🎆 ပရမတ်နှင့်ပညတ် - (၃)
******************
ပြခဲ့ပြီးသော ပရမော ဥတ္တမော အဝိပရီတော အတ္ထော ဟူသော ဋီကာကျော် ဝစနတ္ထသည် ဤကထာဝတ္ထု ပါဠိ,
အဋ္ဌကထာ, ဋီကာတို့နှင့်အညီ ဆိုအပ်သော ဝစနတ္ထပေတည်း။
ညီညွတ်ပုံကား။ ။ပရမောပုဒ်ကို၊ ဥတ္တမောဟုဖွင့်ခြင်းသည် သဒ္ဒါနက်တူ၍ ဖွင့်ခြင်းပေတည်း။
ဥတ္တမတ္ထောကား
''အဝိပရီတ ဘာဝတော ဧဝ ပရမော ပဓာနော အတ္ထော'' ဟူသော အနုဋီကာနှင့် တိုက်ရိုက်ညီညွတ်၏။ ပရမော ဟူသောပုဒ်နှင့် အဘိဓေ ယျတ္ထအားဖြင့် တူသောကြောင့် ထိုသို့ ဖွင့်သည်ဟူ၍လဲ မှတ်အပ်၏။ တူပုံကား-
သစ္စိကတ္ထပုဒ်နှင့် ပရမတ္ထပုဒ်
တို့သည် သဒ္ဒါ နက်မျှသာ ကွဲကုန်၏။ အဘိဓေယျတ္ထ ဟောအပ်သော တရားကိုယ် အနက်အားဖြင့်ကား တူကုန်၏။ ထို ၂-ပုဒ်လုံးပင် ခန္ဓာ, အာယတန, ဓာတ်, ဣနြေ္ဒဟူသော ၅၇-ပါး တို့ကိုသာ ဟောကုန်၏။ ၄င်းတို့ကို သစ္စိက+အတ္ထ, ပရမ+အတ္ထ
ဟု ပုဒ်ခွဲ၍ ကြည့်လျှင်, အတ္ထသဒ္ဒါ ၂-ခုမှာ အချင်းခပ်သိမ်း တူနေ၍ အထူးပြရန်မလိုပြီ။
သစ္စိကနှင့် ပရမ ပုဒ်တို့ကိုသာ
အဘိဓေယျတ္ထအားဖြင့် တူသည်ဟု ပြလိုရင်းပေတည်း။ မှန်သောတရား ဟူသည်မှာလဲ ၅၇-ပါးပင်ဖြစ်၏။ မြတ်သောတရား
ဟူသည်မှာလဲ ထို ၅၇-ပါးပင် ဖြစ်၏။ ထို့ကြောင့် တရားကိုယ် အနက်အားဖြင့် ထို ၂-ပုဒ်တို့ တူကြပေသည်။
ဤသို့ အဘိဓေယျတ္ထအားဖြင့် တူသောကြောင့် ပရမောပုဒ်ကို သစ္စိကော ဟူ၍လဲ ဖွင့်နိုင်ပေ၏။
သစ္စမေဝ သစ္စိကံ
ဟူသော အနုဋီကာနှင့်အညီ, သစ္စိကပုဒ်နှင့် သစ္စပုဒ်တို့အနက်တူသောကြောင့်, သစ္စော ဟူ၍လဲ ဖွင့်နိုင်ပေ၏။ ထို့ပြင်မှန်သည်ဟူသော
ူအနက်ကို ဟောသောအားဖြင့် သစ္စိက, သစ္စပုဒ်တို့နှင့် အနက်တူသော ဘူတ, ယထာဘူတ, တထ, တစ္ဆ,
အဝိတထ, အဝိပရီတ, အစရှိသော ပုဒ်တို့ဖြင့်လဲ ဖွင့်ပြနိုင်သည်သာတည်း။
သို့ဖြစ်၍, သစ္စိက သဒ္ဒါနှင့် အနက်တူသော
