Saturday, July 16, 2016
ဝီထိပိုင်း
@@@@@
စာ ၂၄၃ ၂၄၄ ၂၄၅ ၂၄၆ ၂၄၇
အတီတဘဝင် ချ/မချထိုက်
၂၄၃
ဆက်ဦးအံ့ _ ထို စေတသိက်များနှင့် တွဲဖက် ၍ အလိုရှိရာ အာရုံကို ရှာဖွေနေစဉ် မဆိုင်သော အာရုံ , ဆင်တူယိုးမှား အာရုံများ ကိုလည်း တွေ့ရ သိရ၏၊ ဥပမာ _ ကျမ်းဂန်၏ လေးနက်သော အဓိပ္ပါယ် ကို ရှာဖွေနေစဉ် အမှားအဓိပ္ပါယ် , ဆင်တူယိုးမှား အဓိပ္ပါယ် များကို တွေ့ရ သကဲ့သို့ လည်းကောင်း , နိဗ္ဗာန် ကို မှန်း၍ ကမ္မဋ္ဌာန်း စီးဖြန်းနေစဉ် (နိဗ္ဗာန် ကို ရှာဖွေနေစဉ် ) နိဗ္ဗာန် မတွေ့ခင် အမျိုးမျိုး သော အာရုံများကို တွေ့ရ မြင်ရ သိရသကဲ့သို့ လည်းကောင်း တည်း၊ ထိုကဲ့သို့ မဆိုင်သော အာရုံများ ကို တွေ့ရသည်မှာလည်း စိတ်က ရှာဖွေသည့် အတွက် တွေ့ရသောကြောင့် စိတ်၏ အစွမ်းပင် ဖြစ်သည်၊ ထိုသို့ ရှာဖွေရာ၌ စိတ်သည် အာရုံရှိရာအရပ်သို့ ရောက်အောင်လည်း သွားသည်မဟုတ်, အာရုံကိုလည်း မိမိအထံသို့ရောက်အောင် ဆွဲငင်၍ မယူနိုင်၊ သို့ရာတွင် ပြခဲ့သော ဒိဠိ သုတ စသော အကြောင်းကြောင့် ဘဝင်တည်း ဟူသော မနော၌ အမျိုးမျိုး ထင်မြင်အောင် ကြံဆောင်စိတ်ကူးနိုင်သည်မှာ ဝိတက် ဝိစာရ မနသိကာရ ဟူသော အဖော်ကောင်းများကို ရခြင်းကြောင့်ဖြစ်သည်။
အတီတဘဝင် ချထိုက် /မချထိုက် ။ ။ "ဧကစိတ္တက္ခဏာတီတကံ" စသည်ကို မဆိုဘဲ "ယဒိ ဝိဘူတမာရမဏံ အာပါတမာဂစ္ဆန္တိ" ဟုသာ ဆိုခြင်းကြောင့် မနောဒွါရ ဝီထိ များ၌ အတီတဘဝင် ချထိုက် မချထိုက် ကို စိစစ်လေ့ ရှိရကား ဤကျမ်း၏ အလိုကိုလည်း ပြဦးအံ့_ စိတ် စေတသိက်တို့ သည် ပင်ကိုယ်က စိတ္တက္ခဏ တစ်ချက်ခန့်မျှသာ အသက်ရှည်၏၊ သို့အတွက် စိတ် စေတသိက် အာရုံထင်လာရာ၌ အတီတဘဝင် မချထိုက် ၊ အတိက်ရုပ်တရားတို့သည် ချုပ်ကွယ်လေပြီ၊ အနာဂတ် ရုပ်တရားတို့ကား လုံးဝ မဖြစ်ကြသေး၊ ပညတ်တရား တွေမှာ ဥပါဒ် ဌီ ဘင် အထင်အရှား မရှိကြ၊ နိဗ္ဗာန် တရားသည်လည်း ဥပါဒ် ခြင်း သဘောရှိသော တရားမဟုတ်၊ ထို့ကြောင့် အတိက် အနာဂတ် ရုပ်တရားနှင့် ပညတ် နိဗ္ဗာန် တို့ ထင်လာရာ ၌လည်း ဥပါဒ် ပြီးနောက် စိတ္တက္ခဏ မည်မျှ လွန်မှ ထင်လာသည်ဟု ဆိုဖွယ် မရှိရကား အတီတဘဝင် ချဖွယ်မလို။
