Saturday, July 16, 2016
ဝီထိပိုင်း .....
စာ ၂၄၈ ၂၄၉. ၂၅၀ ၂၅၁ ၂၅၂
သင်္ဂြိုဟ်ဘာသာဋီကာ
စာ_ ၂၄၈
ယထာရဟံ စတုတ္ထံ ဝါ ပဉ္စမံ ဝါ ယထာဘိနီိဟာရဝသေန ယံကိဉ္စိ ။ ။ ယခင် ဥပစာရ သမာဓိ ဇော များက ၃ ကြိမ် စောခဲ့လျှင် အပ္ပနာ သမာဓိ ဇော က ၄ ကြိမ်မြောက်မှာ စောရမည်၊ ယခင် ဥပစာရ သမာဓိ ဇောက ၄ ကြိမ် စောခဲ့လျှင် ဤ အပ္ပနာ သမာဓိ ဇောက ၅ ကြိမ်မြောက်မှာ သောရမည်၊ ဤသို့ ထိုက်သင့်သလို စောခွင့်ရှိသည် ဟူလို၊ အပ္ပနာ ဇော ၂၆ ပါးတွင် တစ်ပါးပါး စောရာ၌ ယထာဘိနီိဟာရ ၏ အစွမ်းဖြင့် စောကြသည်၊ ဈာန်ရအောင် အားထုတ် သူသည် မိမိ၏ သမထဘာဝနာစိတ်ကို ဈာန်သို့ ရှေးရှူဆောင်၏၊ ဈာန်အများတွင်လည်း ပဌမဈာန် ရအောင် အားထုတ် သူက မိမိ၏ သမထဘာဝနာစိတ်ကို ပဌမဈာန် စိတ်သို့ ရှေးရှူဆောင်၏၊ ဒုတိယဈာန် စသည်ကို အားထုတ် သူကလည်း မိမိ၏ သမထဘာဝနာစိတ်ကို ဒုတိယဈာန် သို့ ရှေးရှူဆောင်၏၊ မဂ်ဖိုလ် ရအောင် အားထုတ် သူကလည်း မိမိ၏ ဝိပဿနာ ဘာဝနာ စိတ်ကို မဂ်ဖိုလ် သို့ (မဂ်ဖိုလ် အများတွင်လည်း မိမိအားထုတ်သော မဂ်ဖိုလ် သို့) ရှေးရှူဆောင်၏_ ဟူလို၊ [အဘိနီဟရဏံ အဘိနီဟာရော (စိတ်ကို ရှေးရှူဆောင်ခြင်း) ယော ယော အဘိနီဟာရော ယထာဘိနီိဟာရံ(အကြင် အကြင်သို့သော ရှေးရှူဆောင်ခြင်း) တစ်နည်း _ အဘိနီဟာရဿ အနုရူပံ ယထာဘိနီိဟာရံ (ရှေးရှူဆောင်ခြင်းအား လျော်သည်၊) ယထာဘိနီိဟာရံ + ဝသော ယထာဘိနီိဟာရဝသော (အကြင် အကြင် သို့သော စိတ်ကိုရှေးရှူ ဆောင်ခြင်း၏ အစွမ်း၊ ဝါ _ စိတ်ကို ရှေးရှူဆောင်ခြင်းအား လျော်သည်၏ အစွမ်း။)]
တတော ပရံ အပ္ပနာဝသာနေ ဘဝင်္ဂပါတောဝ ။ ။ အပ္ပနာ ဝသာနေကို မထည့်ဘဲ "တတော ပရံ ဘဝင်္ဂပါတောဝ " လောက်တွင် ဆိုက "ထို (၄) ကြိမ်မြောက် (၅) ကြိမ်မြောက်မှာ အပ္ပနာ ဇော (၁) ကြိမ် ဖြစ်ပြီးနောက် ဘဝင်ကျတော့သည်" ဟု ယူမှားမည် စိုးသောကြောင့် အပ္ပနာဝသာနေဟု