အဝိပရီတ သဒ္ဒါဖြင့် ပရမော ပုဒ်ကို အ-ဝိပရီတောဟု ထပ်ဆင့်၍ ဋီကာကျော်ဆရာ ဖွင့်ပြတော်မူပေသည်။
ပရမတ္ထပုဒ်၌ အနက်မှန်။ ။ပြခဲ့ပြီးသော အဋ္ဌကထာ, ဋီကာအဖွင့်အလုံးစုံကို ပေါင်းစပ်၍ ပရမတ္ထ ပုဒ်၏ အနက်မှန်ကို
ဤသို့သိအပ်၏။ မျက်မှောက် သိအပ်သော စိတ်စေတသိက်, ရုပ်, နိဗ္ဗာန်ဟူသော အနက်သဘော ၄-ပါးသည် မဖောက်မပြန်
မူလရှိရင်းအတိုင်း မှန်ကန်သောကြောင့် မြတ်သောသဘော မည်၏၊ ပရမတ္ထ မည်၏။ ဤအနက်မှန်ကို နှလုံးထဲ၌ မြဲမြံစွာသိုမှီးထားကြပါကုန်။
ဤပရမတ္ထပုဒ်အရာ၌ ''ပရမတ်ဟူသည်မှာ မဖောက်ပြန် မပြောင်းလဲ မပျက်စီးကောင်း, ပညတ်သာလျှင် ဖောက်ပြန်
ပြောင်းလဲ ပျက်စီးသည်''ဟု အခြေတည်ပြီးလျှင် ပရမတ်ဟူက လက္ခဏာအားဖြင့်မဖောက်ပြန်ဟူ၍၄င်း၊ အကျိုးပေးအားဖြင့်မဖောက်ပြန်ဟူ၍၄င်း၊ ရုပ်ကိုဖောက်ပြန်သည်ဟု ဆိုသော်လဲ, လက္ခဏာအားဖြင့် မဖောက်ပြန် ဟူ၍၄င်း ဤသို့စသည်ဖြင့်
များစွာသော ဆရာမြတ်တို့သည် အမျိုးမျိုးအထွေထွေ ကြံစည်၍ ပြောဆိုရေးသား ကြလေကုန်၏။
ထို ပြောဆိုရေးသားချက်
များသည် ကထာဝတ္ထု အဋ္ဌကထာ, ဋီကာတို့နှင့် မနှီးနှောမိခြင်း၊ အ-ဝိပရီတပုဒ်နှင့် အဝိပရိဏတပုဒ်တို့၏ အနက်အဓိပ္ပါယ်
ထူးပုံကို သတိမမူမိခြင်း၊ ဖောက်ပြန်ဟူသော မြန်မာစကား၌ မှားယွင်း, ပြောင်းလဲဟူသော အဓိပ္ပါယ် ၂-မျိုး ရနိုင်သည်ကို
မစဉ်းစားမိခြင်းများကြောင့် ဋီကာကျော်၏ အာဘော်ကို မမိသည့်အတွက် သင့်လျော်အောင် ကြံစည်၍ ပြောဆိုရေးသားချက်
တို့မျှသာတည်း။
အနည်းငယ်ဖော်ပြဦးအံ့၊ ဖောက်ပြန် ဟူသော မြန်မာစကား၌ ပြောင်းလဲပျက်စီးသည်ဟူ၍၄င်း၊ မှားယွင်းသည်ဟူ၍
၎င်း၊ အနက် အဓိပ္ပါယ် ၂-မျိုးရှိ၏။ ထို့အတူပင်, မဖောက်ပြန် ဟူသော စကား၌လဲ မပြောင်းလဲ မပျက်စီးဟူ၍၄င်း၊မမှားယွင်း
မှန်ကန်သည်ဟူ၍၄င်း, အနက်အဓိပ္ပါယ် ၂-မျိုးရှိ၏။
သမ္မာသမ္ဗုဒ္ဓေါပုဒ်ကို မြန်မာပြန်ဆိုကြည့်ပါ။ သမ္မာ မဖောက်မပြန်+သံကိုယ်တိုင်+ ဗုဒ္ဓေါ-သိသောဘုရား၊ သမ္မာသမ္ဗုဒ္ဓေါ-မဖောက်မပြန် ကိုယ်တိုင်သိသောဘုရား။ ဤသို့ အသီးအသီးစပ်၍ ကြည့်
လျှင်, မဖောက်မပြန်သိသောဘုရား, ကိုယ်တိုင်သိသောဘုရား-ဤသို့ဖြစ်၏။ သို့ဖြစ်ရာတွင် မဖောက်မပြန်သိသည် ဟူရာ၌
ဘာကိုဆိုလိုပါသနည်း? ဆရာ့နည်းမခံဘဲ ကိုယ်တိုင်ပင် သိငြားသော်လဲ, မှားယွင်းလျက် သိသည်မဟုတ်၊ မမှားမယွင်း
အမှန်အတိုင်းပင် သိသည်ဟု ဆိုလိုသည်မဟုတ်ပါလော၊ ထို့ကြောင့် ဤသို့သောအရာ၌ မဖောက်မပြန်ဟူသည်မှာ မမှား
မယွင်း မမှန်ကန်သည်ကိုသာ ဆိုလိုသည်ဟု သိအပ်၏။
ပါဠိဘာသာ၌ -
ဝိ+ပရိ+နမု ဓာတ်ဖြင့် ပြီးသော ဝိပရိဏတ ပုဒ်နှင့်,
ဝိ+ပရိ+ဣ ဓာတ်ဖြင့်ပြီးသော ဝိပရိတ ပုဒ်တို့သည် ခပ်ဆင်ဆင် ရှိကြ၏။ ထို ၂-ပုဒ်လုံးကိုပင် ဖောက်ပြန်သည်
ဟူ၍ချည်း မြန်မာပြန်ဆိုကြ၏၊ သို့သော်လဲ, အဓိပ္ပါယ်အားဖြင့်ကား -
ဝိပရိဏတ-ဖောက်ပြန် ပြောင်းလဲ ပျက်စီးသည်၊
ဝိပရီတ-ဖောက်ပြန် မှားယွင်းသည် = မူလ ရှိရင်းမှ ပြောင်းပြန်ဖြစ်သည်၊ ဤသို့ ကွဲပြားထူးခြား၏။ ထို ၂-ပုဒ်တို့
၏ ဆန့်ကျင်ဘက် ဖြစ်သော အဝိပရိဏတ, အဝိပရီတ ပုဒ်တို့ကိုလဲ မဖောက်မပြန် ဟူ၍ချည်း မြန်မာပြန်ဆိုကြ၏၊ သို့သော်
လဲ, အဓိပ္ပါယ်အားဖြင့်မူကား -
အဝိပရိဏတ-မဖောက်ပြန် မပြောင်းလဲ ပင်ကိုယ်အတိုင်းမြဲသည်။
အဝိပရိတ-မဖောက်ပြန် မမှားယွင်းမူလရှိရင်းအတိုင်း မှန်ကန်သည်=ပြောင်းပြန်မဟုတ်=ဤသို့ ကွဲပြားထူးခြားသည်
သာတည်း။
သို့ဖြစ်၍, ဋီကာကျော်၌-အဝိပရီတော=မဖောက်မပြန် မှန်ကန်သော=ဟူသော ဤအနက်မှန်ကို မြဲမြံစွာ မှတ်သားကြပါလေ။
ဤမျှဖြင့် မကျေနပ်သေးလျှင်, သညာဝိပလ္လာသစသောပုဒ်တို့၏ အနက်ကို၎င်း, ဋီကာကျော် သမုစ္စည်းပိုင်း၌ သမ္မာ
အဝိပရီတတော ပဿတီတိ သမ္မာဒိဋ္ဌိဟု ဆိုရာတွင် သမ္မာပုဒ်ကို အ-ဝိပရီတတောဟု ဖွင့်သည်ကို၎င်း, အဋ္ဌကထာ ဋီကာ ဌာန
