Saturday, July 16, 2016
၂၀၄
သင့်တင့်အောင် နှလုံးသွင်းမှူ,ဓမ္မာနုဓမ္မပဋိပန္န_လောကုတ္တရာ တရားအားလျော်
သောဝိပဿနာအကျင့်ကို ကျင့်မှူ၊ ဤလေးပါးသည် သောတာပတ္တိမဂ်ရဖို့ရန်
အကြောင်းဖြစ်၏၊ ထို့ကြောင့်"သူတော်သူမြတ်,မြဲဆည်းကပ်၍၊ မှတ်မှတ်
သားသား,တရားကိုနာ၊ ဖြူစွာနှလုံး, တစ်ဖြောင့်သုံးလျက်၊ အားတက်ကျင့်ကြံ,
သောတာပန်, ဖြစ်ရန်အကြောင်းလေး" ဟု မဟာဝဂ္ဂ, သောတာပတ္တိသံယုတ်,
ဝေဠုဒွါရဝဂ်နှင့်အညီ ဆိုရသည်။
ဤပါဠိတော်နှင့်အညီ သစ္စာလေးပါး
ကိုဟောပြနိုင်သော ဆရာသမားဘုရားရှင်၏
အထံတော်၌ တရားမှန်ကို နာခံရမှသာ သောတာပတ္တိမဂ်ကို ရနိုင်ကြသည်။
ဤသို့ တရားသံ နာခံမှူကို "ပရတောဃောသပစ္စယ" ဟု အချို့အရာ၌ ဆို၏၊
[ပရတော=သူတစ်ပါးအထံမှ+ဃောသ=
တရားသံဟူသော+ပစ္စယ=အကြောင်း
(မင်ရခြင်း၏အကြောင်း)။] အရူပဘုံ၌ ကား တရားနာဖို့ရန်
နား (သောတ)ကို မဆိုထားဘိ, ခန္ဓာကိုယ်
ပင် မရှိချေ၊ ကိုယ့်တရားကို ကိုယ်ရှာ၍ဖြစ်ကြသော ဘုရား ပစ္စေကဗုဒ္ဓါအ
ရှင်မြတ်တို့သည်လည်း လူ့ပြည်၌သာ
ဖြစ်တော်မူကြရိုးတည်း၊ ထို့ကြောင့် အရူပဘုံ၌ သောတာပတ္တိမဂ်စိတ် မရှိ
နိုင်၊ [သောတာပတ္တိမဂ်ကို ရပြီးနောက်
အထက်မဂ်များကို ရဖို့အတွက်မှာ တရားကို မနာရသော်လည်း အလိုလို
တရားသားတက်၍ အထက်မဂ်များကို
ရနိုင်ကြ၏်။ ]
ဟသိတုပ္ပါဒ်၊ပေ၊မဖြစ်သင့်တန်။ ။ ပြုံးရယ်ဖို့ရာ ခန္ဓာကိုယ်မရှိသော အရူပဘုံ၌ ဟသိတုပ္ပါဒ် ဖြစ်ရန်
မထိုက်တန်တော့ချေ။
သင်္ဂြိုဟ်ဘာသာဋီကာ
စာ_၂၀၄_၂၀၅
ရူပဈာန်မှာ၊ပေ၊စက်ဆုပ်ခြင်းကြောင့်။ ။ ရူပဝိရာဂ ဘာဝနာဖြစ်သော အရူပဈာန်သည် ရုပ်တရားကိုသာစက်ဆုပ်သည် မဟုတ်,"ကျူပင်ခုတ် ကျူငုတ်မှ မချန်ရ" ဟူသကဲ့သို့, ကသိုဏ်းရုပ်ကို အာရုံပြုသော ရူပဈာန်ကိုပါ "ငါမကြိုက်တဲ့ ရုပ်ကို သင်းတို့က အာရုံပြုရသလား" ဟု ရွံမုန်းထားခြင်းကြောင့် အရူပဘုံ၌ ရူပဈာန်များလည်း မထြစ်ထို၊ ထို့ကြောင့် ယခုပြအပ်ခဲ့သော စိတ်(၃၀) သည် ရုပ်၏ဖြစ်ရာ ကာမ ရူပဘုံ တို့၌သာ ဖြစ်ကြရကား ဟဒယဝတ္ထုရုပ်ကို အမြဲမှီကြရသည်။
