Saturday, July 16, 2016

ဝီထိပိုင်း ******** စာ - ၂၅၂ ၂၅၃ ၂၅၄ ၂၅၅ ၂၅၆ သင်္ဂြိုဟ်ဘာသာဋီကာ စာ_ ၂၅၂ အမှာ ။ ။ "ဒွ တ္တိံသ သုခ ပုည မှာ" စသော ဂါထာ တို့၌ အကြမ်းသရုပ်ကို အခြေပြု သင်္ဂြိုဟ် ၌ ပြခဲ့ပြီ၊ ယခု ပြအပ်လတ္တံ့သည့် အတိုင်းလည်း အနုစိတ် ၍ မှတ်လျှင် အပ္ပနာ ဝီထိ သွားကို များများ ကြီး နားလည်ဖွယ် ရှိသောကြောင့် အနုစိတ် ၍ ခွဲခြားပြဦးအံ့။ ပုထုဇဉ် ၏ မဟာကုသိုလ် ဇောနောင် အပ္ပနာ ဇော ။ ။ တိဟိတ် ပုထုဇဉ် အဖြစ်၌ မဟဂ္ဂုတ် ကုသိုလ် ဈာန် (၉) ပါးလုံးကို ရနိုင်၏၊ သောတာပတ္တိမဂ် အကျယ် (၅) ပါးကို ရနိုင်၏၊ ထို့ကြောင့် တိဟိတ် ပုထုဇဉ် ၏ မဟာကုသိုလ် ဉာဏသမ္ပယုတ် ဇော (၄) ပါးတွင် တစ်ပါးပါး နောင် မဟဂ္ဂုတ် ကုသိုလ် ဇော ၉ ,သောတာပတ္တိမဂ် ဇော (၅) , ပေါင်းစား (၁၄) ပါးသော အပ္ပနာ ဇော များ စောခွင့်ရှိသည် ၊ သောမနဿ ဥပေက္ခာ အားဖြင့် ခွဲစိတ်ပြန်လျှင် တိဟိတ် ပုဂ္ဂိုလ် ၏ မဟာကုသိုလ် သောမနဿ ဉာဏသမ္ပယုတ် ဇော နှစ်ပါးတွင် တစ်ပါးပါး နောင် ပဌမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် ဟူသော ရူပကုသိုလ် ဈာန် (၄), သောတာပတ္တိမဂ် ကုသိုလ် ဈာန် (၄). , ပေါင်း (၈) ပါးသော အပ္ပနာ ဇောများ စောခွင့်ရှိ၏၊ ထို ပုဂ္ဂိုလ်၏ မဟာကုသိုလ် ဥပေက္ခာ သဟဂုတ် ဉာဏသမ္ပယုတ် ဇော နှစ်ပါးတွင် တစ်ပါးပါး နောင် ရူပကုသိုလ် ပဉ္စမဈာန် ၁ , အရူပကုသိုလ်ဈာန် (၄) , သောတာပတ္တိမဂ် ပဉ္စမဈာန် (၁) , ပေါင်း (၆) ပါးသော အပ္ပနာ ဇောများ စောခွင့်ရှိ၏၊ [ပုထုဇဉ် သန္တာန်၌ သောတာပတ္တိဖိုလ်စိတ် ဖြစ်ခွင့်မရှိ၊ သောတာပတ္တိမဂ္ဂဋ္ဌပုဂ္ဂိုလ် ဖြစ်ပြီးမှ သောတာပတ္တိဖိုလ်ကို ရနိုင်သည်။] သောတာပန် ၏ မဟာကုသိုလ် နောင် အပ္ပနာ ။ ။ သောတာပတ္တိဖလဋ္ဌပုဂ္ဂိုလ် အဖြစ်၌ မဟဂ္ဂုတ် ကုသိုလ် ဈာန် (၉) ပါးကို ရနိုင်၏၊ ဖလသမာပတ် ဝင်စားသောအခါ သောတာပတ္တိဖိုလ်ဇော (၅) ပါးလည်း စောနိုင်၏၊ တိုးတက်၍ အားထုတ် လျှင် အထက် သကဒါဂမ်မိမဂ်ဇော (၅) ပါး ကိုလည်း ရနိုင်၏၊ [သကဒါဂါမိဖိုလ်ဇောကိုကား