ပေါင်းများစွာတို့၌ ဤ အဝိပရီတပုဒ် သုံးထားပုံကို၎င်း ကြည့်ရှုစဉ်းစား ကြပါလေ။
ပြခဲ့ပြီးသော ဆရာမြတ်တို့၏ စကားထဲ၌ ''#ပညတ်သာလျှင် ဖောက်ပြန်ပြောင်းလဲပျက်စီးသည်''ဟု ဆိုသော စကား
သည်လည်း ပြောင်းပြန်မှားယွင်းသော စကားသာတည်း၊ အဘယ့်ကြောင့်နည်းဟူမူ-#ပညတ်ဟူသည်မှာ ဥပါဒ်ဌီဘင်လဲမရှိ၊
တရားကိုယ်အားဖြင့်လဲ ထင်ရှားမရှိသည်သာဖြစ်၍၊ မဖောက်ပြန် မပျက်စီးတတ်သောကြောင့် ပေတည်း။
ထင်ရှားစေဦးအံ့အမည်ပညတ်,
အနက်ပညတ်ဟူသမျှသည် ဖြစ်လဲမဖြစ်၊ တည်တံ့နေသည်လဲမဟုတ်၊ ပျက်လဲမပျက်၊ အမှန်အားဖြင့် ထင်ရှားရှိ
သည်လဲ မဟုတ်ချေ၊ ထိုသို့ မရှိပါဘဲလျက်, စဉ်းစားဆင်ခြင်သော စိတ်ကူးထဲ၌ ထင်ပေါ်ကာမျှ ဖြစ်သောအာရုံသာတည်း။
လူတယောက်ယောက်၏ အမည်ကို စဉ်းစားကြည့်ပါ၊ ထိုအမည်သည် ဘယ်အခါ၌ ဖြစ်ပါသနည်း? ခေါင်းပေါ်၌ တည်ရှိနေ
ပါသလော? ကိုယ်ထဲ၌ တည်ရှိနေပါသလော? ဘယ်အရပ်၌ တည်ရှိနေပါသနည်း? ဘယ်အချိန်မှာပျောက်ပျက် သွားပါ
သနည်း?။ အမှန်အားဖြင့် ထိုအမည်သည် ဖြစ်လဲမဖြစ်၊ဘယ်နေရာမှာမျှ တည်ရှိနေသည်လဲမဟုတ်၊ ပျက်လဲမပျက်၊ စဉ်းစား
ဆင်ခြင်တိုင်း၊ စိတ်ကူးထဲ၌ ထင်ပေါ်ကာမျှ အာရုံပင် မဟုတ်ပါလော၊ လူအားလုံးတို့က အသိအမှတ်မပြုဘဲ မေ့ပျောက်လိုက်
လျှင် ထိုအမည်သည် ပျောက်ကွယ်သွားသကဲ့သို့ရှိ၏။ သို့သော်လဲ, ပျက်စီးသွားသည်ကား မဟုတ်ပေ။ ထို့ကြောင့်ပင်, ကပ္ပါ
ပေါင်း လေးအသင်္ချေနှင့်, တသိန်းထက်က ထင်ရှားခဲ့သော သုမေဓာရသေ့ဟူသော အမည်ပညတ်သည် ယခုကာလ လူတို့၏
စိတ်ကူးထဲ၌ ထင်ရှားပေါ်နိုင်ပေသည်။ မိန်းမ, ယောက်ျား, အိုး, ပုဆိုးစသော အမည်ပညတ် ဟူသမျှတို့လဲ လူ့နာမည်နှင့်
အတူတူချည်းသာတည်း။
မိန်းမ, ယောက်ျား, အိုး, ပုဆိုး စသည်ဖြင့် ခေါ်ဆိုအပ်သော ပုဂ္ဂိုလ်ပညတ်, သဏ္ဌာန်ပညတ်တို့လဲ လူ့နာမည်ကဲ့သို့
ပင်၊ ဖြစ်ခြင်း, တည်ခြင်း, ပျက်ခြင်း, မရှိကြသည်ချည်းသာတည်း။ အမှန်အားဖြင့် ဘယ်နေရာမှာမျှ ထင်ရှားမရှိကြသည်ချည်း
