ကာမဘုံဟူသောသြကာသမှလွတ်မြောက်၏၊["အနာဂန္တာ ဣတ္တတ္တံ"အရ ကာမဘုံ၌ ပဋိသန္ဓေမနေရတော့သဖြင့်ကာမလောကမှလွတ်သည်ဟုဆိုသည်]အရဟတ္တမဂ်သည် အနာဂါမ်ပုဂ္ဂိုလ်အပေါင်းဟူသော သတ္တလောက,ရူပ_အရူပဘုံဟူသောသြကာသမှ လွတ်မြောက်၏၊သတ္တ သြကာသလောကတို့မှ လွတ်မြောက်လျှင် ဆိုင်ရာရုပ်နာမ်သင်္ခါရဟူသော သင်္ခါရလောကမှလည်းလွတ်မြောက်တော့၏၊မဂ်တရားကလွတ်မြောက်လျှင် ဖိုလ်တရားလည်း လွတ်မြောက်တော့သည်။
Subscribe to:
Posts (Atom)