Saturday, July 16, 2016

သင်္ဂြိုဟ်ဘာသာဋီကာ စာ_၂၀၄ ဤပါဠိတော်နှင့်အညီ သစ္စာလေးပါး ကိုဟောပြနိုင်သော ဆရာသမားဘုရားရှင်၏ အထံတော်၌ တရားမှန်ကို နာခံရမှသာ သောတာပတ္တိမဂ်ကို ရနိုင်ကြသည်။ ဤသို့ တရားသံ နာခံမှူကို "ပရတောဃောသပစ္စယ" ဟု အချို့အရာ၌ ဆို၏၊ [ပရတော=သူတစ်ပါးအထံမှ+ဃောသ= တရားသံဟူသော+ပစ္စယ=အကြောင်း (မင်ရခြင်း၏အကြောင်း)။] အရူပဘုံ၌ ကား တရားနာဖို့ရန် နား (သောတ)ကို မဆိုထားဘိ, ခန္ဓာကိုယ် ပင် မရှိချေ၊ ကိုယ့်တရားကို ကိုယ်ရှာ၍ဖြစ်ကြသော ဘုရား ပစ္စေကဗုဒ္ဓါအ ရှင်မြတ်တို့သည်လည်း လူ့ပြည်၌သာ ဖြစ်တော်မူကြရိုးတည်း၊ ထို့ကြောင့် အရူပဘုံ၌ သောတာပတ္တိမဂ်စိတ် မရှိ နိုင်၊ [သောတာပတ္တိမဂ်ကို ရပြီးနောက် အထက်မဂ်များကို ရဖို့အတွက်မှာ တရားကို မနာရသော်လည်း အလိုလို တရားသားတက်၍ အထက်မဂ်များကို ရနိုင်ကြ၏်။ ] ဟသိတုပ္ပါဒ်၊ပေ၊မဖြစ်သင့်တန်။ ။ ပြုံးရယ်ဖို့ရာ ခန္ဓာကိုယ်မရှိသော အရူပဘုံ၌ ဟသိတုပ္ပါဒ် ဖြစ်ရန် မထိုက်တန်တော့ချေ။

No comments:

Post a Comment