ထည့်ရသည်၊ (၄) ကြိမ်မြောက် (၅) ကြိမ်မြောက် မှာ အပ္ပနာ ဇော စ၍ စော၏။ ထိုအပ္ပနာဇောကား (ဇဝန နိယာမ အတိုင်း) တချို့ဝီထိ၌ (၁) ကြိမ်, တချို့ဝီထိ၌ (၂) ကြိမ် (၃) ကြိမ် က စ၍ နေ့ရော ညဥ့်ပါ ရက်ပေါင်း အတော်ကြာအောင် ဆက်ကာ ဆက်ကာ ဖြစ်သောကြောင့် "ထိုဖြစ်ခွင့်ရှိသမျှ အပ္ပနာ ဇော ဆုံးမှသာ ဘဝင်ကျသည"် ဟူလို၊ "တထာ တဒါရမဏုပ္ပါဒေါ စ" ပါဌ်ဖြင့် အပ္ပနာ ဇဝနဝါရ၌ တဒါရုံ မဖြစ်ကြောင်းကို ဆိုခဲ့ပြီး ဖြစ်၍၊ "ဘဝင်္ဂပါတောဝ" ၌ ဧဝ သဒ္ဒါ ဖြင့် တဒါရုံ မဖြစ်ကြောင်းကို ကန့်ဖွယ် မလို၊ ကေစိဆရာတို့က "ဇော (၇) ကြိမ် မပြည့်သေးလျှင် အပ္ပနာ ဇောနောင် (၇) ကြိမ်ပြည့်အောင် ကာမဇော ဆက်၍ စော၏၊" ဟု ယူလိုကြသတဲ့၊ ထိုအယူဝါဒကို ပယ်၍ "အပ္ပနာ ဝသာနေ ဘဝင်္ဂပါတောဝ" ဟု ဧဝ သဒ္ဒါ ကို မိန့်သည်။ "အပ္ပနာ ဇော အဆုံး၌ ကာမဇော တစ်စုံတစ်ခု မျှ မစောတော့ပဲ ဘဝင်သာ ကျတော့သည် "ဟူလို။
=======================
အပ္ပနာဇောဝါရ
စာ _ ၂၄၉
ပရိကမ္မ ။ ။ ပရိကရောတိ အပ္ပနံ အဘိသင်္ခရောတီတိ ပရိကမ္မံ၊ ယံ စိတ္တံ _ အကြင်စိတ်သည်၊ ပရိကရောတိ အပ္ပနံ အဘိသင်္ခရောတိ _ အပ္ပနာ ကို ပြုစီမံတက်၏၊ ဣတိ _ ထို့ကြောင့် ၊ တံ စိတ္တံ _ ထိုစိတ်သည်၊ ပရိကမ္မံ _ ပရိကံမည်၏၊ "အပ္ပနာ ဖြစ်ပေါ်လာအောင် ပြုတက်သောစိတ်" ဟူလို။
ဥပစာရ ။ ။ သမီပေ _ အပ္ပနာ ၏ အနီး၌ ၊ စရတီတိ _ ဖြစ်တက်သည်၏ အဖြစ်ကြောင့်၊ ဥပစာရော _ ဥပစာရ မည်၏၊ " အိမ်ဥပစာ ကျောင်းဥပစာသည် အိမ်ကျောင်းတို့နှင့် တဆက်တည်း ဆက်နေသည် မဟုတ်၊ အိမ်ကျောင်းတို့၏ အနီးအပါးလောက်မှာ တည်ရှိသကဲ့သို့ , ထို့အတူ အပ္ပနာ နှင့် တဆက်တည်း ဆက်နေသော ဂေါတြဘု ကို "ဥပစာ" ဟု မခေါ်ရ , အပ္ပနာ ဇော၏ အနီးအပါး (ဂေါတြဘု ၏ ရှေ့ နားက) စိတ်များကို သာ "ဥပစာ" ဟု ခေါ်ရသည်။ [အနစ္စာသန္နောပိ ဟိ နာတိဒူရဂ္ဂဝတ္တိသမီပစာရီ နာမ ဟေါတိ၊_မဟာဋီကာ ]
အနုလောမ ။ ။ ရှေးရှေး ပရိကံတို့၏ ကိစ္စကိုလည်း ဆက်လက်၍ ရွက်ဆောင်တက်, ထိုကိစ္စအတွက် အပ္ပနာ ကိုလည်း ပေါ်လာစေတက်၍ ရှေးရှေးပရိကံနှင့် နောက် အပ္ပနာ အား လျော်သောကြောင့် "ပုဗ္ဗာပရာနံ အနုလောမေတိ" ဟူသော ဝစနတ်အရ အနုလောမ မည်၏၊ ပုဗ္ဗာပရာနံ _ ရှေးရှေးပရိကံနှင့်နောက်နောက် အပ္ပနာ တို့အား ၊ အနုလောမေတိ _ လျော်စွာ ဖြစ်တက်၏၊ ဣတိ_ထို့ကြောင့် ၊ အနုလောမံ _ အနုလောမ မည်၏၊ ရှေးရှေးပရိကံဟူရာ၌ အပ္ပနာ ဝီထိတွင်းက ပရိကံ ကို ဆိုလိုသည် မဟုတ်ပါ၊ အပ္ပနာ ဝီထိ မရောက်မီ ရှေးရှေး ဝီထိတွင်းတုန်းက ဖြစ်သမျှ ဇော တို့ကိုလည်း အပ္ပနာ ပေါ်လာအောင် စီမံပေးကြသည် ဖြစ်၍ ပရိကံ ဟုပင် ခေါ်ဆိုရသည်၊ ထို့ကြောင့် ဝိသုဒ္ဓိမဂ်၌ _"ဣတော ပုဗ္ဗေ ပရိကမ္မာနံ ဥပရိ
အပ္ပနာယ စ အနုလောမတော အနုလောမာနီတိ ဝုစ္စန္တိ" ဟု ဖွင့်ပြီးလျှင်, မဟာဋီကာ ၌ _ဣတော ပုဗ္ဗေ ပရိကမ္မာနံတိ နာနာဝဇ္ဇနဝီထိယံ ပရိကမ္မာနံ " ဟု ဖွင့်သည်၊ [ဂေါတြဘု ခေါ်ပုံကို ကမ္မဠာန်း ပိုင်း၌ တိုက်ရိုက် တွေ့ရလတ္တံ့။
အပ္ပနာဘိသင်္ခါရတ္တာ, သမီပစာရဘာဝတော၊
ပုဗ္ဗာပရာနုလောမတ္တာ, ကာမဂေါတ္တာဒိဘီဘဝါ၊
ပရိကမ္မောပစာရာနု_ လောမဂေါတြဘုနာမကာ။
အပ္ပနာဘိသင်္ခါရတ္တာ_ အပ္ပနာ ဖြစ်ဖို့ရန် ပြုစီမံတက်သည်၏ အဖြစ်ကြောင့်၊ လည်းကောင်း ၊ သမီပစာရဘာဝတော _ အပ္ပနာ၏ အနီး ဥပစာ၌ ဖြစ်သည်၏ အဖြစ်ကြောင့် လည်းကောင်း ၊ ပုဗ္ဗာပရာနုလောမတ္တာ_ ရှေးရှေးပရိကံ, နောက်နောက် အပ္ပနာ ဇောအား လျော်သည်၏ အဖြစ်ကြောင့် လည်းကောင်း ၊ ကာမဂေါတ္တာဒိဘီဘဝါ _ ကာမအနွယ် ပုထုဇဉ် အနွယ်ကို လွမ်းမိုးခြင်းကြောင့်လည်းကောင်း၊ ပရိကမ္မောပစာရာနုလောမဂေါတြဘုနာမကာ _ ပရိကံ ဥပစာ အနုလုံ ဂေါတြဘု ဟူသော အမည် ရှိကြကုန်၏၊၊
========================
သင်္ဂြိုဟ်ဘာသာဋီကာ
စာ _ ၂၅၀
