Monday, March 14, 2016

ပညတ်​နှင့်​ ပရမတ်​ ...အပိုင်း(၂)

🔆 ပရမတ်နှင့်ပညတ် အပိုင်း(၂)
*********************

#ပိဋကသမ္ပဒါန
*********
မိမိတို့၏ လက်သုံးဖြစ်သော 
ကျမ်းဂန်နှင့် ညီညွတ်သဖြင့်ယူအပ်သော အနက်သည် လည်းထိုကျမ်းက
မှန်ပါမှ မှန်နိုင်သည်၊ ကျမ်းဂန်ကပင် မှန်သော်လဲ ယူဆပုံနည်းမှန်ပါမှ မှန်နိုင်သည်။ သို့ဖြစ်၍, ထိုသို့သော အနက်သည်လည်း ပရမတ္ထ မမည်သေး။

#တက္ကဟေတု
*********
ကြံစည်တွေးဆ၍ ယူအပ်သော အနက်သည်လည်း အမှား, အမှန် ၂-မျိုးပင် ဖြစ်နိုင်သောကြောင့် ပရမတ္ထမမည်သေး။

#နယဟေတု
*********
နည်းမှီး၍ ယူအပ်သော အနက် သည်လည်း နည်းမှီးသင့်ရာ၌သာ မှန်၏၊ နည်းမမှီးသင့်ရာ ၌ကား မှား၏။
ထို့ကြောင့် ပရမတ္ထ မမည်သေး။

အာကာရ ပရိဝိတက္က
************
သင့်လျော်သော အကြောင်း ယုတ္တိဖြင့် ကြံစည်၍ ယူအပ်သော အနက်၊ ဒိဋ္ဌိနိဇ္ဈာနခန္တိ = ကြံစည်၍
သဘောကျထားသော မိမိအယူနှင့် ညီသောကြောင့် မှန်ပြီဟု ယူအပ်သောအနက်၊ ဤအနက် ၂မျိုးသည်လည်း အမှန်ချည်း
မဖြစ်နိုင်။ ထို့ကြောင့် ပရမတ္ထ မမည်သေး။
ဤတဆင့်ကြား စကား, အဆက်ဆက်စကား စသည်တို့ဖြင့် ယူအပ်သော အနက်သည် အမှန်ချည်း မဖြစ်နိုင်သောကြောင့်ပင် ကာလာမသုတ် စသည်တို့၌ ''တဆင့်ကြားစသည်တို့ဖြင့် မယူမှတ်ကြလင့်''ဟု မြစ်တော် မူပြီးလျှင် ကိုယ်တိုင်သိအောင် အားထုတ်၍, ကိုယ်တိုင်သိအပ်သော အနက်သဘော ကိုသာလျှင် အမှန်ဟု ယူအပ်ကြောင်းကို မြတ်စွာဘုရား ဟောတော်မူလေသည်။
ရုပ်အစစ်, နာမ်အစစ်တို့သည်ကား တဆင့်ကြားရသောစကား စသည်မျှဖြင့် ယူအပ်, သိအပ်=ယူနိုင်ကောင်း, သိနိုင်
ကောင်းသော တရားတို့ မဟုတ်ကုန်၊ ကိုယ်တိုင် ဒိဋ္ဌိတွေ့၍ မျက်မှောက်အားဖြင့်သာလျှင် ယူအပ်, သိအပ်=ယူနိုင်ကောင်း,
သိနိုင်ကောင်းသော တရားတို့ပေတည်း။ အနုဿဝါဒိဝသေန အဂ္ဂဟေတဗ္ဗော ဟူသော အဋ္ဌကထာ၌ အရဟ သက္က အနက်ကို
ထွန်းပြသော တဗ္ဗပစ္စည်းနှင့်တကွ မိန့်ဆိုသည်ကို အထူး သတိရှိပါစေ၊ ဤအနက်သည် ထုတ်ပြလတံ့သော အနုဋီကာဖြင့်ထင်ရှားပါလတံ့။

#တဆင့်ကြား စသည်မျှဖြင့် ပရမတ်ကို
***********************
မသိနိုင်ပုံ
*******
အမိဝမ်းတွင်းမှ မျက်စိကွယ်ခဲ့သော သူအား အဖြူ, အနီ, အဝါ, အပြာစသော အဆင်းအကြောင်းကို သူတပါးက
ဘယ်လိုပင် ပြောပြသော်လဲ အမှန်အတိုင်း မသိနိုင်၊ မြင်သော သဘောအကြောင်းကို ဘယ်လိုပင် ပြောပြ သော်လဲ အမှန်အတိုင်း မသိနိုင်။ ဃာနချို့သောသူသည် အမွှေးနံ့, အပုပ်နံ့နှင့် နံသောသဘော အကြောင်းကို ဘယ်လိုပင် ကြားရသော်လဲ အမှန်အတိုင်းမသိနိုင်။ မစားဘူးသေးသော မုံ့, သစ်သီးတို့၏ ထူးသော အရသာကို သူတပါးက ဘယ်လိုပင် ပြောပြသော်လဲ အမှန်
အတိုင်းမသိနိုင်။ ခေါင်းကိုက်, သွားနာ, လေထိုးခြင်း စသည်တို့နှင့် ကိုယ်တိုင်မခံစါးဘူးသေးလျှင် သူတပါးက ဘယ်လိုပင်
ပြောပြသော်လဲ ထိုရောဂါ ထို့ကြောင့် ဖြစ်သော ဒုက္ခဝေဒနာကို အမှန်အတိုင်း မသိနိုင်။ ဝိပဿနာဉဏ်, ဈာန်, မဂ် ဖိုလ်တို့ကို မရောက်ဘူးသေးသော သူသည် ကျမ်းဂန်တို့က ဘယ်လိုပင် ပြသော်လဲ အမှန်အတိုင်း မသိနိုင်။ ဤအရာ၌ အနုဿဝ,
အနုမာနမျှဖြင့် သိသည်ကိုအမှန်သိဟု မဆိုလို၊ ဝိပဿနာယောဂီ, ဈာနလာဘီ အရိယာတို့၏ အသိမျိုးကိုသာလျှင် အမှန်သိဟုဆိုလို၏။ သို့ဖြစ်၍, တဆင့်ကြား စသည်မျှဖြင့် ဆ၍သိအပ်သော အနက်သဘော ဟူသမျှကို ''ပရမတ်ရုပ် နာမ်အစစ်
မဟုတ်၊ ပညတ်ချည်းသာ'' ဟူ၍မှတ်အပ်၏။

#ပရမတ်ကို မျက်မှောက်သိပုံ
*****************
အဆင်းရုပ်ကို ကိုယ်တိုင်မြင်ရ၍, မျက်မှောက်သိနိုင်၏၊ မြင်နိုင်အောင် ကြည်လင်သော မျက်စိရုပ်နှင့်
 မြင်သော စက္ခုဝိညာဏ်စိတ် စသည်တို့ကို မိမိသန္တာန်၌ ထင်ရှားဖြစ်ပေါ်သောကြောင့် မျက်မှောက်သိနိုင်၏။ အသံရုပ်,ကြည်လင်သော
နားရုပ်, သောတဝိညာဏ်စသော ရုပ်နာမ်တို့၌လဲ မျက်မှောက်သိနိုင်ပုံကို နည်းတူချဲ့ပါလေ။ ထိုရုပ်နာမ်တို့ကို ဝိပဿနာဉာဏ်ဖြင့် ရှုမှတ်၍လဲ မျက်မှောက် သိနိုင်၏၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, ပစ္စဝေက္ခဏာဉာဏ် စသည်တို့ဖြင့်လဲ မျက်မှောက်ဒိဋ္ဌ တွေ့၍
သိနိုင်၏။ ဤသို့ မျက်မှောက်ဒိဋ္ဌိ သိမြင်အပ်သိမြင်နိုင်ကောင်းသောကြောင့် ထိုရုပ်နာမ် အစစ်ဖြစ်သော တရားတို့သည်ပစ္စက္ခတ္ထ, ဥတ္တမတ္ထ, ပရမတ္ထ, မည်ကုန်၏။ ကိုယ်တိုင် ဒိဋ္ဌတွေ့၍ မျက်မှောက် သိအပ်သော ထိုတရားတို့သည် အဟုတ်
တကယ် ရှိသည့်အတိုင်းပင် သိအပ်သောကြောင့် မှန်သော သဘောတို့သာတည်း၊ တဆင့်ကြား, ကျမ်းဂန်အရ စသည်မျှဖြင့်
ကြံ၍ယူအပ်သော အနက်သဘောမဟုတ်ခြင်းကြောင့် မမှားယွင်းသော သဘောတို့သာတည်း။ ထို့ကြောင့် ဘူတတ္ထ, သစ္စိကဋ္ဌ
လဲမည်ကုန်၏၊ 