ပစ္စုန်ပ္ပန်ရုပ် ။ ။ ဥပါဒ် ဌီ ဘင် ရစကောင်းသော ပစ္စုန်ပ္ပန်ရုပ်များ အတွက် စိစစ်ဖွယ် ရှိသေး၏၊ စိစစ်ပါဦးအံ့_ ဝိညတ်ဒွေးနှင့် လက္ခဏရုပ် (၄ )ခုတို့သည် ရုပ်တို့ ထုံးစံ အတိုင်း စိတ္တက္ခဏ (၁၇) ချက် အသက်မရှည်ကြပေ၊ အာကာသဓာတ် ဟူသော ပရိစ္ဆေဒ ရုပ်လည်း ဥပါဒ် ဌီ ဘင် အထင်အရှား ရှိစကောင်းသော ပရမတ် အစစ် မဟုတ်၊ လဟုတာ မုဒုတာ ကမ္မညတာ တို့လည်း ရုပ်တရားတို့၏ ထူးထွေသော အခြင်းအရာ အာကာရမျှ သာတည်း၊ အတိအလင်း ရှင်းရှင်း ပြောရလျှင် ယခု ပြအပ်ခဲ့သော အနိပ္ဖန္နရုပ် ၁၀ ပါးသည် ပရမတ် မဟုတ်၊ ပညတ်တွေသာတည်း၊ [ပညတ်ဖြစ်ပုံမှာ ရုပ်ပိုင်း၌ ထင်ရှား ပါလိမ့်မည်၊] ထို့ကြောင့် အနိပ္ဖန္နရုပ်ဝ ပါးတို့ ထင်လာရာ၌ ဥပါဒ် ပြီးနောက် စိတ္တက္ခဏ မည်မျှ လွန်မှ ထင်လာ၏ ဟု
=========================
သင်္ဂြိုဟ်ဘာသာဋီကာ
စာ_ ၂၄၄
သတ်မှတ် ၍ မရကောင်းရကား အတီတဘဝင် ချဖွယ်မလို။ ပစ္စုန်ပ္ပန် နိပ္ဖန္နရုပ်တို့ ထင်လာရာ၌ ကား အချို့ရုပ်တို့သည် ဥပါဒ် လျှင် ဥပါဒ် ခြင်း ထင်ပေလိမ့်မည်၊ စိတ်၏ အစွမ်းကြောင့် ဌီသို့ရောက်အောင် ဆိုင်းငံ့ လိမ့်မည်မဟုတ်၊ အချို့ရုပ်များကား ဥပါဒ် ပြီးနောက် ထိုက်သင့်သမျှ စိတ္တက္ခဏကို လွန်ပြီးမှ ထင်လာနိုင်ပေလိမ့်မည်၊ ထိုရုပ်များအတွက် အတီတဘဝင် ချထိုက်သော မနောဒွါရဝီထိ များလည်း ရှိသင့်ပေသည်၊ ဤ အဓိပ္ပါယ်အတိုင်း ခန္ဓဝိဘင်း မူလဋီကာ၌လည်း "မနောဒွါရေ ပန ဥပ္ပါဒက္ခဏေပိ အာပါတမာဂစ္ဆတိ" ဟု မိန့်ပြီ၊ ဤ၌ ဥပ္ပါဒက္ခဏေပိဝယ် အပိဖြင့် ဌီခဏကို ဆည်းပါ။
