Saturday, July 16, 2016

ပကိဏ်းပိုင်း စာ - ၁၉၁ မှ ၁၉၅ အာလမ္ဗနသင်္ဂဟအဖွင့် စာမျက်နှာ ၁၉၁ အာလမ္ဗနသင်္ဂဟအဖွင့် အာလမ္ဗနသင်္ဂဟေ အာရမဏာနိ နာမ ရူပါရမဏံ စဒ္ဒါရမဏံ ဂန္ဓာရမဏံ ရသာရမဏံ ဖောဋ္ဌဗ္ဗာရမဏံ ဓမ္မာရမဏဉ္စေတိ ဆဗ္ဗိဓာနိ ဘဝန္တိ၊ တတ္ထ ရူပမေဝ ရူပါရမဏံ။ အာလအမ္ဗန အာရမဏ။ ။အာလမ္ဗနနှင့် အာရမဏသဒ္ဒါတို့သည် "အာရုံ"ဟူသော အနက်ကို ဟောသော ဝေဝုစ်ပရိယာယ် စကားလှယ်သဒ္ဒါတို့တည်း။ ထို့ကြောင့် "အာလမ္ဗနသင်္ဂဟေ"ဟု အစချီပြီးလျှင် "အာရမဏာတိ နာမ"ဟု ဆက်လက်မိန့်စည်၊ အာရမဏ အာလမ္ဗနပုဒ်တို့သာ မှန်ကြောင်းကို အခြေပြု၌ ပြထားပြီ၊ အာရမဏသတ္တိကိုကား သုံးချက်စုအဓိပ္ပါယ်၌ ပြထား၏။ တတ္ထ ရူပမေဝ။ ။ "စက္ခုမေဝ ရူပမေဝ"စသည်၌ ဧဝသဒ္ဒါတို့သည် သတ္ထ ဇီဝကို နစ်စေသော နိဝတ္တာပနာဝဓာရဏတို့တည်းဟု မဏိမဉ္ဇူ နှင့် သဒ္ဒါဋီကာတို့ ဖွင့်ကြ၏၊ သူတို့အလို "ဓမ္မောယေဝ"၌ ဧဝသဒ္ဒါဖြင့် ဘာကိုနစ်စေဦးမည်နည်း၊ သတ္တ ဇီဝလည်း ပညတ္တိဓမ္မပင် ဖြစ်၍ တားမြစ်ဖို့ရာအနက် မရှိပြီ၊ ထို့ကြောင့် ထိုဧဝသဒ္ဒါတို့သည် တစ်ပါးသောအနက်ကို နစ်စေသော နိဝတ္တာပနာဝဓာရဏ မဟုတ် မိမိအနက်ကို မြဲစေသော သန္နိဋ္ဌာနာဝဓရဏတို့သာတည်း၊ ကြွင်းသော သိဖွယ်ကို အခြေပြု၌ ဆိုထားပြီ။ တတ္ထ စက္ခုဒွါရိကစိတ္ထာနံ သဗ္ဗေသမ္ပိ ရူပမေဝ အာရမဏံ၊ တဉ္စ ပစ္စုပ္ပန္နံ၊ တထာ သောတဒွါရိကစိတ္တာဒီနမ္ပိ သဒ္ဒါဒီနိ၊ တာနိ စ ပစ္စုပ္ပန္နာနိယေဝ။ ပစ္စုပ္ပန်စသည်အခွဲ။ ။ဖြစ်ပေါ်၍ မချုပ်ခင် "ဥပါဒ် ဌီ ဘင်"အားဖြင့် အထင်အရှားရှိခိုက် အာရုံကို "ပစ္စုပ္ပန်"အာရုံဟု ခေါ်၏၊ ပစ္စုပ္ပန္န = ပတိ + ဥပ္ပန္န၊ တံ တံ ကာရဏံ ပတိစ္စ+ဥပ္ပန္နံ၊ တံ တံ ကာရဏံ - ထိုထိုဆိုင်ရာအကြောင်းကို၊ ပတိစ္စ - စွဲ၍၊ ဥပ္ပန္နံ-ဖြစ်ဆဲ(ခဏတ္တယသို့ရောက်ဆဲ)အာရုံသည်၊ ပစ္စုပ္ပန္နံ-ပစ္စုပ္ပန်အာရုံ မည်၏၊ ဥပါဒ် ဌီ ဘင်စေ့၍ ချုပ်လေပြီးသောအာရုံကို "အတိတ်"အာရုံဟုခေါ်၏၊ အတီတ=အတိ+ဣတ၊ အတိက္ကမိတွာ+ဣတံ ဂတံတိ အတီတံ၊ အတိက္ကမိတွာ-လွန်၍၊ ဣတံ ဂတံ-သွားပြီ၊ ဣတိ-ကြောင့်၊ အတီတံ-အတိတ်အာရုံ မည်၏၊ အကြောင်းညီညွတ်လျှင် ဧကန်ဖြစ်ပေါ်မည့်အာရုံသည် "အနာဂတ-အနာဂတ်"အာရုံ မည်၏၊ န+အာဂတံ အနာဂတံ၊ အာဂတံ-ဖြစ်ပေါ်လာပြီး ဖြစ်ပေါ်လာဆဲသည်၊ န-မဟုတ်၊ အနာဂတံ-ဖြစ်ပေါ်လာပြီး ဖြစ်ပေါ်လာဆဲမဟုတ်၊ "ဖြစ်လတ္တံ့"ဟူလို၊ ဤကာလသုံးမျိုးနှင့် သက်ဆိုင်သောတရားများကား စိတ် စေတသိက် ရုပ်တရားများတည်း။ သဂြုင်္ိဟ်ဘာသာဋီကာ ၁၉၂ ကာလဝိမုတ်။ ။ထိုပစ္စုပ္ပန် အတိတ် အနာဂတ်ကာလ သုံးမျိုးမှ အလွတ်ဖြစ်သောအာရုံသည် "ကာလဝိမုတ်"အာရုံမည်၏၊ ကာလတော+ဝိမုတ္တံ ကာလဝိမုတ္တံ၊ ဤကာလဝိမုတ်အာရုံများကား ပညတ်တရားနှင့် နိဗ္ဗာန်တည်း၊ ထင်ရှားစေအံ့- ပညတ်သည် အချုပ်အားဖြင့် နာမပညတ် အတ္ထပညတ်ဟု နှစ်မျိုးရှိ၏၊ ထိုတွင် အများသုံးနှုန်း ခေါ်ဝေါ်အပ်သော နာမည်တွေသည် ဥပါဒ် ဌီ ဘင်အားဖြင့် အထင်အရှာမရှိ၊ တစ်စုံတစ်ယောက်က စထွင် သုံးစွဲထားသဖြင့် အများလိုက်၍ သုံးနှုန်းကြခြင်းသာဖြစ်သည်၊ အိမ် ကျောင်း လူ နတ် စသောအထည်ဒြပ် အတ္ထပညတ်တွေကိုလည်း လောကီလူတို့ အမြင်အားဖြင့် အထင်အရှားရှိသည်ဟု ဆိုရစေကာမူ လက်ဆုပ်လက်ကိုင် ပြသောအခါ ရုပ်ကလာပ်တွေသာ တွေ့ရ၏၊ အိမ် မတွေ့ရ ကျောင်း မတွေ့ရ နတ် မတွေ့ရ ဗြဟ္မာ မတွေ့ရချေ၊ ထို့ကြောင့် ဥပါဒ် ဌီ ဘင်အားဖြင့် အထင်အရှားမရှိသော ထိုပညတ်ကို ပစ္စုပ္ပန် အတိတ် အနာဂတ်ဟု မဆိုထိုက်။ နိဗ္ဗာန်ဟု ခေါ်အပ်သော "အငြိမ်းဓာတ်"တစ်မျိုးသည် ပရမတ္ထသဘောအားဖြင့် အထင်အရှား ရှိ၏၊ သို့သော် ဖြစ်လျှင် ပျက်ရမြဲ ဖြစ်သောကြောင့်"ဖြစ်ခြင်း"ဟူသော ဥပါဒ်ကား မရှိ "ပျက်ခြင်း"ဟူသော ဘင်လည်း မရှိ၊ ယခုပြောရိုးဖြစ်သော ဌီလည်း မရှိ၊ သန္တိ(ငြိမ်းအေးခြင်း)သဘောကား