Saturday, July 16, 2016
ပကိဏ်းပိုင်းသင်္ဂြိုဟ်ဘာသာဋီကာ
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆
စာမျက်နှာ ၁၈၀-၁၈၂
ဟေတုသင်္ဂဟအဖွင့်
✔ ✔ ✔ ✔ ✔ ✔
အမှာ။ ။ဤဟေတုသင်္ဂဟ၌ ပါဠိအတွက်ဖွင့်ပြဖွယ်မရှိ၊အဂ္ဂဟိတဂ္ဂဟဏနည်းဖြင့် စေတသိက်ရေတွက်ကြောင်းနည်းကိုသာ ပြအံ့၊ဟေတုသတ္တိကိုကား သုံးချက်စုအဖွင့်၌ပြထားသည်။
[ဆောင်] သုံးဧကဟိတ်,ဒွိဟိတ်ကိုး
လီ,သတ္တဝီတိဟိတ်,ပဉ္စဟိတ်
တစ်,ဆယ့်နှစ်ဆဟိတ်,ဒွေး
ပညိတ်,နိမိတ်ထင်မျှကြံ။....
(ပရမတ္ထသရူပဘေဒနီ။)
သုံးဧကဟိတ်။ ။ဟိတ်တစ်ပါးနှင့်ယှဉ်သောစေတသိက်(၃)ပါးကား ဝိစိကိစ္ဆာ လောဘ ဒေါသ(၃)ပါးတည်း။
[လောဘမူစိတ်၌သာယှဉ်သော လောဘသည်လည်းကောင်း,ဒေါသမူစိတ်၌သာယှဉ်သော ဒေါသသည်လည်းကောင်း,မောဟမူစိတ်၌သာယှဉ်သော ဝိစိကိစ္ဆာသည်လည်းကောင်း,ဤသုံးပါးသည် မေဟဟိတ်တစ်ပါးနှင့်သာ ယှဉ်ကြ၏၊စေတသိက်ယှဉ်ကိုသတိပြုပါ။]
ဒွိဟိတ် ကိုးလီ။ ။ဟိတ်နှစ်းပါးနှင့်သာ ယှဉ်သော စေတသိက်ကိုးပါးကားမောဟ(လောဘ ဒေါသနှင့်)ဒိဋ္ဌိ မာန(လောဘ မောဟနှင့်) ဣဿာ မစ္ဆရိယ ကုက္ကုစ္စ(ဒေါသ မောဟနှင့်) သောဘနဟိတ်(၃)ပါး(အလောဘသည် အဒေါသ အမောဟနှင့် စသည်ယှဉ်ပုံ ကိုသိပါ၊) ပေါင်းကိုးပါးတည်း။
သတ္တဝီတိဟိတ်။ ။ဟိတ်(၃)ပါးနှင့်သာယှဉ်သော စေတသိက်(၂၇)ပါးကား
အဟိရိက အနောတ္တပ္ပ ဥဒ္ဓစ္စ ထိန မိဒ္ဓ
(လောဘ ဒေါသ မောဟတို့နှင့်ယှဉ်)သောဘနစေတသိက်(၂၅)ပါးတွင် ဟိတ်
(၃)ပါးကိုပယ်(၂၂)(အလောဘစသည်တို့နှင့်ယှဉ်) ပေါင်း(၂၇)ပါးတည်း။
ပဉ္စဟိတ် တစ်။ ။ဟိတ်(၅)ပါးနှင့်ယှဉ်သော စေတသိက်(၁)ပါးကား(ဒေါ
သမှတစ်ပါး ဟိတ်(၅)ပါးနှင့် ယှဉ်သော)
ပီတိတည်း။