ပစ္စုန်ပ္ပန်စိတ်ကို အာရုံပြုပုံ ။ ။ သူတစ်ပါး ၏ ပစ္စုန်ပ္ပန် စိတ်ကို ပိုင်နိုင်စွာ အာရုံပြုနိုင်သော ပရစိတ္တဝိဒူပုဂ္ဂိုလ်သည် သူတစ်ပါး ၏ ပစ္စုန်ပ္ပန် စိတ်ကို အာရုံပြုရာ၌ အာရုံက "မနောဒွါရဝဇ္ဇန်း ဇော ဇော ဇော ဇော ဇော" ဟု ဖြစ်လျှင် , အာရမဏိကစိတ်ကလည်း " မနောဒွါရဝဇ္ဇန်း ပ ,ဥ ,အ ,ဂေါ ,ဘိ " ဟု ဖြစ်သောကြောင့် အာရမဏိက မနောဒွါရ ဝဇ္ဇန်း က အာရုံမနောဒွါရဝဇ္ဇန်းစိန်ကို ဆင်ခြင်၍, ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘု အဘိညာဉ်စိတ်တို့ကလည်း ထို အာရုံမနောဒွါရဝဇ္ဇန်းစိတ်ကိုပင် ဆက်လက်၍ အာရုံပြုသည်ဟု ဆိုလျှင် မနောဒွါရ ဝဇ္ဇန်း က ပစ္စုန်ပ္ပန် စိတ်ကို အာရုံပြု၍ ပရိကံ စသည်တို့ က အတိက်စိတ်ကို အာရုံပြုရာရောက်သည်၊ တစ်ဝီထိ အတွင်းမှာ ထိုကဲ့သို့ ပစ္စုန်ပ္ပန် အာရုံ အတိက်အာရုံဟု ကာလအားဖြင့် မကွဲပြားထိုက်၊ သို့မဟုတ် မနောဒွါရ ဝဇ္ဇန်း က သူတစ်ပါး ၏ မနောဒွါရ ဝဇ္ဇန်း ကို ဆင်ခြင်၍ ပရိကံ ဥပစာ စသည်တို့ ကလည်း မိမိတို့ နှင့်
တိုက်ဆိုင်လျက် ဖြစ်သော သူတစ်ပါး ၏ ဇောစိတ်ကို အာရုံပြုသည်" ဟု ဆိုပြန်လျှင် အာဝဇ္ဇန်း ၏ အာရုံကတစ်မျိုး, ပရိကံ စသည်တို့၏ အာရုံကလည်း တစ်မျိုး စီ ဖြစ်နေပြန်၏၊ မဂ္ဂဝီထိ ဖလဝီထိ မဟုတ်လျှင် တစ်ဝီထိအတွင်း၌ ထိုကဲ့သို့ အာရုံ ကွဲပြားခြင်းငှါ လည်း မထိုက်၊ သို့အတွက် "သူတစ်ပါး၏ ပစ္စုန်ပ္ပန် စိတ်ကို အဘယ်ပာံ အာရုံပြုပါ လိမ့်မည်နည်း" ဟု စဉ်းစားဖွယ် ရှိသည်။
အဋ္ဌကထာ ဝါဒ ။ ။ ဤအရာဝယ် နိက္ခေပကဏ္ဍ အဋ္ဌသာလိနီ အဋ္ဌကထာ ၌ "မနောဒွါရ ဝဇ္ဇန်း ဆင်ခြင်အပ်သောစိတ်ကိုပင် ပရိကံ ဥပစာ စသော နောက်နောက်စိတ်များက ဆက်၍ အာရုံပြုသည်" ထိုသို့ အာရုံပြု သော်လည်း "မနောဒွါရ ဝဇ္ဇန်း က ပစ္စုန်ပ္ပန် စိတ်ကို အာရုံပြု၍ ပရိကံ စသည်တို့က အတိက်စိတ်ကို အာရုံပြုသည်" ဟု မဆိုထိုက်၊ ဘာ့ကြောင့် နည်း _ မနောဒွါရ ဝဇ္ဇန်း ဆင်ခြင်အပ်သောစိတ်သည် ပရိကံ စသည်တို့ အခိုက်မှာ ချုပ်ပြီးဖြစ်သော်လည်း သန္တတိ ပစ္စုန်ပ္ပန် အဒ္ဓါပစ္စုပ္ပန် အားဖြင့် "ပစ္စုန်ပ္ပန် " ဟုပင် ဆိုနိုင်သေးသောကြောင့်တည်း" ဟု မိန့်ဆိုလေသည်၊ ဆိုလိုရင်းကား _ ပစ္စုန်ပ္ပန် သည် ခဏ ပစ္စုန်ပ္ပန်, သန္တတိ ပစ္စုန်ပ္ပန်, အဒ္ဓါ ပစ္စုန်ပ္ပန် ဟု (၃) မျိုးရှိ၏၊
========================
ပစ္စုန်ပ္ပန်စိတ်ကို အာရုံပြုပုံ
စာ_ ၂၄၅
ထိုတွင် ဥပါဒ် ဌီ ဘင် ခဏငယ် ၃ ချက် အခိုက်အခါသည် ခဏပစ္စုပ္ပန် မည်၏ တစ်စုံတစ်ခု ကို အာရုံပြု၍ ဇောဝီထိ တစ်စဉ်တစ်တန်း ဖြစ်ရာအခါသည် သန္တတိ ပစ္စုန်ပ္ပန် မည်၏၊ ဥပမာ _ ရူပါရုံ ကို အာရုံပြု ၍ စက္ခုဒွါရ ဝီထိ တဒနုဝတ္တိကမနောဒွါရ ဝီထိတို့ဖြင့် ထိုရူပါရုံကို ပိုင်နိုင်စွာ သိသည့်တိုင်အောင် စိတ်အစဉ်ဖြစ်၏၊ ထို စိတ်အစဉ်၏ ဖြစ်ရာ အခါသည် သန္တတိ ပစ္စုန်ပ္ပန် တစ်ခုသာတည်း၊ ပစ္စုန်ပ္ပန် ဘဝ, အတိက်ဘဝ စသော တစ်ဘဝလုံး ကာလသည် အဒ္ဓါ ပစ္စုန်ပ္ပန် မည်၏၊ ဤသို့ ပစ္စုန်ပ္ပန် ၃ မျိုးရှိသောကြောင့် အာဝဇ္ဇန်း ဆင်ခြင်အပ်သောစိတ်ကို ပရိကံ ဥပစာ စသည်တို့ က ဆက်၍ အာရုံပြုရာ၌ အာဝဇ္ဇန်း ဆင်ခြင်အပ်သောစိတ်သည် ပရိကံ စသည်တို့ အခိုက်မှာ ချုပ်လေပြီ ဖြစ်၍ ခဏ ပစ္စုန်ပ္ပန် အားဖြင့် ပစ္စုန်ပ္ပန် ဟု မဆိုရသော်လည်း သန္တတိ ပစ္စုန်ပ္ပန် အဒ္ဓါ ပစ္စုန်ပ္ပန် အားဖြင့် ပစ္စုန်ပ္ပန် ဟုပင် ဆိုနိုင်သေး၏၊ သို့အတွက် အာဝဇ္ဇန်း ဆင်ခြင်အပ်သောစိတ်ကို ပရိကံ စသည်တို့ က ဆက်၍ အာရုံပြု ရာ၌ "တစ်ဝီထိ အတွင်းမှာ ကာလချင်း ကွဲပြားသည်" ဟု မမှတ်ထိုက် _ ဟူလိုတဲ့။
မူလဋီကာ ဝါဒ ။ ။ မူလဋီကာ ၌ကား "အတီတာ ဓမ္မာ,အနာဂတာ ဓမ္မာ, ပစ္စုပ္ပန္န ဓမ္မာ " စသည်ဖြင့် အဘိဓမ္မာ ဝယ် ခဏ ပစ္စုန်ပ္ပန် ကိုသာ သုံးစွဲ ၏ ၊ သန္တတိ ပစ္စုန်ပ္ပန်, အဒ္ဓါ ပစ္စုန်ပ္ပန် တို့မှာ သုတ္တန် အသုံးအနှုန်း သာဟု ယူပြီးလျှင် အဋ္ဌကထာ ဝါဒကို မနှစ်မြို့နိုင်သောကြောင့် အဋ္ဌကထာ ဆရာ ပယ်အပ်သော ကေစိဝါဒ ကိုပင် ထောက်ခံ ဖွင့်ပြ၏၊ ဖွင့်ပုံ အချုပ်မှာ _ သူတစ်ပါး ၏ စိတ်ကို သိလိုသော တန်ခိုး ရှင်သည် သူတစ်ပါး ၏ သန္တာန်၌ ဖြစ်ဆဲ ဖြစ်သော
ပစ္စုန်ပ္ပန် စိတ်ကို အာဝဇ္ဇန်း ဖြင့် ဆင်ခြင်၏၊ ထို့နောက် ပရိကံ စသော ဇောတို့ကလည်း မိမိနှင့် တိုက်ဆိုင်နေသော သူတစ်ပါး ၏ ပစ္စုန်ပ္ပန် စိတ်ကိုပင် အသီးသီး အာရုံပြု ၏။
ဤသို့ အာရုံပြုရာ၌ အာဝဇ္ဇန်း က စိတ်ကို ဆင်ခြင်၍ နောက်နောက်ဇောတို့က ရုပ်ကို အာရုံပြုလျှင်သာ အာရုံချင်း ကွဲပြားသည်ဟု ဆို့သင့်၏၊ ဤ၌ကား အာရုံက စိတ်ချည်းဖြစ်၍ အာရုံအားဖြင့် မကွဲပြားချေ၊ အာဝဇ္ဇန်း က ပစ္စုန်ပ္ပန် စိတ်ကို ဆင်ခြင်၍ ဇောတို့ က အတိက်စိတ်ကို အာရုံပြုလျှင်သာ ကာလအားဖြင့် ကွဲပြားသည်ဟု ဆိုသင့်၏၊ ဤ၌ကား အသီးအသီး မိမိတို့နှင့် တိုက်ဆိုင်နေသော ပစ္စုန်ပ္ပန် စိတ်ကိုချည်း အာရုံပြု သောကြောင့် ကာလအားဖြင့် လည်း မကွဲပါးပါဟု ဖွင့်ပြလေသည်၊ ဤ မူလဋီကာ အလို ဥပမာ ဆိုရလျှင် တစ်စဉ်တစ်တန်း ကြီး သွားနေသော ပုရွက်ဆိတ် တွေကို ကြည့်ရာ၌ ရှေ့ စိတ်က တိုက်ဆိုင်နေသော ပုရွက်ဆိတ် ကို မြင်၍ နောက်နောက်စိတ်ကလည်း မိမိနှင့် တိုက်ဆိုင်သော ပုရွက်ဆိတ် ကို မြင် ရကား အာရုံလည်းမပြား, မိမိနှင့် တိုက်ဆိုင်သော ပုရွက်ဆိတ် ချည်း ဖြစ်၍ ကာလလည်း မပြား သကဲ့သို့ တည်း။
========================
အပ္ပနာဇောဝါရ
စာ _ ၂၄၆
အပ္ပနာ ဇဝနဝါရေ ပန ဝိဘူတာ ဝိဘူတဘေဒေါ နတ္ထိ ၊
တထာ တဒါရမဏုပ္ပါဒေါ စ။
အပ္ပနာအမည် ။ ။ အပ္ပနာ ဟူသော နာမည်သည် "တက္ကော ဝိတက္ကော သင်္ကပ္ပေါ အပ္ပနာ ဗျပ္ပနာ" ဟူသော ဓမ္မ သင်္ဂဏီ ပါဠိတော် နှင့် အည်ီ ဝိတက်၏ နာမည် ရင်းတည်း၊ စိတ္တံ အာရမဏေ အပ္ပေတိ အဘိနိရောပေတီတိ အပ္ပနာ ၊ စိတ္တံ _ ယှဉ်ဖက် စိတ်ကို အာရမဏေ _ အာရုံ၌ ၊ အပ္ပေတိ _ အပ်နှံတက်၏၊ အဘိနိရောပေတိ_ ရှေ့ ရှူတင်တက်၏၊ ဣတိ_ ကြောင့်၊ ဝိတက္ကော _ ဝိတက်သည် ၊ အပ္ပနာ _ မည်၏၊ အဋ္ဌကထာ ၌ကား ဝိတက်၏ အာရုံသို့ တင်ပေးခြင်း ကိစ္စအထူးကြောင့် ဆိုင်ရာ အာရုံ၌ ခိုင်မြဲသော လောကီ _ လောကုတ္တရာ ပဌမဈာန် စိတ် စေတသိက် ကို အပ္ပနာ မည်သော ဝိတက် စေတသိက် နှင့် ယှဉ်သော ကြောင့် သဟစရဏ(တကွဖြစ်ဖက်) နည်းအရ "အပ္ပနာ" ဟု ခေါ်ဆို၏၊ ဆန့်ကျင်ဖက် နိဝရဏ တို့မှ ဝေးကွာ၍ ဆိုင်ရာ အာရုံ၌ စွဲမြဲ တည်တံ့ခိုင်ခံ့ခြင်း အားဖြင့် အပ္ပနာ မည်သော ပဌမဈာန် နှင့် အလားတူသောကြောင့် ဒုတိယဈာန် စသည်ကိုလည်း သဒိသူပစာရ အားဖြင့် အပ္ပနာ ဟု ခေါ်ရသည်။ "ဈာန်အားလုံး ကို အပ္ပဟု နာမည် သုံးခြင်းသည် အဋ္ဌကထာ ၏ အသုံးဖြစ်သည်၊" ဟူလို၊
[ဝိတိက္ကဿ ကိစ္စဝိသေသေန ထိရဘာဝပ္ပတ္တေ ပဌမဇ္ဈာနသမာဓိမှိ ပစ္စနီကဒူရီဘာဝ ကတေန ထိရဘာဝေန တံသဒိဥေု ဝိတက္ကရဟိတေသု ဒုတိယဇ္ဈာနာဒိ သမာဓီသု စ အပ္ပနာ တိ အဋ္ဌကထာ ဝေါဟာရော ။ _ မူလဋီကာ]
[ဆောင်] ဝိတက်ခေါင်မှူး ,ကိစ္စထူးကြောင့်, လွန်ကျူးမြဲမြံ, ပဌမဈာန် ကို, ခေါ်ရန်သောဟာ, အပ္ပနာတဲ့၊ တစ်ဖြာထက်ခွင်, ဈာန်အစဉ်လည်း, ဆန်ကျင်ကွာကင်း, မြဲခိုင်ခြင်းကြောင့် , မယွင်းမှီသူ, သဒိသူဖြင့်, ညီတူသောဟာ, အပ္ပနာ ဟု, ဋီကာမူလ, အဖွင့်ပြသည်, .....အဋ္ဌကထာ အသုံးတည်း။
ဝိဘူတာ ဝိဘူတဘေဒေါ နတ္ထိ ။ ။ ကာမဇော ဝါရ၌ကဲ့သို့ ဝိဘူတာရုံ အဝိဘူတာရုံ ဟု နှစ်မျိုး ကွဲပြားခြင်း မရှိ၊ "ဝိဘူတာရုံ တစ်မျိုးတည်း သာ ရှိသည်" ဟူလို၊ ချဲ့ဦးအံ့ = သျာန်ကို ရဖို့ရန် ပထဝီကသိုဏ်းစသည်ကို အာရုံပြု၍ ကမ္မဋ္ဌာန်း စီးဖြန်းသောအခါ ထို အာရုံတို့ တော်တော် တန်တန် ထင်ရုံမျှဖြင့် ဈာန်ကို မရချေ၊ အလွန်ပေါ်လွင်စွာ ထင်လာမှသာ ဈာန်စူသော အပ္ပနာ ဇောများ ဖြစ်ပေါ်နိုင်သည်၊ မဂ် ဖိုလ် ဟူသော အပ္ပနာဇောတို့၏ အာရုံကား အလွန်ထင်ရှားသော နိဗ္ဗာန် တရားပေတည်း၊ ထို့ကြောင့် "ဝိဘူတာ ဝိဘူတဘေဒေါ နတ္ထိ ၊ အာရမနဿ ဝိဘာတကာလေယေဝ (အလွန်ထင်ရှားရာအခါ၌သာ) အပ္ပနာ သမ္ဘဝတော" ဟု ဋီကာကျော် ဖွင့်သည်။
