Saturday, July 16, 2016

သင်္ဂြိုဟ်ဘာသာဋီကာ ဝီထိပိုင်းဘာသာဋီကာ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ စာမျက်နှာ၂၇၈-၂၈၁ တထာ သေက္ခပုထုဇ္ဇနာနံ ကြိယာ ဇဝနာနိ။ ။သိက္ခန္တီတိ သေက္ခာ၊ သီလ သမာဓိ ပညာဟူသောသိက္ခာသုံးပါး၌ ကျင့်ကြံကြိုးကုတ်အားထုတ်ဆဲ(အားထုတ်၍ မပြီးတတ်သေးသော)ပုဂ္ဂိုလ်များကို "သေက္ခပုဂ္ဂိုလ်"ဟု ခေါ်၏၊ ထိုသေက္ခပုဂ္ဂိုလ်သည် မဂ္ဂဋ္ဌ(၄)ပါး, အောက်ဖလဋ္ဌ(၃)ပါးဟု (၇)ပါးရှိသော်လည်း မဂ္ဂဋ္ဌသေက္ခများအတွက် သီးခြားဆိုလတ္တံ့ဖြစ်သောကြောင့် ဤဝါကျ၌ "သေက္ခ"အရ အောက်ဖလဋ္ဌ(၃)ပါးကိုသာ ယူပါ၊ အခြားပုထုဇဉ်တို့ကို ပြအပ်ပြီးဖြစ်သောကြောင့် "ပုထုဇ္ဇန"အရလည်း တိဟိတ်ပုထုဇဉ်ကိုသာ ယူပါ၊ ထိုသေက္ခ ပုထုဇဉ်တို့သန္တာန်၌ ရဟန္တာများနှင့်သာ သက်ဆိုင်သော ကြိယာဇောများကို မရထိုက်၊ [ကြိယာဇောမည်ပုံ, ရဟန္တာများသန္တာန်၌သာ ဖြစ်ရပုံကို စိတ်ပိုင်း ကြိယာစိတ်အဖွင့်ကိုပြန်ကြည့်၊ "မဂ္ဂေ+ဌိတော မဂ္ဂဋ္ဌာ, ဖလေ+ဌိတော ဖလဋ္ဌော"အရ မဂ်၌တည်သူကို မဂ္ဂဋ္ဌ, ဖိုလ်၌တည်သူကို ဖလဋ္ဌဟု ခေါ်၏၊ မဂ္ဂဋ္ဌာန်, ဖလဋ္ဌာန်"ဟု ခေါ်ဝေါ်ကြသည်မှာ ကျမ်းဂန်လာ မဟုတ်။] ဒိဋ္ဌိဂတသမ္ပယုတ္တဝိစိကိစ္ဆာဇနဝနာနိ စ သေက္ခာနံ။ ။ဒိဋ္ဌိဂတသမ္ပယုတ်ဝိစိကိစ္ဆာသဟဂုတ်စိတ်တို့ကို သောတာပတ္တိမဂ်တုန်းက ပယ်ခဲ့ပြီးဖြစ်၍ သေက္ခပုဂ္ဂိုလ်တို့သန္တာန်၌ ထိုဇောများလည်း မရထိုက်၊ "ဝိစိကိစ္ဆာဇဝနာနိ စ"၌ စသဒ္ဒါဖြင့် ဆိုအပ်ပြီးသော ကြိယာဇော မရကြောင်းကို ပြန်၍ ပေါင်းဆည်းသည်။ အနာဂါမိပုဂ္ဂလာနံ ပန ပဋိဃဇဝနာနိ စ။ ။အနာဂါမိမဂ်က ဒေါသဇောကို ပယ်ပြီးဖြစ်၍ အနာဂါမိပုဂ္ဂိုလ်သန္တာန်၌ ဒေါသမူဒွေးလည်း မရ၊ ပဋိဃဇဝနာနိ စ၌ စသဒ္ဒါဖြင့် ဆိုခဲ့ပြီးသော ကြိယာဇော, ဒိဋ္ဌိဂတသမ္ပယုတ်, ဝိစိကိစ္ဆာဇောတို့ကို ပြန်၍ ပေါင်းဆည်း၏၊ ဤ၌ အနာဂါမ်ကို သီးခြားဆိုထားသောကြောင့် "ဝိစိကိစ္ဆာဇဝနာနိ စ သေက္ခာနံ"ဝါကျ၌ သေက္ခအရ သောတာပတ္တိဖလဋ္ဌနှင့်သကဒါဂါမိဖလဋ္ဌ သေက္ခနှစ်ပါးကိုသာ ယူရသည်။ လောကုတ္တရဖထဝနာနိ စ ယထာသကံ အရိယာနမေဝ။ ။သောတာပတ္တိမဂ်ဇောသည် မိမိဥစ္စာဖြစ်သော သောတာပတ္တိမဂ္ဂဋ္ဌပုဂ္ဂိုလ်၌သာ ဖြစ်၏, သောတာပတ္တိဖိုလ်ဇောသည် သောတာပတ္တိဖလဋ္ဌပုဂ္ဂိုလ်၌သာ ဖြစ်၏, စသည်ဖြင့် သိပါ၊ ဤ အရာဝယ် မေးခွန်းသုံးချက်သွင်း၍ ရှင်းလင်းပြအံ့။ [မေး] မဂ်ဇောတို့သည် အဘယ့်ကြောင့် မိမိဆိုင်ရာ မဂ္ဂဋ္ဌပုဂ္ဂိုလ်၌သာ ဖြစ်သနည်း၊ အဖြေကား-မဂ်တို့သည် စိတ္တလက္ခဏတစ်ချက်မျှသာ ရှိသောကြောင့် မိမိဆိုင်ရာ မဂ္ဂဋ္ဌပုဂ္ဂိုလ်၌သာ ဖြစ်သည်၊ အကယ်၍ စိတ္တလက္ခဏ(၂)ချက် (၃)ချက်စသည်ဖြင့် အထပ်ထပ် ဖြစ်ကောင်းလျှင် ဖလဋ္ဌပုဂ္ဂိုလ်သန္တာန်၌လည်းကောင်း, အထက်မဂ္ဂဋ္ဌပုဂ္ဂိုလ်သန္တာန်၌လည်းကောင်း, ကူးပြောင်း၍ ဖြစ်ရာ၏၊ မဂ်တို့သဘောမှာ စိတ္တက္ခဏတစ်ချက်မျှဖြင့် ကိစ္စပြီးသောကြောင့် ထိုကဲ့သို့ ကူးပြောင်း၍ မဖြစ်ကောင်းတော့ပြီ-ဟူလို။ [မေး] အောက်အောက် ဖလဋ္ဌပုဂ္ဂိုလ်များ၏သန္တာန်၌ အထက်အထက် ဖိုလ်ဇောများ ဘာကြောင့် မဖြစ်သနည်း၊ "သောတာပတ္တိဖလဋ္ဌ၌ သကဒါမိဖိုလ်ဇောစသည်တို့လည်း ဘာကြောင့် မဖြစ်သနည်း"ဟူလို၊ အဖြေကား-အောက်အောက်ပုဂ္ဂိုလ်များက အထက်အထက်ဖိုလ်ကို မရဘူးသေးသောကြောင့် အောက်အောက်ဖလဋ္ဌတို့သန္တာန်၌ အထက်အထက် ဖိုလ်ဇောများ မရထိုက်။ [မေး] သို့ဖြစ်လျှင် အထက်အထက် ဖလဋ္ဌတို့သန္တာန်၌ အောက်အောက်ဖိုလ်ဇောများကို ရပြီးဖြစ်လျက် ဘာကြောင့် ဆက်လက်၍ မဖြစ်သနည်း၊ အဖြေကား-အထက်အထက် မဂ်ဖိုလ်ကို ရသည်နှင့် တပြိုင်နက် အောက်အောက်ဖိုလ်ဇောများ ငြိမ်ပျောက်ရပ်စဲသောကြောင့် ရခဲ့ဖူးသော အောက်အောက်ဖိုလ်ဇောများလည်း အထက်အထက် ဖလဋ္ဌတို့သန္တာန်၌ ဆက်လက်၍ မဖြစ်ထိုက်။ ချဲ့ဦးအံ့-ပုထုဇဉ်ဘဝ၌ မပယ်ရသေးသော ကံ ကိလေသာတို့ကို သောတာပတ္တိမဂ်က ပယ်လိုက်သည်နှင့်တစ်ပြိုင်နက် ပုထုဇဉ်အဖြစ်ကို လွန်မြောက်၍ သောတာပန်အဖြစ်ကို လွန်မြောက်၍ သောတာပန်အဖြစ်သို့ ရောက်တော့သကဲ့သို့, ထို့အတူ သောတာပန်ဘဝ၌ မပယ်ရသေးသော ကံကိလေသာ သကဒါဂါမိမဂ်က ချုပ်ပျောက်စေသည့်အတွက် သောတာပန်အဖြစ်ကို လွန်မြောက်၍ သကဒါဂါမ်အဖြစ် ရောက်တော့သည်၊ ထိုသကဒါဂါမ် အဖြစ်သို့ရောက်လျှင် သောတာပတ္တိဖိုလ်လည်း အလိုလို ငြိမ်ပျောက်လေတော့၏၊ (ဥပမာ-မြို့ပိုင်ရာထူးမှ နယ်ပိုင်ရာထူးသို့ တိုးတက်သောအခါ မြို့ပိုင်ရာထူး ငြိမ်းပျောက်သွားသကဲ့သို့တည်း၊) ထို့ကြောင့် အောက်အောက်ဖိုလ်များ အထက်အထက် ဖလဋ္ဌပုဂ္ဂိုလ်တို့သန္တာန်၌ ဆက်၍ မဖြစ်နိုင်-ဟူလို။ ဋီကာကျော်။ ။လောကုတ္တရ၊ပေ၊သမုပ္ပဇ္ဇန္တီတိ ၁-စတုန္နံ မဂ္ဂါနံ ဧကစိတ္တက္ခဏိကဘာဝေန ပုဂ္ဂလန္တရေသု အသမ္ဘဝတော, ၂-ဟေဋ္ဌိမဟေဋ္ဌိမာနဉ္စ ဥပရုပရိသမာပတ္တိယာ အနဓိဂတတ္တာ, ၃-ဥပရုပရိပုဂ္ဂလာနဉ္စ အသမုစ္ဆာဋိတကမ္မကိလေသနိရောဓနေန (မပယ်ခွာအပ်သေးသော ကံ ကိလေသာတို့ကို ချုပ်စေခြင်းအားဖြင့်) ပုထုဇ္ဇနေဟိဝိယ သောတာပန္နာနံ သောတာပန္နာဒီဟိ ပုဂ္ဂလန္တရဘာဝူပဂမနေန (ဟေဋ္ဌိမ ဟေဋ္ဌိမသမာပတ္တိယာ)ပဋိပဿ ဒ္ဓတ္တာ စ အဋ္ဌပိ လောကုတ္တရဇဝနာနိ ယထာသကံ မဂ္ဂဖလဋ္ဌာနံ အရိယာနမေဝ သမုပ္ပဇ္ဇန္တိ။ ယထာသကံ အရိယာနမေဝ။ ။ဋီကာကျော်နှင့်တကွ အခြားဋီကာများ၌ ယထာသကံဟုချည်း ဖွင့်ပြကြသည့်ပြင်, ကမ္မဋ္ဌာန်းပိုင်း၌ "ယထာသကံ ဖလဝသေန သာဓာရဏာဝ"ဟု ဆိုလတ္တံ့ဖြစ်သောကြောင့် မဏိမဉ္ဇူသာနှင့်တကွ ယခုကာလ၌ ရွတ်ဆိုရိုးဖြစ်သော "ယထာရဟံ"ပါဌ်ကို ပယ်ဖျက်၍ "ယထာသကံ"ဟု ပြင်လိုက်ပါသည်၊ သီဟိုဠ်မူ၌လည်း ယထာသကံဟုပင် ရှိ၏၊ အရိယသဒ္ဒါကား "မြင့်မြတ်သူ ဖြူစင်သူ"ဟု အနက်ရှိ၏၊ ထို့ကြောင့် စိတ်နေစိတ်ဓာတ် မြင့်မြတ်ဖြူစင်သော မဂ္ဂဋ္ဌ ဖလဋ္ဌ(၈)ပါးကို "အရိယာ"ခေါ်သည်ဟု မှတ်ပါ၊ တိဟိတ်ပုထုဇဉ်နှင့် အရိယာပုဂ္ဂိုလ်တို့၏သန္တာန်၌ ရထိုက်သော စိတ်များကို အခြေပြုသင်္ဂြိုဟ်၌ လင်္ကာနှင့်တကွ ရေတွက်ပြခဲ့ပြီ။ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ဘူမိဝိဘာဂအဖွင့် ✔ ✔ ✔ ✔ ✔ ✔ ✔ ကာမာဝစရဘူမိယံ ပနေတာနိ သဗ္ဗာနိပိ ဝီထိစိတ္တာနိ ယထာရဟမုပလဗ္ဘန္တိ၊ ရူပါဝစရဘူမိယံ ပဋိဃဇဝနတဒါရမဏဝဇ္ဇိတာနိ၊ အရူပါဝစရဘူမိယံ ပဌမ မဂ္ဂရူပါဝစရဟသနဟေဋ္ဌိမာရုပ္ပဝဇ္ဇိတာနိ စ န လဗ္ဘန္တိ၊ သဗ္ဗတ္ထာပိ စ တံတံ ပသာဒရဟိတာနံ တံတံဒွါရိကဝီထိစိတ္တာနိ န လဗ္ဘန္တေဝ။ ကာမာဝစရဘူမိယံ ပနေတာနိ သဗ္ဗာနိပိ ဝီထိစိတ္တာနိ ယထာရဟမုပလဗ္ဘန္တိ။ ။ ကာမ(၁)ဘုံ၌ ဝီထိစိတ်(၈၀)လုံးရ၏၊ ဘာကြောင့်နည်း . . .စက္ခုဝိညာဏ်စသည်တို့ ဖြစ်ဖို့ရာ စက္ခုဒွါရစသော ဒွါရ(၆)ပါးနှင့် မဂ်စိတ် ဖိုလ်စိတ် စသည်တို့ဖြစ်ဖို့ရာ ပုဂ္ဂိုလ်(၁၂)ယောကက်လုံး အစုံအလင် ကာမဘုံတွင် ရှိသောကြောင့်တည်း၊ ဆက်ဦးအံ့- သဗ္ဗာနိပိ ဝီထိစိတ္တာနိဟူသောစကားသည် ကာမ(၁၁)ဘုံလုံးအတွက် သိမ်းရုံး၍ ဆိုအပ်သောစကားဖြစ်၏၊ အပါယွဘုံ၌ကား ထို(၈၀)လုံး မရ, ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်၌ ရထိုက်သော(၃၇)ပါးသာ ရသည်၊ လူ့ဘုံ နတ်ဘုံများ၌လည်း ထိုထိုပုဂ္ဂိုလ်အလိုက် ထိုက်သလို ရကြသည်-ဟူလို။ [ဆောင်] ခြောက်ခုဝိညာဏ်, ဖြစ်ဖို့ရန်ဖြင့်, ခြောက်တန်ဒွါရ, ကုန်စေ့င၏၊ မဂ္ဂနှင့်ဖိုလ်, ဖြစ်ဖို့ဆိုလည်း, ပုဂ္ဂိုလ်တစ်ကျိပ်နှစ်, အစုံဖြစ်၏၊ စိစစ်ဖွယ်ကောင်း, ဤနှစ်ကြောင်းကြောင့်, ပျော်အောင်းဌာန, ဘုံကာမ၌, စိတ်ဝီထိ, ရှစ်ဆယ်ရှိသည်, . . . ခွဲဘိပုဂ္ဂိုလ် သင့်ရာတည်း။ ရူပါဝစရဘူမိယံ ပဋိဃဇဝနတဒါရမဏဝဇ္ဇိတာနိ။ ။ဒေါသသည် ဈာန်တရားကို တားမြစ်တတ်သော နိဝရဏတရားတည်း၊ ထို့ကြောင့် ဈာန်၏အကျိုးပေးရာ ထိုရူပဘုံ၌ ဒေါသမူဒွေး မရ, တဒါရုံ မရကြောင်းကား "ကာမာဝစရဇဝနာ ဝသာနေ ကာမာဝစရသတ္တာနံ"စသော ပါဌ်အတိုင်း သိပါ။ အရူပါဝစရဘူမိယံ ပဌမမဂ္ဂ၊ပေ၊ဟေဋ္ဌိမာရုပ္ပဝဇ္ဇိတာနိ။ ။သောတာပတ္တိမဂ် ရူပစိတ်နှင့် ဟသိတုပ္ပါဒ်တို့ မရခြင်း၏အကြောင်းကို ဝတ္ထုသင်္ဂဟတုန်းက ပြခဲ့ပြီ၊ အထက်အထက် အရူပဘုံသို့ ရောက်ပြီးသော အရူပဗြဟ္မာများသည် အောက်အောက်ဈာန်ကိုပြန်၍ အားထုတ်လေ့ မရှိ၊ ထို့ကြောင့် အထက်အထက်အရူပဘုံ၌ အောက်အောက် အရူပစိတ်များ မရထိုက်။ ["သဗ္ဗတ္ထာပိ စ တံတံပသာဒရဟိတာနံ တံတံ ဒွါရရိကဝီထိစိတ္တာနိ န လဗ္ဘန္တေဝ" ဝါကျ၏အဓိပ္ပါယ်နှင့် ဘုံအားဖြငွ ခွဲပြ၍ ပုဂ္ဂိုလ်စိတ်ရ အကျယ်ကို အခြေပြု၌ ပြထားပြီ။] အချို့ကား ဗြဟ္မာ့ပြည်၌ အနိဋ္ဌာရုံ မရှိသောကြောင့် အနိဋ္ဌာရုံကို အာရုံပြုသော အကုသလဝိပါက် စက္ခုဝိညာဏ် သောတဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏများလည်း ရူပဘုံ၌ မရထိုက်၊ ဤလူ့ဘုံသို့ ဆင်းလာသောအခါ အနိဋ္ဌာရုံကို တွေ့ရ၍ အကုသလဝိပါက် စက္ခုဝိညာဏ် စသည်တို့ ဖြစ်ဖွယ်ရှိသော်လည်း ထိုအကုသလဝိပါက်တို့မှာ ကာမဘုံ၌ ဖြစ်သည်ဟုသာ ဆိုရမည် ရူပဘုံ ဖြစ်မည်မဟုတ်ဟု ကပ်ကပ်သတ်သတ် ကြံကြသေး၏၊ ထိုအကြံသည် မသင့်၊ ဘာကြောင့်နည်း . . . ဤဘူမိဝိဘာဂ၌ ဘုံအားဖြစ် စိတ်တို့ကို ခွဲပြသော်လည်း စင်စစ်မှာ ထိုဘုံတို့၌ဖြစ်သောပုဂ္ဂိုလ်ကို အစွဲပြု၍ ခွဲရခြင်းဖြစ်သည်၊ ဘုံချည်းသက်သက် စိတ်ရဟူ၍ မရှိ၊ ထို့ကြောင့် ရူပဗြဟ္မာတို့၏ ကာမဘုံ၌ ဆင်းလာခိုက်ဝယ် အနိဋ္ဌာရုံကို တွေ့၍ဖြစ်သော အကုသလဝိပါက်ကို ကာမဘုံကဝိပါက်ဟု မဆိုရ ရူပဘုံက ရူပပုဂ္ဂိုလ်၌ဖြစ်သော ဝိပါက်ပင် ဖြစ်၏၊ ထို့ပြင် ဗြဟ္မာတို့သည် ရူပဘုံမှာ တည်နေလျက် ကာမဘုံက အာရုံများကို လှမ်း၍ ယူစွမ်းနိုင်ကြ၏၊ ထိုအခါ အနိဋ္ဌာရုံကို ယူမိလျှင် ရူပဘုံ၌ တည်နေခိုက်လည်း အကုသလဝိပါက်တို့ ဖြစ်ကြမည်သာ၊ ထို့ကြောင့် ထိုအကြံကို လက်မခံကြပါ။ [ဆောင်] ရူပဗြဟ္မာ လူဘုံလာမှ အနိဋ္ဌရုံစု မြင်ကြားမှုကြောင့် အကုဝိပါက် ဖြစ်သည့်တွက်လည်း အထက်ရူပ ဘုံ၌ရဟု ယူဆရန်ပင် လျော်ဟန်ထင်၏ ထက်ခွင်ဘုံတိုက် စံသည့်ခိုက်လည်း အောက်၌လှမ်းကာ ရှုစားရာဝယ် နိဋ္ဌာရုံနှင့် တွေ့ကြုံသင့်၏၊ သို့ဖြင့်ပေါင်းစု အကြောင်းရှု၍ အကုသလ ဝိပါကတို့ ရူပဘုံပေါင်း မရကောင်းဟု ရွဲ့စောင်းအကြံ ကေစိဉာဏ်ကို လက်ခံမထား စွန့်ပယ်ရှားသည် . . . . အများပဏ္ဍိတ် အယူတည်း။ အမှာ။ ။ဤဝီထိပိုင်းဘာသာဋီကာကို လေ့လာပြီးနောက် သီးခြားစီစဉ်အပ်သော ဝီထိဆိုရိုးကို ဆက်လက်လေ့လာကြပါ၊ ကျက်မှတ်ဖွယ်များသည့်အတွက် သီးခြားတစ်အုပ် ပြုရပာသည်။ ဤကား ဝီထိပိုင်းဘာသာဋီကာ။
ဝီထိပိုင်းဘာသာဋီကာ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ စာမျက်နှာ (၂၇၃-၂၇၇) ဝိဘတ်တူမြဲဖြစ်၏၊ဤ၌ ဖလံက ပဌမာ,နိရုဒ္ဓေက သတ္တမီဖြစ်သောကြောင့်သဒ္ဒါနေပုံမှာ အဆင်မပြေသကဲ့ သို့ဖြစ်၏၊ထို့ကြောင့် ဖလံ၌ ဝိဘတ္တိဝိပလ္လာသ(သတ္တမီက ပဌမာ ပြန်နေသည်)ဟုကြံပါ၊တစ်နည်း-ပဌမာဝိဘတ်ကို လက္ခဏအနက်၌သက်သည်ဟုကြံပါ။ သဗ္ဗထာပိ သမာပတ္တိဝီထိယံ ၊ပေ၊ ဗဟူနိပိ လဗ္ဘန္တိ။ ။သမာပဇ္ဇိတဗ္ဗာ- ကောင်းစွာရောက်ထိုက်(ဝင်စားထိုက်)၏၊ကောင်းစွာရောက်ထိုက်သောဈာန်ဇောအစဉ်ကို ဈာနသမာပတ္တိ ဝီထိ,ဖိုလ်ဇောအစဉ်ကို ဖလသမာပတ္တိ ဝီထိဟုခေါ်၏၊ထိုသမာပတ္တိဝီထိများ၌ "ဈာန်ဇောအစဉ် ဖိုလ်ဇောအစဉ်မည်မျှ ဖြစ်ရမည်"ဟုမှတ်သား၍မဖြစ်နိုင်၊ဈာန်ဇော ဖိုလ်ဇောတို့ များစွာပင်ဖြစ်ခွင့် ရှိသည်၊ဗဟုနိပိ၌ ပိသဒ္ဒါဖြင့်အနည်း ငယ်ကိုဆည်း၏၊ထို့ကြောင့်ဝင်စားမှု၌ အလေ့အလာ မရသေးခင်(၂)ကြိမ်(၃) ကြိမ်ခန့်လည်းဖြစ်၏၊အလေ့အလာများသည့်အခါ နေ့ရော ညဥ့်ပါဈာန်ဇော ဖိုလ်ဇောများဆက်ကာ ဆက်ကာကုဋေကုဋာမရေသာအောင်ဖြစ်နိုင်သည်ဟုမှတ်ပါ၊[ဣတိ ကတွာ၌ ကတွာဝယ် တွာပစ္စည်းကို ဟိတ်အနက်၌သက်စေ၍ ဣတိ တသ္မာနှင့်အနက်တူ "ဣတိ ကတွာ-ဤအကြောင်းကြောင့်" ဟုအနက်ဆိုရိုးပြုကြသည်။ ] ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ပုဂ္ဂလဘေဒနှင့်စိတ်ရ ✔ ✔ ✔ ✔ ✔ ✔ ✔ ဒုဟေတုကာနမဟေတုကာနဉ္စ ပနေတ္ထ ကြိယဇဝနာနိ စေဝ အပ္ပနာ ဧဝနာနိ စ န လဗ္ဘန္တိ၊ တထာ ဉာဏသမ္ပယုတ္တဝိပါကာ နိ စ သုဂတိယံ၊ဒုဂ္ဂတိယံ ပန ဉာဏဝိပ္ပယုတ္တာနိ စ မဟာဝိပါကာနိ န လဗ္ဘန္တိ။ အမှာ။ ။မည်သည့်ပုဂ္ဂိုလ်သန္တာန်၌ မည်သည့်စိတ်များရထိုက်သည်ဟုပုဂ္ဂိုလ်တစ်ကျိပ်နှစ်ယောက်ဖြင့်ခွဲခြား၍ ရထိုက်သောစိတ်များကိုပြလိုသောအခန်းပင်ဖြစ်၏၊သို့သော် မရထိုက်သောစိတ်များကိုရှေးဦးစွာ ပယ်နှုတ်လိုက်လျှင် ရထိုက်သောစိတ်များကိုအလွယ်တကူ သိနိုင်သည်သာမက,မရထိုက်သော စိတ်များလည်း ထင်ရှားသည့်အတွက် မရထိုက်သောစိတ်များကိုသာဖော်ထုတ်ပြသွားလိမ့်မည်။ ဒုဟေတုကာနမဟေတုကာနဉ္စ။ ။ ဒွေ ဟေတူယေသံတိ ဒုဟေတုကာ၊ ပဋိသန္ဓေတုန်းက အလောဘ အဒေါသ ဟူသော ယှဉ်ဖက်ဟိတ်နှစ်ပါးသာရှိသော မဟာဝိပါက်ဉာဏဝိပ္ပယုတ်စိတ်ဖြင့် ပဋိသန္ဓေနေခဲ့သူကို"ဒွိဟိတ် (ဒုဟိတ်) ပုဂ္ဂိုလ်"ဟုခေါ်၏၊နတ္ထိ ဟေတူယေသံတိ အဟေတုကာ၊ယှဉ်ဖက်ဟိတ် မရှိသော အဟိတ်ဝိပါက်စိတ်ဖြင့် ပဋိသန္ဓေနေခဲ့သူကို"အဟိတ်ပုဂ္ဂိုလ်"ဟုခေါ်၏၊ထိုအဟိတ်တွင်လည်း အပါယ်ဒုဂ္ဂတိ(၄)ဘုံ၌ အဟိတ်အကုသလဝိပါက် ဥပေက္ခာသန္တီရဏ စိတ်ဖြင့် ပဋိသန္ဓေနေသူကို"ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်" ကာမသုဂတိဘုံ၌ အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်ဖြင့် ပဋိသန္ဓေနေသူကို"သုဂတိအဟိတ် ပုဂ္ဂိုလ်"ဟုခေါ်သည်။ ကြိယဇဝနာနိ စေဝ အပ္ပနာဇဝနာနိ စ န လဗ္ဘန္တိ။ ။ ကြိယာဇောသည် ရဟန္တာ များသန္တာန်သာဖြစ်၏၊အပ္ပနာဇောကားဈာန် မဂ်ဖိုလ်ဇောများ တည်း၊ထိုဒွိဟိတ်နှင့်အဟိတ်ပုဂ္ဂိုလ်များ သည် ထိုဘဝ၌ ဈာန်မဂ်ဖိုလ်ရဖို့အတွက် မျှော်လင့်ဖွယ်မရှိချေ။ ဘာ့ကြောင့်နည်း,...