ဆယ့်နှစ် ဆဟိတ်။ ။ဟိတ်(၆)ပါးနှင့်သာယှဉ်သော စေတသိက်(၁၂)ကား(ပီ
တိမှတစ်ပါး)အညသမာန်း(၁၂)တည်း၊ဤ(၁၂)ပါးတွင် ဖဿသည် စိတ်အားလုံးနှင့်ယှဉ်ရကား ဟိတ်(၆)ပါးလုံးနှင့်ယှဉ်၏,စသည်ဖြင့် သိပါ။
နိမိတ်ထင်မျှကြံ။ ။ အားလုံးပေါင်းက ဒွေးပညာသ ရ၏၊ ဤပြအပ်ခဲ့သောယှဉ်ပုံများကို ကသိုဏ်းနိမိတ် ရှုသကဲ့သို့ ထင်လာအောင် ကြံစည်ပါ-ဟူလို။
[ဆောင်] သုံးဧကဟိတ်,အကျယ်စိတ်
က,စိကိစ်တစ်ဝ,လောဘ-
ဒေါသတည်း။ကိုးဝဒွိဟိတ်,
မောဟ ဒိဋ္ဌိ,မာနထည့်ကာ,
ဣဿာ-မစ္ဆရ,ကုက္ကုစ္စနှင့် ,
သောဘနမည်,ဟိတ်သုံးလီ
မှတ်၊သတ္တဝီ-တိ, ဟိတ်ကို
ကြည့်သော်, အဟိရိက ,
နောတ္တပ္ပနှင့်,ထိန မိဒ္ဓ,ဥဒ္ဓစ္စဟု
သောဘနဝယ်,ဟိတ်ကိုပယ်
၍,နှစ်ဆယ်နှစ်ဝ,ပေါင်း၍ပြ
လော့၊ပဉ္စဟိတ်တစ်,ပီတိဖြစ်
၏၊ဆယ့်နှစ်ဆမှန် , သမာန်
အည,ကြွင်းသမျှသည်,.......
ပေါင်းထ ဒွိပညာသတည်း။
ကိစ္စသင်္ဂဟအဖွင့်
✔ ✔ ✔ ✔ ✔ ✔
ကိစ္စသင်္ဂဟေ ကိစ္စာနိ နာမ ပဋိသန္ဓိဘ
ဝင်္ဂါဝဇ္ဇနဒဿနသဝနဃာယန သာယန
ဖုသနသမ္ပဋိစ္ဆနသန္တီရဏဝေါဋ္ဌပနဇဝန
တဒါရမဏစုတိသေန စုဒ္ဒသဝိဓာနိ
ဘဝန္တိ၊ ပဋိသန္ဓိ ၊ပေ၊ တေသံ ဒသဓာ
ဌာနဘေဒေါ ဝေဒိတဗ္ဗော။
ကိစ္စခေါ်ပုံ။ ။ကိစ္စဖြင့်သင်္ဂြိုဟ်ရေတွက်ရမည့်အခန်း ဖြစ်၍ အရင်းခံကိစ္စတို့ကို ရှေးဦးစွာ ပြလိုသောကြောင့်"ပဋိသန္ဓိဘဝင်္ဂါ၊ပေ၊စုဒ္ဒသဝိဓာနိ
ဘဝန္တိ"ဟုမိန့်သည်၊ ယခုလောက၌ ရောင်းဝယ်မှု တရားဆုံးဖြတ်မှု သွားမှု လာမှုစသော အလုပ်ဟူသမျှကို ကိစ္စဟု ခေါ်သကဲ့သို့,ထို့အတူ ပဋိသန္ဓေစိတ်စသည်တို့၏ ဘဝဟောင်းနှင့်ဘဝသစ်ကို စပ်မှုစသည်ကို"ကိစ္စ"ဟု ခေါ်၏၊
ကရဏံ ကိစ္စံ၊ ကရဏံ-ပြုခြင်း၊ ကိစ္စံ-ပြု
ခြင်း၊ ကရဓာတ်က အလုံးစုံသောဓာတ်၏အနက်၌ ပျံ့ နှံ့ သောကြောင့်"ပြုခြင်း"ဟူရာ၌ ဆက်စပ်မှုကိုပြုခြင်း,