အောက်ပါမှာ မူလဋီကာ (၃-၅ဝ) အဖွင့်ပေတည်း။
အနုဿဝါဒိဝသေန ဂယှမာနော တထာပိ ဟောတိ အညထာပီတိ တာဒိသော ဉေယျော န ပရမတ္ထော၊ အတ္ထပစ္စက္ခော
ပန ပရမတ္ထောတိ ဒေဿန္တော အာဟ ''အနုဿဝါဒိဝသေန အဂ္ဂဟေတဗ္ဗော ဥတ္တမတ္ထော''တိ။အနုဿဝါဒိဝသေန၊ တဆင့်ကြားစသည်တို့၏ အလိုအားဖြင့်။ ဂယှမာနော၊ ယူအပ်, သိအပ်သော အနက်သဘော
သည်။ တထာပိ ဟောတိ၊ ထို သိမှတ်သည့် အတိုင်းလဲ ဖြစ်တတ်၏။ အညထာပိ၊ တပါးသော အပြားအားဖြင့်လဲ ဖြစ်တတ်
၏။ ဣတိ၊ ဤသို့ အမှန်, အမှား ၂-မျိုး ၂-စား ဖြစ်တတ်သောကြောင့်။ တာဒိသော၊ ထိုသို့သော။ ဉေယျော၊ သိအပ်သော
သဘောသည်။ န ပရမတ္ထော၊ ပရမတ် မမည်။ ပန၊ အမှန်အားဖြင့်သော်ကား။ အတ္တပစ္စက္ခော၊ မိမိအား မျက်မှောက်ဖြစ်သော
သဘောသည်သာလျှင်။ ပရမတ္ထော၊ ပရမတ်မည်၏။ ဣတိ ဒေဿန္တော၊ ဤသို့ပြလိုသည်ဖြစ်၍။ အနုဿဝါဒိဝသေန အဂ္ဂဟေ
တဗ္ဗော ဥတ္တမတ္ထောတိ၊ ဥတ္တမတ္ထော-ဟူ၍။ အာဟ၊ အဋ္ဌကထာဆရာ မိန့်ဆိုတော်မူ၏။

အဝိပရီတဘာဝတော ဧဝ ပရမော ပဓာနော အတ္ထောတိ ပရမတ္ထော၊ ဉဏဿ ပစ္စက္ခဘူတော ဓမ္မာနံ အနိဒ
္ဒိသိတဗ္ဗသဘာဝေါ၊ တေန ဝုတ္တံ ''ဥတ္တမတ္ထော''တိ။ (အနုဋီကာ ၃-၆ဝ)
အ-ဝိပရီတဘာဝတော ဧဝ၊ မဖောက်မပြန် မှန်ကန်သည်၏ အဖြစ်ကြောင့်သာလျှင်။ ပရမော ပဓာနော၊ မြင့်မြတ်
ပြဓာန်းသော။ အတ္ထော၊ အနက်သဘောတည်း။ ဣတိ၊ ထို့ကြောင့်။ ပရမတ္ထော၊ ပရမတ္ထမည်၏။ ဉာဏဿ၊ ဉာဏ်အား။ 
ပစ္စက္ခဘူတော၊ မျက်မှောက်ဖြစ်၍ ဖြစ်သော။ ဓမ္မာနံ၊ ရုပ်နာမ်တရားတို့၏။ အ-နိဒ္ဒိသိတဗ္ဗသဘာဝေါ၊ ဤသို့ဤနှယ်ဟု
မညွှန်ပြအပ် မညွှန်ပြနိုင်ကောင်းသော သဘောပင်တည်း။ တေန၊ ထို့ကြောင့်။ ဥတ္တမတ္ထောတိ၊ ဥတ္တမတ္ထောဟူ၍။ ဝုတ္တံ၊
အဋ္ဌကထာ၌ ဆိုအပ်၏။

