Saturday, July 16, 2016

ပကိဏ်းပိုင်းဘာသာဋီကာ .နှာ ၁၈၆ ၁၈၇ ၁၈၈ .. နှာ ၁၈၆ စေတသိက်တို့ကို ရေတွက်ခြင်း [ဆောင်] တစ်ကိစ္စဖြစ်,ဆယ့်ခုနှစ်တည်း,လေးဖြစ်နှစ်ပါး,ငါးဧကဝီ,ခြောက်လီမှာတစ်,ခွန်လည်းတစ်ပင်,ကိုးဖြစ်ကား တေး,ဆယ့်လေးခုနှစ်ရပ်,ကိစ္စတပ်သည်,.......ပေါင်းအပ် ဒွိပညာသတည်း။ အကျယ်။ ။တစ်ကိစ္စတပ်သော စေတသိက်သည် ဇောကိစ္စ တစ်ခုစီသာ တပ်သော အကုသိုလ်(၁၄),ဝိရတီ (၃),ပေါင်း (၁၇)တည်း၊လေးကိစ္စတပ်ကား (အပ္ပမညာဈာန်ကြောင့် ရူပဘုံ၌ဖြစ်သော ရူပဝိပါတ်နှင့် မဟာကုသိုလ်စိတ်စသည်ယှဉ်ခိုက် ပဋိသန္ဓေ ဘဝင် စုတိ ဇောကိစ္စတပ်သော)အပ္ပမညာဒွေးတည်း၊ငါးကိစ္စတပ်ကား (ထိုလေးကိစ္စနှင့် မဟာဝိပါတ်ယှဉ်ခိုက် တဒါရုံကိစ္စတပ်သော)ဝိရတီ အပ္ပမညာမှကြွင်းသော သောဘန(၂၀),ဆန္ဒ,ပေါင်း(၂၁)တည်း၊ ခြောက်ကိစ္စတပ်ကား (ယခင်ငါးကိစ္စနှင့်သောမနဿသန္တီရဏယှဉ်ခိုက် သန္တီရဏကိစ္စတပ်သော) ပီတိ(၁) သာတည်း၊ ခုနှစ်ကိစ္စတပ်ကား(သန္တီရဏကြဉ် ယခင် ငါးကိစ္စနှင့် မနောဒွါရဝဇ္ဇန်းယှဉ်ခိုက် အာဝဇ္ဇန်း ဝုဋ္ဌောကိစ္စတပ်သော )ဝိရတီ(၁)သာတည်း၊ကိုးကိစ္စတပ်ကား(ယခင်ခုနှစ်ကိစ္စနှင့် သန္တီရဏ သမ္ပဋိစ္ဆိုင်း ကိစ္စတပ်သော)ဝိတက် ဝိစာရ အဓိမောက္ခတည်း၊ဆယ့်လေးကိစ္စတပ်ကား သဗ္ဗစိတ္တ သာဓာရဏစေတသိက်(၇)တည်း။ [ဆောင်] တစ်ကိစ္စဖြစ်,တယ့်ခုနှစ်ကို, စိစစ်ဖွယ်ဟု,အကျယ်ရှုသော်,အကုသလ,စုဒ္ဒသနှင့်,ဝိရတိတ္တယံ,ပေါင်းမချန်တည်း၊ တဖန်တွေးလျှင်, လေးနှစ်အင်အား, ပမဉ်နှစ်ပါး,ဧက်ဝီငါးဝယ်,များ သောဘန, ကျန်သမျှနှင့်, ဆန္ဒကိုယူ၊ခြောက်မူကားတစ်,ပီတိဖြစ်၏၊ခုနှစ်တစ်မှာ ,ဝိရိယာတည်း၊ ကိုးဖြာသုံးတွက် ,ဝိတက်ဝိစာ,ဓိမောက္ခာရေး၊ ဆယ့်လေးခုနှစ်ရပ်,ကိစ္စတပ်၌,သဗ္ဗစိတ္တ,သာဓာရဏသည်,......