Saturday, July 16, 2016

ဝီထိပိုင်း ********* စာ - ၂၆၂ ၂၆၃ ၂၆၄ ၂၆၅ ၂၆၆ သင်္ဂြိုဟ်ဘာသာဋီကာ စာ_၂၆၂ စောခဲ့သော်လည်းကောင်း, တဒါရုံ ကျခွင့်မရ၊ ဘာ့ကြောင့် နည်း.....တဒါရုံ ကျလျှင် အတိဣဋ္ဌာရုံ ဖြစ်၍ သောမနဿ တဒါရုံ ကျရလိမ့်မည်၊ ထို သောမနဿ တဒါရုံ သည် ဒေါသဇော နောင် မဖြစ်ထိုက်၊ ဥပေက္ခာ တဒါရုံ ကျဖို့ရန်လည်း "အတိဣဋ္ဌေ ပန သောမနဿ သဟဂတာနေဝ " အရ အတိဣဋ္ဌာရုံ နှင့် မလျော်ကန်ချေ။ ၂။ သောမနဿ ပဋိသန္ဓေ တည်နေသူ၏ သန္တာန်၌ မဟန္တာရုံ အဝိဘူတာရုံ ဖြစ်အံ့၊ (အတိဣဋ္ဌာရုံ ဟု သတ်မှတ် ဖွယ် မလို ,ဘယ်အာရုံမဆို ကာမအာရုံ ကို အာရုံပြု၍) ဒေါသဇော စောလျှင် ထို ဒေါသဇော နောင် တဒါရုံ မကျထိုက်။ ၃။ သောမနဿ ပဋိသန္ဓေ နေ၍ ဈာန်ကို ရပြီးမှ ဈာန်လျှောကျသဖြင့် ထိုဈာန်ကို အာရုံပြုလျက်"ငါ၏ မွန်မြတ် သော တရားသည် ပျက်ပြားခဲ့ချေပေါ့" ဟု ဒေါသဇော ဖြစ်သောအခါ မဟဂ္ဂုတ် အာရုံဖြစ်၍ တဒါရုံ မကျထိုက်။ ၄။ သောမနဿ ပဋိသန္ဓေ နေ၍ ပညတ်အာရုံ တစ်ခုခုကို အာရုံပြုလျက် ဒေါသဇော စောပြန်လျှင် ထိုပညတ်ကို အာရုံပြု၍ တဒါရုံ မကျထိုက်။ ["တဒါရုံ သည် ကာမတရားကို သာ အာရုံပြုသည်"ဟု ဆိုလတ္တံ့ ။] ဤသို့လျှင် တဒါရုံ ကျခွင့် မရငေါ ဇောဝါရ (၄) မျိုး၌ ဒေါသဇော နောင် ဖြစ်၍ ပဋိသန္ဓေ နှင့် အလားတူ သောမနဿ မူလဘဝင်လည်း မကျနိုင်၊ ထိုသို့ တဒါရုံ လည်းမကျ, ဘဝင်လည်း မကျသဖြင့် အခက်အခဲ ကြုံသောအခါ ဒေါသဇော နှင့် သောမနဿ ဘဝင်တို့ အကြားဝယ် ဆက်သွယ်ပေးဖို့ရာ အာဂန္တုကဘဝင်ကိစ္စတပ်လျက် ဥပေက္ခာ သဟဂုတ် သန္တီရဏစိတ် ဖြစ်ရပေသည်။ [ဆောင်] သောမနသ်သန္ဓေ, စွဲကပ်နေ၍, ယူလေမိစ္ဆာ, ရှိသူ့မှာလျှင်, လွန်စွာတင့်ဘိ, အတိဣဋ္ဌ, တိမဟန္တ, ဝိဘူတဟု, ဗုဒ္ဓအာရုံ, ကြုံသော်လည်းကောင်း, တစ်ကြောင်းကမူ, အဝိဘူတ, မဟန္တဟု, ကာမအာရုံ, ဆုံလေတစ်ရပ်, သမာပတ်ကို, ရလတ်ပြီးမှ, ကွယ်ပသည့်ဈာန်, အာရုံခံလျှင်း, မယွင်းတစ်ခု, ပညတ်စုကို, ရှူလေတစ်လော, ......