အဓိပ္ပါယ်ကား။ ။ရုပ်နာမ်အစစ်ဖြစ်သော သဘောသည် မှတ်အပ်, သိအပ်သည့် အတိုင်းပင် မချွတ်မယွင်း မဖောက်မပြန်
ဟုတ်မှန်သောကြောင့် မြင့်မြတ် ပြဓာန်းသော အနက်သဘောဖြစ်၏။ ထို့ကြောင့် ပရမတ္ထ မည်၏။ ထိုပရမတ် တရားဟူသည်
မှာ ပဋိသင်္ခါနဉဏ်, ဝိပဿနာဉဏ်, စသည်အား မျက်မှောက် ထင်ရှားသော တရားပေတည်း။ တဆင့်ပြောခြင်းစသည်ဖြင့်
''ဤသို့သောတရား''ဟု ညွှန်ပြ၍ မဖြစ်နိုင်ကောင်းသော ရုပ်နာမ်တို့၏ သဘောပင်တည်း၊ ''ရုပ်နာမ်တို့၏ သဘာဝ လက္ခဏာ
ပင်တည်း''ဟု ဆိုလိုသည်။
ဤဋီကာ၌ အ-နိဒ္ဒိသိတဗ္ဗ သဘာဝေါ ဟူသော ပုဒ်သည် အနုဿဝါဒိဝသေန အဂ္ဂဟေတဗ္ဗော ဟူသော အဋ္ဌကထာ
နှင့် အဓိပ္ပါယ်အားဖြင့်တူ၏။ ကိုယ်တိုင်မတွေ့ရဘဲ, တဆင့်ကြားစသည်မျှဖြင့် ပရမတ်အစစ်ကို မသိနိုင်ဟု အဋ္ဌကထာ ဖြင့်ပြ၏။ သူတပါးအား သိနားလည်အောင် မပြောပြနိုင်ဟု ဋီကာဖြင့်ပြ၏။ ဤသို့ပြဆိုပုံမျှသာ ထူး၏။ ကိုယ်တိုင် မျက်မှောက်
တွေ့၍သာ သိနိုင်သည် ဟူသော အဓိပ္ပါယ်အားဖြင့်ကား တူမျှသည် သာတည်း။