ညံ့ဖျင်းသော ပဋိသန္ဓေ ဝိပါက်ကတားမြစ်သောကြောင့်တည်း၊ ဤစကားနှင့်စပ်၍"ကမ္မ,က္လေ,ဝိပါက နှင့် အရိယဥပဝါ,အာဏာဝီတိက္ကမံ,ဤ ငါးတန်,မှတ်ရန်အန္တရာယ်များ"အရ အန္တရာယ်(၅)ပါးကိုမှတ်သားထိုက်၏။ ကမ္မန္တရာယ်။ ။မာတုဃာတက စသော ပဉ္စာနန္တရိယကံနှင့်ဘိက္ခုနီမ၌ မိစ္ဆာစာရကျူးလွန်မှု အကုသိုလ်ကံ သည် ကမ္မန္တရာယ်မည်၏၊ပဉ္စာနန္တရိယကံထိုက်သူမှာ ဈာန် မဂ် ဖိုလ်သာမက,နောက်ဘဝ၌ သုဂတိကိုပင်ရခွင့်မရှိ၊ဘိက္ခုနီမ၌ မိစ္ဆာစာရပြုသူကား ဈာန် မဂ် ဖိုလ်သာမရသည်၊ကောင်းမွန်စွာနေထိုင်လျှင် သုဂတိဘဝကိုကားရနိုင်သေး၏။ ကိလေသန္တရာယ်။ ။ကိလေသာ (၁၀)ပါးတွင်ပါဝင်သော နိယတမိစ္ဆာဒိဋ္ဌိ သည် ကိလေသန္တရာယ်မည်၏၊ဤနိယတမိစ္ဆာဒိဋ္ဌိအယူရှိသူများလည်းတ တမလွန်ဘဝ၌ သုဂတိဘဝကိုမျှ ရခွင့်မ ရှိ၊ဥဘတောဗျည်း ပဏ္ဍုက်များလည်း လွန်ကဲသောကိလေသာရှိကြသည့်အ့တွက် ဝိပါကန္တရာယ်၌မသွင်းဘဲ ဤကိ လေသန္တရာယ်၌ ဝိသုဒ္ဓိမဂ် သွင်းသည်။ [ပဉ္စာနန္တရိယနှင့် နိယတမိစ္ဆာဒိဋ္ဌိတို့အကြောင်းကိုဝီထိမုတ်ပိုင်း ကမ္မစတုက္ကမှာ ရှုပါ။ ] ဝိပါကန္တရာယ်။ ။အဟိတ် ဒွိဟိတ်ပဋိသန္ဓေဝိပါက်စိတ်သည် ဝိပါကန္တရာယ်မည်၏၊ညံ့ဖျင်းသောမျိုးစေ့ကြောင့် မအောင်မမြင် ပေါက်ခဲ့ရသောသစ်ပင်သည်မည်မျှလောက်ပင် ရေစင်သွန်းလောင်းအပ်သော်လည်းကြီး ကျယ်မြင့်မားဖွံ့ ထွားဖို့ရာမျှော်လင့်ဖွယ် မရှိရတော့သကဲ့သို့,ထို့အတူ ညံ့ဖျင်းသော ကံကြောင့် အဟိတ် ဒွိဟိတ် ပဋိသန္ဓေနေခဲ့ရသူမှာမျိုးစေ့ဖြစ်သော ပဋိသန္ဓေ ဝိပါက်ကိုကမအောင်မြင်သောကြောင့် ထိုဘဝ၌ ဈာန် မဂ် ဖိုလ်တရားဖြင့်စည်ကားဖို့မရှိတော့၊ကောင်းမွန်စွာကျင့်ပါမူ တမလွန်၌ သုဂတိဘဝကိုကား ရနိုင်ပါသေး၏။ အရိယူပဝါဒန္တရာယ်။ ။အရိယာ ပုဂ္ဂိုလ်မှန်းသိသည်ဖြစ်စေ,မသိသည်ဖြစ်စေ ယုတ်မာသော စိတ်ထားဖြင့် အရိယာပုဂ္ဂိုလ်ကိုစွပ်စွဲကဲ့ရဲ့ခြင်းသည် အရိယူပဝါဒန္တရာယ်မည်၏၊နတ်ရွာ နိဗ္ဗာန် မဂ် ဖိုလ် ဈာန်၏အန္တရာယ်ဖြစ်၏၊ထိုပုဂ္ဂိုလ်မရှိလျှင်သင့်လျော်သော လူကြီးသူမ သံဃာများသို့သွား၍ အကျိုးအကြောင်းပြောပြတောင်းပန်လျှင်(အယုတ်သဖြင့်ထိုပုဂ္ဂိုလ်၏ သင်္ချိုင်းသို့သွား၍တောင်းပန်လျှင်) အန္တရာယ်ပြေပျောက်နိုင်၏၊ကောင်းမွန် စွာကျင့်ကြံနေထိုင်သူများကိုလည်း မပြစ်မှားမိစေရ,အရိယူပဝါဒကံတမျှ အပြစ်ကြီးလေးလှ၏။ အာဏာဝီတိက္ကမန္တရာယ်။ ။"သဉ္စိစ္စ အာပန္နာ အာပတ္တိယော အာဏာဝီတိက္က မန္တရာယော နာမ"ဟူသော အရိဋ္ဌသိက္ခာ ပဒဋ္ဌကထာနှင့်အညီ,လွန်ကျူးလိုသော စေတနာဖြင့် သင့်ရောက်အပ်သောအာပတ်သည်အာဏာဝီတိက္ကမန္တ ရာယ်မည်၏၊"ဘုရားရှင်၏ အာဏာတော်ကို ကျူးကျော်စော်ကားခြင်း"ဟူလို၊ပါရာဇိကအပြစ်သင့်လျှင် လူမထွက်သမျှ,သံဃဒိသေသ်အပြစ်သင့်လျှင် ပရိဝါသ် မာနတ် မဆောက်တည်သမျှ,ကြွင်းသောအာပတ်အပြစ်သင့်လျှင် ဒေသနာမကြားသမျှ(တစ်ပါးသောရဟန်းအား အပြစ်သင့်မိကြောင်းကို မပြောပြသမျှ)ထိုအန္တရာယ်မှမကင်း လွတ်၊ထိုအန္တရာယ်မကင်းက သုဂတိဘဝနှင့် ဈာန်မဂ်ဖိုလ်ကိုရဖို့ရာအခွင့်မရှိတော့ချေ၊ဤဘဝမှ စုတေလျှင်အပါယ်လေးပါးသို့သာသွား ကြရလိမ့်မည်၊ဤအချက်အလက်ကိုစဉ်းစားမိကြသဖြင့် စာပေကျွမ်း ကျင်သောပုဂ္ဂိုလ်အများပင် မိမိတို့စိတ် ကိုမနိုင်၍ လူ့ဘောင်မှာနေထိုင်ကြလေပြီ။ အာဏာဝီတိက္ကမ မဖြစ်။ ။သို့သော် ပုထုဇဉ်အလိုက် စိတ်ကိုမထိန်းနိုင်၍အပြစ်သင့်ပြီးနောက်ဆိုင်ရာဝိနည်းလမ်းကြောင်းဖြင့်ကုစားပါလျှင် ထိုအပြစ်များကင်းစင်စေနိုင်သောကြောင့် ထိုအာဏာဝီတိက္ကမအမှုကို မပြုမိအောင်လည်းစောင့်စည်း၍,မတော်တဆပြုမိပြန်လျှင်လည်းဆိုင်ရာ ဝိနည်းကံအရကုစား၍သဒ္ဓါတရားဖြင့် နေထိုင်သူမှာထိုအန္တရာယ်မှကင်းရှင်း နိုင်ပါ၏၊နတ်ရွာ နိဗ္ဗာန် မဂ် ဖိုလ် ဈာန်ကို မတားမြစ်ပါ၊ထို့ကြောင့်သူတော်ကောင်းစိတ်ရှိပါလျှင်သာသနာတော်၌ပျော်ပျော်ကြီးနေထိုက်ပါသည်။ ရသေ့ဘဝ လူ့ဘဝ။ ။တချို့ပုဂ္ဂိုလ်များကယခုကာလ၌အာပတ်မသင့်အောင်နေထိုင်ခြင်းငှါ ခဲယဉ်းလှသဖြင့် ရသေ့ဘဝနှင့်တရားအားထုတ်လိုကြ၏၊တရားအားထုတ်လို့မရနိုင်တဲ့ အာပတ်သည် တကယ်ကျူးလွန်လို၍ သင့်တဲ့အာပတ်မျိုးဖြစ်၏၊မတော်တဆ သင့်တဲ့အာပတ်မှာ တရား၏အနှောက်အယှက်မဖြစ်၊သံဃဘေဒကက္ခန္ဓကပါဠိတော် အရှင်ဒေဝဒတ် ၏နောက်လိုက်ရဟန်းတို့ မဂ်ဖိုလ်မရခင် ထုလ္လစ္စယအာပတ် သင့်နေပုံကို ထောက်ပါ၊တကယ်ကျူးလွန်လိုတဲ့စေတနာရှိနေသေးလျှင်ရသေ့ဘဝမှာ လည်းတရားမရနိုင်ပါ၊တရားမရလျှင်ရှိ ပါစေတော့,အာပတ်နှင့်သေလျှင်အပါယ်သို့သွားရမည်ဖြစ်၍ရသေ့ဘဝ ဖြင့်နေလိုသည်ဟုရိုးမယ်ဖွဲ့ အံ့၊စိတ်နေစင်ကြယ်ပါလျှင်မတော်တဆ မသိလိုက်ဘာသာသင့်နေသောအာပတ် ကအပါယ်မချနိုင်ပါ၊စိတ်နေမစင်ကြယ် ပါမူ ရသေ့ဘဝ လူ့ဘဝမှာကော သက်သာမည်တဲ့လော။ စိတ်စင်ကြယ်ခြင်းသာ ပဓာန။ ။ဘုရား ရှင်လက်ထက်တော်တုန်းကအမျိုးကောင်းသားကလေးတစ်ယောက်သာသနာ့ဘောင်ဝင်ရောက်လာရာ ဆရာဥပဇ္ဈာယ်များက"သည်လိုမနေကောင်းဘူး,သည်လိုမစားကောင်းဘူး" စသည်ဖြင့်ဝိနည်းလမ်းအရအမျိုးမျိုး ဆုံးမကြသောကြောင့် မလှုပ်သာ မလှည့်သာနှင့်လွန်စွာကြပ်တည်းကျဉ်း မြောင်းလျက် အနေအထိုင်ခက်သည့်အတွက်လူထွက်လိုသော ဆန္ဒရှိ ကြောင်းကိုဘုရားရှင်သိတော်မူ၍"စိတ် တစ်မျိုးတည်းကိုသာစင်ကြယ်အောင်စောင့်စည်းလေ"ဟု မိန့်တော်မူ၏၊ဘုရားရှင်၏အမိန့်တော်အရ စိတ်ကိုစောင့်စည်းလိုက်သောအခါများစွာသော အာပတ်တွေအလိုလိုစောင့်စည်းပြီးဖြစ် သည်ကိုသိရ၍ကြည်လင်ရွှင်ပျလျက် တရားထူးကိုရလေသည်၊ထို့ကြောင့်မိမိ စိတ်ကစင်ကြယ်နေပါလျှင် သာသနာတော်မှာ အနေအထိုင်မကြပ်လှသောကြောင့် လေးအသင်္ချေ နှင့်ကမ္ဘာတစ်သိန်း ပါရမီဖြည့်တော်မူပြီးမှ တည်ထောင်တော်မူအပ်သောသာသနာတော်နှင့်တွေ့ ကြုံရတဲ့အခါ တွေ့ကြုံရကျိုးနပ်အောင် သဒ္ဓါတရားဖြင့် ကြိုးစားစောင့်စည်းလျှင် အာဏာဝီတိက္ကမန္တရာယ်ဘေးမှကင်းဝေးလွတ်မြောက်၍ သုဂတိ ဘဝနှင့်ဈာန် မဂ် ဖိုလ်များကိုပေါက်ရောက်နိုင်ပါသည်။ တထာ ဉာဏသမ္ပယုတ္တဝိပါကာနိ စ သုဂတိယံ။ ။ပြအပ်ခဲ့ပြီးသောပုဂ္ဂိုလ် သုံးယောက်တို့တွင် သုဂတိဘုံ၌ သုဂတိအဟိတ်နှင့် ဒွိဟိတ် နှစ်ယောက်သာဖြစ်ခွင့်ရှိသည်၊ထိုပုဂ္ဂိုလ်နှစ်ယောက်၏သန္တာန်၌ ဉာဏသမ္ပယုတ်မဟာဝိပါက်စိတ်(၄)ပါး လည်းမရထိုက်၊ဘာ့ကြောင့်နည်း-မူလရင်း ပဋိသန္ဓေ ကညံ့ဖျင်းထိုင်းမှိုင်း သောကြောင့်တည်း၊ထို့ကြောင့် ပရမတ္ထ ဝိနိစ္ဆယကျမ်း၌"ဉာဏပါကာ န ဝတ္တန္တိ, ဇဍတ္တာ မူလသန္ဓိယာ"ဟုမိန့်ပြီ၊ မူလသန္ဓိယာ-မူလရင်း ပဋိသန္ဓေ၏၊ ဇဍတ္တာ-ညံ့ဖျင်းခဲ့သည်၏အဖြစ်ကြောင့်၊ဉာဏပါကာ-ဉာဏသမ္ပယုတ် မဟာဝိပါက်စိတ်တို့သည်၊န ဝတ္တန္တိ-မဖြစ်ကုန်။ [မူလပဋိသန္ဓေ၏ညံ့ဖျင်းပုံ ကို ဝိပါကန္တရာယ်အတိုင်းသိပါ။ ] ဉာဏသမ္ပယုတ္တဝိပါကာနိ စ၌ စသဒ္ဒါသည်ရှေ့ဝါကျ၌ပြအပ်ပြီးသော ကြိယာဇော အပ္ပနာဇောများကိုပြန်၍ပေါင်းသော သမ္ပိဏ္ဍန,တစ်နည်း-ဝုတ္တသမုစ္စည်းတည်း၊အချို့ကား-"သုဂတိအဟိတ်ပုဂ္ဂိုလ်၌ပဋိသန္ဓေစိတ်ထက်သာလွန်သောဉာဏဝိပ္ပယုတ် မဟာဝိပါက်စိတ်များဖြစ်သလို ဒွိဟိတ်ပုဂ္ဂိုလ်၌လည်း ပဋိသန္ဓေစိတ်ထက်သာလွန်သော မဟာဝိပါက် ဉာဏသမ္ပယုတ်စိတ်များဖြစ်နိုင်၏"ဟုဆိုလိုကြသေး၏။ ဒုဂ္ဂတိယံ ပန ဉာဏဝိပ္ပယုတ္တာနိ စ မဟာဝိပါကာနိ။ ။ဒုဂ္ဂတိဘုံ၌ဖြစ်ရ သူကား ဒုဂ္ဂတိအဟိတ် ပုဂ္ဂိုလ်တည်း၊ထိုပုဂ္ဂိုလ်သန္တာန်၌ဆိုအပ်ပြီးသောစိတ်များသာမက ဉာဏဝိပ္ပယုတ်မဟာဝိပါက်စိတ်များလည်းမရထိုက်၊ဘာ့ကြောင့်နည်း၊ မူလရင်း ပဋိသန္ဓေစိတ်ကအလွန့်အလွန်ညံ့ဖျင်းထိုင်းမှိုင်းသောကြောင့်တည်း၊ဤအရာဝယ် ဒုဂ္ဂတိအဟိတ် သုဂတိအဟိတ် ဒွိဟိတ်ပုဂ္ဂိုလ်များ၌မရထိုက်သောစိတ်တို့ကိုသိရပြီးဖြစ်၍ ထိုစိတ်များကိုပယ်နုတ်လိုက်ကရသင့်သောစိတ်များကိုလည်းသိနိုင်ပြီ၊ထိုရထိုက်သောစိတ်များကိုအခြေပြုသင်္ဂြိုဟ်၌ လင်္ကာဆောင်ပုဒ်နှင့်တကွရေတွက်ပြထားပြီ။ တိဟေတုကေသု စ ခီဏာသဝါနံ ကုသလာကုသလဇဝနာနိ န လဗ္ဘန္တိ၊တ ထာ သေက္ခပုထုဇ္ဇနာနံ ကြိယဇဝနာနိ၊ ဒိဋ္ဌိဂတသမ္ပယုတ္တဝိစိကိစ္ဆာဇနဝနာနိ စ သေက္ခာနံ၊ အနာဂါမိပုဂ္ဂလာနံ ပန ပဋိဃဇဝနာနိ စ န လဗ္ဘန္တိ၊လောကုတ္တရ ဇဝနာနိ စ ယထာသကံ အရိယာနမေဝ သမုပ္ပဇ္ဇန္တီတိ။ တိဟေတုကေသု စ။ ။တယော ဟေတူ ယေသံတိ တိဟေတုကာ၊ပဋိသန္ဓေတုန်းက အလောဘ အဒေါသ အမောဟ ဟူသောယှဉ်ဖက်ဟိတ်သုံးပါးရှိသောမဟာဝိပါက်ဉာဏသမ္ပယုတ်(၄),မဟဂ္ဂုတ်ဝိပါက်(၉)ပါးတို့တွင်တစ်ပါးပါးဖြင့်ပဋိသန္ဓေနေသောပုဂ္ဂိုလ်ကို"တိဟိတ်ပုဂ္ဂိုလ်"ဟု ခေါ်၏၊အရိယာပုဂ္ဂိုလ်များလည်းဆိုင်ရာဘုံ၌ထိုဝိပါက်စိတ်များဖြင့် ပဋိသန္ဓေ နေကြရကားတိဟိတ်ပုဂ္ဂိုလ်များပင်ဖြစ်၏၊ထို့ကြောင့် ပုထုဇဉ်တိဟိတ်(၁), အရိယာတိဟိတ်(၈),ပေါင်းတိဟိတ်ပုဂ္ဂိုလ်(၉)ယောက်ရှိသည်။ ခီဏာသဝါနံ ကုသလာကုသလဇဝနာနိ န လဗ္ဘန္တိ။ ။ခီဏာ+အာသဝါ+ယေသံ တိ ခီဏာသဝါ၊ကိလေသာ အာသဝေါကုန်ခန်းပြီးသောရဟန္တာပုဂ္ဂိုလ်ကို"ခီဏာသဝပုဂ္ဂိုလ်"ဟုခေါ်၏၊ "အဝိဇ္ဇာပစ္စယာ သင်္ခါရာ"အရ အဝိဇ္ဇာနှင့်တဏှာနုသယတို့ကြောင့်လောကီကုသိုလ် အကုသိုလ်ဟူသော သင်္ခါရတရားတို့ဖြစ်ကြ၏၊ရဟန္တာပုဂ္ဂိုလ်များ၌ထိုအရင်းခံအနုသ ယကို အရဟတ္တမဂ်ဖြင့်ပယ်အပ်ပြီးဖြစ် သောကြောင့် အနုသယနှင့်ဆက်သွယ်လေ့ရှိသောလောကီကုသိုလ် အကုသိုလ် များဖြစ်ခွင့်မရတော့ချေ၊လောကုတ္တရာကုသိုလ်များကား အနုသယကိုပယ်ရှားသောတရားပေတည်း၊ရဟန္တာဖြစ်သောအခါပယ်ရှား ဖွယ် အနုသယမရှိတော့ရကား လောကုတ္တရာကုသိုလ်များလည်းဖြစ်ဖွယ်မလိုတော့၊ထို့ကြောင့် ရဟန္တာများ သန္တာန်၌ ကုသိုလ် အကုသိုလ်ဟူသမျှ လုံးဝ မရထိုက်။
ဝီထိပိုင်းဘာသာဋီကာ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ စာမျက်နှာ(၂၆၈-၂၇၂) ကာမဇော(၇),(၆)ကြိမ်။ ။ပရိတ္တဇဝန ၊ပေ၊သတ္တက္ခတ္တုံ ဆက္ခတ္တု "၌ ဧဝကို သတ္တက္ခတ္တုံ ၌လည်းလိုက်စေ၊ထို သတ္တက္ခတ္တုံ ဧဝ၌ ဧဝဖြင့်"ပကတိရိုးရာ အခါဝယ်ကာမဇောတို့သည်(၇)ကြိမ်ထက်ပို၍မစောရ"ဟုကန့်၏၊ ဆက္ခတ္တုမေဝ၌ ဧဝဖြင့်"(၆)ကြိမ်အောက်လည်း လျော့၍မစောရ"ဟုကန့်သည်၊ဝါကား "တစ်ခုမဖြစ်လျှင်တစ်ခုဖြစ်ရမည်"ဟု စီရင်သော ဝိကပ်အနက်ရှိ၏၊ထို့ကြောင့်"ရိုးရာအခါဝယ်ကာမဇောတို့ သည်(၇)ကြိမ်သော်လည်းစောနိုင်,သို့မဟုတ်(၆)ကြိမ်သော်လည်းစောနိုင်၏"ဟုမှတ်ပါ။ မန္ဒပ္ပဝတ္တိယံ ပန မရဏကာလာဒီသု ပဉ္စဝါရမေဝ။ ။မရဏကာလာ,အာဒိ မှာဖြင့်,မုစ္ဆာတရှိ,ဝိသညိ နှင့်,အတိတရုဏ,စသည်ကာလ,ဟူသမျှ,ယူရမှတ်လေလော့"ဟု အခြေပြု၌ ဆိုခဲ့ပြီ၊ထိုတွင် မုစ္ဆာကာလ ဟူသည် သစ်ပင်မှကျခြင်း,ရေနစ်မွန်းခြင်း,အနာရောဂါ ပြင်းစွာနှိပ်စက်ခြင်းစသောဒုက္ခကြီးတို့ကြောင့် မိန်းမောတွေဝေ သေငယ်ဇောဖြင့်မြောနေရာ အခါမျိုးတည်း၊ဝိသညီဘူတကာလသည် အလမ္ဗုသာနတ်သမီး၏အတွေ့ကြောင့် ဣသိသိင်္ဂရသေ့မေ့သလို ပီတိဟုန်ခွေ့သဖြင့် မေ့နေရာအခါ,နတ်-ဘီလူး-ပြိတ္တာတို့ဖမ်းစားသဖြင့်မေ့နေရာအခါ, အလွန်အကြူးအရက်မူးနေသဖြင့်ရူးမေ့နေရာအခါ,အိပ်ချင်မူးတူးဖြစ်လျက် အိပ်မက်မက်နေရာအခါ ဤသို့စသည်ဖြင့် ပကတိရိုးရာ အမှတ်သညာမျိုးမှကင်းကွာခိုက်အခါမျိုးတည်း၊"အတိတရုဏကာလ" ဟူသည် အမိဝမ်း၌ကိန်းအောင်းစဉ်အခါ,ဖွားပြီးစအခါစသော အလွန်နုနယ် သေးရာအခါမျိုးတည်း၊ဤသို့စသည်ဖြင့်ပကတိရိုးရာအခါကဲ့သို့စိတ်ဓာတ်သတ္တိမထက်သောအခါမျိုးကိုမရဏကာလာဒီသု၌ အာဒိအရ ယူပါ။ မန္ဒပ္ပဝတ္တိယံ။ ။မန္ဒံ+ဟုတွာ+ပဝတ္တိ၊ မန္ဒံ-နုံ့နဲ့သည်၊ဟုတွာ-ဖြစ်၍၊ပဝတ္တိ-ဖြစ်ခြင်းတည်း၊မန္ဒပ္ပဝတ္တိ-နုံ့နဲ့သည်ဖြစ်၍ဖြစ်ခြင်း၊ပကတိရိုးရာအခါကဲ့သို့စိတ်မထက်သန်ဘဲ အဟုန်ရောရဲ့,နုံ့နဲ့နဲ့ဖြစ်နေရာအခါကို"မန္ဒပ္ပဝတ္တိ"ဟုဆိုသည်၊ထိုစကားမှန်၏၊-မရဏကာလစသည်၌ မှီရာဝတ္ထုရုပ်အားနည်းခြင်းကြောင့်စိတ် ၏အဟုန်သည် ရော့ရဲ့ရဲ့ နုံ့နဲ့နဲ့ ဖြစ်ရသည်။ ချဲ့ ဦးအံ့-စိတ်တို့သည် ပင်ကိုသဘောအားဖြင့်"အားရှိသည်/အားမရှိ ဘူး"ဟုမဆိုနိုင်ပါ,မှီရာဝတ္ထုရုပ်ကိုအစွဲပြု၍သာ အားရှိအားမဲ့ဖြစ်ရပါသည်၊ပကတိရိုးရာအခါကိုပင်လေးလေးနက်နက် စဉ်းစားကြည့်လျှင် ကျန်းကျန်းမာမာနှင့်စားသောက်အိပ်စက် ကောင်းရာအခါတို့၌ စိတ်တို့လည်းအင်အားပြည့်ဝအာရှိကြသကဲ့သို့ဖြစ်၏၊အနည်းငယ် မကျန်းမမာ အစားအသောက် အအိပ်အစက်ပျက်သည့်အခါ၌မူ စိတ်များလည်း အင်အားလျော့ပါးသကဲ့သို့ဖြစ်ကြ၏၊မရဏကာလစသည်၌ကား အပြင်းအထန်ဒုက္ခခံရသဖြင့် ကိုယ်ခန္ဓာတစ်ခုလုံးအင်အားလျော့ပါးရကား