=========================
အပ္ပနာဇောဝါရ
စာ_ ၂၄၇
တတ္ထ ဟိ ဉာဏသမ္မယုတ္တကာမာသစရဇဝနာနမဋ္ဌန္နံ အညတရသ္မိံ. ပရိကမ္မောပစာရာနုလောမဂေါတြဘုနာမေန စတုက္ခတ္တုံ တိက္ခတ္တုမေဝ ဝါ ယထာက္ကမံ ဥပ္ပဇ္ဇိတွာ နိရုဒ္ဓါနန္တရမေဝ ယထာရဟံ စတုတ္ထံ ဝါ ပဉ္စမံ ဝါ ဆဗ္ဗီသတိမဟဂ္ဂတလောကုတ္တရဇဝနေသု ယထာဘိနီိဟာရ ဝသေန ယံကိဉ္စိ ဇဝနံ အပ္ပနာဝီထိမောတရတိ၊ တတော ပရံ အပ္ပနာ ဝသာနေ ဘဝင်္ဂပါတောဝ ဟောတိ။
ဉာဏသမ္ပယုတ္တကာမာဝစရဇဝနာနမဋ္ဌန္နံ ၊ပေ၊ စတုက္ခတ္တုံ တိက္ခတ္တုမေဝ ဝါ ။ ။ ထို အပ္ပနာဇောဝါရ ၌ အာရုံများ ကား ရုပ်တရား မဟုတ်၊ နိဗ္ဗာန် ကသိုဏ်း ပညတ် စသော အာရုံများ ဖြစ်ရကား အတီတဘဝင် ချဖွယ် မလို၊ ထုံးစံအတိုင်း ဘဝင်္ဂစလန, ဘဝဂုင်္ပစ္ဆေဒ မနောဒွါရ ဝဇ္ဇန်း တို့ ဖြစ်ကြပြီးနောက် , ကာမာဝစရ ဇော စောသည်၊ ထိုသို့ စောရာ၌ ဈာန် မဂ် ဖိုလ်တို့၏ ရှေ့ သွား ဖြစ်သောကြောင့် ဉာဏသမ္ပယုတ် ဇော [ပုထုဇဉ် သေက္ခသန္တာန်၌ မဟာကုသိုလ် (၄),ရဟန္တာ သန္တာန်၌ မဟာကြိယာ (၄)]ရှစ်ပါးတွင် တစ်ပါးပါး သာ ပရိကံ ဥပစာ အနုလုံ ဂေါတြဘု ဟူသော နာမည်ဖြင့် ၄ ကြိမ် ဖြစ်စေ, သို့မဟုတ် ၃ ကြိမ် ဖြစ်စေ စော၏။
ဆက်ဦးအံ့ _ ဈာန်မဂ်ရသောပုဂ္ဂိုလ်သည် နုံ့နှေးလေးကန်သော ဉာဏ်ပညာ ရှိသူ မန္ဒပညပုဂ္ဂိုလ်ဖြစ်အံ့, လေးဆေးသော အသိဉာဏ်ရှိသဖြင့် "ဒန္ဓာဘိညပုဂ္ဂိုလ်" ဟု ခေါ်ဆိုရ၏၊ ထို ပုဂ္ဂိုလ်၏ သန္တာန်၌ ယခင်ဇောများသည် ၄ ကြိမ်ထပ်၍ ဖြစ်မှ ကိစ္စ ပြီး၏၊ ဈာန် မဂ် ဖိုလ် ကို ရ၏_ ဟူလို၊ ထက်မြက် သော ဉာဏ်ပညာ ရှိသော တိက္ခပညပုဂ္ဂိုလ် ဖြစ်အံ့၊ လျင်မြန် သော အသိဉာဏ်၊ ရှိသဖြင့် "ခိပ္ပါဘိညပုဂ္ဂိုလ်" ဟု ခေါ်ဆိုရသည်၊ ထို ပုဂ္ဂိုလ်၏ သန္တာန်၌ ယခင်ဇောများ ၃ ကြိမ် စောရုံမျှဖြင့် ကိစ္စပြီးသည်၊ ၃ ကြိမ်စောရာ၌ ပရိကံကို ချန်ရိုးပြုကြ၏၊
