Saturday, July 16, 2016
ပကိဏ်းပိုင်းဘာသာဋီကာ
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆
စာမျက်နှာ၁၇၅-၁၇၆
သမ္ပယုတ္တာ ယထာယောဂံ,တေပညာသ သဘာဝတော၊
စိတ္တစေတသိကာ ဓမ္မာ,တေသံ ဒါနိ ယထာရဟံ။
ဝေဒနာဟေတုတော ကိစ္စ-ဒွါရာလမ္ဗနဝတ္ထုတော၊
စိတ္တုပ္ပါဒဝသေနေဝ,သင်္ဂဟော နာမ နီယတေ။
အနုသန္ဓေ။ ။ စိတ္တံဟူသော ဥဒ္ဒေ၏ အကျယ်နိဒ္ဒေသကို"တတ္ထ စိတ္တံ တာဝ စတုဗ္ဗိဓံ"စသော စိတ်ပိုင်းတစ်ပိုင်းလုံးဖြင့်လည်းကောင်း,စေတသိကံဟူသော ဥဒ္ဒေသ၏ အကျယ်နိဒ္ဒေသကို စေတသိက်ပိုင်းတစ်ပိုင်းလုံးဖြင့်လည်းကောင်း ချဲ့ ပြပြီး၍,ယခုတစ်ဖန်စိတ်ကို ပဓာနထား၍ နှစ်ပါးစုံကိုပင် ထပ်မံချဲ့ ပြရာ ပဋိနိဒ္ဒေသကို အားထုတ်တော်မူလိုရကား "သမ္ပယုတ္တာ ယထာယောဂံ"စသည်ကို မိန့်သည်၊ ဤဂါထာဝယ်"တေသံ ဒါနိ ယထာရဟံ"မှ တေသံပုဒ်ကို သင်္ဂဟော၌ စပ်၍ "ထိုစိတ် စေတသိက်တို့၏ သင်္ဂဟကို ဆောင်ပြအံ့"ဟု အဓိပ္ပါယ်ရသောကြောင့် "ယခု ပြလတ္တံ့ သော သင်္ဂဟသည် စိတ် စေတသိက်နှစ်ပါးလုံးကို ပြသောသင်္ဂဟ"ဟုဆိုသင့်ပေ၏၊ သို့သော် စိတ်ကိုတိုက်ရိုက်ပြလျှင်ယှဉ်ဖက်ဖြစ်သောစေတသိက်များကိုလည်း ပြပြီးဖြစ်သောကြောင့် "တတ္ထ သုခသဟဂတံ ကုသလဝိပါကံ ကာယဝိညာဏမေကမေဝ"စသည်ဖြင့်စိတ်ကိုသာ တိုက်ရိုက် ပြလတ္တံ့ ၊ ထို့ကြောင့် "စိတ္တုပ္ပါဒဝသေနေဝ နီယတေ"၌ ၌ စိတ္တုပ္ပါဒအရ စိတ်ကိုသာ ယူ၍, ဧဝသဒ္ဒါဖြင့် စေတသိက်ကို ကန့်သတ်သည်ဟု မှတ်ပါ။
ဝေဒနာ ၊ပေ၊ ဝတ္ထုတော။ ။ "ဝေဒနာဟေတုတော"စသောပုဒ်တို့ကိုသင်္ဂဟော နာမ၌ စပ်၍"ဝေဒနာတော+သင်္ဂဟော ဝေဒနာသင်္ဂဟော,ဟေတုတော+သင်္ဂဟော ဟေတုသင်္ဂဟော"စသော ဝစနတ္ထကို သိပါ၊ [ဝေဒနာတော-ဝေဒနာအားဖြင့်၊ သင်္ဂဟော-စိတ် စေတသိက်ကို သင်္ဂြိုဟ်ရေတွက်ရာ ရေတွက်ကြောင်းဖြစ်သော စကားအပေါင်းသည်၊ ဝေဒနာသင်္ဂဟော-မည်၏။ ]
ပကိဏ္ဏကသင်္ဂဟ။ ။ သင်္ဂဟော နာမဟု နာမသဒ္ဒါထည့်၍ပြသဖြင့်ကျမ်း
ဆရာကိုယ်တိုင်"ဝေဒနာသင်္ဂဟ, ဟေတုသင်္ဂဟ"စသော နာမည်ကိုမှည့်၍
ထိုဝေဒနာသင်္ဂဟစသော သင်္ဂဟ(၆)မျိုးကိုရောပြွမ်းထားသောကြောင့် "ဣတိ အဘိဓမ္မတ္ထသင်္ဂဟေ ပကိဏ္ဏကသင်္ဂဟဝိဘာဂေါ နာမ တတိယော ပရိစ္ဆေဒေါ"ဟု ပကိဏ္ဏကသင်္ဂဟနာမည်ဖြင့် နိဂုံးအုပ်ထားသည်၊ အချို့ကား စိတ်ပိုင်းသည်စိတ်အတွက်ကိုသာပြသောသုဒ္ဓသင်္ဂဟ,