ို့သို့သော်လဲ အ-နိဒ္ဒိသိတဗ္ဗ
 သဘာဝေါ ဟူ
သော ဤပုဒ်၏ အနက်သည် သိနိုင်ခဲ၏။ ထို့ကြောင့် စောဒနာထုတ်၍ ရှင်းလင်းပြဦးအံ့။
''ပထဝီသည် ခက်မာ ကြမ်းတမ်းသော သဘောပင်တည်း၊ စိတ်သည် အာရုံကို သိတတ်သော သဘောပင်တည်း၊
ဖဿသည်အာရုံကို တွေ့ထိသော သဘောပင်တည်း'' ဤသို့ စသည်ဖြင့် ရုပ်နာမ်တို့၏ သဘာဝလက္ခဏာကိုညွှန်ပြနိုင်
ကောင်းသည်ပင် မဟုတ်ပါလော? သို့ဖြစ်ပါလျက်, ''အ-နိဒ္ဒိသိတဗ္ဗသဘာဝေါ=မညွှန်ပြနိုင်သောသဘော, ညွှန်ပြ၍ မဖြစ်နိုင်
သောသဘော''ဟု အဘယ့်ကြောင့်ဆိုပါသနည်း? ဟူငြားအံ့။ ရုပ်နာမ်တို့၏ သဘောကို ညွှန်ပြနိုင်သည်ကား မှန်ပေ၏။
ထို့ကြောင့်ပင်လျှင်, ပါဠိ အဋ္ဌကထာ ဋီကာတို့၌ ဟောကြား ညွှန်ပြလျက် ရှိပေသည်။
သို့သော်လဲ ထိုသို့ ညွှန်ပြရုံမျှဖြင့်
သိအပ်သောသဘောများသည် #ပစ္စက္ခ=မျက်မှောက်အားဖြင့် သိအပ်သော ပရမတ္ထအစစ်မဟုတ်ကုန်သေး၊ ပထဝီ, စိတ်, ဖဿ
စသော အမည်မျှကိုသာသိလျှင် ''ဝိဇ္ဇမာနပညတ်, တဇ္ဇာပညတ်''ဟုခေါ်သော အမည်နာမ ပညတ်တို့သာ ဖြစ်ကုန်၏၊ ခက်မာမှု
အခြင်းအရာ, အာရုံကိုသိမှု အခြင်းအရာ, တွေ့ထိမှု အခြင်းအရာ-ဤသို့စသော အမူအရာမျှကိုသိလျှင်, အာကာရပညတ်
တို့သာဖြစ်ကုန်၏။ အမှုန့်အမှုန့်ကဲ့သို့၎င်း, အလုံးအခဲကဲ့သို့၎င်း, ပုံသဏ္ဌာန်ရှိသည့် အနေအားဖြင့်သိလျှင်, သဏ္ဌာန်ပညတ်
မျှသာ ဖြစ်ကုန်၏။ ဥပမာ-''သုတရှိသော သူတို့သည် ကျမ်းဂန်တို့၌ ညွှန်ပြသည်အားလျော်စွာ မဂ်ဖိုလ် နိဗ္ဗာန်တို့ကို မည်သို့
သဘောရှိသည်''ဟု သိလဲသိကြ၏၊ ပြောလဲ ပြောဟောနိုင်ကြ၏။ သို့သော်လဲ ပုထုဇဉ်တို့သည် မဂ်ဖိုလ်အစစ်ကို ဘယ်အခါမျှအာရုံမပြုနိုင်, မသိနိုင်ကြသည်သာတည်း၊ နိဗ္ဗာန်အစစ်ကိုလဲ ဂေါတြဘူသို့ မရောက်သေးမီ ဘယ်အခါမျှ အာရုံမပြုနိုင်, မသိ ပြု
နိုင်ကြသည်သာတည်း။ ထို့ကြောင့် ပုထုဇဉ်တို့ သိနားလည်နေပြီဟု ထင်မှတ်အပ်သော မဂ်ဖိုလ်နိဗ္ဗာန်သည် မျက်မှောက်သိ
မဟုတ်၍ ပရမတ်အစစ် မဟုတ်သေး။ အနုဿဝ=တဆင့်ကြား, ပရံပရာ=အဆက်ဆက်စကား, ပိဋကသမ္ပဒါန= ကျမ်းဂန်နှင့်
ညီညွတ်ခြင်း, နယဟေတု=နည်းမှီးယူဆခြင်း စသည်တို့ အလိုအားဖြင့်သာလျှင် သိအပ်သော အနက်ဖြစ်၍ ဆိုခဲ့သည့်အတိုင်း
ပင် နာမပညတ်, အာကာရပညတ်, သဏ္ဌာနပညတ်, များသာ ဖြစ်လေသည်။ တိုက်ရိုက်ထင်ရှားစေသော
 ဤသာဓက ဥပမာ