ဆင်ခြင်မှုကိုပြုခြင်း, မြင်မှုကိုပြုခြင်း
စသောအားလုံးကိုပင် ယူနိုင်သည်။
ပဋိသန္ဓေကိစ္စ။ ။ပဋိသန္ဓာနံ ပဋိသန္ဓိ ၊ပဋိသန္ဓာနံ-ဆက်စပ်ခြင်း၊ပဋိသန္ဓိ-ဆက်စပ်ခြင်း၊ဘဝဟောင်းအပြတ်တွင် ဘဝသစ်၌ ရှေးဦးစွာ စိတ်၏ဖြစ်ပေါ်ခြင်းသည် ဘဝဟောင်းနှင့်ဘဝသစ်ကို ဆက်စပ်ပေးသကဲ့သို့ ဖြစ်၏၊ ထိုကဲ့သို့ ဆက်စပ်မှုကြောင့် သတ္တ၀ါဟု ခေါ်အပ်သော ခန္ဓာအစဉ်သည် မချုပ်ငြိမ်းနိုင်ဘဲ အသစ်အသစ်ဘဝကိုရလျက် တဝဲလည်လည် နေရသည်၊ ဤသို့ဘဝဟောင်းနှင့်ဘဝသစ်ကို ဆက်စပ်မှုအခြင်းအရာသည် ပဋိသန္ဓိကိစ္စ မည်၏။
ဘဝင်ကိစ္စ။ ။ဘဝဿ အင်္ဂံ ဘဝင်္ဂံ၊ ဘဝဿ-ဥပပတ္တိဘဝ၏၊ အင်္ဂံ-
မပြတ်မစဲ,ဖြစ်မြဲဖြစ်ရန်အကြောင်းတည်း၊ဘဝင်္ဂံ-ကြောင်း၊ ဘဝဿ၌ ဘဝ
ဟူသည် ဓာတုကထာပဋိစ္စသမုပ္ပါဒ်၌လာသော ဥပပတ္တိဘဝတည်း၊ ဥပပတ္တိဘဝဟူသည်လည်း"ကမ္မတော ဥပပဇ္ဇတီတိ ဥပပတ္တိ"အရ ကံကြောင့်ဖြစ်သောလောကီဝိပါက် နာမက္ခန္ဓာနှင့်ကဋတ္တာရုပ်ခေါ်အပ်သော ကမ္မဇရုပ်များတည်း၊ ချဲ့ ဦးအံ့-ကံအားလျော်စွာ အတိတ်ဘဝဟောင်း၏ ချုပ်ဆုံးသည့်အခြားမဲ့၌ ဘဝသစ်အတွက် ပဋိသန္ဓေစိတ်က ဆက်စပ်ပေးပြီးနောက် အလားတူဝိပါက်များ ဆက်လက်၍မဖြစ်လျှင် ပဋိသန္ဓေစိတ်၏ အခြားမဲ့၌ပင် စိတ်အစဉ်ပြတ်၍ တစ်ဘဝအဆုံးသတ်ဖွယ်ရှိ၏၊ ထို့ကြောင့် ထိုသို့ မဆုံးရလေအောင် ပဋိသန္ဓေစိတ်၏အခြားမဲ့၌ ပဋိသန္ဓေစိတ်နှင့်အလားတူ ဝိပါက်အစဉ် ဆက်လက်ဖြစ်ပေါ်ရသည်၊ ထို့နောက် ပဝတ္တိအခါ၌လည်း ဆိုင်ရာအာရုံအသစ်များအတွက် ဝီထိစိတ်များ ပေါ်ထွက်ပြီးနောက်,ထိုဝီထိစိတ်အစဉ် ချုပ်ပျောက်သောအခါ,ပြအပ်သော ဝိပါက်စိတ်များ မပေါ်လာပါမူ စိတ်အစဉ်ပြတ်သဖြင့် စိတ္တဇရုပ် ကမ္မဇရုပ်များလည်း ပြတ်စဲဖွယ်ရှိ၏။ထိုသို့မပြတ်ရအောင်(ကံအရှိန် ရှိသမျှတစ်ဘဝလုံး ခန္ဓာအစဉ်မပြတ်ရအောင်)ဆက်စပ်တတ်သော ဝိပါက်စိတ်ဖြစ်ရပေသည်၊ထိုစိတ်ကို"ဘဝဿ အင်္ဂံ"အရ"ဘဝင်္ဂ"ဟုခေါ်ရသည်၊ ဤ၌ကားကိစ္စအရာဖြစ်၍"ဘဝင်္ဂဘာဝေါ"ဟုဆိုလိုလျက် ဘာဝပုဒ် အကျေကြံ၍(တစ်နည်း-ဘဝပဓာနကြံ၍)
ဘဝင်္ဂမည်သော စိတ်၏ဖြစ်ကြောင်း ဖြစ်သော ဆက်စပ်ကိစ္စကိုပင် ဘဝင်ကိစ္စဟု မှတ်ပါ။
အာဝဇ္ဇန်းကိစ္စ။ ။အာဝဇ္ဇီယတေ အာဝဇ္ဇနံ-ဆင်ခြင်ခြင်းကိစ္စ၊ အာရုံအသစ်ထင်လာသောအခါ"ဟလို-
ဘာပါလိမ့်"ဟူသကဲ့သို့,အာရုံအသစ်ကို
ဆင်ခြင်မှုသည် အာဝဇ္ဇန်းကိစ္စတည်း၊
(တစ်နည်း)"အာဝဋ္ဋီယတေ အာဝဇ္ဇနံ"
အာဝဋ္ဋီယတေ-ဘဝင်အစဉ်ကို ပြန်လည်စေခြင်းသည်၊အာဝဇ္ဇနံ-အာဝဇ္ဇန
မည်၏၊ဝီထိမဖြစ်မီ ဘဝင်အစဉ်တွေ ဖြစ်နေရာ,အာရုံအသစ် ထင်လာသောအခါ ထိုဘဝင်အစဉ်ကို ပြန်လည်စေသကဲ့သို့ဖြစ်အောင် ရပ်တန့်သွားစေမှုသည် အာဝဇ္ဇန်းကိစ္စတည်း၊[ဤ
နည်း၌"အာဝဋ္ဋန"ဟု ဆိုလိုလျက် ဋ္ဋ ကို
ဇ္ဇ ပြုထားသည်၊ စက္ခုစသော(၅)ဒွါရ၌ဖြစ်သော အာဝဇ္ဇန်းကို"ပဉ္စဒွါရာဝဇ္ဇန်း", မနောဒွါရ၌ဖြစ်သော အာဝဇ္ဇန်းကို"မနောဒွါရာဝဇ္ဇန်း"
ဟု ခေါ်သည်။]
အမှာ။ ။ဒဿန=မြင်ခြင်းကိစ္စ,
သဝန=ကြားခြင်းကိစ္စ,ဃာယန=အနံ့ကို
ယူခြင်းကိစ္စ,သယန=အရသာကို သာယာခြင်းကိစ္စ,ဖုသန=တွေ့ထိခြင်းကိစ္စတို့ကား သူ့နာမည်အတိုင်းပင် ထင်ရှားပြီ။
သမ္ပဋိစ္ဆိုင်းကိစ္စ။ ။သမ္ပဋိစ္ဆီယတေ
သမ္ပဋိစ္ဆနံ၊ သမ္ပဋိစ္ဆီယတေ-အာရုံကိုခံယူ
သကဲ့သို့ဖြစ်ခြင်းသည်၊သမ္ပဋိစ္ဆနံ-မည်၏၊အာဝဇ္ဇန်းကဆင်ခြင်၍စက္ခု
ဝိညာဏ် စသည်တို့ ယူအပ်ပြီးသော
အာရုံကို လွှတ်မပစ်လိုက်ဘဲ လက်သင့်