သောတာပန်ဘဝ၌ မရ, သကဒါဂါမိမဂ္ဂဋ္ဌပုဂ္ဂိုလ် ဖြစ်ပြီးမှ ရသည်၊] ထို့ကြောင့် သောတာပတ္တိဖလဋ္ဌပုဂ္ဂိုလ် ၏ မဟာကုသိုလ် ဉာဏသမ္ပယုတ် (၄ )ပါးတွင် တစ်ပါးပါး နောင် အပ္ပနာ ဇောများ (၁၉) ပါး စောနိုင်ခွင့် ရှိသည်။ သောမနဿ ဥပေက္ခာ အားဖြင့် ခွဲစိတ်ပြန်လျှင် ထို ပုဂ္ဂိုလ် ၏ မဟာကုသိုလ် သောမနဿ ဉာဏသမ္ပယုတ် ဇော (၂) ပါးနောင် သောမနဿ သဟဂုတ် ဖြစ်သော အောက်ရူပ ကုသိုလ်ဈာန် (၄) , သောတာပတ္တိဖိုလ်ဈာန် (၄) , သကဒါဂါမိမဂ်ဈာန် (၄) , ပေါင်း (၁၂) ပါးသော အပ္ပနာ ဇောများ စောနိုင်၏၊ ထို ပုဂ္ဂိုလ်၏ မဟာကုသိုလ် ဥပေက္ခာ သဟဂုတ် ဉာဏသမ္ပယုတ် ဇော နှစ်ပါးနောင် ရူပကုသိုလ် ပဉ္စမ ဈာန် (၁) , အရူပကုသိုလ် (၄) , သောတာပတ္တိဖိုလ် ပဉ္စမ ဈာန် (၁) , သကဒါဂါမိမဂ် ပဉ္စမဈာန် (၁) , ပေါင်း (၇) ပါးသော အပ္ပနာ ဇောများ စောခွင့် ရှိသည်။ --------------------------- တဒါရမဏနိယာမ စာ_ ၂၅၃ သကဒါဂမ် ၏ မဟာကုသိုလ်နောင် အပ္ပနာ ။ ။ သကဒါဂါမိဖလဋ္ဌပုဂ္ဂိုလ်၏ မဟာကုသိုလ် ဉာဏသမ္ပယုတ် ဇောများ နောင်လည်း ဤနည်း အတိုင်း မဟဂ္ဂုတ် ကုသိုလ် ဈာန် (၉) ပါး, သမာပတ် ဝင်စားသည့်အခါ သကဒါဂါမိဖိုလ်ဇော (၅) , အထက်မဂ်ကို ရသည့်အခါ အနာဂါမိမဂ်ဇော (၅) , ပေါင်း (၁၉) ပါး စောနိုင်၏၊ သောမနဿ ဥပေက္ခာ အားဖြင့် လည်း ခွဲခြမ်းစိတ်ဖြာ ပါ။ အနာဂါမ် ၏ မဟာကုသိုလ် နောင် အပ္ပနာ ။ ။ အနာဂါမိဖလဋ္ဌပုဂ္ဂိုလ်၏ မဟာကုသိုလ် ဉာဏသမ္ပယုတ် ဇောများ နောင်လည်း ဤနည်း အတိုင်းပင် မဟဂ္ဂုတ် ကုသိုလ် ဈာန် (၉) ပါး, သမာပတ် ဝင်စားသောအခါ အနာဂါမိဖိုလ်ဇော (၅) , အထက်မဂ်ကို ရသောအခါ အရဟတ္တမဂ် ဇော (၅) , ပေါင်း (၁၉) ပါး စောနိုင်၏၊ သောမနဿ ဥပေက္ခာ အားဖြင့် ခွဲခြား စိတ်ဖြာပါ။ ရဟန္တာ ၏ မဟာကြိယာ နောင် အပ္ပနာ ။ ။ ရဟန္တာ ပုဂ္ဂိုလ်များ ၏ သန္တာန်၌ မဟဂ္ဂုတ် ကြိယာဈာန် (၉) ပါး ဖြစ်နိုင်၏၊ ဖလသမာပတ် ဝင်စားသောအခါ အရဟတ္တဖိုလ်ဇော (၅) ပါးတွင် ထိုက်သင့်သလို တစ်ပါးပါး ဖြစ်၏၊ အထက်မဂ်ကိုကား