ပေါင်းထ ဒ်ွိပညာသတည်း။ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ဒွါရသင်္ဂဟ အဖွင့် ဒွါရသင်္ဂဟေ ဒွိရာနိ နာမ စက္ခုဒွါရံ သောတဒွါရံ ဃာနဒွါရံ ဇိဝှါဒွါရံ ကာယဒွါရံ မနောဒွါရဉ္စေတိ ဆဗ္ဗိဓာနိ ဘဝန္တိ။ ဒွါရ။ ။ ဒွရီယန္တေ သံဝရီယန္တေတိ ဒွါရာနိ၊ ယာနိ ဆိဒ္ဒါနိ_အကြင်အပေါက်တို့ကို၊ ဒွရီယန္တေသံဂရီယန္တေ_ ပိတ်အပ်ကုန်၏၊ ဣတိ_ကြောင့် ၊ တာနိ_ ထိုအပေါက်တို့သည်၊ ဒွါရာနိ_ တို့မည်၏၊ဤဝစနတ်အဏ ပကတိ တံခါးပေါက်ကိုသာရသည်၊ ဤ၌ကား "ဒွါရာနိ ဝိယာတိ ဒွါရာနိ" ဟူသောဥပမာ တဒ္ဓိတ်(တစ်နည်း_သဒိသူပစာနည်း)အရ စက္ခာပသာဒ စသည်ကို "ဒွါရ".ဟုဆိုသည်၊ ချဲ့ဦးအံ့_အိမ်၌ တံခါးပေါက်မရှိလျှင် လူတို့ မဝင်နိုင်,အိမ်တံခါးပေါက်သည် ........ ပကိဏ်ပိုင်း ဘာသာဋီကာ .နှာ ၁၈၇ လူတို့ဝင်ရောက်ရာဖြစ်သကဲ့သို့ , ခန္ဓာအိမ်၌လည်း စက္ခုပသာဒစသည် မရှိလျှင် စက္ခာဒွါရိကစသော ဝီထိစိတ်များ မဖြစ်နိုင်၊ စက္ခုပသာဒစသော တံခါးပေါက်များသည် စက္ခုဒွါရိကစသော ဝီထိစိတ်များ၏(ဝင်ရောက်လာသည့်ပမာ)ဖြစ်ပေါ်လာကြောင်းပေတည်း။ [ဝလဉ္စန္တိပဝိသန္တိဧတေနာတိ ဝလဉ္စနံ,တံ တံ ဒွ.ရိကာနံ ဖဿာဒီနံ ဝလဉ္စနဋ္ဌေန(ဒွါရံ)၊ _ မူလဋီကာ] ဝါဒန္တရ။ ။စက္ခုပသာဒဟူသည် မျက်လုံးအတွင်း၌ရှိသော အကြည်ဓာတ်တည်း၊ သောတပသာဒ စသည်များလည်း ဤနည်းပင်၊ "ဘဝင်" ဟူသော မနောဒွါရလည်း "ပဘဿရမိဒံ ဘိက္ခသေ စိတ္တံ: စသော အဂုင်္တ္တိုရ်ပါဠိတေယ်နှင့်အညီ,ပြိုးပြိုးပြက်ပြက် အရောင်ထွက်သကဲ့သို့ လွန်စွာကြည်လင်၏၊ ထို့ကြောင့် ကြီးကျယ်ခမ်းနားသောအိမ်များ၌ တပ်ထားအပ်သော မှန်တံခါးသည် အပြင်ဘက် အရောင်အရိပ်တို့၏ထင်ကြောင်း , အတွင်းလူများက ထိုထင်လာသောအရောင်အရိပ်ကို မြင်ကြောင်း ဖြစ်သကဲ့သသို့, ထို့အတူ ခန္ဓာအိမ်၌လည်း အကြင်အာရုံအမျိုးမျိုးတို့၏ ထိခိုက်ထင်လာဖို့ရန်နှင့် အတွင်းက ဝီထိစိတ်များ၏ ထိုအာရုံများကို ယူနိုင်သိနိုင်ဖို့ရာ စက္ခုအကြည်ဓာတ်စသော မျိန်တံခါးခြောက်ခုတပ်လျှက် ပါလာပေသည်_ဟု ပြောစမှတ်ပြုကြသေး၏၊ စကားသုံးနှုန်းပုံမှယ ဆန်းကြယ်ဝေဆာပါ၏ ၊ သို့သော် ထိုအဓိပ္ပါယ်သည် စက္ခု ပသာဒအတွက် သင့်သလိုထင်ရသော်လည်း သောတပသာဒ စသည်နှင့် ဘာမျှမရှိသော အဘာဝပညတ်များပင် ထင်လာနိုင်ရာ မနောဒွါရအတွက် သင့်နိုင်ဖွယ် မမြင်ပါ။ တတ္ထ စက္ခုမေဝ စက္ခုဒွါရံ။ ။ဤဝါကျ၌ စက္ခုမေဝ စက္ခုဒွါရံဖြင့် "စက္ခုမေဝဒွါရံ,စက္ခုဒွါရံ " ဟူသော အဝဓာရဏကမ္မဓာရည်းသမာသ်ကို ပြသည်၊ ထိုစကားမှန်၏၊ မူလရှိရင် သမာသ်ပုဒ်၌ တစ်စိတ်တစ်ပိုင်းကိုသာ ဆို၍ တစ်စိတ်တစ်ပိုင်းကိုမဆိုဘဲ ချန်ထားခြင်းသည် ပြဆိုအပ်သောပုဒ်တစ်စိတ်နှင့် ချန်ထားအပ်သော ပုဒ်တစ်စိတ်တို့ အရအတူ( ကမ္မဓာရည်းသမာသ်) ဖြစ်ကြောင်းကိုသော်လည်းပြ၏၊ ဥပမာ_ "ကိတ္တိသဒ္ဒေါတိ ကိတ္တိယေသ" ဟုပြရာ၌ ကိတ္တိနှင့် သဒ္ဒတို့ အရတူ ကမ္မဓာရည်းသမာသ်ဖြစ်ကြောင်းကို ပြသကဲ့သို့တည်း၊ တစ်ခါတစ်ရံ တိုက်ရိုက်ဆိုအပ်သော ပုဒ်သာ အနက်ရှိ၏ , ချန်ထားအပ်သောပုဒ်အတွက် အနက်သီးခြားမရှိ ဟုသော်လည်း ပြ၏ ၊ဥပမာ_ "ဒိဋ္ဌိဂတန္တိဒိဋ္ဌိယေဝ" ဟု ဖွင့်ရာ၌ ဂတအတွက် အနက်သီးခြားမရှိကြောင်းကို ပြသကဲ့သျု့တည်း၊ ဤ၌ကား စက္ခုနှင့် ဒွါရတို့ အရတူကြောင်းကို သိစေလို၍ ဒွါရပုဒ်ကို ချန်ပြီးလျှင် "စက္ခုမေဝ" ဟုဖွင့်ပြသည်။ [ဆောင်] သမာသ်ပုဒ်တွင်, တစ်ပုဒ်ကြဉ်၍, ဖွင့်လျှင်နည်းမူ, အရတူဟု, ယဓစေတစ်ရပ်၊ ချန်လှပ်ပုဒ်နက်, ထူးမထက်ဟု ,မှတ်ချက်တစ်သွယ်, သင့်အောင်ချယ်သည်, ကြံဖွယ် ဤနည်း တွေ့တိုင်းတည်း။ ......... ပကိဏ်ပိုင်း ဘာသာဋီကာ . နှာ ၁၈၈ တထာ သောတာဒယော။ ။ ဤ ဝါကျ၌ လည်း " သောတမေဝ+ဒွါရံ, ဇိဝှါဧဝ+ ဒွါရံ , ကာယဧဝ+ ဒွါရံ, မနောဧဝ+ ဒွါရံ မနောဒွါရံ " ဟူသော ဝစနတ်ကို ပြသည်၊ "မနာနံ_ ဝီထိစိတ်တို့၏ ၊ဒွါရံ_ ဖြစ်ကြောင်းတည်း" ဟု တစ်နည်း.ဝိဂြိုဟ်ပြုကြသေးသည်ကား ကျမ်းရင်းအာဘော်မကျ၊ ဝီထိစိတ်တို့၏ ဖြစ်ကြောင်းကို မနောဒွါရဟု ဆိုလျှင် စက္ခုပသာဒ စသည်တို့လည်း ဝီထိစိတ်တို့၏ ဖြစ်ကြောင်းများပင်ဖြစ်၍ မနောဒွါရ မည်ရလိမ့်မည်။ မနောဒွါရံ ပန ဘဝင်္ဂန္တိ။ ။ မနောဒွါရဟူသည် စက္ခုဒွါရ စသည်တို့ကဲ့သို့ ရုပ်တရားမဟုတ်, ဘဝင်စိတ်များတည်း၊ ဘဝင်စိတ်များ၌ အာရုံထင်လာလျှင် ထိုအာရုံကို ယူလျှက် မနောဒွါရိကဝီထိစိတ်များ ဖြစ်ရသောကြောင့် "ဘဝင်စိတ် ဟူသမျှကို မနောဒွါရ" ဟု ခေါ်ဝေါ်အပ်သည်။ ဋီကာကျော်အဆို ။ ။ "ဘဝင်္ဂန္တိအာဝဇ္ဇနာန္တရံ ဘဝင်္ဂံ" ဟု ဖွင့်သော ဋီကာကျော်ကား အာဝဇ္ဇန်း၏အခြားမဲ့ (ရှေ့က) ဖြစ်သော ဘဝဂုၤပေစ ၦဒကိုသာ "မေနာဒြါရ."