Saturday, July 16, 2016

ပကိဏ်းပိုင်း ဘာသာဋီကာ နှာ..၁၈၉ ၁၉၀ နှာ ၁၈၉ မနောဒွါရအမျိုးမျိုး။ ။" အယံ နာမ မနော မနောဒွါရံ န ဟောတီတိ န ဝတ္တဗ္ဗော " ဟူသော အဋ္ဌသာလိနီ ဒွါရကထာ၌ ရှေးရှေးစိတ်က နောက်နောက်စိတ်ဖြစ်ဖို့ရန် အနန္တရ သတ္တိဖြင့် ကျေးဇူးပြုသောကြောင့် ရှေးရှေးစိတ်သည် နောက်နောက်စိတ်၏ ဖြစ်ကြောင်း "မနောဒွါရ " မည်၏၊ မနဿ_ နောက်နာက်စိတ်၏ ၊ဒွါရံ_ ဒွါရတည်း၊ မနောဒွါရံ _ နောက်နောက်စိတ်၏ဒွါရ၊ ဤမနာဒွါရ ယူပုံသည် ဒွါရ(၆)ပါး ဝေဖန်ရာဌာနနှင့် မဆိုင်။[ အယံ နာမ မနော_ဤ မည်သောစိတ်ကို၊ မနောဒွါရံ န ဟောတီတိ _မနောဒွါရမဟုတ်ဟု ၊ န ဝတ္တဗ္ဗာ_ မဆိုထိုက်။] ဓာတုဝိဘင်္ဂဋ္ဌ။ ။ ပဋိစ္စာတိ(နာမ) အာဂတဋ္ဌာနေ အာဝဇ္ဇနံ ဝိသုံ န ကာတဗ္ဗံ ဘဝင်္ဂ နိဿိတမေဝညကာတဗ္ဗန္တိ၊ တသ္မာ ဣဓ မနောတိ သဟာဝဇ္ဇနကံ ဘဝင်္ဂံ။ ပဋိစ္စာတိ(နာမ)အာဂတဋ္ဌာနေ_ "မနဉ္စ ပဋိစ္စ ဓမ္မေစ ဥပ္ပဇ္ဇတိ " ကဲ့သို့ ပဋိစ္စဟူသော နာမည်ဖြင့် လာရာပါဠိရပ်၌၊ အာဝဇ္ဇနံ_ဘဝင်၏နောက်က အာဝဇ္ဇန်းကို၊ ဝိသုံ_ သီးခြား၊ န ကာတဗ္ဗံ_ မပြုထိုက်၊ ဘဝင်္ဂနိဿိတမေဝ_ ဘဝင်၌ မှီသည်ကိုသာလျှင်၊ ကာတဗ္ဗံ _ ပြုထိုက်၏၊ ဣတိ_ဤသို့၊ (မဟာဓမ္မ ရက္ခိတထေရ် ဆို၏၊) တသ္မာ_ထို့ကြောင့်၊ ဣဓ_ ဤမနဉ္စ ပဋိစ္စဟူသောပါဌ်၌၊ သဟာဝဇ္ဇနကံ_ အာဝဇ္ဇန်းနှင့် တကွဖြစ်သော၊ ဘဝင်္ဂံ_ဘဝင်သည်၊ မနောတိ_ မနမည်၏၊ .....ဤအဋ္ဌကထာ၌ အာဝဇ္ဇန်းနှင့် တကွသော ဘဝင်ကို "မနောဒွါရ" ဟု ခေါ်၏။ ဆိုလိုရင်းကား။ ။ဇော တည်းဟူသော မနောဝိဉာဏ်စိတ်များ ဖြစ်ဖို့ရာ ဘဝင်စိတ်ကလည်း ကျေးဇူးပြု၏,မနောဒွါရဝဇ္ဇန်းကလည်း ကျေးဇူးပြု၏၊ ထို့ကြောင့် "မနဉ္စ ပဋိစ္စ_မနကို စွဲမှီ၍ မနောဝိဉာဏ်ဖြစ်သည် "ဟုဆိုရာ၌ " မန အရ အာဝဇ္ဇန်းနှင့်တကွ ဘဝင်စိတ်ကို ယူရမည် " ဟူလို ၊ ဤနည်းကိုလည်း နေရာတိုင်းမှာ သုံးစွဲရမည်မဟုတ်၊ "မနဉ္စ ပဋိစ္စ" ဟု လာရာဌာန၌သာ သုံးစွဲရမည်၊ ထို့ကြောင့် "သာဝဇ္ဇနံ ဘဝင်္ဂန္တု,မနောဒွါရန္တိဝုစ္စတိ" ဟူသော သစ္စသံခိပ် စကားလည်း"မနဉ္စ ပဋိစ္စ" ဟု လာရာ၌သားဆိုင်သည်၊ [ သာဝဇ္ဇနံ _ မနောဒွါရဝဇ္ဇန်းနှင့် တကွဖြစ်သော၊ ဘဝင်္ဂံ_ဘဝင်ကို ၊ မနောဒွါရန္တိ_ မနောဒွါရဟူ၍ ၊ ဝုစ္စတိ_ဆိုအပ်၏။ ] မဏိမဉ္ဇူဋီကာ။ ။သာဝဇ္ဇနံ _ အာဝဇ္ဇန်းနှင့် တစ်ဆက်တည်းနေသော၊ ဝါ_ အာဝဇ္ဇန်း၏ "အခြားမဲ့၌ဖြစ်သော "ဟု အနက် သုံးစေလို၍ "အနန္တရမ္ပိ သဟိတံ ဝိယဝုတ္တံ `သာဝဇ္ဇနံ´တိ၊ အထဝါ_ သဟသဒ္ဒဿနိပါတ္တာနိပါတာနဉ္စ အနေကတ္ထတ္တာ အနန္တရတ္ထကံ သန္ဓာယာဟ_` သာဝဇ္ဇန´န္တိ" ဟု ဖွင့်ပြလေ၏၊ ထိုအဖွင့်မှာ အဋ္ဌကထာ၏ အာဘော်မဟုတ်ပါ၊ ထို့ပြင့်_ ကာယဒွါရ ဝစီဒွါရဟု ခွဲခြားရာ၌ လောကီကုသိုလ် အကုသိုလ်ဇောစိတ်ကို မနောဒွါရဟု ယူရသောနည်းလည်းရှိ၏၊ ဤသို့လျှင် သူ့နေရာနှင့်သူ မနောဒွါရကို အမျိုးမျိုးယူရသော်လည်း ဤဒွါရ နှာ.. ၁၉၀ (၆)ပါးကို ခွဲခြားသတ်မှတ်ပြရာ ဌာနဝယ် "ဆဋ္ဌဿ ပန ဘဝင်္ဂမနသင်္ခါတော မနာယတနေကဒေသောဝ ဥပ္ပတ္တိဒွါရံ " ဟူသော အာယတနဝိဘင်္ဂဋ္ဌကထာနှင့် အီာ ဘဝင်စိတ် ဟူသမျှကိုသာ မနောဒွါရ ဟု ယူရမည်။ စက္ခုဒွါရ၌ဖြစ်သောစိတ် တတ္ထ ပဉ္စဒွါရာဝဇ္ဇန စက္ခုဝိညာပသမ္ပဋိစ္စန သန္တီရဏဝေါဋ္ဌပမကာမာဝစရဇဝန တဒါရမ္မဏဝသေန. ဆစတ္တာလီသစိတ္တာနိ စက္ခုဒွါရေ ယထာရဟံ ဥပ္ပဇ္ဈန္တိ။ ပဉ္စဒွါရာဝဇ္ဇန၊ပေ၊ယထာရဟံ ဥပ္ပဇ္ဈန္တိ။ ။ (ဝီိထိစဉ်အတိုင်း ) ပဉ္စဒွါရဝဇ္ဇန်း စသော.