မှတ်ချက် ။ ။ ဤပြအပ်သော ဝစနတ္ထ အရ ထိုစိတ် (၄) မျိုးတွင် ပဌမစိတ်ကို ပရိကံ ဥပစာ အနုလုံ ဟု နာမည် (၃) မျိုး ခေါ်နိုင်၏၊ ဒုတိယ တတိယ စိတ်များကို လည်း နာမည် (၃) မျိုးလုံးပင် ခေါ်နိုင်၏၊ သို့သော် နာမည်ခြင်း မရောယှက်စေလိုသောကြောင့် ပြပြီး နာမည် ကို ထပ်မပြဘဲ ပဌမစိတ်ကို ပရိကံ, ဒုတိယစိတ်ကို ဥပစာ, တတိယစိတ်ကို အနုလုံ ဟု ဆိုသည်၊ စတုတ္ထစိတ်ကိုကား ဂေါတြဘု ဟုသာ ခေါ်ဆိုနိုင်၏၊ ဤ ဂေါတြဘု ကို "ဝေါဒါန_ ဝေါဒါန်"ဟု သုံးစွဲ သော အရာလည်း ရှိသေး၏၊ ဝီထိ ဆိုရိုး၌ တွေ့ရလတ္တံ့။
(၆)ကြိမ်(၇)ကြိမ်မြောက် ၌ အပ္ပနာ ဇော မစောနိုင် ။ ။ ချောက်ကမ်းပါး ပြတ်သို့ အဟုန်ပြင်းစွာ ရှေးရှူပြေးလာသော ယောင်္ကျား သည် ချောက်ကမ်းပါး ထိပ်သို့ ရောက်လျှင် ရပ်ချင်သော်လည်း မရပ်နိုင်ပဲ, နီးကပ်နေသော ချောက်ကမ်းပါး ၌ ကျဖွယ် ရှိသကဲ့သို့ ထို့အတူ အဟုန်ပြင်းစွာ ဖြစ်လာခဲ့သော ဇောအစဉ်သည် (၆)ကြိမ် (၇) ကြိမ်မြောက် တွင် ဘဝင်နှင့် နီးကပ်နေသောကြောင့် ထို ဘဝင်တည်း ဟူသော ချောက်ကမ်းပါး သို့ ကျဆင်းဖွယ်ဖြစ်တော့၏၊ အပ္ပနာ ဇောအဖြစ် မားမားမတ်မတ် ရပ်တည်ခြင်းငှါ မစွမ်းနိုင်၊ သို့အတွက် (၆) ကြိမ် (၇) ကြိမ်မြောက် မှာ အပ္ပနာ ဇော မစောဘဲ (၄) ကြိမ်မြောက် (၅) ကြိမ်မြောက် ၌သာ စောရသည်၊၊ [အဋ္ဌသာလိနီ ၌ တမျိုး လာသေး၏။]
==========================
စာ_ ၂၅၀
[ဆောင်] ကမ်းပါးရှေးရှူ, ပြေးသသူကား, ကမ်းမူထိပ်ဖျား, ရပ်လိုငြားလည်း,ကမ်းပါးချောက်နက်, နီးသည့်တွက်ကြောင့်, တန့်လျက်မြဲခိုင်, မရပ်နိုင်သို့, အပြိုင်မှတ်လောက်, ခြောက်ခွန်မြောက်လည်း, ကမ်းစောက်အသွင်, နောက်ဘဝင်နှင့်, အစဉ်နီးစပ်, ကျဖို့ကပ်သဖြင့်, မြတ်အပ္ပနာ, မရပ်သာသည်, ......မှတ်ပါစေဖို့ ကဗျာတည်း။
(၃)