ဟု ယူလို၏၊ ထိုဋီကာအလိုကား _" အတီတဘဝင္ ဘဝဂၤစလန ဘဝဂုၤပေစ ၦဒ မနောဒွါရဝဇ္ဇန်း ဇော "ဟု စိတ်အစဉ်ဖြစ်ရာ၌ အတီတဘဝင်နှင့် ဘဝင်္ဂစလနစိတ်တို့သည် မနောဒွါရဝဇ္ဇန်း စသော ဝီထိစိတ်တို့နှင့် တိုက်ရိုက်မဆက်သွယ်နိုင်, ကျေးဇူးမပြုနိုင်၊ ဘဝဂုၤပေစ ၦဒကသာ မနောဒွါရဝဇ္ဇန်းအားတိုက်ရိုက်ဆက်သွယ်၍ အနန္တရသတ္တိဖြင့် ကျေးဇူးပြုနိုင်၏၊ ရွာသို့ ဝင်သော တံခါးပေါက်သည် ရွာနှင့် တစ်ဆက်တည်းသာ နေရသကဲ့သို့,ဝီထိစိတ်၏ဖြစ်ကြောင်း.ဒွါရလည်း ဝီထိစိတ်နှင့် တစ်ဆက်တည်းသာ သင့်၏၊ ထို့ကြောင့် ဝီထိစိတ်တို့၏ ဖြစ်ကြောင်း ဘဝင်ကို " မနောဒွါရ" ဟုဆိုရာ၌ ဘဝဂုၤပေစ ၦဒကိုသာ ယူသင့်သည်_ဟူလို။ အပြစ်ပြလျှက် ဆုံးဖြတ်ချက်။ ။ ဝီထိစိတ်တို့၏ မုချဖြစ်ကြောင်းကိုသာ"ဒွါရ" ဟု ဆိုလိုလျှင် အိပ်ပျော်သောအခါ အခြားဝီထိစိတ်များ ဖြစ်စဉ်အခါ၌ များစွာသော ပသာဒတွေသည် ဝီထိစိတ်၏ဖြစ်ကြောင်း မဟုတ်သောကြောင့် စက္ခုဒွါရစသော အမည်ကို မရထိုက်ဘဲ ရှိရာ၏၊ စင်စစ်မှာ_ ပသာဒရုပ်မှန်လျှင် အာရုံ၏ထင်ရာဟုတ်ဟုတ်, မဟုတ်ဟုတ် , အမြဲဒွါရရုပ် အမည်ရသည်သာ၊ " ဝလဉ္စနဋ္ဌေန ဒွါရံ" အရ ထွက်ဝင်ကြောင်းအပေါက်ကို ဒွါရ( တံခါး.) ဟုဆိုရာ၌ ထွက်ဝင်သူ ရှိရှိ/မရှိရှိ အမြဲဒွါရ(တံခါး) မည်သကဲ့သို့တည်း၊ ထို့အတူ ဘဝင် ဟူသမျှလည်း အခွင့်သာလျှင် ဝီထိစိတ်တို့ဖြစ်ကြောင်း၊ ဒွါရချည်းသာဖြစ်သောကြောင့် ဘဝင်ဟူသမျှ ဒွါရအမည်ဖြစ်ထိုက်သည်၊ ထို့ကြောင့်ပင် အရှင်အနုရုဒ္ဓါလည်း မည်သည့်ဘဝင်ဟု မသတ်မှတ်ဘဲ " မနောဒွါရံ ပန ဘဝင်္ဂန္တိပဝုစ္စတိ" ဟု ဘဝင်အားလုံးကိုယူထား၏၊ ထို့ကြောင့် ဋီကာကျော်စကားကို စဉ်းစားသင့်သည်။ nt

No comments:

Post a Comment