စိတ်(၄၆) ပါးသည် စက္ခုဒွါရ၌ဖြစ်၏၊ ထိုသို့ဖြစ်ရာဝယ် တစ်ဝီထဲ၌ (၄၆) ပါးလုံး ပြွတ်သိပ်၍ ဖြစ်သည်မဟုတ်၊ အာရုံ ဘုံ ပုဂ္ဂိုလ် မနသိကာရအလိုက် ထိုက်သလို ဖြစ်ကြသည်။ အာရုံအလိုက်။ ။ ချဲ့ဦးအံ့_ အာရုံက အနိဋ္ဌာရုံဖြစ်လျှင် "အနိဋ္ဌေ အာရမ္မဏေ အကုသလဝိပါကာနေဝ " စသော တဒါရမဏ နိယာမနှင့်အညီ ,အကုသလဝိပါတ် စက္ခုဝိဉာဏ် သမ္ပဋစ္ဆိုင်း သန္တီရဏတို့ ဖြစ်၏၊ ဣဋ္ဌာရုံ ဖြစ်လျှင် "ဣဋ္ဌေ ကုသလဝိပါကာနိ" အရ ကုသလဝိပါတ်များ ဖြစ်သည်၊ ဤဋ္ဌာရုံတွင်လည်း အတိဣဋ္ဌဖြစ်လျှင် သောမနဿသန္တီရဏတဒါရုံဖြစ်၍,ဣဋ္ဌမဇ္ဈတ္တဖြစ်လျှင် ဥပေက္ခာသဟဂုတ်များဖြစ်မည် ၊ ဤကား အာရုံအလိုက် ဖြစ်ပုံတည်း။ ဘုံ ပုဂ္ဂိုလ် အလိုက်။ ။ဘုံအားဖြင့် ကာမဘုံ၌ဖြစ်လျှင် (၄၆).ပါးလုံးဖြစ်ခွင့်ရှိ၍, ရူပဘုံ၌ဖြစ်လျှင် "ကာမေ ဇဝနသတ္တာလမ္ဗနာနံ နိယမေ သတိ" အရ တဒါရုံ ဖြစ်ခွင့်မရှိ၊ ဤကား ဘုံအလိုက်ဖြစ်ပုံတည်း ၊ ပုဂ္ဂိုလ်အားဖြင့် ပုထုဇဉ် သေက္ခ၌ ဖြစ်လျှင် ကုသိုလ် အကုသိုလ်ဇောများ စောခွင့်ရှိ၍, ရဟန္တာဖြစ်လျှင် ကြိယာဇောများသာ စောခွင့်ရှိသည် ၊ ဤကား ပုဂ္ဂိုလ်အလိုက် ထြသ်ပုံတည်း။ မနသိကာရအလိုက်။ ။ မနသိကာရအားဖြင့် ပုထုဇဉ် သေက္ခတို့ သန္တာန်၌ ယောနိသောမနသိကာရှိလျှင် ကုသိုလ်ဇော စောခွင့်ရှိ၍ ,အယောနိသော.မနသိကာရရှိလျှင် အကုသိုလ်ဇောများ စောခွင့်ရှိသည် ၊ ဤကား မမသိကာရအလိုက် ထိုက်သလိုဖြစ်ပုံတည်း၊ သင်္ခါရ ရှိ/မရှိ အတွက် သသင်္ခါရိက, အသင်္ခါရိကစသော အကွဲအပြားတို့လည်း ထိုက်သလိုဖြစ်ကြသည် ။ [ ဒွါရဖြင့် စေတသိက်တို့ကို ရေတွက်ရာ၌ အဂ္ဂဟိတဂ္ဂဟဏနည်း မရှိ၊ ဂဟိတ္တဂ္ဂဟဏ နည်းကို အခြေပြုသင်္ဂြိုဟ်၌ ဆိုထားပြီ ။] nt

No comments:

Post a Comment