ဒေါသဇောတို့, စောပြီး၍တုံ, တဒါရုံကား, အာရုံနှင့်သော်, မသင့်တော်ခဲ့၊ ချင့်မြော်တစ်ခင်း, ဘဝင်ဆင်းလည်း, မူရင်းသန္ဓေ, မလျော်ပေတည့်၊ သို့နေခက်ခဲ, အချက်ထဲဝယ်, ဆက်တွဲဟန်ပြု, အာဂန္တုဟု, တစ်ခုဘဝင်, စပ်ကြားဝင်သည်, အရှင် ဆရာ့ မိန့်ခွန်း တည်း။ ဥပေက္ခာ သန္တီရဏ ဘဝင်ကိစ္စတပ်ရပုံ ။ ။ "ဒွေ ဥပေက္ခာသဟဂတသန္တီရဏ စိတ္တာနိ ပဋိသန္ဓိဘဝင်္ဂစုတိတဒါရမဏသန္တီရဏဝသေန ပဉ္စကိစ္စာနိ နာမ" ဟု ကိစ္စ သင်္ဂဟ ၌ ပြခဲ့သော (၅) ကိစ္စ တို့တွင် ပဋိသန္ဓေ အခါ စုတိအခါလည်း မဟုတ်, သမ္ပဋိ စ္ဆိုင်း၏ အခြားမဲ့လည်းမဟုတ်၊ ထို့ကြောင့် ပဋိသန္ဓေ စုတိ တဒါရုံ သန္တီရဏ ဤကိစ္စတပ်၍ ______________________ အာဂန္တုကဘဝင် စာ_ ၂၆၃ ဖြစ်ခွင့်မရချေ၊ ဒေါသဇော နောင် ဤ သန္တီရဏစိတ်မှ ဖြစ်ခွင့် မရလျှင် စိတ်အစဉ်သတ်၍ ဘဝအဆုံးသတ်ရတော့မလို ဖြစ်ရကား "ဘဝင်္ဂဿ အင်္ဂံ" ဟူသော ဝစနတ်အရ ဘဝမပြတ်ဖို့ရာ ဥပေက္ခာ သန္တီရဏစိတ်က ဘဝင်ကိစ္စတပ်၍ ဖြစ်ရသည်။ အာဂန္တုကဘဝင် ခေါ်ရပုံ ။ ။ ပဋိသန္ဓေစိတ်၏ နောက်မှစ၍ ဖြစ်ခဲ့သော ဘဝင်တို့ သည် ပဋိသန္ဓေစိတ်နှင့် တစ်ထပ်တည်း တူကြရ၏၊ ထို့ကြောင့် ခန္ဓာ အိမ် ဖြစ်ပေါ်စကပင် ခန္ဓာအိမ်၌ ပါဝင်သော ဘဝင်များတည်း၊ သို့ဖြစ်၍ ထို ဘဝင်များကို အာဝါသိကဘဝင် (အိမ်ရှင့်ဘဝင်) ဟု ခေါ်ရပေသည်၊ ဤ ဥပေက္ခာ သန္တီရဏ ကား ယခုလို အခက်ကြုံတွေ့ရာ တစ်ရံတစ်ခါ မှ ပေါ်လာသော ကြောင့် "အာဂန္တုက(ဧည့်သည်)ဘဝင်" ဟု ခေါ်ရသည်။ ပဋိသန္ဓိဘဝင်္ဂဉ္စဂါထာသည် ယေဘုယျ ။ ။ ဤ ပြအပ်ခဲ့သော နည်းအတိုင်း တစ်ရံတစ်ခါ အခက်အခဲ ကြုံလာလျှင် မူလပဋိသန္ဓေနှင့် မတူသော အာဂန္တုကဘဝင်လည်း ဖြစ်သေးသောကြောင့် ဝီထိမုတ်ပိုင်း၌လာလတ္တံ့သော "ပဋိသန္ဓိ ဘဝင်္ဂဉ္စ" စသော ဂါထာကိုလည်း ယေဘုယျ နည်းဖြင့် ဆိုအပ်သော ဂါထာတည်း ဟု မှတ်ပါ။ ယံကိဉ္စိ ပရိစိတပုဗ္ဗံ ပရိတ္တာ ရမဏမာရဗ္ဘ ။ ။ ဤ အာဂန္တုက ဘဝင်ကျရသော စိတ်အစဉ် မဖြစ်မှီ ရှေးမကြာခင် အခါက အလေ့အကျက်များသော (များစွာ စိတ်ဝင်စား ထားသော) အာရုံ တစ်ခုခု ရှိလိမ့်မည်၊ ကာမဝိပါတ် တို့သည် အာရမဏသင်္ဂဟ၌ ပြသည့်အတိုင်း ကာမတရားကိုသာ အာရုံပြုသောကြောင့် ထိုအာရုံသည် ကာမအာရုံတွင် ပါဝင်သော အာရုံဖြစ်ရမည်၊ ထိုအလေ့အကျက်များသော ကာမအာရုံသည် ဣဋ္ဌအာရုံဖြစ်အံ့၊,ကုသလဝိပါတ်သန္တီရဏစိတ်ဖြစ်၏၊ အနိဋ္ဌာရုံ ဖြစ်အံ့၊ အကုသလဝိပါတ်သန္တီရဏစိတ် ဖြစ်သည်။ မှတ်ချက် ။ ။ အတိဣဋ္ဌာရုံ ဖြစ်လျှင် လည်း "အတိဣဋ္ဌေ ပန သောမနဿ သဟဂတာနေဝ " နှင့် မညီစေကာမူ ဤကဲ့သို့ အခက်အခဲ ကြုံရာဝယ် ကုသလဝိပါတ် ဥပေက္ခာ သန္တီရဏ ပင် ဖြစ်၏၊ ဤ တဒါရမဏနိယမ၌ ပြအပ်သော စကားစုလည်း ဝီထိစိတ် များအတွက် သတ်မှတ် အပ်သော စကားဖြစ်၍ ဝီထိမုတ် ဖြစ်သော ပဋိသန္ဓေ ဘဝင် စုတိကိစ္စ အတွက် သတ်မှတ် အပ်သော စကား မဟုတ်တန်ရာ၊ ဤကား ဤကျမ်း၏ အယူတည်း။ ပရမတ္ထဒီပနီ ။ ။ "ပင်ကိုရင်းက မဟာဝိပါတ် ဥပေက္ခာ သဟဂုတ် အဖြစ်များလျှင် ထို မဟာဝိပါတ် ဥပေက္ခာ သဟဂုတ် များလည်း အာဂန္တုက ဘဝင်ကိစ္စတပ်လျက် မဖြစ်နိုင်ဟု မဆိုသင့်၊ အဋ္ဌကထာ ၌လည်း "ကုသိုလ် ဇော နောင် သဟိတ် တဒါရုံ အများ ဖြစ်နေလျှင် ကုသိုလ်ဇော ဝီထိ၏ အကြားအကြား၌ အကုသိုလ်ဇော စောစေကာမူ ထို အကုသိုလ်ဇော နောင် သဟိတ် တဒါရုံ ပင် ဖြစ်သည် " ဟု အဆိုရှိ၏၊ ___________________ သင်္ဂြိုဟ်ဘာသာဋီကာ စာ_၂၆၄ အဋ္ဌကထာ အလို အကုသိုလ်ဇော နောင် သဟိတ် တဒါရုံ ဖြစ်နိုင်ပါလျှင် တဒါရုံ ကိုယ်စား ကျရသော အာဂန္တုက ဘဝင်လည်း သဟိတ် မဟာဝိပါတ် ဘဝင် ဖြစ်သင့်သည်၊ ထို့ကြောင့် " အာဂန္တုက ဘဝင်ကိစ္စတပ်လျက် ဥပေက္ခာ သဟဂုတ် မဟာဝိပါတ် (၄) , သန္တီရဏ (၂) အားဖြင့် (၆) ပါးသော စိတ်များ ဖြစ်ခွင့် ရှိသည်။" ဟု ပရမတ္ထဒီပနီ မိန့်ဆို၏၊ ယုတ္တိကို ထောက်လျှင် သင့်လောက်ပေသည်။ အာဝဇ္ဇန်း မရှိဘဲ အာရုံယူနိုင်ပုံ ။ ။ ဤ အာဂန္တုက ဘဝင်စိတ် သည် အလေ့အကျက် များသော အာရုံကို ရှေ့ က ဆင်ခြင်ပေးမည့် အာဝဇ္ဇန်း မရှိဘဲ ယူရာရောက်၏၊ ထိုသို့ အာဝဇ္ဇန်း ကင်းလျက် အာရုံသစ် ယူနိုင်ကြောင်းကို ရှေးသူဟောင်းတို့ အမိန့်အဆို မရှိသည် မဟုတ်ပါလော ဟု မေး၊ အဖြေကား _ များသောအားဖြင့် ထိုထိုဝီထိ၌ အာဝဇ္ဇန်းက ရှေးဦးစွာ ဆင်ခြင်ပေးမှ အာရုံသစ်ကို ယူနိုင်ကြသည် မှန်ပေ၏၊ သို့သော် "အာဝဇ္ဇန်း မပါလျှင် အာရုံသစ်ကို မယူနိုင်၊" ဟု ရှေးသူမြတ်တို့ သတ်မှတ် ချက် မရှိ၊ နိရောဓ သမ္မာပတ္တိဝီထိခန်း၌ သမာပတ် မှ အထတွင် အနာဂါမိဖိုလ်စိတ်နှင့် အရဟတ္တဖိုလ် စိတ်များသည် အာဝဇ္ဇန်း ကင်းလျက်ပင် နိဗ္ဗာန် အာရုံကို ယူနိုင်ကြ၏၊ မဂ္ဂဝီထိ ၌ ဂေါတြဘု ဝေါဒါန် တို့သည် အာဝဇ္ဇန်း ကင်းလျက် ရုတ်တရက် နိဗ္ဗာန်ကို အာရုံပြုနိုင်ကြ၏၊ ဤသို့ တွေ့ရသဖြင့် ဤ အာဂန္တုက ဘဝင်၏ အာဝဇ္ဇန်း ကင်းလျက် အာရုံယူရသည့် အခင်း၌ စနောင့်စနင်း မရှိထိုက်။[အနာဂါမိဖိုလ် စသည်တို့ အာရုံယူပုံကို ထိုထိုဝီထိခန်း၌ သိရလတ္တံ့။] နိရာဝဇ္ဇံ ကထံ စိတ္တံ, ဟောတိ နေတံ ဟိ သမ္မတံ၊ နိယမော န ဝိနာဝဇ္ဇာ, နိရောဓာ ဖလဒဿနာ။ နိရာဝဇ္ဇံ _ အာဝဇ္ဇန်း ကင်းလျက်၊ စိတ္တံ _ စိတ်သည်၊ ကထံ ဟောတိ _ အဘယ်မှာ ဖြစ်သင့်ပါအံ့နည်း၊ ဧတံ_ ဤ အာဝဇ္ဇန်း ကင်းလျက် စိတ်ဖြစ်ခြင်းကို၊ န သမ္မတံ_ ရှေးသူမြတ်တို့ အသိအမှတ် မပြုအပ်သည် မဟုတ်ပါလော၊ အာဝဇ္ဇာ _ အာဝဇ္ဇန်း ကို၊ ဝိနာ _ ကြဉ်၍ ၊ နိရောဓာ _ နိရောဓ သမာပတ် မှ၊ ဝုဋ္ဌဟန္တဿ _ ထသောပုဂ္ဂိုလ်၏၊ ဖလဒဿနာ= အနာဂါမိ အရတ္တဖိုလ် ဖြစ်ပုံကို တွေ့ရခြင်းကြောင့်၊ နိယမော _ အာဝဇ္ဇန်း ကင်းလျက် မဖြစ်နိုင်ဟူသော သတ်မှတ် ချက်သည်၊ န _ မရှိချေ၊၊ အကြောင်းစုံမှ တဒါရုံကျ ******************* တထာ ကာမာဝစရဇဝနာဝသာနေ ကာမာဝစရသတ္တာနံ ကာမာဝစရ. ဓမ္မေသွေဝ အာရမဏဘူတေသု တဒါရမဏံ ဣစ္ဆန္တီတိ။ ကာမာဝစရဇဝနာဝသာနေ တဒါရမဏံ ဣစ္ဆန္တီတိ။ ။ ကာမာဝစရဓမ္မေသွေဝ မှ ဧဝသဒ္ဒါ သည် "ကာမာဝစရဇဝနာဝသာနေ ဧဝ,ကာမာဝစရသတ္တာနံ ဧဝ" ဟု _______________________ ဇောနောင် တဒါရုံ လိုက်ပုံ စာ_ ၂၆၅ ရှေ့ သို့လည်း လိုက်၏၊ ကာမဇော ၏ အဆုံး၌သာ တဒါရုံ ကို အလိုရှိကြသည်, " အပ္ပနာဇော ၏ အဆုံးမှာ အလိုမရှိကြ" ဟူလို။ ချဲ့ဦးအံ့ _ သွားနိုင်လာနိုင်ခါစ ကလေးသူငယ် များသည် နေအိမ်မှ ပြင်ဘက်သို့ ထွက်သောအခါ မိမိကို ဖြစ်စေတက်,မွေးဖွားစေတက်သော မိဘနောက်, သို့မဟုတ် မိဘနှင့် သဘောတူ သော ဘကြီး ဘထွေးတို့ နောက်သာ လိုက်သွား သကဲ့သို့, ထို့အတူ ကာမတဏှာ အရင်းခံ ရှိသော ကုသိုလ်ကံ အကုသိုလ်ကံ ကြောင့် ဖြစ်သော ကာမဝိပါတ် တဒါရုံ များလည်း မိမိကို ဖြစ်စေတက်သော ကာမကုသိုလ် အကုသိုလ်ဇော တစ်ခုခုနောက်သို့ဖြစ်စေ, ထို ကာမကုသိုလ် အကုသိုလ်ဇော တစ်ခုခုနှင့် ကာမဇော ချင့း သဘောတူသော အခြားသော ကာမကုသိုလ် ကြိယာဇော နှင့် အကုသိုလ် ဇောများနောက်သို့ ဖြစ်စေ လိုက်ပါလေသည်။ ကာမတဏှာတန္နိဒါန_ကမ္မနိဗ္ဗတ္တဘာဝတော၊ ဇနကံ တံသမာနံ ဝါ, ဇဝနံ အနုဗန္ဓတိ၊ န တု အညံ တဒါလမ္ဗံ, ဗာလဒါရကလီဠယာ။ [အနက်ကို ဋီကာကျော် နိဿယ၌ ရှူပါ။ ] ကာမာဝစရသတ္တာနမေဝ တဒါရမဏံ ဣစ္ဆန္တိ ။ ။ ကာမသတ္တဝါ တို့ သန္တာန်၌ သာ တဒါရုံ ကို အလိုရှိကြသည်၊ " ဗြဟ္မာ တို့ သန္တာန်၌ တဒါရုံ ကို အလို မရှိကြ" ဟူလို၊ ချဲ့ဦးအံ့ _ ကာမပဋိသန္ဓေ နှင့် တဒါရုံ တို့သည် ကာမဝိပါတ် ချင်း တူမျှကြ၏၊ အရင်းခံ မျိုးစေ့ ကျရောက်ရာ ကာမပုဂ္ဂိုလ် သန္တာန်၌ သာလျှင် ပဝတ္တိ အကျိုးဆက် တဒါရုံ ကာမဝိပါတ် များ ဖြစ်ပေါ်နိုင်သည်၊ ဗြဟ္မာ တို့ သန္တာန်၌ ကား ထိုကဲ့သို့ အရင်းခံ ကာမပဋိသန္ဓေ မျိုးစေ့ မကျခဲ့သဖြင့် ကာမဝိပါတ် တဒါရုံ (သစ်ပင်) များ မပေါ်ပေါက်နိုင်ချေ။ ဗီဇဿာဘာဝတော နတ္ထိ, ဗြဟ္မာနံပိ ဣမဿ ဟိ၊ ပဋိသန္ဓိမနောဗီဇံ, ကာမာဝစရသညိတံ။ [အနက်ကို ဋီကာကျော်နဿယ၌ရှူပါ။ မျိုးစေ့ မရှိဘဲ ဝိပါတ်တချို့ဖြစ်ပုံ ။ ။ ကာမပဋိသန္ဓေ ဟူသော အရင်းခံ မျိုးစေ့ မရှိသည့် အတွက် ပဝတ္တိ အကျိုးဆက် တဒါရုံ ကာမဝိပါတ် များ မဖြစ်နိုင်လျှင်, စက္ခု သောတဝိညာဏ် နှင့် သမ္ပဋိ စ္ဆိုင်း သန္တီရဏ ဝိပါတ် များလည်း ဗြဟ္မာ တို့ သန္တာန်မှာ မဖြစ်နိုင်ရာ ရောက်၏၊ ကာမဝိပါတ် ပဝတ္တိ အကျိုးဆက် ချင်း တူပါလျက် ထို စက္ခုဝိညာဏ် စသော ဝိပါတ် များကား အဘယ်ကြောင့် ဗြဟ္မာ တို့ သန္တာန်၌ ဖြစ်နိုင်ပါသနည်းဟု မေး၊ အဖြေကား _ ဗြဟ္မာ တိုလ သန္တာန်၌ စက္ခုနြေ္ဒ သောတိနြေ္ဒ ဖြစ်ခြင်း၏ အာနုဘော်ကြောင့် စက္ခုဝိညာဏ် သောတဝိညာဏ် တို့ ဖြစ်နိုင်ကြ၏၊ _________________________ သင်္ဂြိုဟ်ဘာသာဋီကာ စာ_ ၂၆၆ ဒွါရဝီထိ တို့ ထူးခြား ကွဲလွဲရာ၌ စိတ္တနိယာမဓမ္မတာ သဘောကြောင့် သမ္ပဋိ စ္ဆိုင်း သန္တီရဏ တို့လည်း ဖြစ်နိုင်ကြပေသည်။ ချဲ့ဦးအံ့ _ ဗြဟ္မာ တို့ သန္တာန်၌ စက္ခုနြေ္ဒ သောတိနြေ္ဒ ဟူသော ပသာဒ ရုပ်များ မဖြစ်မနေ ရ , မုချ ဖြစ်ကြရလေပြီ၊ (ဖြစ်ခြင်း၏ အကြောင်းကို ဃာနာဒိတ္တယံနတ္ထိ အဖွင့်ကြည့်၊) ထိုသို့ စက္ခုနြေ္ဒ သောတိနြေ္ဒ ဖြစ်လျှင် ဆိုင်ရာ အာရုံများ ထိခိုက်သဖြင့် စက္ခုဝိညာဏ် သောတဝိညာဏ် တို့လည်း ဖြစ်ကြတော့မည်သာ၊ ထို စက္ခုဝိညာဏ် သောတဝိညာဏ် တို့ အတွက် စက္ခုဒွါရ ဝီထိ သောတဒွါရဝီထိ ဟု ကွဲပြားပါလျှင် စိတ္တနိယာမဓမ္မတာ အတိုင်း ထို ဝီထိနှင့် သက်ဆိုင်သော သမ္ပဋိ စ္ဆိုင်း သန္တီရဏ ဝိပါတ် များလည်း ဖြစ်ကြပေသည်၊ ထို့ကြောင့် ဋီကာကျော်၌ "ဣန္ဒြိယပ္ပဝတ္တိအာနုဘာဝတော ဒွါရဝီထိဘေဒေ စိတ္တနိယာမတော စ " ဟု မိန့်ပြီ၊ ဣန္ဒြိယပ္ပဝတ္တိအာနုဘာဝတော_ စက္ခုနြေ္ဒ သောတိနြေ္ဒ တို့ ဖြစ်ခြင်း၏ အာနုဘော်ကြောင့် လည်းကောင်း (စက္ခုဝိညာဏ် သောတဝိညာဏ်တို့အတွက် အကြောင်းပြချက်၊ )၊ ဒွါရဝီထိဘေဒေ _ ဒွါရ ဝီထိ ကွဲပြားရာ၌ ၊ စိတ္တနိယာမတော စ _ စိတ်၏ဖြစ်မြဲ ဓမ္မတာ ကြောင့် လည်းကောင်း (သမ္ပဋိ စ္ဆိုင်း သန္တီရဏ တို့ အတွက် အကြောင်းပြချက်) ၊ စက္ခုဝိညာဏာဒီနံ _ စက္ခုဝိညာဏ် အစရှိသော ကာမဝိပါတ် တို့၏၊ အဘာဝေါ _ မဖြစ်ရာသည်၊ နာပဇ္ဇတိ _ မရောက်။ ကာမာဝစရဓမ္မေသွေဝ အာရမဏဘူတေသု တဒါရမဏံ ဣစ္ဆန္တိ ။ ။ ကာမတရားကို အာရုံပြုရာ၌ သာ တဒါရုံ ကို အလိုရှိကြ၏၊ မဟဂ္ဂုတ် လောကုတ္တရာ ပညတ် များကို အာရုံပြုရာ၌ တဒါရုံ ကို အလိုမရှိကြ၊ ချဲ့ဦးအံ့ _ သခင်တစ်ယောက်၏ ကျွန်မ မှ မွေးဖွားရသော "သားပေါက်" ကလေးသည် များစွာသော ကိစ္စ၌ မိခင် အလိုသို့ မလိုက်နိုင်ဘဲ မိခင့် အထက်က သခင့်အလိုသို့သာ လိုက်ရှာရသကဲ့သို့ , ထို့အတူ သခင်နှင့် တူသော ကာမတဏှာ အရင်းခံ ၍ ကာမကုသိုလ် အကုသိုလ်ကံ တည်း ဟူသော ကျွန်မ မှ မွေးဖွားရသော တဒါရုံ ကာမဝိပါတ် တည်း ဟူသော သားပေါက်ကလေးသည် ကာမတဏှာ တည်း ဟူသော သခင် အလိုကျအောင် ကာမအာရုံ ကိုသာ အာရုံပြုရလေသည်။ ဆက်ဦးအံ့ _ ကာမဇော နောက်သို့ လိုက်ရာ၌ ဥပမာ ပြခဲ့သော ထိုကလေးငယ်သည် မိဘ, ဦးကြီး, ဦးလေး, ဘကြီး, ဘထွေး စသော ဆွေမျိုး နောက်သို့ လိုက်လေ့ရှိသော်လည်း အိမ်၏ အနီးအပါး သွားလာနေကျ အရပ်များ သို့ သွားတဲ့အခါ၌သာ လိုက်၍ တောကြို တောင်ကြား စစ်မြေပြင်စသော အရပ်များ သို့ သွားတဲ့အခါ မလိုက်သကဲ့သို့ ထို့အတူ တဒါရုံ ဝိပါတ်တို့သည် ကာမဇော နောက်သို့ လိုက်လေ့ ရှိကြသော်လည်း မိမိအာရုံပြုနေကျ (အလေ့အလာများသော) ကာမအာရုံ ကို ထို ကာမဇော တို့က အာရုံပြုတဲ့ အခါ၌သာ ကာမဇော နောက်သို့ လိုက်၍, မိမိ __________________________ MMOO

No comments:

Post a Comment