အမြဲတည်ရှိ၏၊ ဤသို့ ဥပါဒ် (ဖြစ်တုန်း) ဌီ (တည်ဆဲ) ဘင် (ပျက်ဆဲ)ဟု မခေါ်ထိုက်ရကား ပစ္စုပ္ပန်နိဗ္ဗန် မရှိ ပစ္စုပ္ပန် မရှိလျှင် အတိတ် အနာဂတ်မှာ သာ၍ ဝေးတော့၏၊ ထို့ကြောင့် ပညတ်နှင့် နိဗ္ဗာန်ကို "ကာလဝိမုတ်"ဟု ခေါ်ဆိုရသည်။ တတ္ထ စက္ခုဒွါရိက ၊ပ၊ ပစ္စုပ္ပန္နာနိယေဝ။ ။စက္ခုဒွါရိကဝီထိစသော ပဉ္စဒွါရိကစိတ်တို့၌ စိတ်ဓာတ်သတ္တိသည် များစွာ မရှိကြ၊ ထို့ကြောင့် တိုက်ရိုက်ထင်လာသော ဆိုင်ရာ ပစ္စုပ္ပန်အာရုံတစ်မျိုးကိုသာ အာရုံပြုကြသည်။ မနောဒွါရိကစိတ္တာနံ ပန ဆဗ္ဗိဓမ္မိ ပစ္စုပ္ပန္နမတီတံ အနာဂတံ ကာလဝိမုတ္တဉ္စ ယထာရဟမာရမဏံ ဟောတိ။ ဆဗ္ဗိဓမ္မိ ပစ္စုပ္ပန္နမတီတံ အနာဂတံ ကာလဝိမုတ္တဉ္စ။ ။မနောဒွါရိကဝီထိစိတ်များကား အလွန်အစွမ်းသတ္တိ ရှိ၏၊ ရူပါနံ သဒ္ဒ ဂန္ဓ ရသ ဖောဋ္ဌဗ္ဗ ဓမ္မာရုံဟူသော အာရုံခြောက်ပါးကိုပင် ထိုက်သလို အာရုံပြုနိုင်၏၊ ဈာနဝီထိ မဂ္ဂဝီထိ ဖလသမာပတ္တိဝီထိ နိရောဓသမာပတ္တိဝီထိ အဘိညာဝီထိနှင့် သဗ္ဗညုတညာဏဝီထိတော်ကြီးလည်း မနောဒ်ာရဝီထိပင်တည်း၊ ထို့ကြောင့် မနောဒွါရဝီထိစိတ်တို့သည် အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလဝိမုတ် အာရုံဟူသမျှကို အာရုံပြုနိုင်သည်သာတည်း၊ "ယထာရဟံ"အရ ထိုက်သလို အာရုံပြုကိုကား မနောဒွါရဝီထိအခန်း၌ အစွမ်းကုန် သိရလတ္တံ့။ ၁၉၃ ဒွါရဝိမုတ္တာနဉ္စ ပဋိသန္ဓိဘဝင်္ဂစုတိသင်္ခါတာနံ ဆဗ္ဗိဓမ္မိ ယထာသမ္ဘဝံ ယျေဘုယေန ဘဝန္တရေ ဆဒွါရဂ္ဂဟိတံ ပညတ္တိဘူတံ ဝါ ကမ္မကမ္မနိမိတ္တဂတိနိမိတ္တသမ္မတံ အာရမဏံ ဟောတိ။ ဒွါရဝိမုတ္တာနဉ္စ ပဋိသန္ဓိဘဝင်္ဂစုတိသင်္ခါတာနံ။ ။ပဋိသန္ဓေစိတ်သည် တစ်ဘဝတွင် အစဆုံးစိတ်တည်း၊ သို့အတွက် ဒွါရ၆ပါးတွင် မည်သည့်ဒွါရကိုမျှ စွဲမှီ၍ ဖြစ်ရသည်မဟုတ်၊ ဝီထိစိတ်တို့၏ အကြားအကြား၌ဖြစ်သော ဘဝင်စိတ်များသည်လည်း မည်သည့်ဒွါရနှင့်မျှ ဆက်သွယ်ခြင်းမရှိ၊ ဝီထိစိတ်၏ အဆုံးအဆုံးမှာ ရှေးကံအတွက် အလိုလို ပေါ်ထွက်လာသော ဝိပါက်စိတ်သာတည်း၊ စုတိစိတ်များလည်း ကံကုန်ချိန်ကျလျှင် မရဏာသန္နဝီထိ အဆုံး၌ အလိုလို ပေါ်လာသော နောက်ဆုံးဝိပါက်စိတ်ပင် ဖြစ်၏၊ ထို့ကြောင့် ပဋိသန္ဓေ ဘဝင် စုတိစိတ်များကို ဒွါရဝိမုတ်စိတ်ဟု ခေါ်ဆိုအပ်သည်၊ ဒွါရဝိမုတ္တာနဉ္စ၌ စသဒ္ဒါဖြင့် ရှေ့ဝါကျ၌ ပြအပ်ခဲ့သော မနောဒွါရိကစိတ်များကို ပေါင်းသည်၊ မနောဒွါရိကစိတ်များ၏ အာရုံသာ၆ပါးရှိသည် မဟုတ် ဒွါရဝိမုတ်စိတ်(၁၉) ပါး၏ အာရုံလည်း ရူပါရုံ ၊ ပေ၊ ဓမ္မ္မာရုံအားဖြင့် (၆) ပါးပင် ရှိသည်ဟူလို။ ဘဝန္တရေ။ ။ဘဝ+အန္တရေ၊ အန္တရသဒ္ဒါသည် တစ်ပါးတခြားဟူသောအနက်ကို ဟော၏၊ ယခု ပစ္စုပ္ပန်ဘဝမှတစ်ပါး တခြားသော လွန်ခဲ့ပြီးစ ဒုတိယဘဝကို "ဘဝန္တရ"ဟု ယူပါ။ ဆဒွါရဂ္ဂဟိတံ။ ။ဆဒွါရအရ ဒွါရ၆ပါးကိုသာ မုချရသော်လည်း ဤအရာ၌ ဌာန ဒွါရ၏အမည်ကို ဌာနီ ဇောစိတ်ပေါ်၌ တင်စား၍ ဌာနူပစာရအားဖြင့် မရဏာသန္နဇောစိတ်များကို ယူပါ၊ ထို့ကြောင့် "ဆဒွါရဂ္ဂဟိတံ-ဆဒွါရက မရဏာသန္နဇောသည် ယူအပ်သော"ဟု ပေးကြသည်။ ပစ္စုပ္ပန္နမတီတံ ပညတ္ထိဘူတံ ဝါ။ ။ဝါသဒ္ဒါကို "ပစ္စုပ္ပန္နံ အတီတံ"ပုဒ်များ၌လည်း လိုက်စေ၊ ထိုအာရုံ၆ပါးသည် ပစ္စုပ္ပန်ကာလ၌သော်လည်း ဖြစ်ရာ၏ သို့မဟုတ် အတိတ်ကာလ၌သော်လည်း ဖြစ်ရည၏၊ နာမ်ရုပ် မဟုတ်လျှင် ကာလဝိမုတ်ဟု ခေါ်သော ပညတ်အာရုံသော်လည်း ဖြစ်ရာ၏၊ အနာဂတ်အာရုံကား မဟုတ်နိုင်၊ မဟုတ်နိုင်ကြောင်းမှာ ဝီထိမုတ်ပိုင်း မရဏုပ္ပတ္တိခန်း၌ ထင်ရှားပါလိမ့်မည်။ ကမ္မကမ္မနိမိတ္တဂတိနိမိတ္တသမ္မတံ။ ။အများအားဖြင့် မရဏာသန္နအခါ မဟုတ်လျှင် အခြားဝီထိစိတ်များ၏ အာရုံကို ကံ ကမ္မနိမိတ် ဂတိနိမိတ်ဟု မသမုတ်အပ်၊ ရူပါရုံကို ရူပါရုံဟုသာ၊ပေ၊ဓမ္မာရုံကို ဓမ္မာရုံဟုသာ ခေါ်ဝေါ်အပ်၏၊ မရဏာသန္နဝီထိစိတ်နှင့် ပဋိသန္ဓေ စုတိစိတ်များ၏အာရုံ၆ပါးကိုကား ထိုက်သင့်သလို ကံဟူ၍လည်းကောင်း ကမ္မနိမိတ်ဟူ၍လည်းကောင်း ဂတိနိမိတ်ဟူ၍လည်းကောင်း စာ ၁၉၄ သမုတ်အပ်၏၊ "ရူပါရုံ သဒ္ဒါရုံစသောနာမည်အပြင် ကံ ကမ္မနိမိတ် ဂတိနိမိတ်အမည်ကိုလည်း ရကြသည်"ဟူလို၊ ဤကား ပုဒ်တစ်ခုစီအတွက် အဓိပ္ပါယ်တည်း။ ပုဒ်ချင်းစပ်၍ မှတ်သားဖွယ်။ ။ဘဝန္တရေပုဒ်ကို ဆဒွါရဂ္ဂဟိတံ၌ စပ်၊ အခြားမဲ့ လွန်ခဲ့ပြီးစ ဘဝ၌ ဆဒွါရိကမရဏာသန္နဇောသည် ယူပေးအပ်သောအာရုံကို ဤ ပဋိသန္ဓေစသော စိတ်က အာရုံပြုသည်၊ ဥပမာ- "နတ်ပြည်မှ စုတေ၍ လူ့ပြည်သို့ လာခဲ့လျှင် ထိုနတ်ပြည်ဝယ် စုတေခါနီးတုန်းက မရဏာသန္နဇောသည် ရူပါရုံစသော အာရုံ၆ပါးတွင် တစ်ပါးပါးကို အာရုံပြုပေလိမ့်မည်၊ ထိုနတ်ပြည်က မရဏာသန္နဇောသည် ယူအပ်သော အာရုံကိုပင် ဤလူ့ဘဝ ပဋိသန္ဓေစိတ်က လိုက်၍ အာရုံပြုရသည်"ဟူလို။ ယထာသမ္ဘဝံ။ ။ဤပုဒ်ကို ဆဒွါရဂ္ဂဟိတံ ပစ္စုပ္ပန္နမတီတံ ပညတ္တိဘူတံ ကမ္မကမ္မနိမိတ္တဂတိနိမိတ္တသမ္မတံဟူသော သုံးပုဒ်စပ်၊ ထိုတွင် ဆဒွါရဂ္ဂဟိတံ၌ စပ်ခိုက်"စက္ခုဒွါရ၌ ဖြစ်ထိုက်လျှင် စက္ခုဒွါရဂ္ဂဟိတရူပါရုံ သောတဒွါရ၌ ဖြစ်ထိုက်လျှင် သောတာဒွါရဂ္ဂဟိတသဒ္ဒါရုံ၊ပေ၊မနောဒွါရ၌ ဖြစ်ထိုက်လျှင် မနောဒွါရဂ္ဂဟိတအာရုံ၆ပါးတွင် တစ်ပါးပါးသောအာရုံ ဖြစ်မည်"ဟူလို၊ ပစ္စုပ္ပန္နမတီတံ ပညတ္တဘူတံ၌ စပ်ခိုက် "ပစ္စုပ္ပန်ဖြစ်ထိုက်လျှင် ပစ္စုပ္ပန်အာရုံဖြစ်မည်၊ အတိတ်ဖြစ်ထိုက်လျှင် အတိတ်အာရုံ ပညတ်ဖြစ်ထိုက်လျှင် ပညတ်ဖြစ်သော ကာလဝိမုတ်အာရုံ ဖြစ်မည်"ဟူလို၊ ကမ္မ၊ပေ၊သမ္မတံ၌ စပ်ခိုက် "ကံအာရုံ ဖြစ်ထိုက်လျှင် ကံဟု သမုတ်အပ်သောအာရုံ ဖြစ်မည် ကမ္မနိမိတ် ဖြစ်ထိုက်လျှင် ကမ္မနိမိတ်ဟုသမုတ်အပ်သောအာရုံ ဂတိနိမိတ် ဖြစ်ထိုက်လျှင် ဂတိနိမိတ်ဟု သမုတ်အပ်သောအာရုံ ဖြစ်မည်"ဟူလို၊ ယထာသမ္ဘဝံအရ ဖြစ်ထိုက်သလို ဖြစ်ကြပုံမှာ ဝီထိမုတ်ပိုင်းတွင် မရဏုပ္ပတ္တိအခန်း၌ "ကာမာဝစရပဋိသန္ဓိယာ ၊ပေ၊ဥပလဗ္ဘတိ" စသည်ဖြင့် အကျယ်လာလတ္တံ့ ဖြစ်သော်လည်း ဤအပိုင်းက နှူးပြီးနှပ်ပြီး ဖြစ်နှင့်ဖို့ရာ ပြဦးအံ့။ [ဆောင်] ကာမသန္ဓ ဘဝင်သည်ကား ငါးပါးအာရုံ ခြောက်ဖုံဒွါရ ယူကုန်ကြလျက် ယထာရဟံ ပစ္စု ပ္ပန်နှင့် တီတံ ကမ္မ-နိမိတ္တဟု အာရုံပြု၏၊ စုတိစိတ်မှာ အတိတ်သာတည်း၊ ဓမ္မာရုံကား ထိုစိတ်များ၏ တစ်ပါးမနော-ဒွါရဇောဖြင့် ယူသောတီတံ ကံနှင့်ကမ္မ-နိမိတ္တသင့်၊ ရူပအာရုံ တစ်ဖုံမနော-ဒွါရဇောဖြင့် ယူသောဧကန် ပစ္စုပ္ပန်ရှိ ဂတိနိမိတ် ဆိုရိပ်လည်းကောင်း တစ်ကြောင်းဆက်ထုတ် မဟဂ္ဂုတ်တွင် အာရုပ်ပဌမ-တတိယနှင့် ရူပသန္ဓိ ဘွင်စုတိမှာ ဓမ္မာရုံဟော မနောဒွါရ-ဂဟိတမှတ် ပညတ်ကမ္မ-နိမိတ္တရှင့်၊ ဒုတိယ စတုတ္ထာ-အာရုပ္ပါတွက် မဟဂ္ဂတ ကမ္မနိမိတ် အတိတ်ဟုဟော မနောဒွါရ-ယူရဓမ္မာ အာရုံလာသည် . . . ယထာသမ္ဘဝပေတည်း။ ...........+++++++++++----------- အာလမ္ပနသင်္ဂဟအဖွင့် ၁၉၅ ကာမသန္တီ၊ပေ၊အတိတ်သာတည်း။ ။ကာမပဋိသန္ဓေ ဘဝင်စိတ်တို့၏ အာရုံသည် ရူပါရုံစသော ငါးပါးဖြစ်အံ့၊ ထိုက်သည်အားလျော်စွာ အခြားမဲ့ဘဝ၌ ခြောက်ဒွါရဖြင့် ယူအပ်၏။ ထိုရူပါရုံ စသည်တို့ မချုပ်သေးလျှင် ပဋိသန္ဓေနှင့်ဘဝင် အနည်းငယ်ကာလ၌ ပစ္စုပ္ပန်ဖြစ်၏၊ ထိုနောက် ဘဝင်စိတ်များသည် အတိတ်ကိုသာ အာရုံပြု၏၊ စုတိခိုက်မှာ အတိတ်သာတည်း၊ထိုရူပါရုံစသည်တို့က ချုပ်ပြီးဖြစ်လျှင် ပဋိသန္ဓေ ဘဝင် စုတိအားလုံးပင် အတိတ်ကိုသာ အာရုံပြုရမည်၊ ကံ ကမ္မနီမိတ် ဂတိနိမိတ် သုံးပါးတွင် ကမ္မနိမိတ် တစ်မျိုးသာတည်း။ ဓမ္မာရုံကား၊ပေ၊နိမိတ္တသင့်။ ။ထိုကာမပဋိသန္ဓေ ဘဝင်တို့၏အာရုံသည် ဓမ္မာရုံဖြစ်အံ့၊ အခြားမဲ့ဘဝ၌ မနောဒွါရိကဇောတစ်မျိုးဖြင့်သာ ယူအပ်၏၊ ထိုဓမ္မာရုံသည် စေတနာဖြစ်အံ့ အတိတ်ဖြစ်သောကံတည်း၊စေတနာ မဟုတ်လျှင် အတိတ် ကမ္မနိမိတ်ချည်းသာတည်း။ ရူပအာရုံ၊ပေ၊ဆိုရိပ်၎င်း။ ။ထိုကာမပဋိသန္ဓေ ဘဝင် စုတိများသည် အခြားမဲ့ဘဝ၌ မနောဒွါရိကဇောဖြင့် ယူအပ်သော ပစ္စုပ္ပန် ဂတိနိမိတ် ရူပါရုံကိုလည်း အာရုံပြုသေး၏။ [ဂတိနိမိတ်မှန်လျှင် ရူပါရုံသာဟု အဋ္ဌကထာဆို၏။] တစ်ကြောင်းဆက်ထုတ်၊ပေ၊ပညတ်ကမ္မ-နိမိတ္တရှင့်။ ။မဟဂ္ဂုတ် ပဋိသန္ဓေတို့တွင် အာရုပ္ပပဌမတတိယနှင့် ရူပပဋိသန္ဓေ ဘဝင် စုတိတို့ကား အခြားမဲ့ဘဝ၌ မနောဒွါရိကဇောဖြင့် ယူအပ်သော ကသိုဏ်းပညတ်စသော ကမ္မနိမိတ် ဓမ္မာရုံကိုသာ အာရုံပြုကုန်၏။ ဒုတိယစတုတ္ထာ၊ပေ၊ယူရဓမ္မာ အာရုံလာသည်။ ။ဒုတိယ စတုတ္ထဖြစ်သော အာရုပ္ပပဋိသန္ဓေ ဘဝင် စုတ ဒုတိယစတုတ္ထာ၊ပေ၊ယူရဓမ္မာ အာရုံလာသည်။ ။ဒုတိယ စတုတ္ထဖြစ်သော အာရုပ္ပပဋိသန္ဓေ ဘဝင် စုတိတို့ကား မနောဒွါရဖြင့်သာ ယူအပ်သော အတိတ်ဖြစ်သော မဟဂ္ဂုတ် ကမ္မနိမိတ် ဓမ္မာရုံကိုသာ အာရုံပြု၏၊ ဤကား ယထာသမ္ဘဝ အဓိပ္ပါယ်တည်း၊ အကျယ်သဘောကို ဘုံပိုင်းကျမှ သိရလတ္တံ့။ ယေဘုယျေနအဓိပ္ပါယ်။ ။ယေဘုယျေနကို ဆဒွါရဂ္ဂဟိတံ၌စပ်၊"ပဋိသန္ဓေ ဘဝင် စုတိတို့၏အာရုံသည် အခြားမဲ့ လွန်ပြီးစဘဝက ဆဒွါရိကမရဏာသန္နဇော ယူအပ်သော အာရျုာံးဖြစ်သည်"ဟု ဆိုသော်လည်း များရာလိုက်၍ ဆိုခြင်းဖြစ်သည်၊ အန်ာငယ်အားဖြင့် ဆဒွါရိကဇောတို့ မယူအပ်သော အာရုံများ ရှိသေး၏"ဟူလို၊ ချဲ့ ဦးအံ့-ဤကာမဘုံမှ ဈာန်ကိုရသဖြင့် အသညသတ်ဘုံသို့ ရောက်ရသူသည် ထိုဘုံမှ စုတေလျှင် ကာမသုဂတိဘုံသို့သာ ပြန်လာရလိမ့်မည်၊ အသညသတ်ဘုံ၌ စိတ်ဟူသမျှ လုံးဝမရှိရကား စုတေခါနီး၌ အာရုံယူဖို့ရာ မရဏာသန္နဇော မရနိုင်၊ ထို့ကြောင့် အသညသတ်ဘုံမှ စုတေ၍ ကာမဘုံ၌ဖြစ်သော ပဋိသန္ဓေ၏အာရုံသည် အခြားမဲ့ လွန်ပြီးစဘဝ၌ ဆဒွါရိကမရဏာသန္နဇောသည် ယူအပ်သော -------------+++++++++------//// Writing by Ko Thant Zaw

No comments:

Post a Comment