အဝေသကုသလာကုသလကြိယာနုတ္တရဝ သေ န၊ပေ၊အနိဿာယ ဝါ။ ။"အဝ သေ သာ" ဟု ပဌမာဗဟုဝစနန္တဖြင့် ယခုကာလ စာအုပ်များ၌ တွေ့ရသည်။ "အဝ သေ သာနိ ဒွါဒသ လော ကိယကုသလာနိ" စသော ဋီကာဖွင့်ကို ထောက်လျှင် အဝ သေ သနှင့် ကုသလာကုသလကြိယာနုတ္တရတို့ တုလျာဓိကရဏဖြစ်ကြောင်း သိသာသည်၊ "အဝ သေ သာနိ စ တာနိ ကုသလာကုသလကြိယာနုတ္တရာနိ စာတိ အဝ သေ သကုသလာကုသလကြိယာနုတ္တရာနိ၊ အဝ သေ သကုသလာကုသလကြိယာနုတ္တရာနံ+ဝ သော, အဝ သေ သကုသလာကုသလကြိယာနုတ္တရဝ သော" ဟု
----------------------------------
၂၀၅
ဝိဂြိုဟ်ပြုစေလိုသည်၊ စာသွားကို ဆင်ခြင်ပြန်လျှင်"အဝ သေ သာပန မနောဝိညာဏ ဓာတုသင်္ခါတာ စ"ဟူသော ကတ္တားပါဌ်သည် "အဝ သေ သကုသလာကုသလကြိယာနုတ္တရဝသေန ဟဒယံ နိဿာယ ဝါအနိဿာယ ဝါ"ဟူသောဝါကျနှင့် "အာရုပ္ပဝိပါကဝ သေ န ဟဒယံ အနိဿာ ယေ ဝ"ဟူသော ဝါကျများသို့ လိုက်နိုင်၏၊ဤသို့ ဋီကာဖွင့်နှင့်စာသားကိုထောက်လျှင်"အဝ သေ သကုသလာကုသလကြိယာနုတ္တရဝသေန"ဟု ရှိမှသင့်မည်၊အဝ သေ သ၏ အပါဒါန်ကို ရှေ့ဝါကျက သန္တီရဏပဋိဃဒွယပဌမမဂ္ဂဟသနရူပါဝစရကုသိုလ်ကြိယာများကို ခံပါ။
စေတသိက်ကိုရေတွက်ခြင်း
*******************
[ဆောင်] ရံခါမှီမှူ, ဆဝတ္ထုက, ခုနှစ်
ဝတည်း, ဟဒယစွဲ,မှီမြဲခြောက်ဖြာ, ရံခါမှီမျိုး, သုံးဆယ့်ကိုး, ပေါင်းရိုး ဒွိပညာ။
ဝတ္ထုရုပ်(၆)ပါးကို ရံခါမှီသော စေတသိက်ကား သဗ္ဗစိတ္တသာဓာရဏ(၇)ပါးတည်း၊[ပဉ္စဝေါကာရ၌ ဖြစ်ခိုက် တဝတ္ထုကို မှီ၍ စတုဝေါကာရ၌ဖြစ်ခိုက် ဆဝတ္ထုကိုမမှီ၊][ဟဒယဝတ္ထုကို အမြဲအစွဲမှီသော စေတသိက်ကား ဒေါသဣဿာမစ္ဆရိယ ကုက္ကုစ္စ နှင့် အပ္ပမညာဒွေးတည်း၊ထိုတွင် ဒေါသစသည်မှာ ကာမဘုံတွင်ဖြစ်သောကြောင့် ဟဒယဝတ္ထုကို