ခံထားသကဲ့သို့ ဖြစ်ခြင်းသည် သမ္ပဋိစ္ဆိုင်းကိစ္စတည်း။
သန္တီရဏကိစ္စ။ ။သမ္မာ တီရဏံ(တု
လနံ ဝီမံသနံ)သန္တီရဏံ၊သမ္မာ-ကောင်း
စွာ၊တီရဏံ တုလနံ-နှိုင်းချိန်ခြင်းသည်၊
ဝီမံသနံ-စုံစမ်းသကဲ့သို့ဖြစ်ခြင်းသည်၊သန္တီရဏံ-မည်၏၊ ဧည့်သည်အသစ်ရောက်လာသောအခါ အိမ်မှာလက်သင့်
ခံပြီးနောက်"လူကောင်းလေလား,လူ
ဆိုးလေလား"စုံစမ်းသကဲ့သို့,သမ္ပဋိစ္ဆိုင်းက လက်ခံထားအပ်သော အာရုံကို ဣဋ္ဌ
အခြင်းအရာ(ကောင်းသောအရသာ)ရှိလေသလား,အနိဋ္ဌအခြင်းအရာရှိလေ
သလားဟု စုံစမ်းနှိုင်းချိန်သကဲ့သို့ ဖြစ်မှု
သည် သန္တီရဏကိစ္စတည်း။
ဝုဋ္ဌောကိစ္စ။ ။ဝိသုံ ဝိသုံ အဝစ္ဆိန္ဒိတွာ
ဌပနံ,ဝေါဋ္ဌပနံ၊ ဝိသုံ ဝိသုံ-အသီး အသီး၊
အဝစ္ဆိန္ဒိတွာ-ပိုင်းခြားသတ်မှတ်ဆုံးဖြတ်၍၊ဌပနံ-ထားခြင်းသည်၊ဝေါဋ္ဌပနံ-မည်၏၊ သန္တီရဏစိတ်ကစုံစမ်းပြီးနောက် အာရုံကို ဣဋ္ဌအခြင်းအရာ(သာယာ
ဖွယ်)ဟူ၍လည်းကောင်း,အနိဋ္ဌအခြင်း
အရာဟုလည်းကောင်းအသီးအသီးပိုင်းခြားဆုံးဖြတ်ခြင်းသည် ဝုဋ္ဌောကိစ္စတည်း၊ဝေါဋ္ဌပနံ ပန ယထာသန္တီရိတေ အတ္ထေ
နိစ္ဆယာကာရေန ပဝတ္တိတွာ၊....[မဟာဋီကာ။]
အမှာ။ ။နောက်ဋီကာတို့၌"အညို
ဟူ၍လည်းကောင်း,အနီဟူ၍လည်းကောင်း,ဆုံးဖြတ်မှုကို ဝုဋ္ဌောကိစ္စ"ဟု
ဖွင့်၏၊ ပဉ္စဒွါရဝီထိအခိုက်၌အညို အနီ
စသည်ဖြင့်မဆုံးဖြတ်နိုင်သေး၊တဒနု
ဝတ္တကဝီထိ၌သာ ထိုကဲ့သို့ဆုံးဖြတ်နိုင်သည်၊ ပဉ္စဒွါရာဝဇ္ဇန်း၌ကားဇော တို့က အာရုံအရသာကို ခံစားဖို့ရာဣဋ္ဌ-အနိဋ္ဌ
အခြင်းအရာလောက်ကိုသာဆုံးဖြတ်နိုင်ဖွယ်ရှိသည်။[ဝေါဋ္ဌပနပုဒ်အဆုံးအ
ဖြတ်ကို ဝီထိပိုင်းမှာရှုပါ။]
Subscribe to:
Post Comments (Atom)
No comments:
Post a Comment