သာတည်း။ သို့သော်လဲ မြင်ရသော အဆင်းရုပ်အပေါင်း၊ ကြားရသော အသံရုပ်အပေါင်း၊ တွေ့ထိရသော ဖောဋ္ဌဗ္ဗရုပ်အပေါင်း
စသည်တို့ကို ထောက်ဆ၍ မိန်းမ ယောက်ျားစသည်ဖြင့် ခေါ်အပ်သော အထည်ဝတ္ထုကြီးတွေ တကယ်ပင် ရှိနေသကဲ့သို့
ထင်ရ၏။ မြင်သောစိတ်, ကြားသောစိတ်, တွေ့ထိသောစိတ် စသည်နှင့် ထိုထိုပုံသဏ္ဌာန်ဖြစ်အောင် ကြံစည်သော နောက်စိတ်
တို့ကို မခွဲခြားနိုင်သောကြောင့် ထိုသို့ ထင်မြင်ကြောင်းကို ရှေး၌ ပြဆိုခဲ့ပြီ။ ထင်ရှားမရှိပုံကိုလဲ အကျဉ်းအားဖြင့် ပြဆိုခဲ့ပြီ။
ဤအရာ၌ ဥပမာဖြင့် ပြဦးအံ့။လှည်းဟုခေါ်အပ်သော အထည်ဝတ္ထုမှ ဘီး, ဝင်ရိုး, လှည်းသံ, လှည်းထုတ်, အခင်း, ရံတိုင်, ထမ်းပိုး, စသော
အစိတ်အပိုင်း ဟူသမျှကို အသီးအသီး အကုန်နုတ်ပယ်လိုက်လျှင် လှည်းဟု ခေါ်အပ်သော အထည်ဝတ္ထုကြီး တခုလုံးပင်
အလျှင်းမရှိသကဲ့သို့ ထို့အတူပင်, မိန်းမ ယောက်ျားစသည်ဖြင့် ခေါ်အပ်သော ရုပ်နာမ် အစဉ်မှ ရှိရှိသမျှ ရုပ်နာမ်အလုံးစုံကို
နုတ်ပယ်လိုက်လျှင် မိန်းမ ယောက်ျားစသော ပုဂ္ဂိုလ်ပညတ်, သဏ္ဌာန် ပညတ်တို့ကိုအလျှင်းပင် မတွေ့နိုင်တော့ပြီ၊ ဘယ်နေရာ
၌ ရှိနေသည်ဟု မဆိုနိုင်တော့ပြီ။
ထို့အတူ ခြတန်း, သဲကြောင်း, အုန်းဆံကြိုး, မြစ်ရေယဉ်, သစ်ပင်စသော ဥပမာနတို့နှင့်လဲ
နှိုင်းယှဉ်၍ ဆင်ခြင်အပ်၏။
ခြတန်းကြီးဟု ထင်ရာ၌ ခြကောင်ကလေးများသာ ရှိကြ၏၊ အတန်းကြီး ပုံသဏ္ဌာန်ကားမရှိ၊ ခြကောင်များကို
နုတ်ပယ်လိုက်လျှင် အတန်းကြီးကို မတွေ့နိုင်သောကြောင့်တည်း။
ဤအတူပင် ရုပ် နာမ် အပေါင်း အစဉ်မျှသာရှိ၏၊ ပုဂ္ဂိုလ်
အထည် ဒြဗ်သဏ္ဌာန်ကား မရှိ၊ ရုပ်နာမ်ဟူသမျှကို နုတ်ပယ်လိုက်လျှင်, ထိုထို ပုံသဏ္ဌာန်ကို မတွေ့နိုင်သောကြောင့်တည်း။
နောက် ဥပမာတို့၌လဲ ထိုက်သည်အားလျော်စွာ နှိုင်းယှဉ်ပါလေ။