အမြဲမှီသည်၊ သတ္တဝါ အကောင်အထည် ပညတ်ကို အာရုံပြုသော အပ္ပမညာဒွေးလည့း ရှေးဦးစွာ ပုံသဏ္ဌာန်ကို မြင်ရမှ သတ္တဝါ ပညတ်ကို အာရုံပြု နိုင်မည်၊ သို့အတွက် အရူပဘုံမှာ အပ္ပမညာဒွေးမရထိုက်သဖြင့် ကာမ ရူပ၌သာဖြစ်ရကား ဟဒယဝတ္ထုကို အမြဲမှီသည် ဟု ကြံပါ၊ကြွင်းစေတသိက် (၃၉)ကား ကာမရူပ၌ဖြစ်ခိုက် ဟဒယဝတ္ထုကို မှီ၍, အရူပဘုံ၌ ဖြစ်ခိုက် ဟဒယဝတ္ထုကို မမှီ။[ဆရာတို့ကား"ဟဒယစွဲ မှီမြဲ လေး ဖြာ" ဟုဆို၍ အပ္ပမညာကို အရူပဘုံ၌ ဖြစ်ထိုက်၏ ဟု ယူဆကြဟန်တူ၏၊သို့သော် အရူပဗြဟ္မာတို့သည် ရုပ်တရားကို လုံးဝ စက်ဆုပ်ကြသည့်အတွက် ရုပ်နှင့်ဆက်သွယ်နေသော အာရုံမှန်လျှင် ကသိုဏ်းပညတ်ကိုပင် အာရုံမပြုရတော့ကား ဤသတ္တဝါပညတ်ကိုလည်း အာရုံပြုဖွယ် မရှိပါ။]
ဓာတ်သုံးပါး အထူး
***************
မနောဓာတ်။ ။ မနောဓာတ်သုံးပါးတွင် ပဉ္စဒွါရာဝဇ္ဇန်းသည် အသစ်ဖြစ်သော အာရုံကို ရှေးဦးစွာ တစ်ကြိမ်မျှ ယူရခြင်းကြောင့် သူများနောက်မှ ဆက်လက်၍ အာရုံကို ယူရသလောက် လည်းကောင်း , အကြိမ်များစွာ ယူရသလောက် လည်းကောင်း, ထိထိရောက် ရောက် မရှိ ချေ၊ ထို့ပြင် မှီရာဝတ္ထုချင်းမတူသော ပဉ္စဝိညာဏ်အား အနန္တရသတ္တိဖြင့် ကျေးဇူးပြုရသည့်အတွက် မှီရာတူသောစိတ်အား ကျေးဇူးပြုရသလောက် မသက်သာပေ၊ သမ္ပဋိစ္ဆိုင်းဒွေး လည်း မှီရာဝတ္ထုချင်းမတူသော,
--------------------------------------------
၂၀၆
ပဉ္စဝိညာဏ်မှ အနန္တရသတ္တိဖြင့် ကျေးဇူးပြုခံရသောကြောင့် မှီရာတူစိတ်မှ ကျေးဇူးပြုခံရသ လောက် အားမရှိ ချေ၊ သို့အတွက် "မနော ဧဝ_သိကာမတ္တ သိရုံမျှသာဖြစ်သော၊ ဓာတု_ဓာတ်တည်း" ဟူသော ဝိဂြိုဟ်အရ မနောဓာတ်မှ မှည့်ခေါ်ရသည်။
