Saturday, September 10, 2016

ဥဒ္ဒေသဂါထာအဖွင့် စာ_၂၁ မူလပင်ကိုယ်သဘော၏ မဖောက်ပြန်ခြင်းတည်း၊ ရုပ္ပနဟူသည်ကား သန္တတိပညတ်၏ ဖောက်ပြနခြင်းတည်း၊ထို့ကြောင့် မဆန့်ကျင်ပါ။ ချဲ့ဦးအံ့_ရုပ်ကလာပ်တွေ ဆက်၍ဆက်၍ဖြစ်နေမှုကို သန္တတိ(အစဉ်အဆက်)ဟု ခေါ်၏၊ အအေးရုပ်တွေဆက်၍ဖြစ်နေလျှင် အပူရုပ်အစဉ်သို့မပြောင်းသမျှ အအေးရုပ်အစဉ်တစ်ခုသာတည်း၊အပူရုပ်တွေဆက်၍ဖြစ်နေလျှင် အအေးရုပ်အစဉ်သို့မပြောင်းသမျှ အပူရုပ်အစဉ်တစ်ခုသာတည်း၊ ဤသို့ အစဉ်သန္တာန်တစ်ခုလုံးကို"သနတိပညတ်တစ်ခု"ဟုမှတ်ပါ၊ထိုသို့ သန္တတိပညတ်တစ်ခုမှ သန္တတိပညတ်တစ်ခုသို့ ပြောင်းလွဲမှုကို ရုပ္ပန(ဖောက်ပြန်မှု)ဟုခေါ်၏၊ထိုသို့ သန္တိပညတ်တစ်ခုပြောင်းလွဲသွားသော်လည်း ပင်ကိုယ်သဘောမှ မပြောင်းလွဲကြ၊ပထဝီဓာတ်သည် ကက္ခဠ(ကြမ်းတမ်းခိုင်မာခြင်း)သဘောရှိ၏၊ ထိုကက္ခဠသဘောကား ဘယ်အခါမှ မဖောက်ပြန်၊အအေးရုပ်အစဉ်မှာပါသည့် ပထဝီဓာတ်လည်းကက္ခဠသဘော,အပူရုပ်အစဉ်မှာပါသည့် ပထဝီဓာတ်လည်း ကက္ခဠသဘောပင်၊ ဥပမာ_တမာပင်မှ ပေါက်ခါစနုနယ်သောအစဉ် ကြီးရင့်သောအစဉ် ဆွေးမြည့်သောအစဉ်ဟု အစဉ်သန္တတိအမျိုးမျိုးပြောင်းလွဲလျက်ရှိသော်လည်း မူလဓာတ်ဖြစ်သောအခါးအရသာမှာ ဘယ်အခါမှ မပြောင်းလွဲသကဲ့သို့တည်း။ [ဆောင်] ပထဝီ အပေါ,ရုပ်ဟုဟောလည်း,သဘောအရှိ,မပြောလှည့်၍,အဝိပရီတ,ဖွင့်ခဲ့ရ၏၊မူလအမှန်,မဖောက်ပြန်လည်း,သန္တာန်ပညတ်,ပြောင်းလွဲတက်သဖြင့်,သတ်မှတ်အလျော်,ရုပ်ဟုခေါ်သည်,...မြင်မြော်သူတို့ သိဖွယ်ကို့။ ဝါဒန္တရများ။ ။အချို့က ရှေ့ဖြစ်မြဲရုပ်အစဉ်ထက် တိုးတက်ကြီးပွား၍ နောက်ရုပ်အစဉ်များ တစ်မျိုးတစ်ဖုံစည်ကားမှုကိုလည်း"ရုပ္ပန"အရ ဖောက်ပြန်ခြင်းဟုဆိုကြ၏။ ဥပမာ_ဖျားနာညှိုးနွမ်းနေသောရုပ်အစဉ်မှ အဖျားကင်း၍သန့်ရှင်းသောရုပ်အစဉ်ဖြစ်မှုမျိုးတည်း၊ တချို့ကလည်းကွေးသောရုပ်အစဉ်မှ ဆန့်တန်းသောရုပ်အစဉ်သို့ပြောင်းလွဲခြင်း,ထိုင်နေသောရုပ်အစဉ်မှ မတ်မတ်ရပ်သော ရုပ်အစဉ်သို့ပြောင်းလွဲခြင်း, အသံမထွက်ငြိမ်သက်သောရုပ်အစဉ်မှ အသံထွက်၍ လှုပ်လှက်သောရုပ်အစဉ်ဖြစ်ခြင်းများကိုလည်း"ရုပ္ပန"အရ"ဖောက်ပြန်ခြင်းပင်ဖြစ်သည်"ဟု ဆိုကြ၏၊ ထိုကဲ့သို့ ဖြစ်မှုများသည် မမြဲခြင်းအနိစ္စလက္ခဏာကိုထင်ရှားစေသော အရာသာဖြစ်သောကြောင့် ထိုအယူအားလုံးကို စည်းထုံးမကျချေ။ ချဲ့ဦးအံ့_"ဖောက်ပြန်ဟူသောစကားသည်"ချွတ်ယွင်းခြင်း,ပျက်စီးခြင်း"ဟူသော အဓိပ္ပာယ်ကိုသာပြနိုင်၏၊ကောင်းမွန် စည်ကား ကြီးပွားခြင်းကို

No comments:

Post a Comment