ကြိမ်မြောက် လည်း အပ္ပနာ ဇော မဖြစ်နိုင် ။ ။ (၆) ကြိမ်မြောက် (၇) ကြိမ်မြောက် မှာ ဘဝင်နှင့် နီးကပ်နေသဖြင့် မဖြစ်သင့်လျှင် ရှိပါစေတော့၊ (၃) ကြိမ်မြောက် မှာ အဘယ့်ကြောင့် အပ္ပနာ ဇော မဖြစ်နိုင်သနည်း ဟု မေး၊ အဖြေကား _ အပ္ပနာ ဇောဖြစ်သော ဈာန် မဂ်ဖိုလ်တို့သည် ဂေါတြဘု ကကျေးဇူးပြုမှ ဖြစ်ပေါ်နိုင်ကြ၏၊ ဂေါတြဘု ရှေ့ က အနုလုံ ဇောသည်လည်း မိမိရှေ့ကထောက်ပံ့မည့် အာသေဝနပစ္စည်း မရ၍ (၁) ကြိမ်တည်း ဖြစ်ရလျှင် အားနည်းလှသဖြင့် ဂေါတြဘု ပေါ်လာအောင် ပင် မတက်နိုင်သေးချေ၊ ထို့ကြောင့် အနုလုံ, ဂေါတြဘု, ဈာန်ဟု (၃) ကြိမ်မြောက် မှာ အပ္ပနာဇော မစောနိုင်။
[ဆောင်] အာသေဝန, ပစ္စယကို, မရသေးလစ်, နုလုံတစ်ကား, သစ်သစ်အားပြု, နည်းပါးမှူကြောင့်, ဂေါတြဘု ဖြစ်အောင်, စွမ်းမပြောင်ခဲ့၊ ရှေ့ဆောင် ဂေါတြဘူ, မဖြစ်မူကား, သုံးဆူမြောက်မှာ , အပ္ပနာ သည်, ....ဘယ်ခါ မရှိနိုင်ဘူးတည်း။
==================?====
အပ္ပနာဇောဝါရ
စာ_ ၂၅၁
သင်္ချာ ရှေ့ နောက်စဉ်ပုံ ။ ။ ဥပစာရ သမာဓိ ဇောတုန်းက "စတုက္ခတ္တုံ တိက္ခတ္တုံ" ဟု အများကို ရှေ့ အနည်းကို နောက်ထားပြီးလျှင် , ဤ အပ္ပနာ ဇော၌ အဘယ့်ကြောင့် "စတုတ္ထံ ဝါ ပဉ္စမံ ဝါ" အနည်းကို ရှေ့ အများကို နောက်ထားရပါသနည်း၊ ရှေ့ နောက် ညီအောင် "စတုက္ခတ္တုံ တိက္ခတ္တုံ,ပဉ္စမံ စတုတ္ထံ " ဟု သော် လည်းကောင်း, " တိက္ခတ္တုံ စတုက္ခတ္တုံ, စတုတ္ထံ ပဉ္စမံ" ဟု သော်လည်းကောင်း အစဉ်ပြုထိုက်သည် မဟုတ်လော ဟု မေး၊ အဖြေကား _ "ပရိကမ္မောပစာရာနုလောမ ဂေါတြဘုနာမေန"ဟု အမည် (၄) မျိုး ပြခဲ့သည့် အားလျော်စွာ ထို အမည် (၄ )ပါး အကြွင်း မရှိသော ဇောဝါရကို ရှေးဦးစွာ ပြလိုသောကြောင့် "စတုက္ခတ္တုံ " ဟု အများသင်္ချကို ရှေ့ ထား၍ တိက္ခတ္တုံ ကို နောက်ကထားသည်၊ အပ္ပနာ ဇော ၌ကား ထိုကဲ့သို့ ပြဖွယ်မလို၊, ရှေ့က (၄) ကြိမ်စောလျှင် နောက် အပ္ပနာ ဇောက (၅) ကြိမ်မြောက်, ရှေ့ က (၃) ကြိမ်စောလျှင် နောက်အပ္ပနာဇောက (၄) ကြိမ်မြောက် ဖြစ်ဖို့ ရာ လွန်စွာ ထင်ရှား သောကြောင့် "၄_၅" ဆိုတဲ့ သင်္ချာ အစဉ် ကျအောင် "စတုတ္ထံ,ပဉ္စမံ" ဟု ပဉ္စမံ ကို နောက်ထား၍ ပြတော်မူသည်။