တိုးတက် ရဖွယ်မရှိပြီ၊မိမိ ရအပ်ပြီးသော မဂ်လည်း စိတ္တက္ခဏ တစ်ချက်ဖြင့် ဆိုင်ရာကိစ္စအားလုံး ပြီးဆုံး စေခဲ့ပြီ ဖြစ်သောကြောင့် ထပ်မံ၍ ဖြစ်ခွင့်မရှိ၊ ထို့ကြောင့် ရဟန္တာ ၏ မဟာကြိယာ ဉာဏသမ္ပယုတ် ဇော (၄) ပါးတွင် တစ်ပါးပါး နောင် မဟဂ္ဂုတ် ကြိယာ (၉) ပါးနှင့် အရဟတ္တဖိုလ်ဇော (၅) ပါး ပေါင်း (၁၄) ပါးသာ စောခွင့် ရှိ၏၊ သောမနဿ ဥပေက္ခာ အားဖြင့် ခွဲစိတ်ပြန်လျှင် မဟာကြိယာ သောမနဿ ဉာဏသမ္ပယုတ် ဇော (၂ )ပါးတွင် တစ်ပါးပါး နောင် ပဌမဈာန် ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန် ဖြစ်သော ရူပကြိယာဈာန် (၄) , အရဟတ္တဖိုလ်ဇော (၄) , ပေါင်း (၈) ပါးသာစောခွင့်ရှိ၏၊ ဥပေက္ခာ ဉာဏသမ္ပယုတ် နောက်၌ကား ရူပကြိယာပဉ္စမဈာန် (၁) , အရူပကြိယာဈာန် (၄) , အရဟတ္တဖိုလ် ပဉ္စမဈာန် (၁) , ပေါင်း (၆) ပါးသော အပ္ပနာ ဇောများ စောခွင့် ရှိသည်။ ~~~~~~~~ တဒါရမဏနိယာမ ************** သဗ္ဗထာပိ ပနေတ္ထ အနိဋ္ဌေ အာရမဏေ အကုသလဝိပါကာနေဝ ပဉ္စဝိညာဏသမ္ပဋိစ္ဆနသန္တီရဏတဒါရမနာနိ၊ ဣဋ္ဌေ ကုသလဝိပါကာနိ၊ အတိဣဋ္ဌေ ပန သောမနဿ သဟဂတာနေဝ သန္တီရဏတဒါရမဏာနိ။ အမှာ ။ ။ "သဗ္ဗထာပိ ပနေတ္ထ " ဟု အချို့စာရှိ၏၊ ရှေးဋီကာတို့၌ "သဗ္ဗတ္ထာပီတိ ပဉ္စဒွါရ မနောဒွါရေပိ" ဟု ဖွင့်၏၊ ထို ဋီကာတို့ အလို ပနေတ္ထ ဟု ရှိပုံမရ, "သဗ္ဗထ္ထာပိ ပန အနိဋ္ဌေ" ဟု ရှိဟန် တူသည်။ "ပနေတ္ထ " ဟု ရှိလျှင် သဗ္ဗထာပိ ဟုသာ ++++++++++++++++++++++++ သင်္ဂြိုဟ်ဘာသာဋီကာ စာ_ ၂၅၄ ရှိထိုက်သောကြောင့် "ဧတ္ထ _ ဤပဉ္စဒွါရ၌၊ သဗ္ဗထာပိ _ အတိမဟန္တ မဟန္တစသော အလုံးစုံ သော အပြား အားဖြင့် လည်း" ဟု အခြေပြု၌ အနက်ပေးခဲ့ပါသည်။ ဣဋ္ဌာရုံ အနိဋ္ဌာရုံ ။ ။ ပဉ္စဝိညာဏ်အစ တဒါရုံ အဆုံးရှိသော ဝိပါတ် စိတ်များ၏ ကုသလဝိပါတ် ဖြစ်ရခြင်း , အကုသလဝိပါတ် ဖြစ်ရခြင်း, သောမနဿ နှင့် ယှဉ်ရခြင့း, ဥပေက္ခာ နှင့် ယှဉ်ရခြင်း တို့မှာ ဣဋ္ဌ အတိဣဋ္ဌ အနိဋ္ဌာရုံ များနှင့် ဆက်သွယ်၍ ဖြစ်ကြရ၏။ ထို့ကြောင့် တွေ့မြင်သမျှ အာရုံတို့၌ ဣဋ္ဌာရုံ ပဲ အနိဋ္ဌာရုံ ပဲဟု ကွဲကွဲပြားပြား ခွဲခြား နိုင်ဖို့ ရှေးဦးစွာ အရေးကြီး၏၊ ထိုသို့ ခွဲခြားရာ၌ "ဣဋ္ဌာနိဋ္ဌာရမဏံ ပန ပါဋိယေက္ကံ ဝိဘတ္တံ အတ္ထီတိ၊ ကဿ ဝသေန ဝိဘတ္တံတိ၊ မဇ္ဈိမကသတ္တဿ" ဟု ခန္ဓဝိဘင်္ဂဋ္ဌကထာ၌ ဆို၏၊ ဆိုလိုရင်းကား _"ပြည့်ရှင်မင်းစသော အထက်တန်း လူ (နတ်)တို့သည် ရိုးရိုး ထမင်း ဟင်းလျာ စသည်ကိုပင် (ဣဋ္ဌဖြစ်ပါလျက်) မနှစ်သက်နိုင်ကြ၊ အလွန်အောက်ကျသောလူ (တိရစ္ဆာန် )တို့ကား ထမင်းသိုး ဟင်းပုပ်များကိုပင် (အနိဋ္ဌမှန်ပါလျက်) ဣဋ္ဌ ထင်နေကြ၏၊ ထို့ကြောင့် ဣဋ္ဌ အနိဋ္ဌအာရုံကို အလတ်တန်းစား လူအများ၏ အလိုအားဖြင့် ခွဲခြား ရမည်ဟု ဆိုလိုသည်၊ ထို့ကြောင့် အလတ်တန်းစား လူတို့၏ အလိုအားဖြင့် ကောင်းသော ရူပ, သဒ္ဒ, စသည့် အာရုံများ သည် ဣဋ္ဌတည်း၊ တွေ့ကြုံခဲလှသော ဘုရားရှင် ၏ အဆင်းတော် အသံတော် စသည်နှင့် ယောင်္ကျား မိန်းမတို့ ၏ အလွန် ကောင်းသော အဆင်း အသံ စသည်ကား အတိဣဋ္ဌ တည်း၊ ကျင်ကြီး ကျင်ငယ် အလောင်းကောင်နှင့် မကောင်းဆိုးဝါး သော အသံ အနံ့ အရား အတွေ့တို့သည် အနိဋ္ဌတည်းဟု ခွဲခြား ရာ၏၊ [ဣစ္ဆိတဗ္ဗံ _ အလိုရှိထိုက် ရှာမှီးထိုက်၏၊ ဣတိ _ ထို့ကြောင့် ၊ ဣဋ္ဌံ _ မည်၏၊ န+ဣဋ္ဌံ အနိဋ္ဌံ_ ဣဋ္ဌမဟုတ်, (ဣဋ္ဌ၏ ပြောင်းပြန် )။] ထေရဝါဒ ။ ။ ပြခဲ့သော ဣဋ္ဌ အနိဋ္ဌ အခွဲ သည် အဋ္ဌကထာလာ သမာနဝါဒတည်း၊ တိပိဋက စူဠာဘယထေရ်ကား "ဣဋ္ဌာနိဋ္ဌံ နာမ ဝိပါကဝသေနေဝ ပရိစ္ဆိန္နံ" ဟု ဆို၏၊ ဆိုလိုရင်းကား _ ဣဋ္ဌာရုံ အနိဋ္ဌာရုံ ဖြစ်ကြောင်း ကို ဝိပါတ်စိတ်ဖြင့် ပိုင်းခြား ရမည်၊ ဣဋ္ဌာရုံ နှင့်တွေ့လျှင် (ဇောမှာ သောမနဿ ဥပေက္ခာ ဒေါမနဿ စောချင်ရာ စောပါစေ ) ပဉ္စဝိညာဏ် စသော ဝိပါတ်စိတ်မှာ ဧကန် ကုသလဝိပါတ် သာတည်း၊ အနိဋ္ဌာရုံ နှင့် တွေ့လျှင် အကုသလဝိပါတ် သာတည်း၊ တိတ္ထိတို့သည် ဘုရား တရား သံဃာ နှင့် မဟာစေတီစသည်ကို မြင်ရ ကြားရလျှင် မျက်စိ နှင့် နားကို ပိတ်လျက် ဒေါသ ထွက်ကြ၏၊ သို့ရာဝယ် ထို အတိဣဋ္ဌာရုံဖြစ်သော ဘုရား စသည်ကို မြင်ရ ကြားရခြင်းသည် ရှေးကုသိုလ်ကံကြောင့် ဖြစ်ရကား ကုသလဝိပါတ် စိတ်များ ဖြစ်၏၊ ဒိဋ္ဌိဝိပ္ပလ္လာသကြောင့်သာ အတိဣဋ္ဌာရုံကို အနိဋ္ဌာရုံ ထင်လျက် ဒေါသဇော စောကြရှာလေသည်။ +++++++++++++++++++++ ဣဋ္ဌ အနိဋ္ဌ အခွဲ စာ_ ၂၅၅ ထို့ပြင် ရွာဝက်တို့သည် မစင်နံရလျှင် အလွန် ပျော်ရွှကြ၏၊ သို့သော် မစင်ကို မြင်ရ နံရ စားရ တွေ့ထိရမှူတို့မှာ အကုသလဝိပါတ် တို့ ချည်းသာတည်း၊ အကုသိုလ် ကံကြီးက ဖန်တီး လိုက်သည့် အတွက် အနိဋ္ဌာရုံ ကို ဣဋ္ဌာရုံ ထင်ကာ ပျော်ရွှင်အားရ သောမနဿ ဇော တွေ စော နိုင်ကြသည်၊ သခင်တို့က ဖွဲ့တုပ်၍ ကောင်းမြတ်သော အိပ်ရာပေါ်၌ တင်ထားအပ်သော ဝက်ကြီးသည် စိတ်မသက်သာ အော်မြည်ရှာ၏၊ သို့သော် ကောင်းမြတ်သော အိပ်ရာ ကို တွေ့ထိရမှူမှာ ကုသလဝိပါတ် သာတည်း၊ မျိုးဇာတ်အလိုက် အကုသိုလ် ကံကြောင့်သာ သညာဝိပလ္လာသ ဖြစ်လျက် ဒေါသ ဒေါမနဿ ဇော စောကာ အော်မြည်ရှာလေသည်၊ ဤသို့လျှင် "ဣဋ္ဌာရုံ အနိဋ္ဌာရုံ အဖြစ်ကို ဝိပါတ်စိတ်ဖြင့် ခွဲခြား ရမည်, ဇောဖြင့် မခွဲခြားရ" ဟု မိန့်ဆိုအပ်သော ထေရဝါဒ ကို အဋ္ဌကထာ ဆရာလည်း ထောက်ခံ ဖွင့်ပြပေသည်။ ထိုမှတစ်ပါး ဒွါရ နှင့် စပ်သဖြင့်လည်း ဣဋ္ဌ အနိဋ္ဌ အခွဲ ကို မှတ်သင့်သေး၏၊ ချဲ့ဦးအံ့ _ ပျော့ပျော့ပျောင်းပျောင်း အတွေ့ကောင်းသော မစင်သည် ကာယဒွါရ ၌ ဣဋ္ဌ, စက္ခုဒွါရ ဃာနဒွါရ တို့၌ အနိဋ္ဌ တည်း၊ ပတ္တမြား ဖြင့် ဦးခေါင်း ကို ပေါက်ခွဲရာ၌ ထို ပတ္တမြား ကို မြင်ရသော စက္ခုဒွါရ ၌ ဣဋ္ဌ, အထိခံရသော ကာယဒွါရ၌ အနိဋ္ဌတည်း၊ အချို့ဝတ္ထုများကား ကာလ အလိုက် ဣဋ္ဌ အနိဋ္ဌ ကွဲပြားသေး၏၊ ချဲ့ဦးအံ့ _ မီးသည် ချက်ပြုတ်လိုရာအခါ ဆောင်းအခါတို့၌ ဣဋ္ဌ , နွေအခါ၌ အနိဋ္ဌ တည်း၊ ရေသည် သောက်လိုရာအခါ နွေအခါတို့၌ ဣဋ္ဌ, ဆောင်းအခါ၌ အနိဋ္ဌ တည်း၊ အချို့ပန်း၌ အဆင်းသည် ဣဋ္ဌ, အနံကား အနိဋ္ဌ တည်း၊ဤသို့ စသည်ဖြင့် ဣဋ္ဌ အနိဋ္ဌ အဖြစ်ကို အလတ်စား ပုဂ္ဂိုလ်အားဖြင့်လည်းကောင်း, ဝိပါတ်စိတ် အားဖြင့် လည်းကောင်း, ဒွါရ အားဖြင့် လည်းကောင်း, ကာလ အားဖြင့် လည်းကောင်း, အဆင်း အနံ့ စသော အားဖြင့် လည်းကောင်း အမျိုးမျိုး ခွဲခြားရမည်။ [ဆောင်] အလတ်တန်းစား, ပုဂ္ဂိုလ်မှန်းလျက်, ဝိပါတ် _ ဒွါရ, ချိန်ကာလနှင့်, ရူပ_ဂန္ဓာ, နှိုင်းချင့်ကာဖြင့်, အနိဋ္ဌာလော, ဣဋ္ဌာလော, စစ်ကြော တွေ့တိုင်းပင်။ သဘညဝ ပရိကပ္ပအခွဲ ။ ။ ဣဋ္ဌ အနိဋ္ဌ အာရုံ နှစ်မျိုး လုံးပင် "သဘာဝ,ပရိကပ္ပ" ဟု နှစ်မျိုး စီ ကွဲပြားပြန်၏၊ အလတ်တန်းစား ပုဂ္ဂိုလ် ၌ ဝိပါတ် ဒွါရ ကာလ စသည်တို့ဖြင့် ခွဲပြအပ်ခဲ့သော အာရုံများ သည် သဘာဝ ဣဋ္ဌာရုံ သဘာဝ အနိဋ္ဌာရုံ များတည်း ၊ "ပင်ကိုယ်သဘောအတိုင်း အလိုရှိထိုက်/ မရှိထိုက်သော အာရုံများ" ဟူလို၊ အထက်တန်း ပုဂ္ဂိုလ်များနှင့် သလိပ် သည်းခြေ သွေးလေဖောက်ပြန်နေသော ဂိလာန, အရူး စသူတို့က ဣဋ္ဌာရုံ ကို မလိုလားနိုင်ကြ၊ ကောင်းမွန်သော အစာအာဟာရကိုပင် ဂိလာနစသူတို့က အနိဋ္ဌာရုံ ဟုသာ ထင်မှတ်ကြလေသည်၊ ထိုသူတို့ ထင်မှတ်အပ်သော ဣဋ္ဌာရုံ သည် ပရိကပ္ပအနိဋ္ဌာရုံမည်၏၊"သူတို့၏ စိတ်အကြံအားဖြင့် အနိဋ္ဌာရုံ " ဟူလို၊ ကျီး လင်းတ စသည်တို့ နှင့် ယခင် ဂိလာန အရူးစသူတို့သည် မစင်, +++++++++++++++++++++ သင်္ဂြိုဟ်ဘာသာဋီကာ စာ_၂၅၆ ခွေးကောင်ပုပ်, မကောင်းသော အစာ, အဝတ်စုတ် စသော အနိဋ္ဌာရုံ ကို ဣဋ္ဌာရုံ ဟု ထင်မှားကြပြန်၏။ ထို ထင်မှားအပ်သော အနိဋ္ဌာရုံ များသည် ပရိကပ္ပဣဋ္ဌာရုံ မည်၏၊ နတ်သမီး စသော အတိဣဋ္ဌာရုံများကို ဘုန်းကံ နည်းပါးသူတို့၌ အနိဋ္ဌာရုံ ထင်မှတ်လျက် မူးမေ့တွေဝေခြင်း , ဘုရားရှင် စသော အတိဣဋ္ဌာရုံ ကိုပင် ဒိဠိ ဝိပလ္လာသ ဖြစ်နေကြသော တိတ္ထိ စသူတို့က အနိဋ္ဌာရုံ ဟု ထင်မှတ်ခြင်း စသည်တို့လည်း ပရိကပ္ပအနိဋ္ဌာရုံများပင်တည်း။ ဝိပါတ်အမှန် ။ ။ ဝိပါတ် စိတ် တို့၌ အာရုံ အားလျော်စွာ သောမနဿ ဥပေက္ခာ ဝေဒနာ ယှဉ်ပုံမြဲသည်ကို "ဝိပါတ်အမှန် " ဟု ခေါ်၍, ဇောစိတ်တို့၌ အာရုံ အားလျော်စွာ ဝေဒနာ ယှဉ်ပုံ မမြဲသည်ကို "ဇောအပြန်" ဟု ပြောစမှတ် ပြုကြသည်၊ ချဲ့ဦးအံ့ = သဘာဝဣဋ္ဌာရုံ အတိဣဋ္ဌာရုံ များကို ရှေးကုသိုလ် ကံ ကြောင့်သာ တွေ့ကြုံရသောကြောင့် သဘာဝဣဋ္ဌာရုံ နှင့် တွေ့ကြုံသောအခါ ကုသလဝိပါတ် ဥပေက္ခာ သဟဂုတ် သန္တီရဏ တဒါရုံ များဖြစ်၍, သဘာဝအတိဣဋ္ဌာရုံနှင့် တွေ့ကြုံသောအခါ ကုသလဝိပါတ် သောမနဿ သန္တီရဏ တဒါရုံ များ ဖြစ်ကြ၏၊ သဘာဝအနိဋ္ဌာရုံနှင့် တွေ့ကြုံသောအခါ ၌ကား အကုသလဝိပါတ် ဥပေက္ခာ သဟဂုတ် သန္တီရဏ တဒါရုံ များ ဖြစ်ကြသည်၊ (ပဉ္စဝိညာဏ် သမ္ပဋိ စ္ဆိုင်း တို့မှာ ဝေဒနာ အားဖြင့် အကွဲအပြား မရှိ၊) ဤသို့ ဝိပါတ် စိတ်များ၌ အာရုံအလိုက် ဝေဒနာ ယှဉ်ပုံ မှန်ကြောင်း ကို ရည်သန်၍ "ဝိပါတ် အမှန်" ဟု ပြောစမှတ် ပြုကြသည်၊ "သဗ္ဗထာပိ ပနေတ္ထ အနိဋ္ဌေ ၊ပေ၊ သောမနဿသဟဂတာနေဝ"ဟူသော သင်္ဂြိုဟ် ၌လည်း ဤအဓိပ္ပါယ်များပါဝင်သည်။ ဇောအပြန် ။ ။ သိတ်ဖောက်ပြန်မှူဟူသော စိတ္တဝိပလ္လာသ, အမှတ်မှားမှူဟူသော သညာဝိပလ္လာသ, အယူမှားမှူဟူသော ဒိဠိဝိပလ္လာသ မကင်းကြသော ပုထုဇဉ် နှင့် ရှေ့ ဝိပလ္လာသ နှစ်မျိုး မကင်းသေးသော သေက္ခပုဂ္ဂိုလ်တို့ သန္တာန်၌ ဖြစ်လေ့ရှိသော ကုသိုလ်ဇော အကုသိုလ် ဇော များသည် တခါတရံ အာရုံ အားလျော်စွာ အတိဣဋ္ဌာရုံ ၌ သောမနဿ ဇော ဣဋ္ဌမဇ္ဈတ္တာရုံ၌ ဥပေက္ခာဇော , အနိဋ္ဌာရုံ ၌ ဒေါသဇော ဖြစ်လေ့ရှိ၏၊ တစ်ခါတစ်ရံ ၌ကား ထိုဝိပလ္လာသတို့ကြောင့်သော်လည်းကောင်း , အနိဋ္ဌာရုံ ကို ခင်မင်နှစ်သက်ဖို့ရာ အကုသိုလ် ကံ ပါလာသောကြောင့်သော်လည်းကောင်း , ဘုရားစသော အတိဣဋ္ဌာရုံ၌ တိတ္ထိ တို့မှာ ဒေါသဇော စောကြလေ၏၊ မစင် ခွေးကောင်ပုပ် စသော အနိဋ္ဌာရုံ ၌ ကျီး လင်းတ တို့မှာ သောမနဿ ဇော စောကြ၏၊ ထို ဘုရား စသော အတိဣဋ္ဌာရုံ နှင့် အနိဋ္ဌာရုံ တို့၌ပင် အချို့ စိတ်ဖောက်ပြန်နေသော အရူးစသူတို့မှာ ဥပေက္ခာ ဇော စောကြ၏၊ ဤသို့လျှင် ကုသိုလ် အကုသိုလ် ဇောတို့၏ အာရုံသဘောကို အခါခပ်သိမ်း မလိုက်ရောဘဲ ဝေဒနာ ယှဉ်ပုံ ဗလောင်းဗလဲ ဖြစ်ဟန်ကို ရည်သန်၍ "ဇောအပြန် " ဟု ပြောစမှတ် ပြုကြလေသည်။ ++++++++++++++++++++++++- mmoo

No comments:

Post a Comment