ပဉ္စဝိညာဏဓာတ်။ ။ပဉ္စဝိညာဏ်တို့ကား မိမိတို့မှီရာဝတ္ထု၌ တိုက်ရိုက်ထင်လာ သော အာရုံကို အလွယ်တကူ ယူရုံသာ ဖြစ်၍ မနောဓာတ် ထက် သိမှူ အားရှိကြပေသည်၊ သို့အတွက် သိခြင်းအနက်ဟော ဉာဏသဒ္ဒါပေါ်တွင် ဝိဥပသာရပုဒ်ကို အမွှန်းတင်ပြီးလျှင် "ဝိ သေ သန မနောဓာတ်ထက် ထူးသောအားဖြင့်၊ ဇာနာတိ_သိတက်၏၊ ဣတိ_ထို့ကြောင့် ၊ ဝိညာဏံ_ဝိညာဏ မည်၏" အရ ဝိညာဏဓာတ်ဟု ခေါ်သည်။ သို့သော် မှီရာမတူ သော အာဝဇ္ဇန်းမှ အနန္တရသတ္တိကိုရ၍ မှီရာမတူ သော သမ္ပဋိစ္ဆိုင်းအား အနန္တရသတ္တိဖြင့် ကျေးဇူးပြုသည့် အတွက် မှီရာတူစိတ်မှ ကျေးဇူးပြုခံရသ လောက် လည်းကောင်း, မှီရာတူအား ကျေးဇူးပြုသ လောက် လည်းကောင်း အားမပြည့်တတ် ချေ။
မနောဝိညာဏဓာတ်။ ။ မနောသဒ္ဒါလည်း "သိခြင်း" အနက်,ဝိညာဏသဒ္ဒါလည်း "အထူးသိခြင်း" အနက်, သဒ္ဒါ နှစ်ပါးကို ယှဉ်ဖက်ထားသဖြင့် "အများကြီး သိ, သိပ်သိ, အလွန်အကျူးအထူးသိ" ဟူသော အဓိပ္ပါယ် ကို နားလည်နိုင်လောက်ပြီ၊ အလွန်အကျူးအထူးသိပုံမှာ_ဆိုခဲ့ပြီးစိတ်များကဲ့သို့ မဟုတ်ဘဲ, အာရုံသစ်ကို ရှေးဦးစွာ ထွက်၍ မယူရခြင်း(မနောဒွါရဝဇ္ဇန်းကဲ့သို့ ယူရစေကာမူ) မှီရာတူသောစိတ်မှ အနန္တရသတ္တိဖြင့် ကျေးဇူးပြုခံရ၍, မှီရာတူသော နောက်စိတ်အား အနန္တရသတ္တိဖြင့် ကျေးဇူးပြုရခြင်းကြောင်ြ အာရုံကိုသိရာ၌ ထိထိမိမိ သိကြသည်၊ သို့အတွက် "မနော ဧဝ_မနသည်ပင်၊ ဝိညာဏံ_အထူးသိတက်သော စိတ်တည်း၊ မနောဝိညာဏံ_မနသည်ပင် အထူးသိတက်သောစိတ်"၊ ဤသို့ စိတ်အနက်ကို ဟော သော မနောနှင့် ဝိညာဏသဒ္ဒါနှစ်ခု ရော၍ "မနောဝိညာဏ" အမည်ရသည်။
[ဆောင်] အာရုံပြုဟန်,အတန်တန်ဝယ်,သာမန်သိသော,ဓာတ်သဘောကို,မနောဟုမှတ်၊မနောဓာတ်ထက်,လွန်တက်သိပြန်,ဝိညာဏံတည်း၊တစ်ဖန်ထို့ထက်,ဆတက်ကဲချွန်,အလွန်အကျူး,အထူးသိသော,ဓာတ်သ ဘော ကား,မနောဝိညာဏ်,အမည်တွင်သည်,...ဤတွင်မှတ်ဖွယ် အချုပ်တည်း။
ဤကား ပကိဏ်းပိုင်းဘာသာဋီကာ။
•••••••••••••••••
Subscribe to:
Post Comments (Atom)
No comments:
Post a Comment