စိတ်၏မှီရာ ဟဒယဝတ္ထုရုပ်လည်း အင်အားလျော့ပါးလျက်ရှိသည်၊ထိုအင်အားလျော့ပါးသောဝတ္ထုရုပ်ကိုမှီတွယ်၍ဖြစ်ရသောဇောတို့ကားအဘယ်မှာအဟုန်ပြင်းနိုင်တော့အံ့နည်း၊မခိုင်မြဲသောသံလမ်းပေါ်မှာ ခုတ်သွားရသော မီးရထားကဲ့သို့ ဇောစိတ်အများပင် အဟုန်ရော့ရဲ့ နုံ့နဲ့နဲ့ ရှိကြမည်သာ၊ အလမ္ဗုသာနတ်သမီးအတွေ့ကြောင့် ဣသိသိင်္ဂ မေ့ရာ၌ကား ပီတိဓာတ်အဟုန်လှိုင်းကြောင့် ရုပ်ခန္ဓာကြီးလည်း ခပ်ထိုင်းထိုင်းဖြစ်နေလေသည်၊ထို့ကြောင့် ပကတိအခါမျိုးကဲ့သို့အားရပါးရ (၆)ကြိမ်(၇)ကြိမ် မစောနိုင်ကြဘဲ(၅)ကြိမ်မျှသာစောနိုင်ကြသည်၊ ထိုသို့ အဟုန်အင်အားနည်းပါးသည့်အတွက်ကြောင့်ပင်"ဤမုစ္ဆာမရဏာသန္နဇောတို့သည် ပဋိသန္ဓေ အကျိုးပေးစွမ်းနိုင်လောက်အောင် ကမ္မပထမမြောက်"ဟုဖွင့်ကြသည်၊[ပဉ္စဝါရမေဝဟု ဧဝသဒ္ဒါဖြင့် ပိုင်းဖြတ်၍ အတိအကျ သတ်မှတ်ထားသော်လည်း မူလဋီကာ၌(၄)ကြိမ်စောကြောင်းကိုလည်းမိန့်ဆိုသေး၏။ ] အချို့အယူအဆနှင့် ဤကျမ်းဝါဒ။ ။ ဋီကာကျော်၌"ယေဘုယေန သတ္တက္ခတ္တုံ ဇဝတိ"တုန်းက"မုစ္ဆာ မရဏာသန္နကာလေသု စ ဆ ပဉ္စပိ ဇဝနာနိ ပဝတ္တန္တိ"ဖြင့်မုစ္ဆာကာလ၌(၆)ကြိမ်စောကြောင်းကိုဖွင့်ဆိုပြီးလျှင်"မရဏကာလာဒီသူတိ အာဒိသဒ္ဒေန မုစ္ဆာကာလံ သင်္ဂဏှာတိ"ဖြင့် မုစ္ဆာကာလ၌(၅)ကြိမ်စောဟန်ကိုဖွင့်ပြပြန်သဖြင့် ဋီကာကျော်ကိုမလွန်ဆန်လိုသော ဆရာတို့သည်"မရဏကာလကဲ့သို့ အလွန်တွေဝေရာ အတိမုစ္ဆာကာလ၌(၅)ကြိမ်,သာမန်လောက်တွေဝေရာ သာမညမုစ္ဆာကာလ၌ (၆)ကြိမ်"ဟု မုစ္ဆာ(၂)မျိုးခွဲပြ၍ ဋီကာကျော်ကိုထောက်ခံကြလေသည်၊အဋ္ဌကထာကြီးနှင့် သင်္ဂြိုဟ်ကျမ်းအလိုမှာ ပကတိအခါ၌ပင်(၆)ကြိမ်စောသင့်ကြောင်းကိုပြလိုရင်းဖြစ်သည်၊ သာဓကကို"ယေဘုယျေန သတ္တက္ခတ္တုံ " တုန်းကပြခဲ့ပြီ၊ထို့ကြောင့် ပရိတ္တဇဝနာနိ သတ္တက္ခတ္တုံ ဆက္ခတ္တုမေဝ ဝါ ဇဝန္တိ" ကား ကာမဇောတို့ ပကတိကာလ၌ စောပုံကိုပြသောစကားတည်း၊"မန္ဒပဝတ္တိယံ ပန"မှစ၍"ဘဂဝတော ပန ယမကပါဋိဟာရိယကာလာဒီသု" တိုင်အောင်ဝါကျကား ကာမဇောတို့ ဝိကတိကာလ၌ စောပုံကို ပြသောစကားတည်းဟုခွဲခြားရာ၏။ ယမကပါဋိဟာရိယ။ ။ယမက=အစုံ+ပါဋိဟာရိယ=တန်ခိုးပြာဋိဟာ၊"ရေနှင့် မီးအစုံအစုံထွက်အောင် ဖန်ဆင်းနိုင်သောတန်ခိုးတော်"ဟူလို၊"ပဋိပက္ခေ ဟရတီတိ ပါဋိဟာရိယံ၊ပဋိပက္ခေ-ဆန့်ကျင်ဘက်တို့ကို၊ဟာရတိ-ပယ်ဖျက်နှိမ်နင်းတတ်၏၊ဣတိ-ထို့ကြောင့်၊ပါဋိဟာရိယံ-ပါဋိဟာရိယမည်၏၊ဤဝစနတ်အရ တုပြိုင်ရန်ဖက်သူတို့ကို နှိမ်နင်းတတ်သောဈာန်အဘိညာဉ်တန်ခိုးကို(သက္ကတအသံထွက် လိုက်၍) ပြာဋိဟာရိယ,ဝါ-ပြာဋိဟာဟုခေါ်သည်၊ ယမကပါဋိဟာရိယကာလာဒီသု၌ အာဒိသဒ္ဒါဖြင့် အရှင်မောဂ္ဂလာန်၏ နန္ဒောပနန္ဒနဂါးမင်းကိုဆုံးမရာအခါစသော အရေးတကြီးအခါတို့ကို ယူပါ၊ စတ္တာရိ ပဉ္စ ဝါ တိက္ခိန္ဒြိယ(ထက်မြက်သော ပညိနြေ္ဒရှိသူ)အတွက်(၄)ကြိမ်, မုဒိန္ဒြိယ(နုံ့ညံ့သော ပညိနြေ္ဒရှိသူ) အတွက်(၅)ကြိမ်ဟု အနုဋီကာ ခန့်မှန်း ၏၊ဘုရားရှင်အတွက်(၄)ကြိမ်,သာဝက များအတွက်(၅)ကြိမ်ဟုလည်းခန့်မှန်း ၏။ ရေမီးအစုံ ထွက်လာပုံ။ ။"ပါဒကဈာန်, အဓိဋ္ဌာန်နှင့်,တစ်ဖန်ပါဒက,ဖြစ်ပြီးမှ,ကျတုံအဘိညာ"ဟူသည်နှင့်အညီ ဘုရားရှင်သည် ယမိုက်ပြာဋိဟာကိုပြတော်မူလိုသော် မီးအစုဖြစ်ပေါ်စေခြင်း ငှါ တေဇောကသိုဏ်းကိုအာရုံပြု၍ စတုတ္ထဈာန်(သမာပတ်)ကို ဝင်စာတော် မူ၏၊ထိုစတုတ္ထဈာန်သမာပတ်မှ ထတော်မူ၍ ထိုဈာန်၌ပါသော ဥပေက္ခာ ဧကဂ္ဂတာဈာန်အင်္ဂါကိုဆင်ခြင်သော ပစ္စဝေက္ခဏာဝီထိများဖြစ်စေတော်မူ၏၊(ဤပစ္စဝေက္ခဏာဇောတို့သည် အရေးကြီးသောကိစ္စဖြစ်၍(၄)ကြိမ်မျှဖြင့် ပြီးစီးရ၏၊ )ထို့နောက် အထက်ပိုင်း ကိုယ်တော်မှ မီးအစုထွက်ပေါ်လာစေသတည်းဟု ဓိဋ္ဌာန်တော်မူသော အဓိဋ္ဌာန(ပရိကမ္မ)ဝီထိ ဖြစ်၏။ ထို့နောက် စတုတ္ထဈာန်ကိုတစ်ဖန်ဝင်စားပြန်၏၊ဈာန်မှထ၍ရှေးနည်းအတိုင်းဈာန်အင်္ဂါတို့ကိုဆင်ခြင်သော ပစ္စဝေက္ခဏာဝီထိများဖြစ်ကြ၏၊ထို့နောက်အဘိညာဉ်ဝီထိဖြစ်၏၊ဤ အဘိညဉ်ဝီထိ၏အစွမ်းကြောင့် အထက်ပိုင်းကိုယ်တော်မှမီးအစုထွက်ပေါ်လာသည်၊အောက်ပိုင်းကိုယ်တော်မှ ရေအယဉ်ထွက်ပေါ်လာစေဖို့ရန်လည်း အာပေါကသိုဏ်းကို အာရုံပြု၍ရှေးနည်းအတိုင်းဖြစ်စေရပြန်၏၊ထိုဝီထိ များ အကြားအကြား၌ ဘဝင်များစွာမကျဘဲ(၂)ကြိမ်လောက်သာကျ ရ၏၊ဤသို့မီးအစုဖြစ်ဖို့ရန် ဝီထိစဉ်တစ်မျိုး,ရေအယဉ်ဖြစ်ဖို့ရန် ဝီထိစဉ်တစ်မျိုးဖြစ်ပါသော်လည်း,စိတ်အစဉ်မှာ အလွန်လျင်မြန်သည့်အတွက် ကြည့်ရှုသူတို့က မီးနှင့်ရေ စုံဖက်၍ တစ်ပြိုင်နက် ထွက်လာသည်ဟုထင်ရပေသည်၊ဤကဲ့သို့အခါမျိုးဝယ် ဈာန်အင်္ဂါကိုဆင်ခြင်သော ပစ္စဝေက္ခဏာဇောတို့လည်း(၄)ကြိမ်လောက်မျှဖြင့် ကိစ္စပြီးအောင်စောကြရသည်။[ဤပစ္စဝေက္ခဏာဇောသည် ကာမဇောပင်ဖြစ်ရကား လဟုကပဝတ္တိအခါ မဟုတ်လျှင်(၇)ကြိမ်ပင်စောခွင့်ရှိသည်။ ] အာဒိကမ္မိကဿ ပန ပဌမကပ္ပနာယံ မဟဂ္ဂတဇဝနာနိ,အဘိညာဇဝနာနိ စ သဗ္ဗဒါပိ ဧကဝါရမေဝ ဇဝန္တိ။ အာဒိကမ္မိကဿ ပန ပဌမကပ္ပနာယံ မဟဂ္ဂတဇဝနာနိ ဧကဝါရမေဝ။ ။ဤ ဝါကျမှစ၍နောက်လာမည့်ဝါကျ များကား အပ္ပနာဇောများကိုသတ်မှတ်ပြသောစကားတည်း၊"အာဒိကမ္မေ နိယုတ္တော"အရ ကမ္မဋ္ဌာန်းအားထုတ်စပုဂ္ဂိုလ် ကိုလည်းကောင်း,ဈာန်ရစ ပုဂ္ဂိုလ်ကိုလည်းကောင်း,အာဒိကမ္မိကပုဂ္ဂိုလ်ဟုခေါ်၏၊ပဌမဈာန်ကိုအားထုတ်၍ ပဌမဆုံးရခိုက်မှာ အာဒိကမ္မိကပုဂ္ဂိုလ်မည်၏၊ထို့နောက် ပဌမဈာန်ကိုထပ်ကာ ထပ်ကာ ဝင်စားသောအခါ"အာဒိကမ္မိကပုဂ္ဂိုလ်"ဟုမခေါ် ရတော့ပြီ၊ဒုတိယဈာန်ကိုအားထုတ်၍ ပဌမဆုံးရသောအခါ ဒုတိယဈာန်အတွက်"အာဒိကမ္မိကပုဂ္ဂိုလ်"ဟုခေါ်ရပြန်၏၊အထက်အထက်ဈာန်များ ကို ပဌမဆုံးရသောအခါလည်းဤနည်း ပင်တည်း၊ဤသို့ပထမဆုံးဖြစ်သော အပ္ပနာဇောကိုပင်"ပဌမကအပ္ပနာ"ဟု ခေါ်သည်၊"အာဒိကမ္မိပုဂ္ဂိုလ်၏ ပဌမအပ္ပနာဇောစောရာကာလ၌ မဟဂ္ဂုတ်ဇောတို့တစ်ကြိမ်စီသာစောကြသည်"ဟူလို။[အာဒိကမ္မေ-အစ ဆုံးအားထုတ်မှု ဈာန်ရမှု၌၊နိယုတ္တော-ယှဉ်သောပုဂ္ဂိုလ်သည်၊အာဒိကမ္မိကော-မည်၏၊ပဌမေ-ပဌမအကြိမ်၌၊ပဝတ္တာ-ဖြစ်သောအပ္ပနာသည်၊ပဌမကာ-မည်၏၊ပဌမကာ စ+သာ+အပ္ပနာ စာတိ ပဌမကပ္ပနာ။ ] အဘိညာဇဝနာနိ စ သဗ္ဗဒါပိ ဧကဝါရမေဝ။ ။အဘိညာဉ်ဇောတို့ ကားပဌမဆုံး ရခါစ၌ဖြစ်စေ,နောက်အထပ်ထပ် အသုံးပြုရာ၌ဖြစ်စေ,အခါခပ်သိမ်းတစ် ကြိမ်သာစောသည်၊[သဗ္ဗဒါပိကို ရှေ့က မဟဂ္ဂတဇဝနာနိနှင့်မတွဲစပ်ပါနှင့်၊မ ဟဂ္ဂုတ်ဇောစောတို့သည်အခါခပ်သိမ်း တစ်ကြိမ်စောသည်မဟုတ်၊နောက်ထပ် ဝင်စားရာ၌ အကြိမ်များစွာစောကြောင်းကို ဆိုလတ္တံ့ ၊]ဆက်ဦးအံ့-မဟဂ္ဂုတ်ဇောတို့သည် ပဌမရခါစ၌(ဖွားခါစကလေးသူငယ်အလား)အင်အားနည်းပါးခြင်းကြောင့် မိမိ၏နောက်၌ ထပ်၍ အပ္ပနာဇောဖြစ်ဖို့ရန် အာသေဝနသတ္တိဖြင့်ကျေးဇူးမပြု နိုင်၊ထို့ကြောင့် ပဌမအပ္ပနာဇောတို့သည် တစ်ကြိမ်သာစောကြရ၏၊အဘိညာဉ်ဇောတို့ကားဆိုင်ရာတန်ခိုးအမျိုးမျိုးကို ဖြစ်စေခြင်း သိရခြင်းကိစ္စ ရှိ၏၊ထိုကိစ္စကိုလည်း တစ်ကြိမ်တည်းဖြင့် ပြီးစီးအောင်ဆောင်နိုင်သောကြောင့်နောက်ထပ်ဖြစ်ဖွယ်မလိုတော့ရကား အခါခပ်သိမ်း တစ်ကြိမ်သာစောကြသည်။ [ဆောင်ပုဒ်] ရှေးဦးရခါ,အပ္ပနာဝယ်, လွန်စွာအင်အား,နည်းလေ ငြား၍,ဆက်ပွားအနေ, အပ္ပနာရှည်အောင်, အာသေသတ္တိ,မရရှိခဲ့၊ အဘိညာဉ်ဇော-တို့သဘော ကား,နှစ်လောမထပ်,တစ် ကြိမ်မြတ်ဖြင့်,တပ်အပ် ကိစ္စ,ပြီးစေကြ၍,ပဌမ အပ္ပနာ,အဘိညာသည်,မှန် စွာ တစ်ကြိမ် စောသတည်း။ မဂ်ဇော ဖိုလ်ဇော။ ။"စတ္တာရော ပန မဂ္ဂုပ္ပါဒါ ဧကစိတ္တက္ခဏိကာ၊တတော ပရံ ဒွေ တီဏိ ဖလစိတ္တာနိ ယထာရဟံ" နှင့်အညီ မဂ်စိတ်တို့သည် ဝရဇိန်လက်နက်မိုးကြိုးစက်ကဲ့သို့ တစ်ကြိမ်သာဖြစ်ရိုးရှိ၏၊ထိုမဂ်တစ်ကြိမ်စောပြီးနောက် ဖိုလ်ဇော(၂)ကြိမ်(၃)ကြိမ်ဖြစ်၏၊"ယထာရဟံ"ဟုဆိုသောကြောင့် မန္ဒပညပုဂ္ဂိုလ်၌(၂)ကြိမ်,တိက္ခပညပုဂ္ဂိုလ်၌(၃)ကြိမ်စောသည်၊ ထင်ရှားစေအံ့-သမာပတ်ဝင်စားခိုက် မဟုတ်သော ပကတိရိုးရာအခါ၌ ဇောတို့သည်(၇)ကြိမ်သာအလွန်ဆုံး စောနိုင်ကြ၏၊အပ္ပနာဇောဝါရတုန်းက ပြခဲ့သည့်အတိုင်း မန္ဒပညပုဂ္ဂိုလ်၌ ပရိကံ ဥပစာ အနုလုံ ဂေါတြဘုဟု ဥပစာရသမာဓိဇောက(၄)ကြိမ်စောခဲ့ပြီ၊ထို့နောက် မဂ်တစ်ကြိမ် ဖိုလ်(၂)ကြိမ်ဆို လျှင်(၇)ကြိမ်ပြည့်၏၊ တိက္ခပညပုဂ္ဂိုလ် ၌ ဥပစာ အနုလုံ ဂေါတြဘုဟု(၃)ကြိမ် သာစောခဲ့သေး၏၊ထို့နောက် မဂ်တစ်ကြိမ် ဖိုလ်(၃)ကြိမ်စောမှ (၇)ကြိမ်ပြည့်၏၊ထို့ကြောင့်"ဒွေ တီဏိ ဖလစိတ္တာနိ ယထာရဟံ ဥပ္ပဇ္ဇန္တိ"ဟုမိန့်တော်မူသည်။ ဝိသုဒ္ဓိမဂ်။ ။သတ္တစိတ္တပရမာ စ ဧကာ ဝဇ္ဇနဝီထိ၊တသ္မာ ယဿ ဒွေ အနုလောမာနိ(ဥပစာနှင့်အနုလုံ),တဿ တတိယံ ဂေါတြဘု,စတုတ္ထံ မဂ္ဂစိတ္တံ, တီဏိ ဖလစိတ္တာနိ ဟောန္တိ၊ယဿ တီဏိ အနုလောမာနိ (ပရိကံ ဥပစာ အနုလုံ),တဿ စတုတ္ထံ ဂေါတြဘု,ပဉ္စမံ မဂ္ဂစိတ္တံ,ဒွေ ဖလစိတ္တာနိ ဟောန္တိ၊ တေန ဝုတ္တံ "ဒွေ တီဏိ ဝါ ဖလစိတ္တာနိ ဥပ္ပဇ္ဇန္တီ" တိ။ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ နိရောဓသမာပတ် ✔ ✔ ✔ ✔ ✔ ✔ နိရောဓသမာပတ္တိကာလေ ဒွိက္ခတ္တုံ စတုတ္ထာရုပ္ပဇဝနံ ဇဝတိ၊တတော ပရံ နိရောဓံ ဖုသတိ၊ဝုဋ္ဌာနကာလေ စ အနာဂါမိဖလံ ဝါ အရဟတ္တဖလံ ဝါ ယထာရဟမေကဝါရံ ဥပ္ပဇ္ဇိတွာ နိရုဒ္ဓေ ဘဝင်္ဂပါတောဝ ဟောတိ။ နိရောဓသမာပတ္တိကာလေ။ ။နိရုဇ္ဈ နံ နိရောဓော,သမာပဇ္ဇနံ သမာပတ္တိ နိရောဓဿ သမာပတ္တိ,နိရောဓသမာပတ္တိ,နိရောဓသမာပတ္တိယာ ကာလော နိရောဓသမာပတ္တိကာလော၊ ဤသဒ္ဒါနည်းအရ စိတ် စေတသိက် စိတ္တရုပ်တို့အခိုက်အတန့်မျှ ချုပ်ငြိမ်းနေခြင်းကို"နိရောဓသမာပတ်သို့ကောင်းး စွာရောက်သည်"ဟုခေါ်၏၊ထိုထိုသမာပတ်သို့ရောက်လိုသောအခါ များသောအားဖြင့် လူသူကင်းပြတ် ဆိတ်ငြိမ်ရာအရပ်သို့ ဝင်ရောက်ရ၏၊ထိုထိုသမာပတ်ဖြင့်နေခြင်းသည် ဈာနလာဘီ အရိယာပုဂ္ဂိုလ်၏ စည်းစိမ် ခံစားခြင်းတစ်မျိုးပင်ဖြစ်၏၊အင်မတန် ချမ်းသာ၏၊ထိုသို့ ဆိတ်ငြိမ်ရာအရပ်သို့ ဝင်ရောက်၍ခံစားခြင်းကိုပင်"သမာပတ်ဝင်စားသည်"ဟု မြန်မာတို့ ခေါ်စမှတ်ပြုကြ၏၊ဝင်ရောက်ခံစားမှုကို "ဝင်စား"ဟုဆိုသည်။ [နိရောဓသမာပတ္တိကာလေ၌သမာပတ်ဝင်စားခိုက်ကိုမယူဘဲ,ဝင်စားခါနီးအခါ ကို သမီပျူစာအားဖြင့်ယူပါ၊ထို့ကြောင့် "ဒွိက္ခတ္တုံ စတုတ္ထာရုပ္ပဇဝနံ ဇဝတိ"ဟု ဆိုသည်၊"နိရောဓသမာပတ်ဝင်စားခါနီး ၌ စတုတ္ထအာရုပ္ပဇောတို့သည်(၂)ကြိမ် စော၏"ဟူလို၊ဤမှနောက်၌မှတ်ဖွယ်ကို ဝီထိခန်း၌ သိရလတ္တံ့ ။] အနာဂါမိဖလံ ဝါ အရဟတ္တဖလံ ဝါ။ ။ ဤနှစ်ပုဒ်ကို ယထာရဟမေကဝါရံ ဥပ္ပဇ္ဇတွာ နိရုဒ္ဓေဝယ် နိရုဒ္ဓေ ၌ စာစပ်ရမည်၊ထိုသို့ စပ်ရာ၌ သဒ္ဒထုံးစံမှာ
ဝီထိပိုင်း @@@@@ စာ - ၂၆၇ စာ.၂၆၇ ဇော၅ကြိမ်စောရပုံ လေ့လာနေကျ မဟုတ်သော မဟဂ္ဂုတ်အာရုံ လောကုတ္တရာအာရုံ ပညတ်အာရုံ များကို အာရုံပြုတဲ့အခါ၌မူ ထိုကာမဇောများနောက်သို့ မလိုက်မပါချေ။ ဌာနေ ပရိစိယေတေဝ ,တံဣဒံ ဗာလတော ဗိယ၊ အနုယာတိ န အညတ္တ ,ဟောတိ တဏှာဝသေန ဝါ။ [အနက်ကို ဋီကာကျော် နိဿယ ၌ ရှုပါ] ကာမေဇဝနသတ္တာလမ္ဗနာနံ နိယမေ သတိ။ ။ ဤကား ကာမာဝစရ ဇဝနာ ဝသာနေ စသော စုဏ္ဏိယကို အကျဉ်းချုပ်သော သင်္ဂဟ ဂါထာတည်း။ ကာမအာရုံဟူရာဝယ် ပဉ္စဒွါရ၌ အတိမဟန္တာရုံ ,မနောဒွါရ၌ ဝိဘူတာရုံတည်း ။ မဟန္တာရုံ စသည်နှင့် ဝိဘူတာရုံမှာ တဒါရုံမကျ ဟု ပြလို၍, "ဝိဘူတေ ၊ တိမဟန္တေစ " ဟု မိန့်သည်။ ထို့ကြောင့် ကာမဇော ကာမသတ္တဝါ အတိမဟန္တာရုံ သို့မဟုတ် ဝိဘူတာရုံဖြစ်သော ကာမအာရုံ ,ဤအမှတ်အသား သုံးပါးစုံမှ တဒါရုံကျ၏ ဟု မှတ်ပါ။ ခြွင်းချက်။ ။ သို့သော်" ဤအင်္ဂါသုံးပါးစုံတိုင်း အမြဲတဒါရုံကျရမည် " ဟုလည်း မမှတ်သင့်။ ပစ္စုပ္ပန် ဂတိနိမိတ်ကို အာရုံပြုသော မနောဒွါရ မရဏာသန္နဝီထိများ၌ ကာမဇော ,ကာမသတ္တဝါ, အတိမဟန္တ ကာမအာရုံ မှန်ပါလျက် တဒါရုံမကျပဲ စုတိပြီးမှ ထိုပစ္စုပ္ပန်အာရုံကိုပင် ပဋိသန္ဓေသစ်နှင့် ဘဝင်၆ ချက်တို့က အာရုံပြုကြောင်းကို ဝိဘင်္ဂအဋ္ဌကထာ အဋ္ဌကထာကဏ္ဍ မူလဋီကာတို့က ဖွင့်ပြသည်။ မှတ်ချက်။ ။ ဤစကားအရ ကာမဇော မဟုတ်လျင် ဝိဘူတာရုံပင်ဖြစ်သော်လည်း တဒါရုံ မကျ။ ကာမသတ္တဝါ မဟုတ်လျင် ဝိဘူတာရုံ အတိမဟန္တာရုံ ပင်ဖြစ်သော်လည်း တဒါရုံ မကျဟု အဓိပ္ပါယ် ရသည် ဗြဟ္မာတို့၏ သဏ္ဍာန်မှာ စိတ်ဓာတ် (ဘဝင်) ကလည်း သာ၍ သန့်ရှင်း၏။ စက္ခုပသာဒ သောတပသာဒ တို့ကလည်း အထူးကြည်လင်၏။ ထို့ကြောင့် ကာမသတ္တဝါ တို့ထက် အတိမဟန္တာရုံ ဝိဘူတာရုံ ဝီထိတို့ အဖြစ်များ ပေလိမ့်မည်။သို့ရာတွင် ရူပသတ္တဝါ ဖြစ် သောကြောင့် တဒါရုံ ကား မဖြစ်နိုင်။ ထို့ကြောင့် ဗြဟ္မာတို့အတွက် တဒါရုံမကျသော ဝိဘူတာရုံ အတိမဟန္တာရုံ ဝီထိများကိုလည်း ဝီထိဆိုရိုး၌ ပြထားသည်။ ဇဝနနိယာမ ဇဝနေသု စ ပရိတ္တဇဝနဝီထိယံ ကာမာဝစရဇဝနာနိ သတ္တက္ခတ္တုံ ဆက္ခတ္တုမေဝ ဝါ ဇဝန္တိ၊ မန္ဒပ္ပဝတ္တိယံ ပန မရဏကာလာဒိသု ပဉ္စဝါရမေဝ၊ ဘဂဝတော ပန ယမကပါဋိဟာရိယကာလာဒီသု လဟုကပ္ပဝတ္တိယံ စတ္တာရိ ပဉ္စဝါ ပစ္စဝေက္ခဏစိတ္တာနိ ဘဝန္တီတိပိ ဝဒန္တိ။ ×××××××××××××××××××××××××× ဒီဟာကတော့ တမျက်နှာသာ .....
ဝီထိပိုင်း ********* စာ - ၂၆၂ ၂၆၃ ၂၆၄ ၂၆၅ ၂၆၆ သင်္ဂြိုဟ်ဘာသာဋီကာ စာ_၂၆၂ စောခဲ့သော်လည်းကောင်း, တဒါရုံ ကျခွင့်မရ၊ ဘာ့ကြောင့် နည်း.....တဒါရုံ ကျလျှင် အတိဣဋ္ဌာရုံ ဖြစ်၍ သောမနဿ တဒါရုံ ကျရလိမ့်မည်၊ ထို သောမနဿ တဒါရုံ သည် ဒေါသဇော နောင် မဖြစ်ထိုက်၊ ဥပေက္ခာ တဒါရုံ ကျဖို့ရန်လည်း "အတိဣဋ္ဌေ ပန သောမနဿ သဟဂတာနေဝ " အရ အတိဣဋ္ဌာရုံ နှင့် မလျော်ကန်ချေ။ ၂။ သောမနဿ ပဋိသန္ဓေ တည်နေသူ၏ သန္တာန်၌ မဟန္တာရုံ အဝိဘူတာရုံ ဖြစ်အံ့၊ (အတိဣဋ္ဌာရုံ ဟု သတ်မှတ် ဖွယ် မလို ,ဘယ်အာရုံမဆို ကာမအာရုံ ကို အာရုံပြု၍) ဒေါသဇော စောလျှင် ထို ဒေါသဇော နောင် တဒါရုံ မကျထိုက်။ ၃။ သောမနဿ ပဋိသန္ဓေ နေ၍ ဈာန်ကို ရပြီးမှ ဈာန်လျှောကျသဖြင့် ထိုဈာန်ကို အာရုံပြုလျက်"ငါ၏ မွန်မြတ် သော တရားသည် ပျက်ပြားခဲ့ချေပေါ့" ဟု ဒေါသဇော ဖြစ်သောအခါ မဟဂ္ဂုတ် အာရုံဖြစ်၍ တဒါရုံ မကျထိုက်။ ၄။ သောမနဿ ပဋိသန္ဓေ နေ၍ ပညတ်အာရုံ တစ်ခုခုကို အာရုံပြုလျက် ဒေါသဇော စောပြန်လျှင် ထိုပညတ်ကို အာရုံပြု၍ တဒါရုံ မကျထိုက်။ ["တဒါရုံ သည် ကာမတရားကို သာ အာရုံပြုသည်"ဟု ဆိုလတ္တံ့ ။] ဤသို့လျှင် တဒါရုံ ကျခွင့် မရငေါ ဇောဝါရ (၄) မျိုး၌ ဒေါသဇော နောင် ဖြစ်၍ ပဋိသန္ဓေ နှင့် အလားတူ သောမနဿ မူလဘဝင်လည်း မကျနိုင်၊ ထိုသို့ တဒါရုံ လည်းမကျ, ဘဝင်လည်း မကျသဖြင့် အခက်အခဲ ကြုံသောအခါ ဒေါသဇော နှင့် သောမနဿ ဘဝင်တို့ အကြားဝယ် ဆက်သွယ်ပေးဖို့ရာ အာဂန္တုကဘဝင်ကိစ္စတပ်လျက် ဥပေက္ခာ သဟဂုတ် သန္တီရဏစိတ် ဖြစ်ရပေသည်။ [ဆောင်] သောမနသ်သန္ဓေ, စွဲကပ်နေ၍, ယူလေမိစ္ဆာ, ရှိသူ့မှာလျှင်, လွန်စွာတင့်ဘိ, အတိဣဋ္ဌ, တိမဟန္တ, ဝိဘူတဟု, ဗုဒ္ဓအာရုံ, ကြုံသော်လည်းကောင်း, တစ်ကြောင်းကမူ, အဝိဘူတ, မဟန္တဟု, ကာမအာရုံ, ဆုံလေတစ်ရပ်, သမာပတ်ကို, ရလတ်ပြီးမှ, ကွယ်ပသည့်ဈာန်, အာရုံခံလျှင်း, မယွင်းတစ်ခု, ပညတ်စုကို, ရှူလေတစ်လော, ......ဒေါသဇောတို့, စောပြီး၍တုံ, တဒါရုံကား, အာရုံနှင့်သော်, မသင့်တော်ခဲ့၊ ချင့်မြော်တစ်ခင်း, ဘဝင်ဆင်းလည်း, မူရင်းသန္ဓေ, မလျော်ပေတည့်၊ သို့နေခက်ခဲ, အချက်ထဲဝယ်, ဆက်တွဲဟန်ပြု, အာဂန္တုဟု, တစ်ခုဘဝင်, စပ်ကြားဝင်သည်, အရှင် ဆရာ့ မိန့်ခွန်း တည်း။ ဥပေက္ခာ သန္တီရဏ ဘဝင်ကိစ္စတပ်ရပုံ ။ ။ "ဒွေ ဥပေက္ခာသဟဂတသန္တီရဏ စိတ္တာနိ ပဋိသန္ဓိဘဝင်္ဂစုတိတဒါရမဏသန္တီရဏဝသေန ပဉ္စကိစ္စာနိ နာမ" ဟု ကိစ္စ သင်္ဂဟ ၌ ပြခဲ့သော (၅) ကိစ္စ တို့တွင် ပဋိသန္ဓေ အခါ စုတိအခါလည်း မဟုတ်, သမ္ပဋိ စ္ဆိုင်း၏ အခြားမဲ့လည်းမဟုတ်၊ ထို့ကြောင့် ပဋိသန္ဓေ စုတိ တဒါရုံ သန္တီရဏ ဤကိစ္စတပ်၍ ______________________ အာဂန္တုကဘဝင် စာ_ ၂၆၃ ဖြစ်ခွင့်မရချေ၊ ဒေါသဇော နောင် ဤ သန္တီရဏစိတ်မှ ဖြစ်ခွင့် မရလျှင် စိတ်အစဉ်သတ်၍ ဘဝအဆုံးသတ်ရတော့မလို ဖြစ်ရကား "ဘဝင်္ဂဿ အင်္ဂံ" ဟူသော ဝစနတ်အရ ဘဝမပြတ်ဖို့ရာ ဥပေက္ခာ သန္တီရဏစိတ်က ဘဝင်ကိစ္စတပ်၍ ဖြစ်ရသည်။ အာဂန္တုကဘဝင် ခေါ်ရပုံ ။ ။ ပဋိသန္ဓေစိတ်၏ နောက်မှစ၍ ဖြစ်ခဲ့သော ဘဝင်တို့ သည် ပဋိသန္ဓေစိတ်နှင့် တစ်ထပ်တည်း တူကြရ၏၊ ထို့ကြောင့် ခန္ဓာ အိမ် ဖြစ်ပေါ်စကပင် ခန္ဓာအိမ်၌ ပါဝင်သော ဘဝင်များတည်း၊ သို့ဖြစ်၍ ထို ဘဝင်များကို အာဝါသိကဘဝင် (အိမ်ရှင့်ဘဝင်) ဟု ခေါ်ရပေသည်၊ ဤ ဥပေက္ခာ သန္တီရဏ ကား ယခုလို အခက်ကြုံတွေ့ရာ တစ်ရံတစ်ခါ မှ ပေါ်လာသော ကြောင့် "အာဂန္တုက(ဧည့်သည်)ဘဝင်" ဟု ခေါ်ရသည်။ ပဋိသန္ဓိဘဝင်္ဂဉ္စဂါထာသည် ယေဘုယျ ။ ။ ဤ ပြအပ်ခဲ့သော နည်းအတိုင်း တစ်ရံတစ်ခါ အခက်အခဲ ကြုံလာလျှင် မူလပဋိသန္ဓေနှင့် မတူသော အာဂန္တုကဘဝင်လည်း ဖြစ်သေးသောကြောင့် ဝီထိမုတ်ပိုင်း၌လာလတ္တံ့သော "ပဋိသန္ဓိ ဘဝင်္ဂဉ္စ" စသော ဂါထာကိုလည်း ယေဘုယျ နည်းဖြင့် ဆိုအပ်သော ဂါထာတည်း ဟု မှတ်ပါ။ ယံကိဉ္စိ ပရိစိတပုဗ္ဗံ ပရိတ္တာ ရမဏမာရဗ္ဘ ။ ။ ဤ အာဂန္တုက ဘဝင်ကျရသော စိတ်အစဉ် မဖြစ်မှီ ရှေးမကြာခင် အခါက အလေ့အကျက်များသော (များစွာ စိတ်ဝင်စား ထားသော) အာရုံ တစ်ခုခု ရှိလိမ့်မည်၊ ကာမဝိပါတ် တို့သည် အာရမဏသင်္ဂဟ၌ ပြသည့်အတိုင်း ကာမတရားကိုသာ အာရုံပြုသောကြောင့် ထိုအာရုံသည် ကာမအာရုံတွင် ပါဝင်သော အာရုံဖြစ်ရမည်၊ ထိုအလေ့အကျက်များသော ကာမအာရုံသည် ဣဋ္ဌအာရုံဖြစ်အံ့၊,ကုသလဝိပါတ်သန္တီရဏစိတ်ဖြစ်၏၊ အနိဋ္ဌာရုံ ဖြစ်အံ့၊ အကုသလဝိပါတ်သန္တီရဏစိတ် ဖြစ်သည်။ မှတ်ချက် ။ ။ အတိဣဋ္ဌာရုံ ဖြစ်လျှင် လည်း "အတိဣဋ္ဌေ ပန သောမနဿ သဟဂတာနေဝ " နှင့် မညီစေကာမူ ဤကဲ့သို့ အခက်အခဲ ကြုံရာဝယ် ကုသလဝိပါတ် ဥပေက္ခာ သန္တီရဏ ပင် ဖြစ်၏၊ ဤ တဒါရမဏနိယမ၌ ပြအပ်သော စကားစုလည်း ဝီထိစိတ် များအတွက် သတ်မှတ် အပ်သော စကားဖြစ်၍ ဝီထိမုတ် ဖြစ်သော ပဋိသန္ဓေ ဘဝင် စုတိကိစ္စ အတွက် သတ်မှတ် အပ်သော စကား မဟုတ်တန်ရာ၊ ဤကား ဤကျမ်း၏ အယူတည်း။ ပရမတ္ထဒီပနီ ။ ။ "ပင်ကိုရင်းက မဟာဝိပါတ် ဥပေက္ခာ သဟဂုတ် အဖြစ်များလျှင် ထို မဟာဝိပါတ် ဥပေက္ခာ သဟဂုတ် များလည်း အာဂန္တုက ဘဝင်ကိစ္စတပ်လျက် မဖြစ်နိုင်ဟု မဆိုသင့်၊ အဋ္ဌကထာ ၌လည်း "ကုသိုလ် ဇော နောင် သဟိတ် တဒါရုံ အများ ဖြစ်နေလျှင် ကုသိုလ်ဇော ဝီထိ၏ အကြားအကြား၌ အကုသိုလ်ဇော စောစေကာမူ ထို အကုသိုလ်ဇော နောင် သဟိတ် တဒါရုံ ပင် ဖြစ်သည် " ဟု အဆိုရှိ၏၊ ___________________ သင်္ဂြိုဟ်ဘာသာဋီကာ စာ_၂၆၄ အဋ္ဌကထာ အလို အကုသိုလ်ဇော နောင် သဟိတ် တဒါရုံ ဖြစ်နိုင်ပါလျှင် တဒါရုံ ကိုယ်စား ကျရသော အာဂန္တုက ဘဝင်လည်း သဟိတ် မဟာဝိပါတ် ဘဝင် ဖြစ်သင့်သည်၊ ထို့ကြောင့် " အာဂန္တုက ဘဝင်ကိစ္စတပ်လျက် ဥပေက္ခာ သဟဂုတ် မဟာဝိပါတ် (၄) , သန္တီရဏ (၂) အားဖြင့် (၆) ပါးသော စိတ်များ ဖြစ်ခွင့် ရှိသည်။" ဟု ပရမတ္ထဒီပနီ မိန့်ဆို၏၊ ယုတ္တိကို ထောက်လျှင် သင့်လောက်ပေသည်။ အာဝဇ္ဇန်း မရှိဘဲ အာရုံယူနိုင်ပုံ ။ ။ ဤ အာဂန္တုက ဘဝင်စိတ် သည် အလေ့အကျက် များသော အာရုံကို ရှေ့ က ဆင်ခြင်ပေးမည့် အာဝဇ္ဇန်း မရှိဘဲ ယူရာရောက်၏၊ ထိုသို့ အာဝဇ္ဇန်း ကင်းလျက် အာရုံသစ် ယူနိုင်ကြောင်းကို ရှေးသူဟောင်းတို့ အမိန့်အဆို မရှိသည် မဟုတ်ပါလော ဟု မေး၊ အဖြေကား _ များသောအားဖြင့် ထိုထိုဝီထိ၌ အာဝဇ္ဇန်းက ရှေးဦးစွာ ဆင်ခြင်ပေးမှ အာရုံသစ်ကို ယူနိုင်ကြသည် မှန်ပေ၏၊ သို့သော် "အာဝဇ္ဇန်း မပါလျှင် အာရုံသစ်ကို မယူနိုင်၊" ဟု ရှေးသူမြတ်တို့ သတ်မှတ် ချက် မရှိ၊ နိရောဓ သမ္မာပတ္တိဝီထိခန်း၌ သမာပတ် မှ အထတွင် အနာဂါမိဖိုလ်စိတ်နှင့် အရဟတ္တဖိုလ် စိတ်များသည် အာဝဇ္ဇန်း ကင်းလျက်ပင် နိဗ္ဗာန် အာရုံကို ယူနိုင်ကြ၏၊ မဂ္ဂဝီထိ ၌ ဂေါတြဘု ဝေါဒါန် တို့သည် အာဝဇ္ဇန်း ကင်းလျက် ရုတ်တရက် နိဗ္ဗာန်ကို အာရုံပြုနိုင်ကြ၏၊ ဤသို့ တွေ့ရသဖြင့် ဤ အာဂန္တုက ဘဝင်၏ အာဝဇ္ဇန်း ကင်းလျက် အာရုံယူရသည့် အခင်း၌ စနောင့်စနင်း မရှိထိုက်။[အနာဂါမိဖိုလ် စသည်တို့ အာရုံယူပုံကို ထိုထိုဝီထိခန်း၌ သိရလတ္တံ့။] နိရာဝဇ္ဇံ ကထံ စိတ္တံ, ဟောတိ နေတံ ဟိ သမ္မတံ၊ နိယမော န ဝိနာဝဇ္ဇာ, နိရောဓာ ဖလဒဿနာ။ နိရာဝဇ္ဇံ _ အာဝဇ္ဇန်း ကင်းလျက်၊ စိတ္တံ _ စိတ်သည်၊ ကထံ ဟောတိ _ အဘယ်မှာ ဖြစ်သင့်ပါအံ့နည်း၊ ဧတံ_ ဤ အာဝဇ္ဇန်း ကင်းလျက် စိတ်ဖြစ်ခြင်းကို၊ န သမ္မတံ_ ရှေးသူမြတ်တို့ အသိအမှတ် မပြုအပ်သည် မဟုတ်ပါလော၊ အာဝဇ္ဇာ _ အာဝဇ္ဇန်း ကို၊ ဝိနာ _ ကြဉ်၍ ၊ နိရောဓာ _ နိရောဓ သမာပတ် မှ၊ ဝုဋ္ဌဟန္တဿ _ ထသောပုဂ္ဂိုလ်၏၊ ဖလဒဿနာ= အနာဂါမိ အရတ္တဖိုလ် ဖြစ်ပုံကို တွေ့ရခြင်းကြောင့်၊ နိယမော _ အာဝဇ္ဇန်း ကင်းလျက် မဖြစ်နိုင်ဟူသော သတ်မှတ် ချက်သည်၊ န _ မရှိချေ၊၊ အကြောင်းစုံမှ တဒါရုံကျ ******************* တထာ ကာမာဝစရဇဝနာဝသာနေ ကာမာဝစရသတ္တာနံ ကာမာဝစရ. ဓမ္မေသွေဝ အာရမဏဘူတေသု တဒါရမဏံ ဣစ္ဆန္တီတိ။ ကာမာဝစရဇဝနာဝသာနေ တဒါရမဏံ ဣစ္ဆန္တီတိ။ ။ ကာမာဝစရဓမ္မေသွေဝ မှ ဧဝသဒ္ဒါ သည် "ကာမာဝစရဇဝနာဝသာနေ ဧဝ,ကာမာဝစရသတ္တာနံ ဧဝ" ဟု _______________________ ဇောနောင် တဒါရုံ လိုက်ပုံ စာ_ ၂၆၅ ရှေ့ သို့လည်း လိုက်၏၊ ကာမဇော ၏ အဆုံး၌သာ တဒါရုံ ကို အလိုရှိကြသည်, " အပ္ပနာဇော ၏ အဆုံးမှာ အလိုမရှိကြ" ဟူလို။ ချဲ့ဦးအံ့ _ သွားနိုင်လာနိုင်ခါစ ကလေးသူငယ် များသည် နေအိမ်မှ ပြင်ဘက်သို့ ထွက်သောအခါ မိမိကို ဖြစ်စေတက်,မွေးဖွားစေတက်သော မိဘနောက်, သို့မဟုတ် မိဘနှင့် သဘောတူ သော ဘကြီး ဘထွေးတို့ နောက်သာ လိုက်သွား သကဲ့သို့, ထို့အတူ ကာမတဏှာ အရင်းခံ ရှိသော ကုသိုလ်ကံ အကုသိုလ်ကံ ကြောင့် ဖြစ်သော ကာမဝိပါတ် တဒါရုံ များလည်း မိမိကို ဖြစ်စေတက်သော ကာမကုသိုလ် အကုသိုလ်ဇော တစ်ခုခုနောက်သို့ဖြစ်စေ, ထို ကာမကုသိုလ် အကုသိုလ်ဇော တစ်ခုခုနှင့် ကာမဇော ချင့း သဘောတူသော အခြားသော ကာမကုသိုလ် ကြိယာဇော နှင့် အကုသိုလ် ဇောများနောက်သို့ ဖြစ်စေ လိုက်ပါလေသည်။ ကာမတဏှာတန္နိဒါန_ကမ္မနိဗ္ဗတ္တဘာဝတော၊ ဇနကံ တံသမာနံ ဝါ, ဇဝနံ အနုဗန္ဓတိ၊ န တု အညံ တဒါလမ္ဗံ, ဗာလဒါရကလီဠယာ။ [အနက်ကို ဋီကာကျော် နိဿယ၌ ရှူပါ။ ] ကာမာဝစရသတ္တာနမေဝ တဒါရမဏံ ဣစ္ဆန္တိ ။ ။ ကာမသတ္တဝါ တို့ သန္တာန်၌ သာ တဒါရုံ ကို အလိုရှိကြသည်၊ " ဗြဟ္မာ တို့ သန္တာန်၌ တဒါရုံ ကို အလို မရှိကြ" ဟူလို၊ ချဲ့ဦးအံ့ _ ကာမပဋိသန္ဓေ နှင့် တဒါရုံ တို့သည် ကာမဝိပါတ် ချင်း တူမျှကြ၏၊ အရင်းခံ မျိုးစေ့ ကျရောက်ရာ ကာမပုဂ္ဂိုလ် သန္တာန်၌ သာလျှင် ပဝတ္တိ အကျိုးဆက် တဒါရုံ ကာမဝိပါတ် များ ဖြစ်ပေါ်နိုင်သည်၊ ဗြဟ္မာ တို့ သန္တာန်၌ ကား ထိုကဲ့သို့ အရင်းခံ ကာမပဋိသန္ဓေ မျိုးစေ့ မကျခဲ့သဖြင့် ကာမဝိပါတ် တဒါရုံ (သစ်ပင်) များ မပေါ်ပေါက်နိုင်ချေ။ ဗီဇဿာဘာဝတော နတ္ထိ, ဗြဟ္မာနံပိ ဣမဿ ဟိ၊ ပဋိသန္ဓိမနောဗီဇံ, ကာမာဝစရသညိတံ။ [အနက်ကို ဋီကာကျော်နဿယ၌ရှူပါ။ မျိုးစေ့ မရှိဘဲ ဝိပါတ်တချို့ဖြစ်ပုံ ။ ။ ကာမပဋိသန္ဓေ ဟူသော အရင်းခံ မျိုးစေ့ မရှိသည့် အတွက် ပဝတ္တိ အကျိုးဆက် တဒါရုံ ကာမဝိပါတ် များ မဖြစ်နိုင်လျှင်, စက္ခု သောတဝိညာဏ် နှင့် သမ္ပဋိ စ္ဆိုင်း သန္တီရဏ ဝိပါတ် များလည်း ဗြဟ္မာ တို့ သန္တာန်မှာ မဖြစ်နိုင်ရာ ရောက်၏၊ ကာမဝိပါတ် ပဝတ္တိ အကျိုးဆက် ချင်း တူပါလျက် ထို စက္ခုဝိညာဏ် စသော ဝိပါတ် များကား အဘယ်ကြောင့် ဗြဟ္မာ တို့ သန္တာန်၌ ဖြစ်နိုင်ပါသနည်းဟု မေး၊ အဖြေကား _ ဗြဟ္မာ တိုလ သန္တာန်၌ စက္ခုနြေ္ဒ သောတိနြေ္ဒ ဖြစ်ခြင်း၏ အာနုဘော်ကြောင့် စက္ခုဝိညာဏ် သောတဝိညာဏ် တို့ ဖြစ်နိုင်ကြ၏၊ _________________________ သင်္ဂြိုဟ်ဘာသာဋီကာ စာ_ ၂၆၆ ဒွါရဝီထိ တို့ ထူးခြား ကွဲလွဲရာ၌ စိတ္တနိယာမဓမ္မတာ သဘောကြောင့် သမ္ပဋိ စ္ဆိုင်း သန္တီရဏ တို့လည်း ဖြစ်နိုင်ကြပေသည်။ ချဲ့ဦးအံ့ _ ဗြဟ္မာ တို့ သန္တာန်၌ စက္ခုနြေ္ဒ သောတိနြေ္ဒ ဟူသော ပသာဒ ရုပ်များ မဖြစ်မနေ ရ , မုချ ဖြစ်ကြရလေပြီ၊ (ဖြစ်ခြင်း၏ အကြောင်းကို ဃာနာဒိတ္တယံနတ္ထိ အဖွင့်ကြည့်၊) ထိုသို့ စက္ခုနြေ္ဒ သောတိနြေ္ဒ ဖြစ်လျှင် ဆိုင်ရာ အာရုံများ ထိခိုက်သဖြင့် စက္ခုဝိညာဏ် သောတဝိညာဏ် တို့လည်း ဖြစ်ကြတော့မည်သာ၊ ထို စက္ခုဝိညာဏ် သောတဝိညာဏ် တို့ အတွက် စက္ခုဒွါရ ဝီထိ သောတဒွါရဝီထိ ဟု ကွဲပြားပါလျှင် စိတ္တနိယာမဓမ္မတာ အတိုင်း ထို ဝီထိနှင့် သက်ဆိုင်သော သမ္ပဋိ စ္ဆိုင်း သန္တီရဏ ဝိပါတ် များလည်း ဖြစ်ကြပေသည်၊ ထို့ကြောင့် ဋီကာကျော်၌ "ဣန္ဒြိယပ္ပဝတ္တိအာနုဘာဝတော ဒွါရဝီထိဘေဒေ စိတ္တနိယာမတော စ " ဟု မိန့်ပြီ၊ ဣန္ဒြိယပ္ပဝတ္တိအာနုဘာဝတော_ စက္ခုနြေ္ဒ သောတိနြေ္ဒ တို့ ဖြစ်ခြင်း၏ အာနုဘော်ကြောင့် လည်းကောင်း (စက္ခုဝိညာဏ် သောတဝိညာဏ်တို့အတွက် အကြောင်းပြချက်၊ )၊ ဒွါရဝီထိဘေဒေ _ ဒွါရ ဝီထိ ကွဲပြားရာ၌ ၊ စိတ္တနိယာမတော စ _ စိတ်၏ဖြစ်မြဲ ဓမ္မတာ ကြောင့် လည်းကောင်း (သမ္ပဋိ စ္ဆိုင်း သန္တီရဏ တို့ အတွက် အကြောင်းပြချက်) ၊ စက္ခုဝိညာဏာဒီနံ _ စက္ခုဝိညာဏ် အစရှိသော ကာမဝိပါတ် တို့၏၊ အဘာဝေါ _ မဖြစ်ရာသည်၊ နာပဇ္ဇတိ _ မရောက်။ ကာမာဝစရဓမ္မေသွေဝ အာရမဏဘူတေသု တဒါရမဏံ ဣစ္ဆန္တိ ။ ။ ကာမတရားကို အာရုံပြုရာ၌ သာ တဒါရုံ ကို အလိုရှိကြ၏၊ မဟဂ္ဂုတ် လောကုတ္တရာ ပညတ် များကို အာရုံပြုရာ၌ တဒါရုံ ကို အလိုမရှိကြ၊ ချဲ့ဦးအံ့ _ သခင်တစ်ယောက်၏ ကျွန်မ မှ မွေးဖွားရသော "သားပေါက်" ကလေးသည် များစွာသော ကိစ္စ၌ မိခင် အလိုသို့ မလိုက်နိုင်ဘဲ မိခင့် အထက်က သခင့်အလိုသို့သာ လိုက်ရှာရသကဲ့သို့ , ထို့အတူ သခင်နှင့် တူသော ကာမတဏှာ အရင်းခံ ၍ ကာမကုသိုလ် အကုသိုလ်ကံ တည်း ဟူသော ကျွန်မ မှ မွေးဖွားရသော တဒါရုံ ကာမဝိပါတ် တည်း ဟူသော သားပေါက်ကလေးသည် ကာမတဏှာ တည်း ဟူသော သခင် အလိုကျအောင် ကာမအာရုံ ကိုသာ အာရုံပြုရလေသည်။ ဆက်ဦးအံ့ _ ကာမဇော နောက်သို့ လိုက်ရာ၌ ဥပမာ ပြခဲ့သော ထိုကလေးငယ်သည် မိဘ, ဦးကြီး, ဦးလေး, ဘကြီး, ဘထွေး စသော ဆွေမျိုး နောက်သို့ လိုက်လေ့ရှိသော်လည်း အိမ်၏ အနီးအပါး သွားလာနေကျ အရပ်များ သို့ သွားတဲ့အခါ၌သာ လိုက်၍ တောကြို တောင်ကြား စစ်မြေပြင်စသော အရပ်များ သို့ သွားတဲ့အခါ မလိုက်သကဲ့သို့ ထို့အတူ တဒါရုံ ဝိပါတ်တို့သည် ကာမဇော နောက်သို့ လိုက်လေ့ ရှိကြသော်လည်း မိမိအာရုံပြုနေကျ (အလေ့အလာများသော) ကာမအာရုံ ကို ထို ကာမဇော တို့က အာရုံပြုတဲ့ အခါ၌သာ ကာမဇော နောက်သို့ လိုက်၍, မိမိ __________________________ MMOO