ကဲ့သို့ပင် လောကီနာမ်ရုပ်တို့တွင်လဲ ကိုယ်တိုင်မျက်မှောက် မတွေ့ရပါဘဲလျက် ညွှန်ပြရုံမျှဖြင့် သိအပ်သော သဘောဟူသမျှ
ကို ''ပရမတ်အစစ် မဟုတ်၊ နာမ ပညတ်, အာကာရပညတ်, သဏ္ဌာနပညတ်သာ''ဟု မှတ်ရာ၏။
မျက်မှောက်နှင့်သုတ စပ်၍သိပုံ။ ။ပုထုဇဉ်တို့သည် ကာမာဝစရ ရုပ်နာမ်တို့ကို မိမိတို့သန္တာန်၌ 
ထင်ရှား ဖြစ်ပေါ်သော
ကြောင့် မျက်မှောက်သိနိုင်ကုန်၏၊ ဒွါရ ၆-ပါး၌ ထင်သောကြောင့်လဲ မျက်မှောက် သိနိုင်ကုန်၏၊ 
ဝိပဿနာ ရှုမှတ်၍လဲ
မျက်မှောက် သိနိုင်ကုန်၏၊ ဈာန်ရပုဂ္ဂိုလ်တို့သည်ကား မဟဂ္ဂုတ် တရားတို့ကိုလဲ မျက်မှောက် သိနိုင်ကုန်၏။ ထိုသို့ သိရသောအခါ၌ ကျမ်းဂန်တို့တွင် ညွှန်ပြအပ်သော ပထဝီ, စိတ်, ဖဿ စသည်တို့မှာ ဤသဘော, ဤသဘောများပင် 
တည်း ဟူ၍
၎င်း ဓမ္မကတိကတို့ ဟောအပ်သော ပထဝီ, စိတ်, ဖဿ စသည်တို့မှာ ဤသဘော, ဤသဘောများပင် 
တည်း ဟူ၍၄င်း,
သုတနှင့်စပ်၍ အမှန်အတိုင်းသိကုန်၏။ ဥပမာ-သပြက်သီးကို မစားဘူးသေးသော သူသည် သူတပါးပြောသည်ကို ကြားရုံမျှ
ဖြင့် သပြက်သီး၏အရသာကို အမှန်အတိုင်းမသိနိုင်သေး၊ ကိုယ်တိုင် စားရမှသာလျှင် မျက်မှောက်တွေ့၍ ''သူတပါး ပြော
သော သပြက်သီး၏ အရသာမှာ ဤသို့ သဘောရှိသည'် 'ဟု အမှန်အတိုင်း သိသကဲ့သို့ ပင်တည်း။ 
ဤအရာ၌ ''လောကုတ္တရာ 
ကိုသာ နက်နဲသောကြောင့် ပုထုဇဉ်တို့ မသိနိုင်ကြသည်၊ လောကီတရား ဟူသမျှကိုကား မည်သူမဆို သိနိုင်သည်''ဟု ထင်
မှတ်တတ်ကြ၏။ ထိုသို့ မထင်မှတ်အပ်ကြောင်းကို နားလည်စေရန် ဤသပြက်သီး ဥပမာကို ထုတ်ပြပေသည်။ ပဋိသန္ဓေက
မျက်စိကွယ်ခဲ့သော သူမှာ အဆင်းနှင့်စပ်၍ အမှန်အတိုင်း မသိနိုင်ပုံ စသည်ကိုလဲ ရှေး၌ပြခဲ့ပေသည်။
ဤသို့ မျက်မှောက် မသိနိုင်သောသူအား ရုပ်-နာမ် တို့၏ သဘာဝလက္ခဏာကို အမှန်အတိုင်းသိအောင် ညွှန်ပြဟော
ပြော၍ မဖြစ်နိုင်သည်ကိုရည်၍၊ အနုဋီကာဆရာသည် ဓမ္မာနံ အနိဒ္ဒိသိတဗ္ဗ သဘာဝေါဟု မိန့်ဆိုတော်မူပေသည်။ ''ရုပ်နာမ်တို့
၏ သဘာဝလက္ခဏာအစစ်ကို ညွှန်ပြ၍မဖြစ်=ညွှန်ပြရုံမျှဖြင့် မသိစေနိုင်၊ မျက်မှောက်ဒိဋ္ဌ တွေ့မှသာလျှင် အမှန်အတိုင်းသိနိုင်
သည်၊ ထိုသို့ သိအပ်သော သဘောသည်သာလျှင် ပရမတ် တရားအစစ် မည်သည်''ဟု ဆိုလို၏။ ခက်ခဲ နက်နဲပေစွ။ အဖန်
ဖန် အထပ်ထပ် ကြံစည်အပ်၏။
                    ဆက်ရန်-
မဟာစည်ဆရာတော်ကြီး။
  ဝိပဿနာ ရှုနည်းကျမ်း။

Credit by Wai Soe Thein.

No comments:

Post a Comment