အပ္ပနာဇောဝါရ
စာ_ ၂၄၇
တတ္ထ ဟိ ဉာဏသမ္မယုတ္တကာမာသစရဇဝနာနမဋ္ဌန္နံ အညတရသ္မိံ. ပရိကမ္မောပစာရာနုလောမဂေါတြဘုနာမေန စတုက္ခတ္တုံ တိက္ခတ္တုမေဝ ဝါ ယထာက္ကမံ ဥပ္ပဇ္ဇိတွာ နိရုဒ္ဓါနန္တရမေဝ ယထာရဟံ စတုတ္ထံ ဝါ ပဉ္စမံ ဝါ ဆဗ္ဗီသတိမဟဂ္ဂတလောကုတ္တရဇဝနေသု ယထာဘိနီိဟာရ ဝသေန ယံကိဉ္စိ ဇဝနံ အပ္ပနာဝီထိမောတရတိ၊ တတော ပရံ အပ္ပနာ ဝသာနေ ဘဝင်္ဂပါတောဝ ဟောတိ။
ဉာဏသမ္ပယုတ္တကာမာဝစရဇဝနာနမဋ္ဌန္နံ ၊ပေ၊ စတုက္ခတ္တုံ တိက္ခတ္တုမေဝ ဝါ ။ ။ ထို အပ္ပနာဇောဝါရ ၌ အာရုံများ ကား ရုပ်တရား မဟုတ်၊ နိဗ္ဗာန် ကသိုဏ်း ပညတ် စသော အာရုံများ ဖြစ်ရကား အတီတဘဝင် ချဖွယ် မလို၊ ထုံးစံအတိုင်း ဘဝင်္ဂစလန, ဘဝဂုင်္ပစ္ဆေဒ မနောဒွါရ ဝဇ္ဇန်း တို့ ဖြစ်ကြပြီးနောက် , ကာမာဝစရ ဇော စောသည်၊ ထိုသို့ စောရာ၌ ဈာန် မဂ် ဖိုလ်တို့၏ ရှေ့ သွား ဖြစ်သောကြောင့် ဉာဏသမ္ပယုတ် ဇော [ပုထုဇဉ် သေက္ခသန္တာန်၌ မဟာကုသိုလ် (၄),ရဟန္တာ သန္တာန်၌ မဟာကြိယာ (၄)]ရှစ်ပါးတွင် တစ်ပါးပါး သာ ပရိကံ ဥပစာ အနုလုံ ဂေါတြဘု ဟူသော နာမည်ဖြင့် ၄ ကြိမ် ဖြစ်စေ, သို့မဟုတ် ၃ ကြိမ် ဖြစ်စေ စော၏။
ဆက်ဦးအံ့ _ ဈာန်မဂ်ရသောပုဂ္ဂိုလ်သည် နုံ့နှေးလေးကန်သော ဉာဏ်ပညာ ရှိသူ မန္ဒပညပုဂ္ဂိုလ်ဖြစ်အံ့, လေးဆေးသော အသိဉာဏ်ရှိသဖြင့် "ဒန္ဓာဘိညပုဂ္ဂိုလ်" ဟု ခေါ်ဆိုရ၏၊ ထို ပုဂ္ဂိုလ်၏ သန္တာန်၌ ယခင်ဇောများသည် ၄ ကြိမ်ထပ်၍ ဖြစ်မှ ကိစ္စ ပြီး၏၊ ဈာန် မဂ် ဖိုလ် ကို ရ၏_ ဟူလို၊ ထက်မြက် သော ဉာဏ်ပညာ ရှိသော တိက္ခပညပုဂ္ဂိုလ် ဖြစ်အံ့၊ လျင်မြန် သော အသိဉာဏ်၊ ရှိသဖြင့် "ခိပ္ပါဘိညပုဂ္ဂိုလ်" ဟု ခေါ်ဆိုရသည်၊ ထို ပုဂ္ဂိုလ်၏ သန္တာန်၌ ယခင်ဇောများ ၃ ကြိမ် စောရုံမျှဖြင့် ကိစ္စပြီးသည်၊ ၃ ကြိမ်စောရာ၌ ပရိကံကို ချန်ရိုးပြုကြ၏၊
====================mmoo
Subscribe to:
Post Comments (Atom)
No comments:
Post a Comment