ဝီထိပိုင်း .............. စာ- ၂၅၇ ၂၅၈ ၂၅၉ ၂၆၀ ၂၆၁ ရဟန္တာ၌ တဒါရုံဖြစ်ပုံ စာ_၂၅၇ [ဆောင်] ဣဋ္ဌာနိဋ္ဌ, တိဣဋ္ဌတို့, တွေ့ရသောအခါ,ဝေဒနာကား, ဝိပါကတုံ, အာရုံသဘော, မြဲလိုက်ရော၏၊ ဇော စောချိန်ကျ, ထိုခဏမူ, မုချဆက်ဆက်, မှန်မထွက်၍, ဝိပါတ် အမှန်, ဇော အပြန်သည်, ကျမ်းဂန် မိန့်ခွန်း အစဉ်တည်း။ ဣဋ္ဌအနိဋ္ဌရောရော၌ အာရုံယူပုံ။ ။ အရာဝတ္ထု တစ်ခု၌ကား ဣဋ္ဌ အနိဋ္ဌ ရောလျက် ရှိတက်၏၊ ထို့သို့ ရောနေရာ၌ ထင်ရှားသော အာရုံကို သာ အာရုံပြုနိုင်ပေသည်၊ ဥပမာ _ ဆင်ပျံတော် မြင်းပျံတော် ရတနာတို့၌ ပဋိသန္ဓေ က အဟိတ်ပဋိသန္ဓေ ဖြစ်သောကြောင့် မူလ အထည်ကိုယ် ပုံသဏ္ဍာန်သည် ဧကန် အနိဋ္ဌာရုံ တည်း၊ သို့သော် ပဝတ္တိ အကျိုးကို ပေးမည့် ကုသိုလ် ကံ ကြောင့် လှပသော အရေအဆင်း အသံ စသည်တို့ ဖြစ်ပေါ်လာပြန်သဖြင့် ထို ပဝတ္တိကမ္မဇ ဣဋ္ဌရုပ်တွေက မူလ အနိဋ္ဌာရုံ ကို ဖုံးလွှမ်း လျက်ရှိ၏၊ နှီးဖြင့် ပြုလုပ်၍ နွားချေး သုတ်အပ်သော အရုပ်ကလေး၌ ပိုးဖဲ ကတ္တီပါစသော ဣဋ္ဌာရုံ တွေ မွမ်းမံ ချယ်လှယ်ထားသကဲ့သို့တည်း၊ ဤကဲ့သို့ ဣဋ္ဌ နှင့် အနိဋ္ဌ ရောနှော၍ နေရာဝယ် မြင်ရ ကြားရသူတို့၏ စက္ခုဝိညာဏ် စသည်တို့မှာ အပေါ်ယံ ဣဋ္ဌာရုံ များကိုသာ အာရုံပြုရသဖြင့် ကုသလဝိပါတ် တွေသာ ဖြစ်ခွင့်ရှိကြတော့သည်၊ မူလ ဣဋ္ဌဖြစ်သော လူ့ခန္ဓာကိုယ်ဝယ် မဖွယ်မရာ နူနာစသည် စွဲကပ် နေရာ၌ အနိဋ္ဌာရုံ ကိုသာ အာရုံပြု ရပုံကို လည်း ချဲ့ထွင် ကြည့်ပါ။ ရဟန္တာသန္တာန်၌ တဒါရုံ ***************** တတ္ထာပိ သောမနဿသဟဂတကြိယဇဝနာဝသာနေ သောမနဿ သဟဂတာနေဝ တဒါရမဏာနိ ဘဝန္တိ၊ ဥပေက္ခာသဟဂတကြိယဇဝနာဝသာနေ စ ဥပေက္ခာသဟဂတာနေဝ ဟောန္တိ။ ဝိပါတ်လည်းမှန် ဇောလည်းမှန် ။ ။ "သောမနဿသဟဂတကြိယဇဝနာ ဝသာနေ ၊ပေ၊ ဘဝန္တိ" ဟူသော သင်္ဂြိုဟ် ပါဠိ အရ ကြိယာဇောတို့မည်သည် ပြခဲ့ပြီးသော ဝိပလ္လာသ သုံးမျိုး ကင်းပြီးသော ရဟန္တာ အရှင်တို့၏ သန္တာန်၌ သာ ဖြစ်လေ့ရှိသော ကြောင့် ဝိပါတ် များ ကဲ့သို့ အာရုံအားလျော်စွာ အတိဣဋ္ဌာရုံ နှင့် တွေ့ကြုံလာလျှင် သောမနဿ ကြိယာဇော စော၍ , ထို သောမနဿ ကြိယာဇော နောင် သောမနဿ တဒါရုံ ကျ၏၊ ဣဋ္ဌမဇ္ဈတ္တာရုံ အနိဋ္ဌာရုံ တို့နှင့် တွေ့ကြုံလျှင် ဥပေက္ခာ သဟဂုတ် ကြိယာဇော စော၍ ထို ဥပေက္ခာ ဇောနောင် ဥပေက္ခာ တဒါရုံ များ ဖြစ်ကြသည်၊ ဤသို့လျှင် ကြိယာဇော များလည်း ဝိပါတ် ကဲ့သို့ အာရုံအားလျော်စွာ သောမနဿ ယှဉ်မှူ ဥပေက္ခာ ယှဉ်မှူ မှန်ကန်သော ကြောင့် "ဝိပါတ် လည်းအမှန်, ဇောလည်းအမှန်" ဟု မိန့်ဆိုကြပြန်သည်။ ပရမတ္ထဒီပနီ ဝါဒ ။ ။ ကြိယာဇော တို့၏ အာရုံအားလျော်စွာ သောမနဿ ဥပေက္ခာ ဝေဒနာ နှင့် ယှဉ်ရပုံကို ဤ သင်္ဂြိုဟ် ကျမ်းသာမက , အဋ္ဌသာလိနီ အဋ္ဌကထာ မှာလည်း ............................ သင်္ဂြိုဟ်ဘာသာဋီကာ စာ_ ၂၅၈ မိန့်ဆိုလျက်ရှိ၏၊ထိုကဲ့သို့ ပရမတ္ထဒီပနီ၏ အယူကား ဤသို့ တည်း၊ ကြိယာဇောတို့၏ အာရုံအားလျော်စွာ စောရပုံမှာ ပကတိရိုးရာ အခါ၌သာဖြစ်၏၊ ရဟန္တာပုဂ္ဂိုလ်များသည် မိမိစိတ်ကို အစိုးတရပိုင်နိုင်ကြသည် ဖြစ်၍ အာရုံသဘောသို့ မလိုက်ဘဲ မိမိတို့အလိုအတိုင်း စိတ်ကိုပြုပြင်လိုလျှင် ပြုပြင်၍ ဇော စောနိုင်ကြသည်၊ ထို့ကြောင့် ဘုရားရှင်သည် ဝက်မငယ်ကို မြင်၍ ပြုံးတော်မူ၏၊ အရှင်မဟာမောဂ္ဂလာန်သည် ဂိဇ္ဈကုဋ်တောင်၌ ပြိတ္တာတွေကို မြင်၍ ပြုံးတော်မူ၏၊ ထိုသို့ဖြစ်ရာဝယ် ဝက်မငယ်နှင့် ပြိတ္တာတို့သည် အနိဋ္ဌာရုံ များတည်း၊ ပြုံးတော်မူခြင်းကား ကြိယာသောမနဿဇောများ ဖြစ်၏၊ ထို့ပြင်"ဣဓ ဘိက္ခဝေ ဘိက္ခု သစေ အာကင်္ခတိ ပဋိကူလေ အပ္ပဋိကူလသညီ ဝိဟရေယျန္တိ၊ အပ္ပဋိကူလသညီ တတ္ထ ဝိဟရတိ " စသည်ဖြင့် " ရဟန္တာ ပုဂ္ဂိုလ်တို့သည် စက်ဆုပ်ဖွယ်အာရုံကို စက်ဆုပ်ဖွယ် မဟုတ်အောင် ရှူ၍ နေလိုက နေနိုင်ကြ၏၊ " ဟု ဟောတော်မူအပ်သောသုတ္တန် ပါဠိတော် များကို ထောက်လျှင် ရဟန္တာတို့၏ ကြိယာဇော များကိုလည်း အာရုံအားလျော်စွာ ဝေဒနာ မလိုက်ရောဘဲ အလိုရှိသလို စောနိုင်ခွင့် ရှိကြောင်း သိသာ၏၊ သို့အတွက် သင်္ဂြိုဟ် နှင့် တကွ အဘိဓမ္မာ အဋ္ဌကထာ တို့၌ စိတ်ကို အထူးမပြုပြင်ဘဲ ဘာသိဘာသာ ဇော စောသောအခါကို ရည်ရွယ် ၍ "ကြိယာဇော တို့၏ အာရုံအားလျော်စွာ သောမနဿဝေဒနာ ဥပေက္ခာ ဝေဒနာ နှင့် ယှဉ်ရမည်" ဟု ဆိုလိုသည်၊စိတ်ကို ပြုပြင်၍ အာရုံကို ကြည့်ရှူဆင်ခြင်ရာ၌ကား သုတ္တန် ပါဠိတော်များနှင့် အညီ အနိဋ္ဌာရုံကို အာရုံပြု၍လည်း သောမနဿကြိယာဇော, အတိဣဋ္ဌာရုံ ကို အာရုံပြု၍ လည်း ဥပေက္ခာကြိယာဇောများစောခွင့်ရှိသည်ဟု ပရမတ္ထဒီပနီ ယူဆလေသည်။ ပရမတ္ထသရူပဘေဒနီ၏ ရှင်းလင်းချက်။ ။ ပရမတ္ထသရူပဘေဒနီ၏ ရှင်းလင်းပုံကား _ ဘုရားရှင် နှင့် အရှင် မောဂ္ဂလာန်တို့ ဝက်မငယ် ပြိတ္တာတို့ကို မြင်တော်မူ၍ ပြုံးတော်မူကြရာ၌ မြင်တော်မူတဲ့အခါ အာရုံတစ်မျိုး , ပြုံးတော်မူတဲ့အခါ အာရုံတစ်မျိုး ဟု ခွဲခြား ရမည်၊ အနိဋ္ဌာရုံ ဖြစ်သော ဝက်မငယ် ပြိတ္တာတို့ကို မြင်ရာအခါ၌ အနိဋ္ဌာရုံ အားလျော်စွာ ဥပေက္ခာ ကြိယာဇော စောသော ဝီထိများ ကျရာ၏၊ ထိုအခါ ပြုံးတော်မမူသေး၊ ထို့နောက် ထိုကဲ့သို့ အံ့သြဖွယ်ရာ ဆန်းကြယ်စွာသော ဂတိ၌ ဖြစ်ရမည့် အကြောင်း မကောင်းသော တရားတို့ ကိုယ်တော်များ သန္တာန်မှာ မရှိ တော့သဖြင့် ကိုယ်တော်တို့၏ သမ္ပတ္တိဂုဏ်ကို အာရုံပြုလျက် နှစ်သက်သောအခါ သမ္ပတ္တိဂုဏ် အတိဣဋ္ဌာရုံ အားလျော်စွာ သောမနဿ ကြိယာဇော စောသော မနောဒွါရ ဝီထိများ ဖြစ်ပေါ်ကြပေသည်၊ သို့သော် စိတ်အစဉ် က အင်မတန် လျင်မြန် သောကြောင့် ဝက်မငယ် ပြိတ္တာတို့ကို မြင်တော်မူတုန်းမှာပင် ပြုံးရွှင်တော်မူကြသကဲ့သို့ ထင်ရလေသည်။ [စတုတ္ထပါရာဇိကနှင့် လက္ခဏသံယုတ် စသည်ကို ရှူပါ။ ] ------------++++++------------ အာရုံကို ပြောင်း၍ အာရုံပြုပုံ စာ_၂၅၉ ထို့ပြင် "ဣဓ ဘိက္ခဝေ ဘိက္ခု သစေ အာကင်္ခတိ ပဋိကူလေ အပ္ပဋိကူလသညီ ဝိဟရေယျန္တိ၊" စသော သုတ္တန် ပါဠိတော် များ အရ ပဋိကူလ ဖြစ်သော စက်ဆုပ်ဖွယ် အနိဋ္ဌာရုံ သတ္တဝါကို အပ္ပဋိကူလ (စက်ဆုပ်ဖွယ် မဟုတ်သော အတိဣဋ္ဌာရုံ သတ္တဝါ ) ဖြစ်အောင် ကြံဆောင် ဆင်ခြင်ရာ၌ ဝီထိ အမျိုးမျိုး ပင် ဖြစ်၏၊ ပဋိကူလ အာရုံကို ပဌမ မြင်ခါစ၌ အနိဋ္ဌာရုံ အားလျော်စွာ ဥပေက္ခာ ကြိယာဇော ဝီထိများ ဖြစ်ရ၏၊ ထို့နောက် ထို အနိဋ္ဌာရုံ သတ္တဝါကို ချစ်မြတ်နိုးအပ်သော ပိယမနာပသတ္တဝါဖြစ်အောင် မေတ္တာ ကမ္မဠာန်း ဖြင့် ကြံဆောင် ကြည့်ရှူသော အခါ ထို သတ္တဝါ အပေါ်၌ အတိဣဋ္ဌ အခြင်းအရာ ဖြစ်လျှင် ထို အခြင်းအရာ ကို အာရုံပြု၍ သောမနဿ ကြိယာဇော များ စောနိုင်ပေ၏။ အာရုံတစ်ခု၌ အာရုံပြုသူ၏ စိတ်က ဆန်းကြယ်သလောက် ဣဋ္ဌ အတိဣဋ္ဌ အနဋ္ဌ အခြင်းအရာ များကို ရနိုင်ပေ၏၊ အလွန်လှပသော အတိဣဋ္ဌ မာတုဂါမကိုပင် အသုဘဖြင့် ဆင်ခြင်ကာ မတင့်တယ်သော အခြင်းအရာ အနိဋ္ဌ အရသာတွေသာ ပေါ်လာ၏၊ အလွန်အရုပ်ဆိုးသော အနိဋ္ဌာရုံ သားကလေးကို မိခင် မေတ္တာ ဖြင့် သေသေချာချာ ဆင်ခြင်သော အခါ ချစ်ဖွယ်ရာ ဣဋ္ဌာရုံ ထင်လာ၏၊ ဤကဲ့သို့ ပုထုဇဉ် တို့ နယ်ပယ် မှာပင် စိတ်ဆန်းကြယ်သလို ပြုပြင်ပြောင်းလွဲနိုင်လျှင် မိမိစိတ်ကို စိုးပိုင်ပြီးသော ရဟန္တာ တို့၏ စိတ်၌ကား ယုံမှားဖွယ် မရှိပြီ၊ ရေနိုင်သော သင်္ဘော ဦးစီး ပဲ့သူကြီးသည် ပဲ့တက်ကြီးကို ကြိတ်ကာ ကြိတ်ကာ ဖြင့် လိုရာရေကြောင်းခရီးကို သွားနိုင် သကဲ့သို့ လည်းကောင်း, လေနိုင်သော ဂဠုန်ကြီးသည် အတောင်အမြီးကို ညိတ်ကာညိတ်ကာဖြင့် ပျံလိုရာ လေကြောင်းခရီးကို ပျံနိုင် သကဲ့သို့ လည်းကောင်း, မိမိစိတ်ကို နိုင်ပြီးသော ရဟန္တာ အရှင်မြတ်တို့လည်း တွေ့သမျှ အာရုံ အသီးသီးဝယ် စိတ်ကို ပြောင်းလွှဲ၍ အနဲနဲ ဆင်ခြင်တော် မူနိုင်သောကြောင့် မိမိတို့ ပြောင်းလွှဲအပ်သော ဣဋ္ဌ အနိဋ္ဌ အတိဣဋ္ဌ အာရုံ အားလျော်စွာ ဥပေက္ခာ သောမနဿ နှင့် ယှဉ်သော ကြိယာဇောများ စောနိုင်ကြပေသည်။[အကျယ်ကို ပရမတ္ထသရူပနှင့် ဒီပနီတို့မှာရှူပါ၊] ကြိယာဇော နောင် တဒါရုံ မလိုသော မူလဋီကာ ။ ။ "သောမနဿ သဟဂတ ကြိယဇဝနာဝသာနေ သောမနဿ သဟဂတာနေဝ တဒါရမဏာနိ" စသည်ဖြင့် ကြိယာဇော နောင် တဒါရုံ ချဖို့ရာ အဋ္ဌကထာ ကြီးငယ်တို့ မိန့်ဆို စိစစ်ကြသော်လည်း မူလဋီကာ ကား ကြိယာဇော နောင် တဒါရုံ ချခြင်းကို အလိုမရှိချေ၊ ထို ဋီကာအလိုကို ထင်ရှားစေအံ _ အဟုန်ဖြင့် ဆန်တက် ခုတ်သွားသော သင်္ဘော ၏ နောက်သို့ တအောင့်လောက် ဆန်တက်လိုက်သွားသော ရေအယဉ်ကဲ့သို့, တဒါရုံ ဝိပါတ် စိတ်များလည်း သင်္ဘော လှေပမာ လွန်စွာလှူပ်ယှက် မငြိမ်သက်သော ကုသိုလ်ဇော အကုသိုလ်ဇော များ၏ နောက်သို့သာ လိုက်ထိုက်သည်၊ ငြိမ်ငြိမ်သက်သက် ဖက်ခွက်မျောလာရာဝယ် +++++++++++++++++++++++ သင်္ဂြိုဟ်ဘာသာဋီကာ စာ_ ၂၆၀ ထို ဖက်ခွက်နောက်သို့ ရေအယဉ် မလိုက်သကဲ့သို့, ထို့အတူ ဖက်ခွက်ပမာ လွန်စွာ ငြိမ်သက်သော ကြိယာဇော နောက်သို့ တဒါရုံ များ မလိုက်ထိုက်ချေ၊ ပဠာန်း ပါဠိ တော်မှာလည်း ကုသိုလ် အကုသိုလ် ဇောနောက်သာ တဒါရုံ ကို ဟောတော်မူ၍ ကြိယာဇော နောင် မှာ ဟောတော်မူချက် မရှိဟု မိန့်ဆိုလေသည်။ အနုဋီကာ, မဟာဋီကာ, ပရမတ္ထသရူပတို့ဝါဒ ။ ။ အနုဋီကာပြ (ကေစိ) နှင့် မဟာဋီကာ တို့ကား "ကြိယာဇော တို့သည် ကာယဝိညတ် ဝစီဝိညတ် ကို ဖြစ်စေနိုင်သောကြောင့် ငြိမ်ငြမ်သက်သက် မျောလာသော ဖက်ခွက်နှင့်မတူ, လှူပ်လှူပ်ယှက်ယှက် သဘောရှိသည် ဟုပင် ဆိုထိုက်ပါ၏၊ ပဠာန်း ပါဠိ တော်၌ ဟော်တော် မမူခြင်းမှာ အလိုတော် တသ်မျိုးတစ်မည် ကြောင့်သာ ဖြစ်ရာ၏၊" ဟု ချေပကြလေသည်၊ ပရမတ္ထသရူပဘေဒနီ ၌ကား "ကုသလံ ဝုဋ္ဌာနဿ, အကုသလံ ဝုဋ္ဌာ နဿ" ဟု ဟောတော်မူသလို " အဗျာကတံ ဝုဋ္ဌာနဿ" ဟုလည်း အနန္တရပစ္စည်း၌ ဟောတော်မူ၏၊ ဝုဋ္ဌာ အရလည်း ကုသိုလ် အကုသိုလ် ကြိယာဇော တို့မှ ထသော တဒါရုံ ဘဝင် စုတိ အားလုံးကို ရ၏၊ ဤသို့ ကြိယာဇော နောင် တဒါရုံ ကို ထည့်သွင်း၍ "ဝုဋ္ဌာနဿ " ဟု ဟောတော်မူရာ ဌာနသည် များစွာ ရှိ၏ဟု ညွှန်ပြ၍ "ကြိယာဇော နောင် တဒါရုံ မဟော" ဟူသော စကားကို ပယ်ရှား လေသည်။ ÷÷÷÷÷÷÷÷÷÷÷ အာဂန္တုကဘဝင် ************* ဒေါမနဿသဟဂတဇဝနာဝသာနေ စ ပန တဒါရမဏာနိ စေဝ ဘဝင်္ဂါနိ စ ဥပေက္ခာသဟဂတာနေဝ ဘဝန္တိ၊ တသ္မာ ယဒိ သောမနဿပဋိသန္ဓိကဿ ဒေါမနဿသဟဂတဇဝနာဝသာနေ တဒါရမဏသမ္ဘဝေါ နတ္ထိ၊ တဒါ ယံကိဉ္စိ ပရိစိတပုဗ္ဗံ ပရိတ္တာရမဏမာရဗ္ဘ ဥပေက္ခာသဟဂတသန္တီရဏံ ဥပ္ပဇ္ဇတိ၊ တမနန္တရိတွာ ဘဝင်္ဂပါတောဝ ဟောတီတိ ဝဒန္တိ အာစရိယာ။ ဒေါမနဿသဟဂတ ၊ပေ၊ ဥပေက္ခာသဟဂတာနေဝ ။ ။ ဒေါမနဿ ဝေဒနာ သည် မသာယာသော အားဖြင့် အာရုံကို ခံစားရ၏၊ သောမနဿ ကား သာယာသော အားဖြင့် အာရုံကို ခံစားသည်၊ ထို့ကြောင့် ဒေါမနဿ ဝေဒနာ နှင့် သောမနဿ ဝေဒနာ တို့ အချင်းချင်း ရှေ့ သွား နောက်လိုက် နှီးနှော လို့မရ၊ ဥပေက္ခာ ဝေဒနာ ကား အာရုံကို သင့်ရုံတော်ရုံ ခံစားသဖြင့် ဒေါမနဿ _ သောမနဿ နှစ်ပါးလုံးနှင့်ပင် သင့်တင့် လိုက်လျော နိုင်ပေသည်၊ သို့အတွက် ဒေါမနဿ သဟဂုတ် ဇော နောင် တဒါရုံ ဖြစ်စေ ဘဝင် ဖြစ်စေ ဥပေက္ခာ သဟဂုတ် သာ ဖြစ်ရပေသည်။ တသ္မာ ယဒိ သောမနဿ ၊ပေ၊ တဒါရမဏသမ္ဘဝေါ နတ္ထိ ။ ။ တသ္မာ ပုဒ်ကို ဥပေက္ခာ သဟဂတသန္တီရဏံ ဥပ္ပဇ္ဇတိ သို့ လှမ်းစပ်၊ "ယဒိ သောမနဿ ၊ပေ၊ သမ္ဘဝေါ ++++++++±±±±±±++++++++ အာဂန္တုကဘဝင် စာ_၂၆၁ နတ္ထိ " ကား ကြံဆ၍ ပြောဆိုအပ်သော ပရိကပ္ပစကားတည်း၊ "သောမနဿ သဟဂုတ် မဟာဝိပါတ်စိတ်ဖြင့် ပဋိသန္ဓေ နေခဲ့သူ၏ သန္တာန်ဝယ် တစ်စုံတစ်ခု သော အကြောင်းကြောင့် တဒါရုံ ဖြစ်ခွင့် တကယ်လို့ မရခဲ့လျှင်" ဟု ကြံဆ၍ ပြောဆိုသည်။ တဒါ ယံကိဉ္စိ ၊ပေ၊ ဥပေက္ခာသဟဂတသန္တီရဏံ ဥပ္ပဇ္ဇတိ ။ ။ ထိုသို့ တဒါရုံ ဖြစ်ခွင့် မရခဲ့သော် ထုံးစံ အတိုင်းဆိုလျှင် ဒေါသဇော နောင် ဘဝင်ကျရတော့မည်၊ ဘဝင်ကျပြန်လျှင်လည်း (တစ်ဘဝ၌ ပဋိသန္ဓေ ဘဝင် စုတိစိတ် တို့သည် တူကြရသောကြောင့်) သောမနဿ ပဋိသန္ဓေ နေခဲ့သူ ဖြစ်၍ သောမနဿဘဝင် ကျရလိမ့်မည်၊ ထို သောမနဿဘဝင်ကား ဒေါသဇော နှင့် မလိုက်ရောချေ၊ ဤသို့ အခက်ကြုံတဲ့အခါ ဒေါသဇော နှင့် သောမနဿဘဝင်တို့၏ အကြားဝယ် ဆက်သွယ်ဖို့ရာ ဥပေက္ခာ သဟဂုတ် သန္တီရဏ စိတ် ဖြစ်ပေါ်လာရပေသည်။ တမနန္တရိတွာ ဘဝင်္ဂပါတောဝ ဟောတိ ။ ။ ထို ဥပေက္ခာ သဟဂုတ် သန္တီရဏ ၏ အခြားမဲ့၌ ကား ထုံးစံ အတိုင်း သောမနဿ ဘဝင် ကျနိုင်ပြီ [တမနန္တရိတွာ ၌ အနန္တရသဒ္ဒါသည် အခြားမရှိ ဟူသော အနက်ကိုဟောသော နာမ်ပုဒ်တည်း ၊ ဤနေရာ၌ ကရဓာတ်၏ အနက်ကို ဟောသော ဣပစ္စည်းသက်၍ အနန္တရိတွာဟု ပါဌ် ရှိသည်။ သို့အတွက် "တံ_ ထို ဥပေက္ခာ သဟဂုတ် သန္တီရဏ စိတ်ကို၊အနန္တရိတွာ_အခြားမဲ့ပြု၍"ဟု အနက်ဆိုပါ ၊ အဓိပ္ပါယ် မှာ "ဥပေက္ခာ သဟဂုတ် သန္တီရဏ စိတ်၏ အခြားမဲ့၌ "ဟု ဆိုလိုသည်၊ ] ဝဒန္တိ အာစရိယာ။ ။ ကျမ်းဆရာတို့သည် တစ်စုံတစ်ခု သော အဆုံးအဖြတ်၌ သာဓက မပြနိုင်လျှင် "ဝဒန္တိ, ကျောက်ကြီးဖိ" ဆိုတဲ့ အတိုင်း ထို အဆုံးအဖြတ် ပိပြားအောင် ဝဒန္တိ ဟူသော ကျောက်တုံးဖြင့် အာစရိယဝါဒအနေ ဖိတက်ကြလေသည်၊ ဤဝါဒသည် သင်္ဂြိုဟ် ကျမ်း၌သာ မဟုတ် , အဋ္ဌသာလိနီ အဗျာကတ ဝိပါက အဖွင့်၌လည်း "ယဒါ သောမနဿ ပဋိသန္ဓိကဿ ပဝတ္တေ ဈာနံ နိဗ္ဗတ္တေတွာ ပမာဒေန ပရိဟီနဇ္ဈာနဿ ပဏီတဓမ္မော မေ နဋ္ဌောတိ ပစ္စဝေက္ခတော ဝိပ္ပဋိသာရ ဝသေန ဒေါမနဿံ ဥပ္ပဇ္ဇတိ ၊ တဒါ ၊ပေ၊ ကုသလဝိပါကာ ဝါ ဥပေက္ခာ သဟဂတာဟေတုကမနောဝိညာဏဓာတု (သန္တီရဏံ) ဥပ္ပဇ္ဇတိ " ဟု ရှိပေသည်၊ တဒါရုံကျခွင့်မရသောဝါဒများ ၁။ သောမနဿ ပဋိသန္ဓေ တည်နေခဲ့၍ မိစ္ဆာ အယူရှိသူသည် ဘုရားအစရှိသော အတိဣဋ္ဌ အတိမဟန္တာရုံ, သို့မဟုတ် ဝိဘူတာရုံ ကို အာရုံပြုလျက် ဒေါသဇော စောခဲ့သော်လည်းကောင်း, သို့မဟုတ် နတ်သမီး စသော အတိဣဋ္ဌ အတိမဟန္တာရုံ ဝိဘူတာရုံ များကို အာရုံပြုလျက် ရွံ့ကြောက်ထိတ်လန့်သော အားဖြင့် ဒေါသဇော +++++++++++++++++++++++-MMOO