[ဆောင်] ပရိကမ္မ, စသည့်လေးလီ, အမည်အားလုံး,သိမ်းကျုံး ၍ရ,ဇောဝါရကို, ပြခဲ့လို၍,မိန့်ဆိုလေအပ်, စတုက္ခတ္တုံ, အစခြုံ၍၊ တစ်ဖုံထို့နှယ်,ပြဖွယ်ကင်းကွာ, သင်္ချာ တွင်ထုံး, စဉ်တိုင်းသုံးသည်,......အဆုံး ပဉ္စမံပေတည်း။
သောမနဿသဟဂတဇဝနာနန္တရံ အပ္ပနာပိ ၊ပေ၊ ဥပေက္ခာသဟဂတာဝ ။ ။ ဇောတို့ မည်သည် အာသေဝနပစ္စည်းတပ်သော တရားများ ပေတည်း၊ အာသေဝနကို မြန်မာလို "အထုံ" ဟု ခေါ်၏၊ ဥပမာ _ နံ့သာကို ထုံမွှမ်းရာ၌ နောက်နောက် နံ့သာက အနံ့ချင်း တစ်ထပ်တည်း တူသော် လည်းကောင်း, ဆင်တူယိုးမှား လောက် ရှိသော် လည်းကောင်း, မူလအနံ့ မပြောင်းဘဲ ကောင်းသည်ထက် ကောင်းလာနိုင်သည်၊ အကယ်၍ အနံ့ချင်း ကွဲပြားလွန်းနေလျှင် အထုံမရဘဲ အနံအားလုံး ပျက်ပြယ် ပြယ် ဖြစ်နေသကဲ့သို့ ထို့အတူ အာသေဝနပစ္စည်း တပ်သော ဇောတို့သည် ကုသိုလ် _ ကုသိုလ် သတ်သတ်, ကြိယာ_ ကြိယာသတ်သတ် ထပ်၍ ဖြစ်ကြရာတွင် ရှေ့ က ကာမဇော, နောက်က မဟဂ္ဂုတ် ဇော ဟု ဘုံချင်း ကွဲပြားစေကာမူ ဆင်တူယိုးမှား ဖြစ်သည့်အတွက် အာသေဝန (အထုံ) မပျက်ချေ၊ရှေ့က သောမနဿ, နောက်က ဥပေက္ခာ, သို့မဟုတ် ရှေ့ က ဥပေက္ခာ နောက်က သောမနဿ ဟု ဝေဒနာ ချင်း ကွဲပြားနေပါမူကား အာသေဝန (အထုံ) ပျက်ပေလိမ့်မည်၊ စိတ်သဘောသွားကို စဉ်းစားပြန်လျှင်လည်း "ဇော အစဉ်တတန်းဝယ် ရှေ့ ဇောက ဝမ်းမြောက်လိုက်, နောက်ဇောက လျစ်လျူရှု လိုက်, ထို့နောက် ဇောက ဝမ်းမြောက်လိုက် " ဟု အပြောင်း အလွဲ မမြန်ထိုက်၊ ထို့ကြောင့် "သောမနဿသဟဂတဇဝနာနန္တရံ အပ္ပနာပိ သောမနဿသဟဂတာဝ" စသည်ဖြင့် မိန့်တော်မူရပေသည်။
===========================
Subscribe to:
Post Comments (Atom)
No comments:
Post a Comment