စေတသိက်ပိုင်းလည်း စေတသိက်ကိုသာပြလိုရင်းဖြစ်သော သုဒ္ဓသင်္ဂဟဖြစ်၏၊ ဤအပိုင်းကား စိတ် စေတသိက်နှစ်ပါးစုံကိုရောပြွမ်း၍ပြသောကြောင့် ဝေဒနာသင်္ဂဟစသော သင်္ဂဟငယ် တစ်ခုတစ်ခုကိုပင် ပကိဏ္ဏကသင်္ဂဟဟုလည်းကောင်း, မိဿကသင်္ဂဟဟုလည်းကောင်းခေါ်နိုင်သည်ဟုယူကြ၏၊ ထိုဆရာတို့ အယူသည် အရှင်အနုရုဒ္ဓါ စီရင်အပ်သော နာမရူပပရိစ္ဆေဒကျမ်း၌(စိတ်စေတသိက်၏အခြားမဲ့မဟုတ်) ဤ
သင်္ဂြိုဟ်က သမုစ္စယသင်္ဂဟနှင့် အလားတူသင်္ဂဟကိုပြပြီးနောက်-
" ဣတောပရံ ကိစ္စတော စ, ဒွါရာ
လမ္ဗနဝတ္ထုတော၊ဘူမိပုဂ္ဂလတော
ဌာနာ ၊ပေ၊သံခိပိတွာန နိယျတေ"
ဟု ပဋိ ညာဉ်ပြုပြီးလျှင်, ထိုကိစ္စ ဒွါရ အာရုံ ဝတ္ထု ဘုံ ပုဂ္ဂိုလ်စသည်တို့ဖြင့်ရောပြွမ်း၍ပြရာအခန်းကို နိဂုံးအုပ်ရာ၌
"ဣတိ နာမရူပပရိစ္ဆေဒေ ပကိဏ္ဏက ဝိဘာဂေါ နာမ စတုတ္ထော ပရိစ္ဆေဒေါ"ဟု နိဂုံးအုပ်ပုံနှင့်ဆန့်ကျင်၏၊"ထို၌ စိတ် စေတသိက် နှစ်ပါးလုံးကိုရောပြွမ်း၍ပြသည်မဟုတ်, ကိစ္စ ဒွါရစသည်တို့ဖြင့် ရောပြွမ်း၍ပြသောကြောင့်"ပကိဏ္ဏက"ဟု နာမည်တပ်သည်"ဟူလို။
ယထာရဟံ နီယတေ။ ။ "ဆောင်ပြထိုက်သလိုဆောင်ပြအံ့"ဟူသောစကားအရ ဝေဒနာသင်္ဂဟ၌ သုခဝေဒနာဖြင့် ဆောင်ပြထိုက်သောတရားတို့ကို"သုခ သဟဂတံ ကုသလဝိပါကံ ကာယဝိညာဏမေကမေဝ"စသည်ဖြင့်လည်းကောင်း,ဟေတုသင်္ဂဟ၌ ဟိတ်ဖြင့်ဆောင်ပြထိုက်သောတရားတို့ကို"အဋ္ဌာရသာဟေတုက စိတ္တာနိ နာမ ၊ပေ၊ ဧကသတ္တတိ စိတ္တာနိ သဟေတုကာနေဝ"စသည်ဖြင့်လည်းကောင်း,ထိုက်သလိုဆောင်ပြပုံကိုသိပါ၊
အချို့ကား-ဟေတုသင်္ဂဟဝယ် အဟိတ်စိတ်များ,ဒွါရသင်္ဂဟဝယ် ဒွါရဝိမုတ်စိတ်များ,ဝတ္ထုသင်္ဂဟဝယ် အရူပဝိပါက်စိတ်များသည် ဆောင်ပြခြင်းငှါမထိုက်၊
ထို့ကြောင့် ယထာရဟံဆိုကြောင်းကို ဖွင့်ပြကြ၏၊ စိတ်ပိုင်း၌ ဉာဏ်အပြားဖြင့် ရေတွက်ရာဝယ်ဉာဏ်နှင့်ယှဉ်မယှဉ် နှစ်ပါးစုံကိုရေတွက်ခဲ့သလို,
ဤ၌လည်း ဟိတ်အပြားအားဖြင့် ဆောင်ပြရာဝယ် ဟိတ်နှင့်ယှဉ်သော သဟိတ်စိတ်,မယှဉ်သော အဟိတ်စိတ်,
စသည်ဖြင့်ရေတွက်ကောင်းသောကြောင့် ထိုစကားကိုစဉ်းစားကြပါ။
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
Subscribe to:
Post Comments (Atom)
No comments:
Post a Comment