Monday, March 14, 2016

အရှင်​ဇနကာဘိဝံသ

#သဉ္ဇောဒိတော ကာရုညေန,
   ပရံ ပရတ္ထမာဝဟော ၊
   ကရောပယာတနိဗ္ဗာနံ ,
   ဩသဇ္ဇ ဒုက္ကရံ ကရံ။ 

❆ နာထော - ငါ၏ကိုးကွယ် ,ငါ့ကိုကယ်၍ ,ငါ့နှယ်မခြား လူနတ်များ၏ကိုးစားရာ သခင် ဘုရားရှင် ကိုယ်တော်မြတ်သည် 
ကာရုညေန- သတ္တဝါခပင်း ဆင်းရဲခြင်း
ကို လွန်မင်းပြင်းပြ သနားတော်မူလှသော မဟာကရုဏာတော်သည် 
သဉ္စောဒိတော - မရှောင်သာအောင်
အခါခါ အထပ်ထပ် နှိုးဆော်အပ် သည် 
ဖြစ်၍၊ ကရောပယာတနိဗ္ဗာနံ - လက်လှမ်းမှီလောက် အနီးရောက်လျက် 
မျက်မှောက်ပြုရန် မြတ်နိဗ္ဗာန်ကို ၊ 
ဩသဇ္ဇ - အလွယ်တကူ လှမ်းမယူပဲ
ဗိုလ်လူတွက်တာ ပယ်စွန့်ခွာ၍၊ဒုက္ကရံ-
သာမာန်လူများ မကြံအားအောင် ထူးခြားလွန်ကဲ ပြုနိုင်ခဲသော ပါရမီဖြည့်မှုကို ၊ ကရံ(ကရောန္တော) - လေးသင်္ချေ
ကိန်း ကပ်တစ်သိန်းမျှ ထိန်းသိမ်း ဆင့်ဆင့် ပြုကျင့်တော်မူလျှက်၊ ပရံ - လွန်လွန်ကဲကဲ စိတ်ဇွဲသန်သန် နောက်ပြန်မဆုတ် ကြိုးစားအားထုတ်လျှက်သာလျှင်၊ ပရတ္ထံ - သူတပါးတို့၏ အကျိုးစီးပွားကို၊ အဝဟော- ကိုယ်ဆင်းရဲမှု လျစ်လျူရှုလျှက် အမှုပါအောင် 
ရွက်ဆောင်တော် မူခဲ့ပါသတည်း။

No comments:

Post a Comment