ဝီထိပိုင်း ******** စာ - ၂၅၂ ၂၅၃ ၂၅၄ ၂၅၅ ၂၅၆ သင်္ဂြိုဟ်ဘာသာဋီကာ စာ_ ၂၅၂ အမှာ ။ ။ "ဒွ တ္တိံသ သုခ ပုည မှာ" စသော ဂါထာ တို့၌ အကြမ်းသရုပ်ကို အခြေပြု သင်္ဂြိုဟ် ၌ ပြခဲ့ပြီ၊ ယခု ပြအပ်လတ္တံ့သည့် အတိုင်းလည်း အနုစိတ် ၍ မှတ်လျှင် အပ္ပနာ ဝီထိ သွားကို များများ ကြီး နားလည်ဖွယ် ရှိသောကြောင့် အနုစိတ် ၍ ခွဲခြားပြဦးအံ့။ ပုထုဇဉ် ၏ မဟာကုသိုလ် ဇောနောင် အပ္ပနာ ဇော ။ ။ တိဟိတ် ပုထုဇဉ် အဖြစ်၌ မဟဂ္ဂုတ် ကုသိုလ် ဈာန် (၉) ပါးလုံးကို ရနိုင်၏၊ သောတာပတ္တိမဂ် အကျယ် (၅) ပါးကို ရနိုင်၏၊ ထို့ကြောင့် တိဟိတ် ပုထုဇဉ် ၏ မဟာကုသိုလ် ဉာဏသမ္ပယုတ် ဇော (၄) ပါးတွင် တစ်ပါးပါး နောင် မဟဂ္ဂုတ် ကုသိုလ် ဇော ၉ ,သောတာပတ္တိမဂ် ဇော (၅) , ပေါင်းစား (၁၄) ပါးသော အပ္ပနာ ဇော များ စောခွင့်ရှိသည် ၊ သောမနဿ ဥပေက္ခာ အားဖြင့် ခွဲစိတ်ပြန်လျှင် တိဟိတ် ပုဂ္ဂိုလ် ၏ မဟာကုသိုလ် သောမနဿ ဉာဏသမ္ပယုတ် ဇော နှစ်ပါးတွင် တစ်ပါးပါး နောင် ပဌမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် ဟူသော ရူပကုသိုလ် ဈာန် (၄), သောတာပတ္တိမဂ် ကုသိုလ် ဈာန် (၄). , ပေါင်း (၈) ပါးသော အပ္ပနာ ဇောများ စောခွင့်ရှိ၏၊ ထို ပုဂ္ဂိုလ်၏ မဟာကုသိုလ် ဥပေက္ခာ သဟဂုတ် ဉာဏသမ္ပယုတ် ဇော နှစ်ပါးတွင် တစ်ပါးပါး နောင် ရူပကုသိုလ် ပဉ္စမဈာန် ၁ , အရူပကုသိုလ်ဈာန် (၄) , သောတာပတ္တိမဂ် ပဉ္စမဈာန် (၁) , ပေါင်း (၆) ပါးသော အပ္ပနာ ဇောများ စောခွင့်ရှိ၏၊ [ပုထုဇဉ် သန္တာန်၌ သောတာပတ္တိဖိုလ်စိတ် ဖြစ်ခွင့်မရှိ၊ သောတာပတ္တိမဂ္ဂဋ္ဌပုဂ္ဂိုလ် ဖြစ်ပြီးမှ သောတာပတ္တိဖိုလ်ကို ရနိုင်သည်။] သောတာပန် ၏ မဟာကုသိုလ် နောင် အပ္ပနာ ။ ။ သောတာပတ္တိဖလဋ္ဌပုဂ္ဂိုလ် အဖြစ်၌ မဟဂ္ဂုတ် ကုသိုလ် ဈာန် (၉) ပါးကို ရနိုင်၏၊ ဖလသမာပတ် ဝင်စားသောအခါ သောတာပတ္တိဖိုလ်ဇော (၅) ပါးလည်း စောနိုင်၏၊ တိုးတက်၍ အားထုတ် လျှင် အထက် သကဒါဂမ်မိမဂ်ဇော (၅) ပါး ကိုလည်း ရနိုင်၏၊ [သကဒါဂါမိဖိုလ်ဇောကိုကား သောတာပန်ဘဝ၌ မရ, သကဒါဂါမိမဂ္ဂဋ္ဌပုဂ္ဂိုလ် ဖြစ်ပြီးမှ ရသည်၊] ထို့ကြောင့် သောတာပတ္တိဖလဋ္ဌပုဂ္ဂိုလ် ၏ မဟာကုသိုလ် ဉာဏသမ္ပယုတ် (၄ )ပါးတွင် တစ်ပါးပါး နောင် အပ္ပနာ ဇောများ (၁၉) ပါး စောနိုင်ခွင့် ရှိသည်။ သောမနဿ ဥပေက္ခာ အားဖြင့် ခွဲစိတ်ပြန်လျှင် ထို ပုဂ္ဂိုလ် ၏ မဟာကုသိုလ် သောမနဿ ဉာဏသမ္ပယုတ် ဇော (၂) ပါးနောင် သောမနဿ သဟဂုတ် ဖြစ်သော အောက်ရူပ ကုသိုလ်ဈာန် (၄) , သောတာပတ္တိဖိုလ်ဈာန် (၄) , သကဒါဂါမိမဂ်ဈာန် (၄) , ပေါင်း (၁၂) ပါးသော အပ္ပနာ ဇောများ စောနိုင်၏၊ ထို ပုဂ္ဂိုလ်၏ မဟာကုသိုလ် ဥပေက္ခာ သဟဂုတ် ဉာဏသမ္ပယုတ် ဇော နှစ်ပါးနောင် ရူပကုသိုလ် ပဉ္စမ ဈာန် (၁) , အရူပကုသိုလ် (၄) , သောတာပတ္တိဖိုလ် ပဉ္စမ ဈာန် (၁) , သကဒါဂါမိမဂ် ပဉ္စမဈာန် (၁) , ပေါင်း (၇) ပါးသော အပ္ပနာ ဇောများ စောခွင့် ရှိသည်။ --------------------------- တဒါရမဏနိယာမ စာ_ ၂၅၃ သကဒါဂမ် ၏ မဟာကုသိုလ်နောင် အပ္ပနာ ။ ။ သကဒါဂါမိဖလဋ္ဌပုဂ္ဂိုလ်၏ မဟာကုသိုလ် ဉာဏသမ္ပယုတ် ဇောများ နောင်လည်း ဤနည်း အတိုင်း မဟဂ္ဂုတ် ကုသိုလ် ဈာန် (၉) ပါး, သမာပတ် ဝင်စားသည့်အခါ သကဒါဂါမိဖိုလ်ဇော (၅) , အထက်မဂ်ကို ရသည့်အခါ အနာဂါမိမဂ်ဇော (၅) , ပေါင်း (၁၉) ပါး စောနိုင်၏၊ သောမနဿ ဥပေက္ခာ အားဖြင့် လည်း ခွဲခြမ်းစိတ်ဖြာ ပါ။ အနာဂါမ် ၏ မဟာကုသိုလ် နောင် အပ္ပနာ ။ ။ အနာဂါမိဖလဋ္ဌပုဂ္ဂိုလ်၏ မဟာကုသိုလ် ဉာဏသမ္ပယုတ် ဇောများ နောင်လည်း ဤနည်း အတိုင်းပင် မဟဂ္ဂုတ် ကုသိုလ် ဈာန် (၉) ပါး, သမာပတ် ဝင်စားသောအခါ အနာဂါမိဖိုလ်ဇော (၅) , အထက်မဂ်ကို ရသောအခါ အရဟတ္တမဂ် ဇော (၅) , ပေါင်း (၁၉) ပါး စောနိုင်၏၊ သောမနဿ ဥပေက္ခာ အားဖြင့် ခွဲခြား စိတ်ဖြာပါ။ ရဟန္တာ ၏ မဟာကြိယာ နောင် အပ္ပနာ ။ ။ ရဟန္တာ ပုဂ္ဂိုလ်များ ၏ သန္တာန်၌ မဟဂ္ဂုတ် ကြိယာဈာန် (၉) ပါး ဖြစ်နိုင်၏၊ ဖလသမာပတ် ဝင်စားသောအခါ အရဟတ္တဖိုလ်ဇော (၅) ပါးတွင် ထိုက်သင့်သလို တစ်ပါးပါး ဖြစ်၏၊ အထက်မဂ်ကိုကား တိုးတက် ရဖွယ်မရှိပြီ၊မိမိ ရအပ်ပြီးသော မဂ်လည်း စိတ္တက္ခဏ တစ်ချက်ဖြင့် ဆိုင်ရာကိစ္စအားလုံး ပြီးဆုံး စေခဲ့ပြီ ဖြစ်သောကြောင့် ထပ်မံ၍ ဖြစ်ခွင့်မရှိ၊ ထို့ကြောင့် ရဟန္တာ ၏ မဟာကြိယာ ဉာဏသမ္ပယုတ် ဇော (၄) ပါးတွင် တစ်ပါးပါး နောင် မဟဂ္ဂုတ် ကြိယာ (၉) ပါးနှင့် အရဟတ္တဖိုလ်ဇော (၅) ပါး ပေါင်း (၁၄) ပါးသာ စောခွင့် ရှိ၏၊ သောမနဿ ဥပေက္ခာ အားဖြင့် ခွဲစိတ်ပြန်လျှင် မဟာကြိယာ သောမနဿ ဉာဏသမ္ပယုတ် ဇော (၂ )ပါးတွင် တစ်ပါးပါး နောင် ပဌမဈာန် ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန် ဖြစ်သော ရူပကြိယာဈာန် (၄) , အရဟတ္တဖိုလ်ဇော (၄) , ပေါင်း (၈) ပါးသာစောခွင့်ရှိ၏၊ ဥပေက္ခာ ဉာဏသမ္ပယုတ် နောက်၌ကား ရူပကြိယာပဉ္စမဈာန် (၁) , အရူပကြိယာဈာန် (၄) , အရဟတ္တဖိုလ် ပဉ္စမဈာန် (၁) , ပေါင်း (၆) ပါးသော အပ္ပနာ ဇောများ စောခွင့် ရှိသည်။ ~~~~~~~~ တဒါရမဏနိယာမ ************** သဗ္ဗထာပိ ပနေတ္ထ အနိဋ္ဌေ အာရမဏေ အကုသလဝိပါကာနေဝ ပဉ္စဝိညာဏသမ္ပဋိစ္ဆနသန္တီရဏတဒါရမနာနိ၊ ဣဋ္ဌေ ကုသလဝိပါကာနိ၊ အတိဣဋ္ဌေ ပန သောမနဿ သဟဂတာနေဝ သန္တီရဏတဒါရမဏာနိ။ အမှာ ။ ။ "သဗ္ဗထာပိ ပနေတ္ထ " ဟု အချို့စာရှိ၏၊ ရှေးဋီကာတို့၌ "သဗ္ဗတ္ထာပီတိ ပဉ္စဒွါရ မနောဒွါရေပိ" ဟု ဖွင့်၏၊ ထို ဋီကာတို့ အလို ပနေတ္ထ ဟု ရှိပုံမရ, "သဗ္ဗထ္ထာပိ ပန အနိဋ္ဌေ" ဟု ရှိဟန် တူသည်။ "ပနေတ္ထ " ဟု ရှိလျှင် သဗ္ဗထာပိ ဟုသာ ++++++++++++++++++++++++ သင်္ဂြိုဟ်ဘာသာဋီကာ စာ_ ၂၅၄ ရှိထိုက်သောကြောင့် "ဧတ္ထ _ ဤပဉ္စဒွါရ၌၊ သဗ္ဗထာပိ _ အတိမဟန္တ မဟန္တစသော အလုံးစုံ သော အပြား အားဖြင့် လည်း" ဟု အခြေပြု၌ အနက်ပေးခဲ့ပါသည်။ ဣဋ္ဌာရုံ အနိဋ္ဌာရုံ ။ ။ ပဉ္စဝိညာဏ်အစ တဒါရုံ အဆုံးရှိသော ဝိပါတ် စိတ်များ၏ ကုသလဝိပါတ် ဖြစ်ရခြင်း , အကုသလဝိပါတ် ဖြစ်ရခြင်း, သောမနဿ နှင့် ယှဉ်ရခြင့း, ဥပေက္ခာ နှင့် ယှဉ်ရခြင်း တို့မှာ ဣဋ္ဌ အတိဣဋ္ဌ အနိဋ္ဌာရုံ များနှင့် ဆက်သွယ်၍ ဖြစ်ကြရ၏။ ထို့ကြောင့် တွေ့မြင်သမျှ အာရုံတို့၌ ဣဋ္ဌာရုံ ပဲ အနိဋ္ဌာရုံ ပဲဟု ကွဲကွဲပြားပြား ခွဲခြား နိုင်ဖို့ ရှေးဦးစွာ အရေးကြီး၏၊ ထိုသို့ ခွဲခြားရာ၌ "ဣဋ္ဌာနိဋ္ဌာရမဏံ ပန ပါဋိယေက္ကံ ဝိဘတ္တံ အတ္ထီတိ၊ ကဿ ဝသေန ဝိဘတ္တံတိ၊ မဇ္ဈိမကသတ္တဿ" ဟု ခန္ဓဝိဘင်္ဂဋ္ဌကထာ၌ ဆို၏၊ ဆိုလိုရင်းကား _"ပြည့်ရှင်မင်းစသော အထက်တန်း လူ (နတ်)တို့သည် ရိုးရိုး ထမင်း ဟင်းလျာ စသည်ကိုပင် (ဣဋ္ဌဖြစ်ပါလျက်) မနှစ်သက်နိုင်ကြ၊ အလွန်အောက်ကျသောလူ (တိရစ္ဆာန် )တို့ကား ထမင်းသိုး ဟင်းပုပ်များကိုပင် (အနိဋ္ဌမှန်ပါလျက်) ဣဋ္ဌ ထင်နေကြ၏၊ ထို့ကြောင့် ဣဋ္ဌ အနိဋ္ဌအာရုံကို အလတ်တန်းစား လူအများ၏ အလိုအားဖြင့် ခွဲခြား ရမည်ဟု ဆိုလိုသည်၊ ထို့ကြောင့် အလတ်တန်းစား လူတို့၏ အလိုအားဖြင့် ကောင်းသော ရူပ, သဒ္ဒ, စသည့် အာရုံများ သည် ဣဋ္ဌတည်း၊ တွေ့ကြုံခဲလှသော ဘုရားရှင် ၏ အဆင်းတော် အသံတော် စသည်နှင့် ယောင်္ကျား မိန်းမတို့ ၏ အလွန် ကောင်းသော အဆင်း အသံ စသည်ကား အတိဣဋ္ဌ တည်း၊ ကျင်ကြီး ကျင်ငယ် အလောင်းကောင်နှင့် မကောင်းဆိုးဝါး သော အသံ အနံ့ အရား အတွေ့တို့သည် အနိဋ္ဌတည်းဟု ခွဲခြား ရာ၏၊ [ဣစ္ဆိတဗ္ဗံ _ အလိုရှိထိုက် ရှာမှီးထိုက်၏၊ ဣတိ _ ထို့ကြောင့် ၊ ဣဋ္ဌံ _ မည်၏၊ န+ဣဋ္ဌံ အနိဋ္ဌံ_ ဣဋ္ဌမဟုတ်, (ဣဋ္ဌ၏ ပြောင်းပြန် )။] ထေရဝါဒ ။ ။ ပြခဲ့သော ဣဋ္ဌ အနိဋ္ဌ အခွဲ သည် အဋ္ဌကထာလာ သမာနဝါဒတည်း၊ တိပိဋက စူဠာဘယထေရ်ကား "ဣဋ္ဌာနိဋ္ဌံ နာမ ဝိပါကဝသေနေဝ ပရိစ္ဆိန္နံ" ဟု ဆို၏၊ ဆိုလိုရင်းကား _ ဣဋ္ဌာရုံ အနိဋ္ဌာရုံ ဖြစ်ကြောင်း ကို ဝိပါတ်စိတ်ဖြင့် ပိုင်းခြား ရမည်၊ ဣဋ္ဌာရုံ နှင့်တွေ့လျှင် (ဇောမှာ သောမနဿ ဥပေက္ခာ ဒေါမနဿ စောချင်ရာ စောပါစေ ) ပဉ္စဝိညာဏ် စသော ဝိပါတ်စိတ်မှာ ဧကန် ကုသလဝိပါတ် သာတည်း၊ အနိဋ္ဌာရုံ နှင့် တွေ့လျှင် အကုသလဝိပါတ် သာတည်း၊ တိတ္ထိတို့သည် ဘုရား တရား သံဃာ နှင့် မဟာစေတီစသည်ကို မြင်ရ ကြားရလျှင် မျက်စိ နှင့် နားကို ပိတ်လျက် ဒေါသ ထွက်ကြ၏၊ သို့ရာဝယ် ထို အတိဣဋ္ဌာရုံဖြစ်သော ဘုရား စသည်ကို မြင်ရ ကြားရခြင်းသည် ရှေးကုသိုလ်ကံကြောင့် ဖြစ်ရကား ကုသလဝိပါတ် စိတ်များ ဖြစ်၏၊ ဒိဋ္ဌိဝိပ္ပလ္လာသကြောင့်သာ အတိဣဋ္ဌာရုံကို အနိဋ္ဌာရုံ ထင်လျက် ဒေါသဇော စောကြရှာလေသည်။ +++++++++++++++++++++ ဣဋ္ဌ အနိဋ္ဌ အခွဲ စာ_ ၂၅၅ ထို့ပြင် ရွာဝက်တို့သည် မစင်နံရလျှင် အလွန် ပျော်ရွှကြ၏၊ သို့သော် မစင်ကို မြင်ရ နံရ စားရ တွေ့ထိရမှူတို့မှာ အကုသလဝိပါတ် တို့ ချည်းသာတည်း၊ အကုသိုလ် ကံကြီးက ဖန်တီး လိုက်သည့် အတွက် အနိဋ္ဌာရုံ ကို ဣဋ္ဌာရုံ ထင်ကာ ပျော်ရွှင်အားရ သောမနဿ ဇော တွေ စော နိုင်ကြသည်၊ သခင်တို့က ဖွဲ့တုပ်၍ ကောင်းမြတ်သော အိပ်ရာပေါ်၌ တင်ထားအပ်သော ဝက်ကြီးသည် စိတ်မသက်သာ အော်မြည်ရှာ၏၊ သို့သော် ကောင်းမြတ်သော အိပ်ရာ ကို တွေ့ထိရမှူမှာ ကုသလဝိပါတ် သာတည်း၊ မျိုးဇာတ်အလိုက် အကုသိုလ် ကံကြောင့်သာ သညာဝိပလ္လာသ ဖြစ်လျက် ဒေါသ ဒေါမနဿ ဇော စောကာ အော်မြည်ရှာလေသည်၊ ဤသို့လျှင် "ဣဋ္ဌာရုံ အနိဋ္ဌာရုံ အဖြစ်ကို ဝိပါတ်စိတ်ဖြင့် ခွဲခြား ရမည်, ဇောဖြင့် မခွဲခြားရ" ဟု မိန့်ဆိုအပ်သော ထေရဝါဒ ကို အဋ္ဌကထာ ဆရာလည်း ထောက်ခံ ဖွင့်ပြပေသည်။ ထိုမှတစ်ပါး ဒွါရ နှင့် စပ်သဖြင့်လည်း ဣဋ္ဌ အနိဋ္ဌ အခွဲ ကို မှတ်သင့်သေး၏၊ ချဲ့ဦးအံ့ _ ပျော့ပျော့ပျောင်းပျောင်း အတွေ့ကောင်းသော မစင်သည် ကာယဒွါရ ၌ ဣဋ္ဌ, စက္ခုဒွါရ ဃာနဒွါရ တို့၌ အနိဋ္ဌ တည်း၊ ပတ္တမြား ဖြင့် ဦးခေါင်း ကို ပေါက်ခွဲရာ၌ ထို ပတ္တမြား ကို မြင်ရသော စက္ခုဒွါရ ၌ ဣဋ္ဌ, အထိခံရသော ကာယဒွါရ၌ အနိဋ္ဌတည်း၊ အချို့ဝတ္ထုများကား ကာလ အလိုက် ဣဋ္ဌ အနိဋ္ဌ ကွဲပြားသေး၏၊ ချဲ့ဦးအံ့ _ မီးသည် ချက်ပြုတ်လိုရာအခါ ဆောင်းအခါတို့၌ ဣဋ္ဌ , နွေအခါ၌ အနိဋ္ဌ တည်း၊ ရေသည် သောက်လိုရာအခါ နွေအခါတို့၌ ဣဋ္ဌ, ဆောင်းအခါ၌ အနိဋ္ဌ တည်း၊ အချို့ပန်း၌ အဆင်းသည် ဣဋ္ဌ, အနံကား အနိဋ္ဌ တည်း၊ဤသို့ စသည်ဖြင့် ဣဋ္ဌ အနိဋ္ဌ အဖြစ်ကို အလတ်စား ပုဂ္ဂိုလ်အားဖြင့်လည်းကောင်း, ဝိပါတ်စိတ် အားဖြင့် လည်းကောင်း, ဒွါရ အားဖြင့် လည်းကောင်း, ကာလ အားဖြင့် လည်းကောင်း, အဆင်း အနံ့ စသော အားဖြင့် လည်းကောင်း အမျိုးမျိုး ခွဲခြားရမည်။ [ဆောင်] အလတ်တန်းစား, ပုဂ္ဂိုလ်မှန်းလျက်, ဝိပါတ် _ ဒွါရ, ချိန်ကာလနှင့်, ရူပ_ဂန္ဓာ, နှိုင်းချင့်ကာဖြင့်, အနိဋ္ဌာလော, ဣဋ္ဌာလော, စစ်ကြော တွေ့တိုင်းပင်။ သဘညဝ ပရိကပ္ပအခွဲ ။ ။ ဣဋ္ဌ အနိဋ္ဌ အာရုံ နှစ်မျိုး လုံးပင် "သဘာဝ,ပရိကပ္ပ" ဟု နှစ်မျိုး စီ ကွဲပြားပြန်၏၊ အလတ်တန်းစား ပုဂ္ဂိုလ် ၌ ဝိပါတ် ဒွါရ ကာလ စသည်တို့ဖြင့် ခွဲပြအပ်ခဲ့သော အာရုံများ သည် သဘာဝ ဣဋ္ဌာရုံ သဘာဝ အနိဋ္ဌာရုံ များတည်း ၊ "ပင်ကိုယ်သဘောအတိုင်း အလိုရှိထိုက်/ မရှိထိုက်သော အာရုံများ" ဟူလို၊ အထက်တန်း ပုဂ္ဂိုလ်များနှင့် သလိပ် သည်းခြေ သွေးလေဖောက်ပြန်နေသော ဂိလာန, အရူး စသူတို့က ဣဋ္ဌာရုံ ကို မလိုလားနိုင်ကြ၊ ကောင်းမွန်သော အစာအာဟာရကိုပင် ဂိလာနစသူတို့က အနိဋ္ဌာရုံ ဟုသာ ထင်မှတ်ကြလေသည်၊ ထိုသူတို့ ထင်မှတ်အပ်သော ဣဋ္ဌာရုံ သည် ပရိကပ္ပအနိဋ္ဌာရုံမည်၏၊"သူတို့၏ စိတ်အကြံအားဖြင့် အနိဋ္ဌာရုံ " ဟူလို၊ ကျီး လင်းတ စသည်တို့ နှင့် ယခင် ဂိလာန အရူးစသူတို့သည် မစင်, +++++++++++++++++++++ သင်္ဂြိုဟ်ဘာသာဋီကာ စာ_၂၅၆ ခွေးကောင်ပုပ်, မကောင်းသော အစာ, အဝတ်စုတ် စသော အနိဋ္ဌာရုံ ကို ဣဋ္ဌာရုံ ဟု ထင်မှားကြပြန်၏။ ထို ထင်မှားအပ်သော အနိဋ္ဌာရုံ များသည် ပရိကပ္ပဣဋ္ဌာရုံ မည်၏၊ နတ်သမီး စသော အတိဣဋ္ဌာရုံများကို ဘုန်းကံ နည်းပါးသူတို့၌ အနိဋ္ဌာရုံ ထင်မှတ်လျက် မူးမေ့တွေဝေခြင်း , ဘုရားရှင် စသော အတိဣဋ္ဌာရုံ ကိုပင် ဒိဠိ ဝိပလ္လာသ ဖြစ်နေကြသော တိတ္ထိ စသူတို့က အနိဋ္ဌာရုံ ဟု ထင်မှတ်ခြင်း စသည်တို့လည်း ပရိကပ္ပအနိဋ္ဌာရုံများပင်တည်း။ ဝိပါတ်အမှန် ။ ။ ဝိပါတ် စိတ် တို့၌ အာရုံ အားလျော်စွာ သောမနဿ ဥပေက္ခာ ဝေဒနာ ယှဉ်ပုံမြဲသည်ကို "ဝိပါတ်အမှန် " ဟု ခေါ်၍, ဇောစိတ်တို့၌ အာရုံ အားလျော်စွာ ဝေဒနာ ယှဉ်ပုံ မမြဲသည်ကို "ဇောအပြန်" ဟု ပြောစမှတ် ပြုကြသည်၊ ချဲ့ဦးအံ့ = သဘာဝဣဋ္ဌာရုံ အတိဣဋ္ဌာရုံ များကို ရှေးကုသိုလ် ကံ ကြောင့်သာ တွေ့ကြုံရသောကြောင့် သဘာဝဣဋ္ဌာရုံ နှင့် တွေ့ကြုံသောအခါ ကုသလဝိပါတ် ဥပေက္ခာ သဟဂုတ် သန္တီရဏ တဒါရုံ များဖြစ်၍, သဘာဝအတိဣဋ္ဌာရုံနှင့် တွေ့ကြုံသောအခါ ကုသလဝိပါတ် သောမနဿ သန္တီရဏ တဒါရုံ များ ဖြစ်ကြ၏၊ သဘာဝအနိဋ္ဌာရုံနှင့် တွေ့ကြုံသောအခါ ၌ကား အကုသလဝိပါတ် ဥပေက္ခာ သဟဂုတ် သန္တီရဏ တဒါရုံ များ ဖြစ်ကြသည်၊ (ပဉ္စဝိညာဏ် သမ္ပဋိ စ္ဆိုင်း တို့မှာ ဝေဒနာ အားဖြင့် အကွဲအပြား မရှိ၊) ဤသို့ ဝိပါတ် စိတ်များ၌ အာရုံအလိုက် ဝေဒနာ ယှဉ်ပုံ မှန်ကြောင်း ကို ရည်သန်၍ "ဝိပါတ် အမှန်" ဟု ပြောစမှတ် ပြုကြသည်၊ "သဗ္ဗထာပိ ပနေတ္ထ အနိဋ္ဌေ ၊ပေ၊ သောမနဿသဟဂတာနေဝ"ဟူသော သင်္ဂြိုဟ် ၌လည်း ဤအဓိပ္ပါယ်များပါဝင်သည်။ ဇောအပြန် ။ ။ သိတ်ဖောက်ပြန်မှူဟူသော စိတ္တဝိပလ္လာသ, အမှတ်မှားမှူဟူသော သညာဝိပလ္လာသ, အယူမှားမှူဟူသော ဒိဠိဝိပလ္လာသ မကင်းကြသော ပုထုဇဉ် နှင့် ရှေ့ ဝိပလ္လာသ နှစ်မျိုး မကင်းသေးသော သေက္ခပုဂ္ဂိုလ်တို့ သန္တာန်၌ ဖြစ်လေ့ရှိသော ကုသိုလ်ဇော အကုသိုလ် ဇော များသည် တခါတရံ အာရုံ အားလျော်စွာ အတိဣဋ္ဌာရုံ ၌ သောမနဿ ဇော ဣဋ္ဌမဇ္ဈတ္တာရုံ၌ ဥပေက္ခာဇော , အနိဋ္ဌာရုံ ၌ ဒေါသဇော ဖြစ်လေ့ရှိ၏၊ တစ်ခါတစ်ရံ ၌ကား ထိုဝိပလ္လာသတို့ကြောင့်သော်လည်းကောင်း , အနိဋ္ဌာရုံ ကို ခင်မင်နှစ်သက်ဖို့ရာ အကုသိုလ် ကံ ပါလာသောကြောင့်သော်လည်းကောင်း , ဘုရားစသော အတိဣဋ္ဌာရုံ၌ တိတ္ထိ တို့မှာ ဒေါသဇော စောကြလေ၏၊ မစင် ခွေးကောင်ပုပ် စသော အနိဋ္ဌာရုံ ၌ ကျီး လင်းတ တို့မှာ သောမနဿ ဇော စောကြ၏၊ ထို ဘုရား စသော အတိဣဋ္ဌာရုံ နှင့် အနိဋ္ဌာရုံ တို့၌ပင် အချို့ စိတ်ဖောက်ပြန်နေသော အရူးစသူတို့မှာ ဥပေက္ခာ ဇော စောကြ၏၊ ဤသို့လျှင် ကုသိုလ် အကုသိုလ် ဇောတို့၏ အာရုံသဘောကို အခါခပ်သိမ်း မလိုက်ရောဘဲ ဝေဒနာ ယှဉ်ပုံ ဗလောင်းဗလဲ ဖြစ်ဟန်ကို ရည်သန်၍ "ဇောအပြန် " ဟု ပြောစမှတ် ပြုကြလေသည်။ ++++++++++++++++++++++++- mmoo

ဝီထိပိုင်း ..... စာ ၂၄၈ ၂၄၉. ၂၅၀ ၂၅၁ ၂၅၂ သင်္ဂြိုဟ်ဘာသာဋီကာ စာ_ ၂၄၈ ယထာရဟံ စတုတ္ထံ ဝါ ပဉ္စမံ ဝါ ယထာဘိနီိဟာရဝသေန ယံကိဉ္စိ ။ ။ ယခင် ဥပစာရ သမာဓိ ဇော များက ၃ ကြိမ် စောခဲ့လျှင် အပ္ပနာ သမာဓိ ဇော က ၄ ကြိမ်မြောက်မှာ စောရမည်၊ ယခင် ဥပစာရ သမာဓိ ဇောက ၄ ကြိမ် စောခဲ့လျှင် ဤ အပ္ပနာ သမာဓိ ဇောက ၅ ကြိမ်မြောက်မှာ သောရမည်၊ ဤသို့ ထိုက်သင့်သလို စောခွင့်ရှိသည် ဟူလို၊ အပ္ပနာ ဇော ၂၆ ပါးတွင် တစ်ပါးပါး စောရာ၌ ယထာဘိနီိဟာရ ၏ အစွမ်းဖြင့် စောကြသည်၊ ဈာန်ရအောင် အားထုတ် သူသည် မိမိ၏ သမထဘာဝနာစိတ်ကို ဈာန်သို့ ရှေးရှူဆောင်၏၊ ဈာန်အများတွင်လည်း ပဌမဈာန် ရအောင် အားထုတ် သူက မိမိ၏ သမထဘာဝနာစိတ်ကို ပဌမဈာန် စိတ်သို့ ရှေးရှူဆောင်၏၊ ဒုတိယဈာန် စသည်ကို အားထုတ် သူကလည်း မိမိ၏ သမထဘာဝနာစိတ်ကို ဒုတိယဈာန် သို့ ရှေးရှူဆောင်၏၊ မဂ်ဖိုလ် ရအောင် အားထုတ် သူကလည်း မိမိ၏ ဝိပဿနာ ဘာဝနာ စိတ်ကို မဂ်ဖိုလ် သို့ (မဂ်ဖိုလ် အများတွင်လည်း မိမိအားထုတ်သော မဂ်ဖိုလ် သို့) ရှေးရှူဆောင်၏_ ဟူလို၊ [အဘိနီဟရဏံ အဘိနီဟာရော (စိတ်ကို ရှေးရှူဆောင်ခြင်း) ယော ယော အဘိနီဟာရော ယထာဘိနီိဟာရံ(အကြင် အကြင်သို့သော ရှေးရှူဆောင်ခြင်း) တစ်နည်း _ အဘိနီဟာရဿ အနုရူပံ ယထာဘိနီိဟာရံ (ရှေးရှူဆောင်ခြင်းအား လျော်သည်၊) ယထာဘိနီိဟာရံ + ဝသော ယထာဘိနီိဟာရဝသော (အကြင် အကြင် သို့သော စိတ်ကိုရှေးရှူ ဆောင်ခြင်း၏ အစွမ်း၊ ဝါ _ စိတ်ကို ရှေးရှူဆောင်ခြင်းအား လျော်သည်၏ အစွမ်း။)] တတော ပရံ အပ္ပနာဝသာနေ ဘဝင်္ဂပါတောဝ ။ ။ အပ္ပနာ ဝသာနေကို မထည့်ဘဲ "တတော ပရံ ဘဝင်္ဂပါတောဝ " လောက်တွင် ဆိုက "ထို (၄) ကြိမ်မြောက် (၅) ကြိမ်မြောက်မှာ အပ္ပနာ ဇော (၁) ကြိမ် ဖြစ်ပြီးနောက် ဘဝင်ကျတော့သည်" ဟု ယူမှားမည် စိုးသောကြောင့် အပ္ပနာဝသာနေဟု ထည့်ရသည်၊ (၄) ကြိမ်မြောက် (၅) ကြိမ်မြောက် မှာ အပ္ပနာ ဇော စ၍ စော၏။ ထိုအပ္ပနာဇောကား (ဇဝန နိယာမ အတိုင်း) တချို့ဝီထိ၌ (၁) ကြိမ်, တချို့ဝီထိ၌ (၂) ကြိမ် (၃) ကြိမ် က စ၍ နေ့ရော ညဥ့်ပါ ရက်ပေါင်း အတော်ကြာအောင် ဆက်ကာ ဆက်ကာ ဖြစ်သောကြောင့် "ထိုဖြစ်ခွင့်ရှိသမျှ အပ္ပနာ ဇော ဆုံးမှသာ ဘဝင်ကျသည"် ဟူလို၊ "တထာ တဒါရမဏုပ္ပါဒေါ စ" ပါဌ်ဖြင့် အပ္ပနာ ဇဝနဝါရ၌ တဒါရုံ မဖြစ်ကြောင်းကို ဆိုခဲ့ပြီး ဖြစ်၍၊ "ဘဝင်္ဂပါတောဝ" ၌ ဧဝ သဒ္ဒါ ဖြင့် တဒါရုံ မဖြစ်ကြောင်းကို ကန့်ဖွယ် မလို၊ ကေစိဆရာတို့က "ဇော (၇) ကြိမ် မပြည့်သေးလျှင် အပ္ပနာ ဇောနောင် (၇) ကြိမ်ပြည့်အောင် ကာမဇော ဆက်၍ စော၏၊" ဟု ယူလိုကြသတဲ့၊ ထိုအယူဝါဒကို ပယ်၍ "အပ္ပနာ ဝသာနေ ဘဝင်္ဂပါတောဝ" ဟု ဧဝ သဒ္ဒါ ကို မိန့်သည်။ "အပ္ပနာ ဇော အဆုံး၌ ကာမဇော တစ်စုံတစ်ခု မျှ မစောတော့ပဲ ဘဝင်သာ ကျတော့သည် "ဟူလို။ ======================= အပ္ပနာဇောဝါရ စာ _ ၂၄၉ ပရိကမ္မ ။ ။ ပရိကရောတိ အပ္ပနံ အဘိသင်္ခရောတီတိ ပရိကမ္မံ၊ ယံ စိတ္တံ _ အကြင်စိတ်သည်၊ ပရိကရောတိ အပ္ပနံ အဘိသင်္ခရောတိ _ အပ္ပနာ ကို ပြုစီမံတက်၏၊ ဣတိ _ ထို့ကြောင့် ၊ တံ စိတ္တံ _ ထိုစိတ်သည်၊ ပရိကမ္မံ _ ပရိကံမည်၏၊ "အပ္ပနာ ဖြစ်ပေါ်လာအောင် ပြုတက်သောစိတ်" ဟူလို။ ဥပစာရ ။ ။ သမီပေ _ အပ္ပနာ ၏ အနီး၌ ၊ စရတီတိ _ ဖြစ်တက်သည်၏ အဖြစ်ကြောင့်၊ ဥပစာရော _ ဥပစာရ မည်၏၊ " အိမ်ဥပစာ ကျောင်းဥပစာသည် အိမ်ကျောင်းတို့နှင့် တဆက်တည်း ဆက်နေသည် မဟုတ်၊ အိမ်ကျောင်းတို့၏ အနီးအပါးလောက်မှာ တည်ရှိသကဲ့သို့ , ထို့အတူ အပ္ပနာ နှင့် တဆက်တည်း ဆက်နေသော ဂေါတြဘု ကို "ဥပစာ" ဟု မခေါ်ရ , အပ္ပနာ ဇော၏ အနီးအပါး (ဂေါတြဘု ၏ ရှေ့ နားက) စိတ်များကို သာ "ဥပစာ" ဟု ခေါ်ရသည်။ [အနစ္စာသန္နောပိ ဟိ နာတိဒူရဂ္ဂဝတ္တိသမီပစာရီ နာမ ဟေါတိ၊_မဟာဋီကာ ] အနုလောမ ။ ။ ရှေးရှေး ပရိကံတို့၏ ကိစ္စကိုလည်း ဆက်လက်၍ ရွက်ဆောင်တက်, ထိုကိစ္စအတွက် အပ္ပနာ ကိုလည်း ပေါ်လာစေတက်၍ ရှေးရှေးပရိကံနှင့် နောက် အပ္ပနာ အား လျော်သောကြောင့် "ပုဗ္ဗာပရာနံ အနုလောမေတိ" ဟူသော ဝစနတ်အရ အနုလောမ မည်၏၊ ပုဗ္ဗာပရာနံ _ ရှေးရှေးပရိကံနှင့်နောက်နောက် အပ္ပနာ တို့အား ၊ အနုလောမေတိ _ လျော်စွာ ဖြစ်တက်၏၊ ဣတိ_ထို့ကြောင့် ၊ အနုလောမံ _ အနုလောမ မည်၏၊ ရှေးရှေးပရိကံဟူရာ၌ အပ္ပနာ ဝီထိတွင်းက ပရိကံ ကို ဆိုလိုသည် မဟုတ်ပါ၊ အပ္ပနာ ဝီထိ မရောက်မီ ရှေးရှေး ဝီထိတွင်းတုန်းက ဖြစ်သမျှ ဇော တို့ကိုလည်း အပ္ပနာ ပေါ်လာအောင် စီမံပေးကြသည် ဖြစ်၍ ပရိကံ ဟုပင် ခေါ်ဆိုရသည်၊ ထို့ကြောင့် ဝိသုဒ္ဓိမဂ်၌ _"ဣတော ပုဗ္ဗေ ပရိကမ္မာနံ ဥပရိ အပ္ပနာယ စ အနုလောမတော အနုလောမာနီတိ ဝုစ္စန္တိ" ဟု ဖွင့်ပြီးလျှင်, မဟာဋီကာ ၌ _ဣတော ပုဗ္ဗေ ပရိကမ္မာနံတိ နာနာဝဇ္ဇနဝီထိယံ ပရိကမ္မာနံ " ဟု ဖွင့်သည်၊ [ဂေါတြဘု ခေါ်ပုံကို ကမ္မဠာန်း ပိုင်း၌ တိုက်ရိုက် တွေ့ရလတ္တံ့။ အပ္ပနာဘိသင်္ခါရတ္တာ, သမီပစာရဘာဝတော၊ ပုဗ္ဗာပရာနုလောမတ္တာ, ကာမဂေါတ္တာဒိဘီဘဝါ၊ ပရိကမ္မောပစာရာနု_ လောမဂေါတြဘုနာမကာ။ အပ္ပနာဘိသင်္ခါရတ္တာ_ အပ္ပနာ ဖြစ်ဖို့ရန် ပြုစီမံတက်သည်၏ အဖြစ်ကြောင့်၊ လည်းကောင်း ၊ သမီပစာရဘာဝတော _ အပ္ပနာ၏ အနီး ဥပစာ၌ ဖြစ်သည်၏ အဖြစ်ကြောင့် လည်းကောင်း ၊ ပုဗ္ဗာပရာနုလောမတ္တာ_ ရှေးရှေးပရိကံ, နောက်နောက် အပ္ပနာ ဇောအား လျော်သည်၏ အဖြစ်ကြောင့် လည်းကောင်း ၊ ကာမဂေါတ္တာဒိဘီဘဝါ _ ကာမအနွယ် ပုထုဇဉ် အနွယ်ကို လွမ်းမိုးခြင်းကြောင့်လည်းကောင်း၊ ပရိကမ္မောပစာရာနုလောမဂေါတြဘုနာမကာ _ ပရိကံ ဥပစာ အနုလုံ ဂေါတြဘု ဟူသော အမည် ရှိကြကုန်၏၊၊ ======================== သင်္ဂြိုဟ်ဘာသာဋီကာ စာ _ ၂၅၀ မှတ်ချက် ။ ။ ဤပြအပ်သော ဝစနတ္ထ အရ ထိုစိတ် (၄) မျိုးတွင် ပဌမစိတ်ကို ပရိကံ ဥပစာ အနုလုံ ဟု နာမည် (၃) မျိုး ခေါ်နိုင်၏၊ ဒုတိယ တတိယ စိတ်များကို လည်း နာမည် (၃) မျိုးလုံးပင် ခေါ်နိုင်၏၊ သို့သော် နာမည်ခြင်း မရောယှက်စေလိုသောကြောင့် ပြပြီး နာမည် ကို ထပ်မပြဘဲ ပဌမစိတ်ကို ပရိကံ, ဒုတိယစိတ်ကို ဥပစာ, တတိယစိတ်ကို အနုလုံ ဟု ဆိုသည်၊ စတုတ္ထစိတ်ကိုကား ဂေါတြဘု ဟုသာ ခေါ်ဆိုနိုင်၏၊ ဤ ဂေါတြဘု ကို "ဝေါဒါန_ ဝေါဒါန်"ဟု သုံးစွဲ သော အရာလည်း ရှိသေး၏၊ ဝီထိ ဆိုရိုး၌ တွေ့ရလတ္တံ့။ (၆)ကြိမ်(၇)ကြိမ်မြောက် ၌ အပ္ပနာ ဇော မစောနိုင် ။ ။ ချောက်ကမ်းပါး ပြတ်သို့ အဟုန်ပြင်းစွာ ရှေးရှူပြေးလာသော ယောင်္ကျား သည် ချောက်ကမ်းပါး ထိပ်သို့ ရောက်လျှင် ရပ်ချင်သော်လည်း မရပ်နိုင်ပဲ, နီးကပ်နေသော ချောက်ကမ်းပါး ၌ ကျဖွယ် ရှိသကဲ့သို့ ထို့အတူ အဟုန်ပြင်းစွာ ဖြစ်လာခဲ့သော ဇောအစဉ်သည် (၆)ကြိမ် (၇) ကြိမ်မြောက် တွင် ဘဝင်နှင့် နီးကပ်နေသောကြောင့် ထို ဘဝင်တည်း ဟူသော ချောက်ကမ်းပါး သို့ ကျဆင်းဖွယ်ဖြစ်တော့၏၊ အပ္ပနာ ဇောအဖြစ် မားမားမတ်မတ် ရပ်တည်ခြင်းငှါ မစွမ်းနိုင်၊ သို့အတွက် (၆) ကြိမ် (၇) ကြိမ်မြောက် မှာ အပ္ပနာ ဇော မစောဘဲ (၄) ကြိမ်မြောက် (၅) ကြိမ်မြောက် ၌သာ စောရသည်၊၊ [အဋ္ဌသာလိနီ ၌ တမျိုး လာသေး၏။] ========================== စာ_ ၂၅၀ [ဆောင်] ကမ်းပါးရှေးရှူ, ပြေးသသူကား, ကမ်းမူထိပ်ဖျား, ရပ်လိုငြားလည်း,ကမ်းပါးချောက်နက်, နီးသည့်တွက်ကြောင့်, တန့်လျက်မြဲခိုင်, မရပ်နိုင်သို့, အပြိုင်မှတ်လောက်, ခြောက်ခွန်မြောက်လည်း, ကမ်းစောက်အသွင်, နောက်ဘဝင်နှင့်, အစဉ်နီးစပ်, ကျဖို့ကပ်သဖြင့်, မြတ်အပ္ပနာ, မရပ်သာသည်, ......မှတ်ပါစေဖို့ ကဗျာတည်း။ (၃) ကြိမ်မြောက် လည်း အပ္ပနာ ဇော မဖြစ်နိုင် ။ ။ (၆) ကြိမ်မြောက် (၇) ကြိမ်မြောက် မှာ ဘဝင်နှင့် နီးကပ်နေသဖြင့် မဖြစ်သင့်လျှင် ရှိပါစေတော့၊ (၃) ကြိမ်မြောက် မှာ အဘယ့်ကြောင့် အပ္ပနာ ဇော မဖြစ်နိုင်သနည်း ဟု မေး၊ အဖြေကား _ အပ္ပနာ ဇောဖြစ်သော ဈာန် မဂ်ဖိုလ်တို့သည် ဂေါတြဘု ကကျေးဇူးပြုမှ ဖြစ်ပေါ်နိုင်ကြ၏၊ ဂေါတြဘု ရှေ့ က အနုလုံ ဇောသည်လည်း မိမိရှေ့ကထောက်ပံ့မည့် အာသေဝနပစ္စည်း မရ၍ (၁) ကြိမ်တည်း ဖြစ်ရလျှင် အားနည်းလှသဖြင့် ဂေါတြဘု ပေါ်လာအောင် ပင် မတက်နိုင်သေးချေ၊ ထို့ကြောင့် အနုလုံ, ဂေါတြဘု, ဈာန်ဟု (၃) ကြိမ်မြောက် မှာ အပ္ပနာဇော မစောနိုင်။ [ဆောင်] အာသေဝန, ပစ္စယကို, မရသေးလစ်, နုလုံတစ်ကား, သစ်သစ်အားပြု, နည်းပါးမှူကြောင့်, ဂေါတြဘု ဖြစ်အောင်, စွမ်းမပြောင်ခဲ့၊ ရှေ့ဆောင် ဂေါတြဘူ, မဖြစ်မူကား, သုံးဆူမြောက်မှာ , အပ္ပနာ သည်, ....ဘယ်ခါ မရှိနိုင်ဘူးတည်း။ ==================?==== အပ္ပနာဇောဝါရ စာ_ ၂၅၁ သင်္ချာ ရှေ့ နောက်စဉ်ပုံ ။ ။ ဥပစာရ သမာဓိ ဇောတုန်းက "စတုက္ခတ္တုံ တိက္ခတ္တုံ" ဟု အများကို ရှေ့ အနည်းကို နောက်ထားပြီးလျှင် , ဤ အပ္ပနာ ဇော၌ အဘယ့်ကြောင့် "စတုတ္ထံ ဝါ ပဉ္စမံ ဝါ" အနည်းကို ရှေ့ အများကို နောက်ထားရပါသနည်း၊ ရှေ့ နောက် ညီအောင် "စတုက္ခတ္တုံ တိက္ခတ္တုံ,ပဉ္စမံ စတုတ္ထံ " ဟု သော် လည်းကောင်း, " တိက္ခတ္တုံ စတုက္ခတ္တုံ, စတုတ္ထံ ပဉ္စမံ" ဟု သော်လည်းကောင်း အစဉ်ပြုထိုက်သည် မဟုတ်လော ဟု မေး၊ အဖြေကား _ "ပရိကမ္မောပစာရာနုလောမ ဂေါတြဘုနာမေန"ဟု အမည် (၄) မျိုး ပြခဲ့သည့် အားလျော်စွာ ထို အမည် (၄ )ပါး အကြွင်း မရှိသော ဇောဝါရကို ရှေးဦးစွာ ပြလိုသောကြောင့် "စတုက္ခတ္တုံ " ဟု အများသင်္ချကို ရှေ့ ထား၍ တိက္ခတ္တုံ ကို နောက်ကထားသည်၊ အပ္ပနာ ဇော ၌ကား ထိုကဲ့သို့ ပြဖွယ်မလို၊, ရှေ့က (၄) ကြိမ်စောလျှင် နောက် အပ္ပနာ ဇောက (၅) ကြိမ်မြောက်, ရှေ့ က (၃) ကြိမ်စောလျှင် နောက်အပ္ပနာဇောက (၄) ကြိမ်မြောက် ဖြစ်ဖို့ ရာ လွန်စွာ ထင်ရှား သောကြောင့် "၄_၅" ဆိုတဲ့ သင်္ချာ အစဉ် ကျအောင် "စတုတ္ထံ,ပဉ္စမံ" ဟု ပဉ္စမံ ကို နောက်ထား၍ ပြတော်မူသည်။ [ဆောင်] ပရိကမ္မ, စသည့်လေးလီ, အမည်အားလုံး,သိမ်းကျုံး ၍ရ,ဇောဝါရကို, ပြခဲ့လို၍,မိန့်ဆိုလေအပ်, စတုက္ခတ္တုံ, အစခြုံ၍၊ တစ်ဖုံထို့နှယ်,ပြဖွယ်ကင်းကွာ, သင်္ချာ တွင်ထုံး, စဉ်တိုင်းသုံးသည်,......အဆုံး ပဉ္စမံပေတည်း။ သောမနဿသဟဂတဇဝနာနန္တရံ အပ္ပနာပိ ၊ပေ၊ ဥပေက္ခာသဟဂတာဝ ။ ။ ဇောတို့ မည်သည် အာသေဝနပစ္စည်းတပ်သော တရားများ ပေတည်း၊ အာသေဝနကို မြန်မာလို "အထုံ" ဟု ခေါ်၏၊ ဥပမာ _ နံ့သာကို ထုံမွှမ်းရာ၌ နောက်နောက် နံ့သာက အနံ့ချင်း တစ်ထပ်တည်း တူသော် လည်းကောင်း, ဆင်တူယိုးမှား လောက် ရှိသော် လည်းကောင်း, မူလအနံ့ မပြောင်းဘဲ ကောင်းသည်ထက် ကောင်းလာနိုင်သည်၊ အကယ်၍ အနံ့ချင်း ကွဲပြားလွန်းနေလျှင် အထုံမရဘဲ အနံအားလုံး ပျက်ပြယ် ပြယ် ဖြစ်နေသကဲ့သို့ ထို့အတူ အာသေဝနပစ္စည်း တပ်သော ဇောတို့သည် ကုသိုလ် _ ကုသိုလ် သတ်သတ်, ကြိယာ_ ကြိယာသတ်သတ် ထပ်၍ ဖြစ်ကြရာတွင် ရှေ့ က ကာမဇော, နောက်က မဟဂ္ဂုတ် ဇော ဟု ဘုံချင်း ကွဲပြားစေကာမူ ဆင်တူယိုးမှား ဖြစ်သည့်အတွက် အာသေဝန (အထုံ) မပျက်ချေ၊ရှေ့က သောမနဿ, နောက်က ဥပေက္ခာ, သို့မဟုတ် ရှေ့ က ဥပေက္ခာ နောက်က သောမနဿ ဟု ဝေဒနာ ချင်း ကွဲပြားနေပါမူကား အာသေဝန (အထုံ) ပျက်ပေလိမ့်မည်၊ စိတ်သဘောသွားကို စဉ်းစားပြန်လျှင်လည်း "ဇော အစဉ်တတန်းဝယ် ရှေ့ ဇောက ဝမ်းမြောက်လိုက်, နောက်ဇောက လျစ်လျူရှု လိုက်, ထို့နောက် ဇောက ဝမ်းမြောက်လိုက် " ဟု အပြောင်း အလွဲ မမြန်ထိုက်၊ ထို့ကြောင့် "သောမနဿသဟဂတဇဝနာနန္တရံ အပ္ပနာပိ သောမနဿသဟဂတာဝ" စသည်ဖြင့် မိန့်တော်မူရပေသည်။ ===========================