သဲအိတ်ကြီးတခုကို အမြင့်၌ ဆွဲထား၍ အောက်စမှ အပေါက်တခုကို ဖောက်လိုက်လျှင် 'သဲတန်းကြီး ကျနေသည်'ဟု
ထင်ရ၏။ သဲအိတ်ကြီးကို အရှေ့ဘက်သို့ တွန်းလိုက်လျှင် ''သဲတန်းကြီးက အရှေ့ဘက်သို့ ရွေ့သွားသည်''ဟု ထင်ရ၏။
သို့ဖြစ်ရာ၌ သဲတန်းကြီးကား စင်စစ် ရှိနေသည်မဟုတ်၊ သဲလုံးကလေးများသာ ရှိကြ၏၊ သဲတန်းကြီးက အရှေ့ဘက်သို့
စင်စစ် ရွှေ့သွားသည်မဟုတ်၊ အရှေ့ဘက်သို့ ရွှေ့၍ ရွှေ့၍ သဲလုံး အသစ်အသစ်တို့၏ ကျခြင်းမျှသာတည်း။ သဲကုန်၍ဖြစ်စေ,
အပေါက်ကို ပိတ်လိုက်၍ဖြစ်စေ, သဲတန်းကြီးကို မတွေ့ရသော်လဲ ''၄င်းသဲတန်းကြီး ပျက်သွားသည်'' ဟူ၍ကား မဆိုအပ်၊
အဘယ့်ကြောင့်နည်းဟူမူ-ကျနေသော သဲလုံးများမှတပါး, အသီးအခြားမရှိသော ထိုသဲတန်းကြီးသည် မပျက်မစီးနိုင်ကောင်း
သောကြောင့်ပေတည်း။
အမှန်အားဖြင့်ကား ထိုသဲတန်းကြီး ပျောက်ကွယ်ခြင်းမှာ သဲလုံးအသစ်များ မကျလာခြင်းမျှသာတည်း။
ဤဥပမာဖြင့်, ရုပ်နာမ်အပေါင်း မှတပါး ပုဂ္ဂိုလ်စသည် အသီးအခြားမရှိပုံ, ရွှေ့၍ ရွှေ့၍ အသစ်အသစ်ဖြစ်သော ရုပ်တို့မှတပါး
လှုပ်ရှားသော လက်ခြေစသည် အသီးအခြားမရှိပုံ, ရုပ်နာမ်အသစ်တို့ မဖြစ်လာခြင်းမှတပါး သေတတ်သော ပုဂ္ဂိုလ်အသီး
အခြား မရှိပုံတို့ကို နှိုင်းယှဉ်၍ကြည့်လေ။
အုန်းဆံကြိုးကြီး ဟူရာ၌ အုန်းဆံမျှင် ကလေးများသာရှိ၏၊ ကြိုးကြီးပုံသဏ္ဌာန်ကား အသီးအခြားမရှိပြီ၊အမျှင်ကလေး
များကို နုတ်ပယ်လိုက်လျှင် ယင်းကြိုးသဏ္ဌာန်ကို မတွေ့နိုင်သောကြောင့်တည်း။ သို့သော် အမျှင်အပေါင်းကိုစွဲ၍ ''လက်မခန့်,
ခြေမခန့်, တုတ်သည်'' စသည်ဖြင့် ထင်ရ၏။ ''ဆယ်တောင်ခန့်, အတောင်နှစ်ဆယ်ခန့် ရှည်သည်'' စသည်ဖြင့်လဲ ထင်ရ၏။
အမှန်အားဖြင့်ကား-အလွန်သေးငယ် တိုတောင်းသော အမျှင်ကလေးများသာရှိ၏။ ထိုမျှလောက် တုတ်၍ရှည်သော ကြိုးကြီး
သဏ္ဌာ နက်ား အသီး အခြားမရှေိ ချ။ ဤဥပမာဖြင့် အထည်ြဒပ် ကင်းသော,
ရုပ်နာမ် အပေါင်းမှတပါး
ကြီး မားသော ပုဂ္ဂိုလ်
သဏ္ဌာန်အသီးအခြား မရှိပုံ၊ မျက်စိတမှိတ်ခန့်မျှ ကြာမြင့်စွာမတည်သော ရုပ်နာမ်တို့မှတပါး တနာရီ, တရက်, တလ, တနှစ်
စသည်ဖြင့် ကြာမြင့်စွာ အသက်ရှင်နိုင်သော ပုဂ္ဂိုလ်အသီးအခြား မရှိပုံတို့ကို နှိုင်းယှဉ်၍ ကြည့်လေ။
မြစ်ရေယဉ်၌ ရေဟောင်းတို့သည် အောက်သို့ စီးသွားကြလေပြီ၊ ၄င်းတို့၏နေရာ၌ အသစ်အသစ် ရေတို့သည်
ရောက်၍ ရောက်၍ လာကြ၏။ ထို့ကြောင့်, ထိုမြစ်ရေတို့ကို အမြဲတည်နေသကဲ့သို့ ထင်ရ၏။ သို့သော် တနေရာရာ၌ စူးစိုက်
၍ကြည့်နေမည်ဆိုလျှင် ပဌမမြင်ရသောရေက တခြား, ဒုတိယမြင်ရသောရေက တခြား-ဤသို့စသည်ဖြင့် ကွဲပြားသည်သာ
တည်း။ ဤဥပမာဖြင့် ''တဦးတည်းသော မိန်းမ, ယောက်ျားကိုပင် အမြဲမြင်နေသည်, အမြဲတွေ့ထိနေသည်''ဟု ထင်မှတ်အပ်
သော သန္တတိပညတ်မျိုး၏ ထင်ရှားမရှိပုံကို နှိုင်းယှဉ်၍ ကြည့်လေ။
သစ်ပင်ဥပမာ၌ ပင်လုံး, ကိုင်းကြီး, ကိုင်းငယ်, အခက်, အရွက်, တို့သာထင်ရှားရှိ၏၊ အပင်ပုံသဏ္ဌာန်ကြီးကား
ထင်ရှားမရှိပြီ၊ ပင်လုံးစသော အစိတ်အပိုင်းတို့ကို နုတ်ပယ်လိုက်လျှင် အပင်ပုံသဏ္ဌာန်ကြီးကို အသီးအခြား မတွေ့နိုင်သော
ကြောင့်တည်း။ ထို့ပြင်,-မရမ်း, ဥနှဲ စသော အချို့သစ်ပင်တို့၌ ရွက်သစ် ရွက်ဟောင်း ပြောင်းလဲပုံသည် မထင်ရှားလှချေ၊
မပြတ် ရွက်ဟောင်းကြွေ၍ ရွက်သစ်လဲလေ့ရှိ၏။ ထိုသို့သော သစ်ပင်တို့၌ စိမ်းစိမ်းညိုညို အရွက်အစုအခဲ အမြဲတည်နေသကဲ့
သို့ထင်ရ၏။ သို့သော် ရွက်ဟောင်း ကြွေသည်ကို၎င်း, ရွက်သစ်ထွက်သည်ကို၎င်း ထောက်ဆ၍ ''ထိုအရွက် အစုအခဲသည်ပင်
အမြဲတည်နေသည်မဟုတ်''ဟု သိရ၏။ ဤဥပမာဖြင့် သမူဟ, သဏ္ဌာန, သန္တတိ ပညတ်တို့၏ ထင်ရှားမရှိပုံကို နှိုင်းယှဉ်၍
ကြည့်လေ။
ဆိုခဲ့ပြီးသော ဥပမာတို့ဖြင့် အဖန်ဖန် အထပ်ထပ် စေ့စပ်သေချာစွာ နှိုင်းယှဉ်၍ ကြည့်လျှင် ''မိန်းမ, ယောက်ျား
