Saturday, September 10, 2016

သင်္ဂြိုဟ်ဘာသာဋီကာ စာ_၂၀ အေးသည့်အတွက်(၃)ဂါဝုတ်ရှိသော ခန္ဓာကိုယ်ကြီးတို့ မွမွကြေမှုစသည်တည်း၊အပူကြောင့် အသားအရေနီမြန်းပုံ,ထမင်းဆာမှု,ရေငတ်မှုကြောင့်ရုပ်ညှိုးနွမ်းပုံ,မှက် ခြင် နေပူ လေပူ မြွေ ကင်းတို့၏ တွေ့ထိကိုက်ခဲမှုကြောင့် အဖုအပိမ့် အပေါက်အကွဲဖြစ်ပုံ စသည်ကိုချဲ့ထွင်၍ ကြည့်ပါ၊ ဤပြအပ်ခဲ့သောဖောက်ပြန်မှုသည် ဥတုပျက်၍ဖောက်ပြန်မှုတည်း၊ အကုသိုလ်ကံကြောင့် ကုဠနူနာစွဲကပ်ရပုံ,စိတ်ကြောင့် စိတ္တဇရောဂါဖြစ်ရပုံ,မသင့်သော အာဟာရကြောင့် တစ်ခဏချင်းတောင့်တင်း ကိုက်ခဲရပုံများကို ထောက်လျှင် ကံ စိတ် ဥတု အာဟာရတို့ကြောင့်လည်း ရုပ်ဖောက်ပြန်ကြောင်းကို သိနိုင်သည်။ နာမ်တရားကိုရုပ်ဟုမဆိုထိုက်။ ။ရှေးအစဉ်နှင့်မတူဘဲ နောက်အစဉ်၏ ပြောင်းလွဲခြင်းကို"ဖောက်ပြန်ခြင်း"ဟု ခေါ်လျှင်,နာမ်တရားများလည်း ကုသိုလ်အစဉ်မှ အကုသိုလ်အစဉ် ပြောင်းလွဲခြင်းစသညိဖြစ်တက်သောကြောင့်"ရုပ်"ဟုခေါ်ထိုက်သည်မဟုတ်လောဟုမေး၊ အဖြေကား_ရုပ္ပတိအရ အများမျက်မြင်အထင်အရှား ဖောက်ပြန်ခြင်းဟူသော ဝိဘူတတရရုပ္ပနကိုသာ အလိုရှိအက်သောကြောင့် နာမ်တရား၏မထင်မရှား ဖောက်ပြားမှုကိုရုပ်ဟု မခေါ်ထိုက်။[ဝိဘူတတရ=အထူးထင်ရှားသော+ရုပ္ပန။] ချဲ့ဦးအံ့_ဖောက်ပြန်မှုသည် ထင်ရှားသောဖောက်ပြန်မှု,မထင်ရှားသောဖောက်ပြန်မှုဟု နှစ်မျိုးရှိ၏၊ နာမ်တရားတို့၏ ဖောက်ပြန်မှုဟူသည် မထင်ရှားချေ,သူတစ်ပါး၏စိတ်ကို သိနိုင်သူသာ ဖောက်ပြန်ကြောင်းကိုသိနိုင်၏၊ရုပ်တရားတို့၏ဖောက်ပြန်မှုကား ကလေးများပင်သိနိုင်လောက်အောင်ထင်ရှား၏၊ အများသုံးနှုန်းရမည့်နာမည်သညိ အများထင်ရှားမှသာ သင့်လျော်၏၊နာမ်တရားကို ရုပ်ဟုဆိုလျှင် ဖောက်ပြန်ပုံမထင်ရှားသဖြင့်"ရူပ"ဟူသော ပါဠိစကားနှင့် မသင့်ချေ၊ပထဝီ အာပေါ စသည်ကို ရုပ်ဟုဆိုရာ၌ကား ဖောက်ပြန်ပုံထင်ရှားသဖြင့် နာမည်နှင့်သင့်တင့်လိုက်လျော၏၊ "သီတေနပိ ရုပ္ပတိ ဥဏှေနပိ ရုပ္ပတိ"စသည်ဖြင့် ဟောတော်မူသောဘုရားရှင်လည်း အအေး အပူစသည်ကြောင့် အထင်အရှားဖောက်ပြန်တက်ပုံကို ရည်ရွယ်တော်မူရင်းဖြစ်သည်။ [ဆောင်] အများမျက်မြင်,အထင်အရှား,ဖောက်ပြားမှုဟူ,ဝိဘူတတရ,ရုပ္ပနကို,သည်မှာလို၍,ထိုထိုနာမ်စု,ဖောက်ပြန်မှု,ရုပ်ဟုမခေါ်အပ်။ အဝိပရီတနှင့်ရုပ္ပနသဘော။ ။ပရမတ္ထပုဒ်အဖွင့်နုန်းက ပရမတ်တရားတွေကို အဝိပရီတ(မဖောက်မပြန်)ဟု ဆိုပြီးလျှင် ဤနေရာ၌ ရုပ္ပန(ဖောက်ပြန်)ဟု ဆိုပြန်ရာ ရှေ့နောက် မဆန့်ကျင်ပါလောဟုမေး၊ အဖြေကား_အဝိပရီတ ဟူသည်

No comments:

Post a Comment