ဝီထိပိုင်း @@@@@ စာ ၂၄၃ ၂၄၄ ၂၄၅ ၂၄၆ ၂၄၇ အတီတဘဝင် ချ/မချထိုက် ၂၄၃ ဆက်ဦးအံ့ _ ထို စေတသိက်များနှင့် တွဲဖက် ၍ အလိုရှိရာ အာရုံကို ရှာဖွေနေစဉ် မဆိုင်သော အာရုံ , ဆင်တူယိုးမှား အာရုံများ ကိုလည်း တွေ့ရ သိရ၏၊ ဥပမာ _ ကျမ်းဂန်၏ လေးနက်သော အဓိပ္ပါယ် ကို ရှာဖွေနေစဉ် အမှားအဓိပ္ပါယ် , ဆင်တူယိုးမှား အဓိပ္ပါယ် များကို တွေ့ရ သကဲ့သို့ လည်းကောင်း , နိဗ္ဗာန် ကို မှန်း၍ ကမ္မဋ္ဌာန်း စီးဖြန်းနေစဉ် (နိဗ္ဗာန် ကို ရှာဖွေနေစဉ် ) နိဗ္ဗာန် မတွေ့ခင် အမျိုးမျိုး သော အာရုံများကို တွေ့ရ မြင်ရ သိရသကဲ့သို့ လည်းကောင်း တည်း၊ ထိုကဲ့သို့ မဆိုင်သော အာရုံများ ကို တွေ့ရသည်မှာလည်း စိတ်က ရှာဖွေသည့် အတွက် တွေ့ရသောကြောင့် စိတ်၏ အစွမ်းပင် ဖြစ်သည်၊ ထိုသို့ ရှာဖွေရာ၌ စိတ်သည် အာရုံရှိရာအရပ်သို့ ရောက်အောင်လည်း သွားသည်မဟုတ်, အာရုံကိုလည်း မိမိအထံသို့ရောက်အောင် ဆွဲငင်၍ မယူနိုင်၊ သို့ရာတွင် ပြခဲ့သော ဒိဠိ သုတ စသော အကြောင်းကြောင့် ဘဝင်တည်း ဟူသော မနော၌ အမျိုးမျိုး ထင်မြင်အောင် ကြံဆောင်စိတ်ကူးနိုင်သည်မှာ ဝိတက် ဝိစာရ မနသိကာရ ဟူသော အဖော်ကောင်းများကို ရခြင်းကြောင့်ဖြစ်သည်။ အတီတဘဝင် ချထိုက် /မချထိုက် ။ ။ "ဧကစိတ္တက္ခဏာတီတကံ" စသည်ကို မဆိုဘဲ "ယဒိ ဝိဘူတမာရမဏံ အာပါတမာဂစ္ဆန္တိ" ဟုသာ ဆိုခြင်းကြောင့် မနောဒွါရ ဝီထိ များ၌ အတီတဘဝင် ချထိုက် မချထိုက် ကို စိစစ်လေ့ ရှိရကား ဤကျမ်း၏ အလိုကိုလည်း ပြဦးအံ့_ စိတ် စေတသိက်တို့ သည် ပင်ကိုယ်က စိတ္တက္ခဏ တစ်ချက်ခန့်မျှသာ အသက်ရှည်၏၊ သို့အတွက် စိတ် စေတသိက် အာရုံထင်လာရာ၌ အတီတဘဝင် မချထိုက် ၊ အတိက်ရုပ်တရားတို့သည် ချုပ်ကွယ်လေပြီ၊ အနာဂတ် ရုပ်တရားတို့ကား လုံးဝ မဖြစ်ကြသေး၊ ပညတ်တရား တွေမှာ ဥပါဒ် ဌီ ဘင် အထင်အရှား မရှိကြ၊ နိဗ္ဗာန် တရားသည်လည်း ဥပါဒ် ခြင်း သဘောရှိသော တရားမဟုတ်၊ ထို့ကြောင့် အတိက် အနာဂတ် ရုပ်တရားနှင့် ပညတ် နိဗ္ဗာန် တို့ ထင်လာရာ ၌လည်း ဥပါဒ် ပြီးနောက် စိတ္တက္ခဏ မည်မျှ လွန်မှ ထင်လာသည်ဟု ဆိုဖွယ် မရှိရကား အတီတဘဝင် ချဖွယ်မလို။ ပစ္စုန်ပ္ပန်ရုပ် ။ ။ ဥပါဒ် ဌီ ဘင် ရစကောင်းသော ပစ္စုန်ပ္ပန်ရုပ်များ အတွက် စိစစ်ဖွယ် ရှိသေး၏၊ စိစစ်ပါဦးအံ့_ ဝိညတ်ဒွေးနှင့် လက္ခဏရုပ် (၄ )ခုတို့သည် ရုပ်တို့ ထုံးစံ အတိုင်း စိတ္တက္ခဏ (၁၇) ချက် အသက်မရှည်ကြပေ၊ အာကာသဓာတ် ဟူသော ပရိစ္ဆေဒ ရုပ်လည်း ဥပါဒ် ဌီ ဘင် အထင်အရှား ရှိစကောင်းသော ပရမတ် အစစ် မဟုတ်၊ လဟုတာ မုဒုတာ ကမ္မညတာ တို့လည်း ရုပ်တရားတို့၏ ထူးထွေသော အခြင်းအရာ အာကာရမျှ သာတည်း၊ အတိအလင်း ရှင်းရှင်း ပြောရလျှင် ယခု ပြအပ်ခဲ့သော အနိပ္ဖန္နရုပ် ၁၀ ပါးသည် ပရမတ် မဟုတ်၊ ပညတ်တွေသာတည်း၊ [ပညတ်ဖြစ်ပုံမှာ ရုပ်ပိုင်း၌ ထင်ရှား ပါလိမ့်မည်၊] ထို့ကြောင့် အနိပ္ဖန္နရုပ်ဝ ပါးတို့ ထင်လာရာ၌ ဥပါဒ် ပြီးနောက် စိတ္တက္ခဏ မည်မျှ လွန်မှ ထင်လာ၏ ဟု ========================= သင်္ဂြိုဟ်ဘာသာဋီကာ စာ_ ၂၄၄ သတ်မှတ် ၍ မရကောင်းရကား အတီတဘဝင် ချဖွယ်မလို။ ပစ္စုန်ပ္ပန် နိပ္ဖန္နရုပ်တို့ ထင်လာရာ၌ ကား အချို့ရုပ်တို့သည် ဥပါဒ် လျှင် ဥပါဒ် ခြင်း ထင်ပေလိမ့်မည်၊ စိတ်၏ အစွမ်းကြောင့် ဌီသို့ရောက်အောင် ဆိုင်းငံ့ လိမ့်မည်မဟုတ်၊ အချို့ရုပ်များကား ဥပါဒ် ပြီးနောက် ထိုက်သင့်သမျှ စိတ္တက္ခဏကို လွန်ပြီးမှ ထင်လာနိုင်ပေလိမ့်မည်၊ ထိုရုပ်များအတွက် အတီတဘဝင် ချထိုက်သော မနောဒွါရဝီထိ များလည်း ရှိသင့်ပေသည်၊ ဤ အဓိပ္ပါယ်အတိုင်း ခန္ဓဝိဘင်း မူလဋီကာ၌လည်း "မနောဒွါရေ ပန ဥပ္ပါဒက္ခဏေပိ အာပါတမာဂစ္ဆတိ" ဟု မိန့်ပြီ၊ ဤ၌ ဥပ္ပါဒက္ခဏေပိဝယ် အပိဖြင့် ဌီခဏကို ဆည်းပါ။ ပစ္စုန်ပ္ပန်စိတ်ကို အာရုံပြုပုံ ။ ။ သူတစ်ပါး ၏ ပစ္စုန်ပ္ပန် စိတ်ကို ပိုင်နိုင်စွာ အာရုံပြုနိုင်သော ပရစိတ္တဝိဒူပုဂ္ဂိုလ်သည် သူတစ်ပါး ၏ ပစ္စုန်ပ္ပန် စိတ်ကို အာရုံပြုရာ၌ အာရုံက "မနောဒွါရဝဇ္ဇန်း ဇော ဇော ဇော ဇော ဇော" ဟု ဖြစ်လျှင် , အာရမဏိကစိတ်ကလည်း " မနောဒွါရဝဇ္ဇန်း ပ ,ဥ ,အ ,ဂေါ ,ဘိ " ဟု ဖြစ်သောကြောင့် အာရမဏိက မနောဒွါရ ဝဇ္ဇန်း က အာရုံမနောဒွါရဝဇ္ဇန်းစိန်ကို ဆင်ခြင်၍, ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘု အဘိညာဉ်စိတ်တို့ကလည်း ထို အာရုံမနောဒွါရဝဇ္ဇန်းစိတ်ကိုပင် ဆက်လက်၍ အာရုံပြုသည်ဟု ဆိုလျှင် မနောဒွါရ ဝဇ္ဇန်း က ပစ္စုန်ပ္ပန် စိတ်ကို အာရုံပြု၍ ပရိကံ စသည်တို့ က အတိက်စိတ်ကို အာရုံပြုရာရောက်သည်၊ တစ်ဝီထိ အတွင်းမှာ ထိုကဲ့သို့ ပစ္စုန်ပ္ပန် အာရုံ အတိက်အာရုံဟု ကာလအားဖြင့် မကွဲပြားထိုက်၊ သို့မဟုတ် မနောဒွါရ ဝဇ္ဇန်း က သူတစ်ပါး ၏ မနောဒွါရ ဝဇ္ဇန်း ကို ဆင်ခြင်၍ ပရိကံ ဥပစာ စသည်တို့ ကလည်း မိမိတို့ နှင့် တိုက်ဆိုင်လျက် ဖြစ်သော သူတစ်ပါး ၏ ဇောစိတ်ကို အာရုံပြုသည်" ဟု ဆိုပြန်လျှင် အာဝဇ္ဇန်း ၏ အာရုံကတစ်မျိုး, ပရိကံ စသည်တို့၏ အာရုံကလည်း တစ်မျိုး စီ ဖြစ်နေပြန်၏၊ မဂ္ဂဝီထိ ဖလဝီထိ မဟုတ်လျှင် တစ်ဝီထိအတွင်း၌ ထိုကဲ့သို့ အာရုံ ကွဲပြားခြင်းငှါ လည်း မထိုက်၊ သို့အတွက် "သူတစ်ပါး၏ ပစ္စုန်ပ္ပန် စိတ်ကို အဘယ်ပာံ အာရုံပြုပါ လိမ့်မည်နည်း" ဟု စဉ်းစားဖွယ် ရှိသည်။ အဋ္ဌကထာ ဝါဒ ။ ။ ဤအရာဝယ် နိက္ခေပကဏ္ဍ အဋ္ဌသာလိနီ အဋ္ဌကထာ ၌ "မနောဒွါရ ဝဇ္ဇန်း ဆင်ခြင်အပ်သောစိတ်ကိုပင် ပရိကံ ဥပစာ စသော နောက်နောက်စိတ်များက ဆက်၍ အာရုံပြုသည်" ထိုသို့ အာရုံပြု သော်လည်း "မနောဒွါရ ဝဇ္ဇန်း က ပစ္စုန်ပ္ပန် စိတ်ကို အာရုံပြု၍ ပရိကံ စသည်တို့က အတိက်စိတ်ကို အာရုံပြုသည်" ဟု မဆိုထိုက်၊ ဘာ့ကြောင့် နည်း _ မနောဒွါရ ဝဇ္ဇန်း ဆင်ခြင်အပ်သောစိတ်သည် ပရိကံ စသည်တို့ အခိုက်မှာ ချုပ်ပြီးဖြစ်သော်လည်း သန္တတိ ပစ္စုန်ပ္ပန် အဒ္ဓါပစ္စုပ္ပန် အားဖြင့် "ပစ္စုန်ပ္ပန် " ဟုပင် ဆိုနိုင်သေးသောကြောင့်တည်း" ဟု မိန့်ဆိုလေသည်၊ ဆိုလိုရင်းကား _ ပစ္စုန်ပ္ပန် သည် ခဏ ပစ္စုန်ပ္ပန်, သန္တတိ ပစ္စုန်ပ္ပန်, အဒ္ဓါ ပစ္စုန်ပ္ပန် ဟု (၃) မျိုးရှိ၏၊ ======================== ပစ္စုန်ပ္ပန်စိတ်ကို အာရုံပြုပုံ စာ_ ၂၄၅ ထိုတွင် ဥပါဒ် ဌီ ဘင် ခဏငယ် ၃ ချက် အခိုက်အခါသည် ခဏပစ္စုပ္ပန် မည်၏ တစ်စုံတစ်ခု ကို အာရုံပြု၍ ဇောဝီထိ တစ်စဉ်တစ်တန်း ဖြစ်ရာအခါသည် သန္တတိ ပစ္စုန်ပ္ပန် မည်၏၊ ဥပမာ _ ရူပါရုံ ကို အာရုံပြု ၍ စက္ခုဒွါရ ဝီထိ တဒနုဝတ္တိကမနောဒွါရ ဝီထိတို့ဖြင့် ထိုရူပါရုံကို ပိုင်နိုင်စွာ သိသည့်တိုင်အောင် စိတ်အစဉ်ဖြစ်၏၊ ထို စိတ်အစဉ်၏ ဖြစ်ရာ အခါသည် သန္တတိ ပစ္စုန်ပ္ပန် တစ်ခုသာတည်း၊ ပစ္စုန်ပ္ပန် ဘဝ, အတိက်ဘဝ စသော တစ်ဘဝလုံး ကာလသည် အဒ္ဓါ ပစ္စုန်ပ္ပန် မည်၏၊ ဤသို့ ပစ္စုန်ပ္ပန် ၃ မျိုးရှိသောကြောင့် အာဝဇ္ဇန်း ဆင်ခြင်အပ်သောစိတ်ကို ပရိကံ ဥပစာ စသည်တို့ က ဆက်၍ အာရုံပြုရာ၌ အာဝဇ္ဇန်း ဆင်ခြင်အပ်သောစိတ်သည် ပရိကံ စသည်တို့ အခိုက်မှာ ချုပ်လေပြီ ဖြစ်၍ ခဏ ပစ္စုန်ပ္ပန် အားဖြင့် ပစ္စုန်ပ္ပန် ဟု မဆိုရသော်လည်း သန္တတိ ပစ္စုန်ပ္ပန် အဒ္ဓါ ပစ္စုန်ပ္ပန် အားဖြင့် ပစ္စုန်ပ္ပန် ဟုပင် ဆိုနိုင်သေး၏၊ သို့အတွက် အာဝဇ္ဇန်း ဆင်ခြင်အပ်သောစိတ်ကို ပရိကံ စသည်တို့ က ဆက်၍ အာရုံပြု ရာ၌ "တစ်ဝီထိ အတွင်းမှာ ကာလချင်း ကွဲပြားသည်" ဟု မမှတ်ထိုက် _ ဟူလိုတဲ့။ မူလဋီကာ ဝါဒ ။ ။ မူလဋီကာ ၌ကား "အတီတာ ဓမ္မာ,အနာဂတာ ဓမ္မာ, ပစ္စုပ္ပန္န ဓမ္မာ " စသည်ဖြင့် အဘိဓမ္မာ ဝယ် ခဏ ပစ္စုန်ပ္ပန် ကိုသာ သုံးစွဲ ၏ ၊ သန္တတိ ပစ္စုန်ပ္ပန်, အဒ္ဓါ ပစ္စုန်ပ္ပန် တို့မှာ သုတ္တန် အသုံးအနှုန်း သာဟု ယူပြီးလျှင် အဋ္ဌကထာ ဝါဒကို မနှစ်မြို့နိုင်သောကြောင့် အဋ္ဌကထာ ဆရာ ပယ်အပ်သော ကေစိဝါဒ ကိုပင် ထောက်ခံ ဖွင့်ပြ၏၊ ဖွင့်ပုံ အချုပ်မှာ _ သူတစ်ပါး ၏ စိတ်ကို သိလိုသော တန်ခိုး ရှင်သည် သူတစ်ပါး ၏ သန္တာန်၌ ဖြစ်ဆဲ ဖြစ်သော ပစ္စုန်ပ္ပန် စိတ်ကို အာဝဇ္ဇန်း ဖြင့် ဆင်ခြင်၏၊ ထို့နောက် ပရိကံ စသော ဇောတို့ကလည်း မိမိနှင့် တိုက်ဆိုင်နေသော သူတစ်ပါး ၏ ပစ္စုန်ပ္ပန် စိတ်ကိုပင် အသီးသီး အာရုံပြု ၏။ ဤသို့ အာရုံပြုရာ၌ အာဝဇ္ဇန်း က စိတ်ကို ဆင်ခြင်၍ နောက်နောက်ဇောတို့က ရုပ်ကို အာရုံပြုလျှင်သာ အာရုံချင်း ကွဲပြားသည်ဟု ဆို့သင့်၏၊ ဤ၌ကား အာရုံက စိတ်ချည်းဖြစ်၍ အာရုံအားဖြင့် မကွဲပြားချေ၊ အာဝဇ္ဇန်း က ပစ္စုန်ပ္ပန် စိတ်ကို ဆင်ခြင်၍ ဇောတို့ က အတိက်စိတ်ကို အာရုံပြုလျှင်သာ ကာလအားဖြင့် ကွဲပြားသည်ဟု ဆိုသင့်၏၊ ဤ၌ကား အသီးအသီး မိမိတို့နှင့် တိုက်ဆိုင်နေသော ပစ္စုန်ပ္ပန် စိတ်ကိုချည်း အာရုံပြု သောကြောင့် ကာလအားဖြင့် လည်း မကွဲပါးပါဟု ဖွင့်ပြလေသည်၊ ဤ မူလဋီကာ အလို ဥပမာ ဆိုရလျှင် တစ်စဉ်တစ်တန်း ကြီး သွားနေသော ပုရွက်ဆိတ် တွေကို ကြည့်ရာ၌ ရှေ့ စိတ်က တိုက်ဆိုင်နေသော ပုရွက်ဆိတ် ကို မြင်၍ နောက်နောက်စိတ်ကလည်း မိမိနှင့် တိုက်ဆိုင်သော ပုရွက်ဆိတ် ကို မြင် ရကား အာရုံလည်းမပြား, မိမိနှင့် တိုက်ဆိုင်သော ပုရွက်ဆိတ် ချည်း ဖြစ်၍ ကာလလည်း မပြား သကဲ့သို့ တည်း။ ======================== အပ္ပနာဇောဝါရ စာ _ ၂၄၆ အပ္ပနာ ဇဝနဝါရေ ပန ဝိဘူတာ ဝိဘူတဘေဒေါ နတ္ထိ ၊ တထာ တဒါရမဏုပ္ပါဒေါ စ။ အပ္ပနာအမည် ။ ။ အပ္ပနာ ဟူသော နာမည်သည် "တက္ကော ဝိတက္ကော သင်္ကပ္ပေါ အပ္ပနာ ဗျပ္ပနာ" ဟူသော ဓမ္မ သင်္ဂဏီ ပါဠိတော် နှင့် အည်ီ ဝိတက်၏ နာမည် ရင်းတည်း၊ စိတ္တံ အာရမဏေ အပ္ပေတိ အဘိနိရောပေတီတိ အပ္ပနာ ၊ စိတ္တံ _ ယှဉ်ဖက် စိတ်ကို အာရမဏေ _ အာရုံ၌ ၊ အပ္ပေတိ _ အပ်နှံတက်၏၊ အဘိနိရောပေတိ_ ရှေ့ ရှူတင်တက်၏၊ ဣတိ_ ကြောင့်၊ ဝိတက္ကော _ ဝိတက်သည် ၊ အပ္ပနာ _ မည်၏၊ အဋ္ဌကထာ ၌ကား ဝိတက်၏ အာရုံသို့ တင်ပေးခြင်း ကိစ္စအထူးကြောင့် ဆိုင်ရာ အာရုံ၌ ခိုင်မြဲသော လောကီ _ လောကုတ္တရာ ပဌမဈာန် စိတ် စေတသိက် ကို အပ္ပနာ မည်သော ဝိတက် စေတသိက် နှင့် ယှဉ်သော ကြောင့် သဟစရဏ(တကွဖြစ်ဖက်) နည်းအရ "အပ္ပနာ" ဟု ခေါ်ဆို၏၊ ဆန့်ကျင်ဖက် နိဝရဏ တို့မှ ဝေးကွာ၍ ဆိုင်ရာ အာရုံ၌ စွဲမြဲ တည်တံ့ခိုင်ခံ့ခြင်း အားဖြင့် အပ္ပနာ မည်သော ပဌမဈာန် နှင့် အလားတူသောကြောင့် ဒုတိယဈာန် စသည်ကိုလည်း သဒိသူပစာရ အားဖြင့် အပ္ပနာ ဟု ခေါ်ရသည်။ "ဈာန်အားလုံး ကို အပ္ပဟု နာမည် သုံးခြင်းသည် အဋ္ဌကထာ ၏ အသုံးဖြစ်သည်၊" ဟူလို၊ [ဝိတိက္ကဿ ကိစ္စဝိသေသေန ထိရဘာဝပ္ပတ္တေ ပဌမဇ္ဈာနသမာဓိမှိ ပစ္စနီကဒူရီဘာဝ ကတေန ထိရဘာဝေန တံသဒိဥေု ဝိတက္ကရဟိတေသု ဒုတိယဇ္ဈာနာဒိ သမာဓီသု စ အပ္ပနာ တိ အဋ္ဌကထာ ဝေါဟာရော ။ _ မူလဋီကာ] [ဆောင်] ဝိတက်ခေါင်မှူး ,ကိစ္စထူးကြောင့်, လွန်ကျူးမြဲမြံ, ပဌမဈာန် ကို, ခေါ်ရန်သောဟာ, အပ္ပနာတဲ့၊ တစ်ဖြာထက်ခွင်, ဈာန်အစဉ်လည်း, ဆန်ကျင်ကွာကင်း, မြဲခိုင်ခြင်းကြောင့် , မယွင်းမှီသူ, သဒိသူဖြင့်, ညီတူသောဟာ, အပ္ပနာ ဟု, ဋီကာမူလ, အဖွင့်ပြသည်, .....အဋ္ဌကထာ အသုံးတည်း။ ဝိဘူတာ ဝိဘူတဘေဒေါ နတ္ထိ ။ ။ ကာမဇော ဝါရ၌ကဲ့သို့ ဝိဘူတာရုံ အဝိဘူတာရုံ ဟု နှစ်မျိုး ကွဲပြားခြင်း မရှိ၊ "ဝိဘူတာရုံ တစ်မျိုးတည်း သာ ရှိသည်" ဟူလို၊ ချဲ့ဦးအံ့ = သျာန်ကို ရဖို့ရန် ပထဝီကသိုဏ်းစသည်ကို အာရုံပြု၍ ကမ္မဋ္ဌာန်း စီးဖြန်းသောအခါ ထို အာရုံတို့ တော်တော် တန်တန် ထင်ရုံမျှဖြင့် ဈာန်ကို မရချေ၊ အလွန်ပေါ်လွင်စွာ ထင်လာမှသာ ဈာန်စူသော အပ္ပနာ ဇောများ ဖြစ်ပေါ်နိုင်သည်၊ မဂ် ဖိုလ် ဟူသော အပ္ပနာဇောတို့၏ အာရုံကား အလွန်ထင်ရှားသော နိဗ္ဗာန် တရားပေတည်း၊ ထို့ကြောင့် "ဝိဘူတာ ဝိဘူတဘေဒေါ နတ္ထိ ၊ အာရမနဿ ဝိဘာတကာလေယေဝ (အလွန်ထင်ရှားရာအခါ၌သာ) အပ္ပနာ သမ္ဘဝတော" ဟု ဋီကာကျော် ဖွင့်သည်။ ========================= အပ္ပနာဇောဝါရ စာ_ ၂၄၇ တတ္ထ ဟိ ဉာဏသမ္မယုတ္တကာမာသစရဇဝနာနမဋ္ဌန္နံ အညတရသ္မိံ. ပရိကမ္မောပစာရာနုလောမဂေါတြဘုနာမေန စတုက္ခတ္တုံ တိက္ခတ္တုမေဝ ဝါ ယထာက္ကမံ ဥပ္ပဇ္ဇိတွာ နိရုဒ္ဓါနန္တရမေဝ ယထာရဟံ စတုတ္ထံ ဝါ ပဉ္စမံ ဝါ ဆဗ္ဗီသတိမဟဂ္ဂတလောကုတ္တရဇဝနေသု ယထာဘိနီိဟာရ ဝသေန ယံကိဉ္စိ ဇဝနံ အပ္ပနာဝီထိမောတရတိ၊ တတော ပရံ အပ္ပနာ ဝသာနေ ဘဝင်္ဂပါတောဝ ဟောတိ။ ဉာဏသမ္ပယုတ္တကာမာဝစရဇဝနာနမဋ္ဌန္နံ ၊ပေ၊ စတုက္ခတ္တုံ တိက္ခတ္တုမေဝ ဝါ ။ ။ ထို အပ္ပနာဇောဝါရ ၌ အာရုံများ ကား ရုပ်တရား မဟုတ်၊ နိဗ္ဗာန် ကသိုဏ်း ပညတ် စသော အာရုံများ ဖြစ်ရကား အတီတဘဝင် ချဖွယ် မလို၊ ထုံးစံအတိုင်း ဘဝင်္ဂစလန, ဘဝဂုင်္ပစ္ဆေဒ မနောဒွါရ ဝဇ္ဇန်း တို့ ဖြစ်ကြပြီးနောက် , ကာမာဝစရ ဇော စောသည်၊ ထိုသို့ စောရာ၌ ဈာန် မဂ် ဖိုလ်တို့၏ ရှေ့ သွား ဖြစ်သောကြောင့် ဉာဏသမ္ပယုတ် ဇော [ပုထုဇဉ် သေက္ခသန္တာန်၌ မဟာကုသိုလ် (၄),ရဟန္တာ သန္တာန်၌ မဟာကြိယာ (၄)]ရှစ်ပါးတွင် တစ်ပါးပါး သာ ပရိကံ ဥပစာ အနုလုံ ဂေါတြဘု ဟူသော နာမည်ဖြင့် ၄ ကြိမ် ဖြစ်စေ, သို့မဟုတ် ၃ ကြိမ် ဖြစ်စေ စော၏။ ဆက်ဦးအံ့ _ ဈာန်မဂ်ရသောပုဂ္ဂိုလ်သည် နုံ့နှေးလေးကန်သော ဉာဏ်ပညာ ရှိသူ မန္ဒပညပုဂ္ဂိုလ်ဖြစ်အံ့, လေးဆေးသော အသိဉာဏ်ရှိသဖြင့် "ဒန္ဓာဘိညပုဂ္ဂိုလ်" ဟု ခေါ်ဆိုရ၏၊ ထို ပုဂ္ဂိုလ်၏ သန္တာန်၌ ယခင်ဇောများသည် ၄ ကြိမ်ထပ်၍ ဖြစ်မှ ကိစ္စ ပြီး၏၊ ဈာန် မဂ် ဖိုလ် ကို ရ၏_ ဟူလို၊ ထက်မြက် သော ဉာဏ်ပညာ ရှိသော တိက္ခပညပုဂ္ဂိုလ် ဖြစ်အံ့၊ လျင်မြန် သော အသိဉာဏ်၊ ရှိသဖြင့် "ခိပ္ပါဘိညပုဂ္ဂိုလ်" ဟု ခေါ်ဆိုရသည်၊ ထို ပုဂ္ဂိုလ်၏ သန္တာန်၌ ယခင်ဇောများ ၃ ကြိမ် စောရုံမျှဖြင့် ကိစ္စပြီးသည်၊ ၃ ကြိမ်စောရာ၌ ပရိကံကို ချန်ရိုးပြုကြ၏၊ အပ္ပနာဇောဝါရ စာ_ ၂၄၇ တတ္ထ ဟိ ဉာဏသမ္မယုတ္တကာမာသစရဇဝနာနမဋ္ဌန္နံ အညတရသ္မိံ. ပရိကမ္မောပစာရာနုလောမဂေါတြဘုနာမေန စတုက္ခတ္တုံ တိက္ခတ္တုမေဝ ဝါ ယထာက္ကမံ ဥပ္ပဇ္ဇိတွာ နိရုဒ္ဓါနန္တရမေဝ ယထာရဟံ စတုတ္ထံ ဝါ ပဉ္စမံ ဝါ ဆဗ္ဗီသတိမဟဂ္ဂတလောကုတ္တရဇဝနေသု ယထာဘိနီိဟာရ ဝသေန ယံကိဉ္စိ ဇဝနံ အပ္ပနာဝီထိမောတရတိ၊ တတော ပရံ အပ္ပနာ ဝသာနေ ဘဝင်္ဂပါတောဝ ဟောတိ။ ဉာဏသမ္ပယုတ္တကာမာဝစရဇဝနာနမဋ္ဌန္နံ ၊ပေ၊ စတုက္ခတ္တုံ တိက္ခတ္တုမေဝ ဝါ ။ ။ ထို အပ္ပနာဇောဝါရ ၌ အာရုံများ ကား ရုပ်တရား မဟုတ်၊ နိဗ္ဗာန် ကသိုဏ်း ပညတ် စသော အာရုံများ ဖြစ်ရကား အတီတဘဝင် ချဖွယ် မလို၊ ထုံးစံအတိုင်း ဘဝင်္ဂစလန, ဘဝဂုင်္ပစ္ဆေဒ မနောဒွါရ ဝဇ္ဇန်း တို့ ဖြစ်ကြပြီးနောက် , ကာမာဝစရ ဇော စောသည်၊ ထိုသို့ စောရာ၌ ဈာန် မဂ် ဖိုလ်တို့၏ ရှေ့ သွား ဖြစ်သောကြောင့် ဉာဏသမ္ပယုတ် ဇော [ပုထုဇဉ် သေက္ခသန္တာန်၌ မဟာကုသိုလ် (၄),ရဟန္တာ သန္တာန်၌ မဟာကြိယာ (၄)]ရှစ်ပါးတွင် တစ်ပါးပါး သာ ပရိကံ ဥပစာ အနုလုံ ဂေါတြဘု ဟူသော နာမည်ဖြင့် ၄ ကြိမ် ဖြစ်စေ, သို့မဟုတ် ၃ ကြိမ် ဖြစ်စေ စော၏။ ဆက်ဦးအံ့ _ ဈာန်မဂ်ရသောပုဂ္ဂိုလ်သည် နုံ့နှေးလေးကန်သော ဉာဏ်ပညာ ရှိသူ မန္ဒပညပုဂ္ဂိုလ်ဖြစ်အံ့, လေးဆေးသော အသိဉာဏ်ရှိသဖြင့် "ဒန္ဓာဘိညပုဂ္ဂိုလ်" ဟု ခေါ်ဆိုရ၏၊ ထို ပုဂ္ဂိုလ်၏ သန္တာန်၌ ယခင်ဇောများသည် ၄ ကြိမ်ထပ်၍ ဖြစ်မှ ကိစ္စ ပြီး၏၊ ဈာန် မဂ် ဖိုလ် ကို ရ၏_ ဟူလို၊ ထက်မြက် သော ဉာဏ်ပညာ ရှိသော တိက္ခပညပုဂ္ဂိုလ် ဖြစ်အံ့၊ လျင်မြန် သော အသိဉာဏ်၊ ရှိသဖြင့် "ခိပ္ပါဘိညပုဂ္ဂိုလ်" ဟု ခေါ်ဆိုရသည်၊ ထို ပုဂ္ဂိုလ်၏ သန္တာန်၌ ယခင်ဇောများ ၃ ကြိမ် စောရုံမျှဖြင့် ကိစ္စပြီးသည်၊ ၃ ကြိမ်စောရာ၌ ပရိကံကို ချန်ရိုးပြုကြ၏၊ ====================mmoo