စသော အနက်ဒြဗ် ပညတ်တို့သည်လည်း လူ့နာမည်ကဲ့သို့ပင် ဘယ်ခါတွင်မှ ဖြစ်လဲမဖြစ်ကုန်၊ ပျက်လဲမပျက်ကုန်၊ဘယ်
နေရာတွင်မှ ထင်ရှားတည်ရှိနေသည်လဲ မဟုတ်ကုန်၊ စဉ်းစားဆင်ခြင်တိုင်း စိတ်ကူးထဲ၌ ပေါ်ကာမျှ အာရုံတို့သာ'' ဟူ၍မည်သူမဆို သိနိုင်ကောင်းသည်သာတည်း။ ထို့ကြောင့် ''ပညတ်ဟူက ဖောက်ပြန် ပျက်စီးခြင်းမရှိ ထင်ရှားလဲမရှိ'' ဟူ၍
မြဲမြံစွာ မှတ်သားအပ်၏။
အကျဉ်းမှတ်ရန်ကား။ ။ရုပ်နာမ် အစစ်ဖြစ်သော ပရမတ်တရားတို့တွင် နိဗ္ဗာန်သည် အ-သင်္ခတ ပရမတ် မည်၏၊
အကြောင်းတစုံတခုက မပြုအပ်သောတရားဟု ဆိုလို၏၊ ထို့ကြောင့်ပင် ဖြစ်ခြင်း, ပျက်ခြင်းမရှိဘဲ အစဉ်ထာဝရ မြဲသော နိစ္စ,
ဓုဝတရားလဲ မည်၏။ြ<ွကင်းသော ပရမတ်တရား ဟူသမျှတို့သည်ကား သင်္ခတပရမတ်တို့ ချည်းသာတည်း။ ''ဆိုင်ရာဆိုင်ရာ
အကြောင်းတို့က ပြုအပ်, ဖြစ်စေအပ်သော တရားများ''ဟု ဆိုလို၏။ ထို့ကြောင့်ပင် တကယ်ဖြစ်ပေါ်ခြင်း, ပျက်စီးခြင်းရှိ၍
အနိစ္စ, အဓုဝတရားလဲ မည်ကုန်၏။ ထိုသင်္ခတ ပရမတ်တို့သည် အဇ္ဈတ္တ, ဗဟိဒ္ဓ သန္တာန် ၂-ပါး၌ ဥပါဒ် ဌီဘင်အားဖြင့်
တကယ်ဖြစ်ပေါ်ခဲ့ပြီးသော်လဲ ဖြစ်ကြ၏။ တကယ်ဖြစ်ပေါ်ဆဲသော်လဲ ဖြစ်ကြ၏။ တကယ်ဖြစ်ပေါ်လတံ့သော်လဲ ဖြစ်ကြ၏။
သို့ဖြစ်၍ အဇ္ဈတ္တ, ဗဟိဒ္ဓသန္တာန် ၂-ပါး၌ တကယ်ဖြစ်ပြီး, ဖြစ်ဆဲ, ဖြစ်လတံ့လဲ မဟုတ်၊ နိဗ္ဗာန်လဲ မဟုတ်ပါဘဲလျက်
စိတ်ကူးထဲ၌ ထင်ရုံမျှသာ ဖြစ်သော အာရုံဟူသမျှသည် ပညတ်တရား ချည်းသာတည်း။ အမည်ပညတ်, အနက်ပညတ် ၂-
မျိုးတို့တွင် တခုခုသော ပညတ်သာတည်း။ လူအမျိုးမျိုးတို့ ခေါ်ဝေါ်ပြောဆိုသော အမည်သဒ္ဒါအမျိုးမျိုးသည် အမည်ပညတ်
မည်၏။ ထိုသဒ္ဒါတို့ဖြင့် သိစေအပ်သော အနက်ဒြဗ် အထည်ဝတ္ထုအမျိုးမျိုးသည် အနက်ပညတ် မည်၏။
ဆက်ရန်......
ဝိပဿနာ ရှုနည်းကျမ်း
မဟာစည်ဆရာတော်ကြီး
Credit by Wai Soe Thein
No comments:
Post a Comment