Saturday, July 16, 2016
ဝီထိပိုင်းဘာသာဋီကာ
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆
စာမျက်နှာ(၂၆၈-၂၇၂)
ကာမဇော(၇),(၆)ကြိမ်။ ။ပရိတ္တဇဝန
၊ပေ၊သတ္တက္ခတ္တုံ ဆက္ခတ္တု "၌ ဧဝကို သတ္တက္ခတ္တုံ ၌လည်းလိုက်စေ၊ထို သတ္တက္ခတ္တုံ ဧဝ၌ ဧဝဖြင့်"ပကတိရိုးရာ
အခါဝယ်ကာမဇောတို့သည်(၇)ကြိမ်ထက်ပို၍မစောရ"ဟုကန့်၏၊ ဆက္ခတ္တုမေဝ၌ ဧဝဖြင့်"(၆)ကြိမ်အောက်လည်း
လျော့၍မစောရ"ဟုကန့်သည်၊ဝါကား "တစ်ခုမဖြစ်လျှင်တစ်ခုဖြစ်ရမည်"ဟု စီရင်သော ဝိကပ်အနက်ရှိ၏၊ထို့ကြောင့်"ရိုးရာအခါဝယ်ကာမဇောတို့ သည်(၇)ကြိမ်သော်လည်းစောနိုင်,သို့မဟုတ်(၆)ကြိမ်သော်လည်းစောနိုင်၏"ဟုမှတ်ပါ။
မန္ဒပ္ပဝတ္တိယံ ပန မရဏကာလာဒီသု
ပဉ္စဝါရမေဝ။ ။မရဏကာလာ,အာဒိ
မှာဖြင့်,မုစ္ဆာတရှိ,ဝိသညိ
နှင့်,အတိတရုဏ,စသည်ကာလ,ဟူသမျှ,ယူရမှတ်လေလော့"ဟု
အခြေပြု၌ ဆိုခဲ့ပြီ၊ထိုတွင် မုစ္ဆာကာလ
ဟူသည် သစ်ပင်မှကျခြင်း,ရေနစ်မွန်းခြင်း,အနာရောဂါ ပြင်းစွာနှိပ်စက်ခြင်းစသောဒုက္ခကြီးတို့ကြောင့် မိန်းမောတွေဝေ
သေငယ်ဇောဖြင့်မြောနေရာ အခါမျိုးတည်း၊ဝိသညီဘူတကာလသည် အလမ္ဗုသာနတ်သမီး၏အတွေ့ကြောင့် ဣသိသိင်္ဂရသေ့မေ့သလို ပီတိဟုန်ခွေ့သဖြင့် မေ့နေရာအခါ,နတ်-ဘီလူး-ပြိတ္တာတို့ဖမ်းစားသဖြင့်မေ့နေရာအခါ,
အလွန်အကြူးအရက်မူးနေသဖြင့်ရူးမေ့နေရာအခါ,အိပ်ချင်မူးတူးဖြစ်လျက်
အိပ်မက်မက်နေရာအခါ ဤသို့စသည်ဖြင့် ပကတိရိုးရာ အမှတ်သညာမျိုးမှကင်းကွာခိုက်အခါမျိုးတည်း၊"အတိတရုဏကာလ"
ဟူသည် အမိဝမ်း၌ကိန်းအောင်းစဉ်အခါ,ဖွားပြီးစအခါစသော အလွန်နုနယ်
သေးရာအခါမျိုးတည်း၊ဤသို့စသည်ဖြင့်ပကတိရိုးရာအခါကဲ့သို့စိတ်ဓာတ်သတ္တိမထက်သောအခါမျိုးကိုမရဏကာလာဒီသု၌ အာဒိအရ ယူပါ။
မန္ဒပ္ပဝတ္တိယံ။ ။မန္ဒံ+ဟုတွာ+ပဝတ္တိ၊ မန္ဒံ-နုံ့နဲ့သည်၊ဟုတွာ-ဖြစ်၍၊ပဝတ္တိ-ဖြစ်ခြင်းတည်း၊မန္ဒပ္ပဝတ္တိ-နုံ့နဲ့သည်ဖြစ်၍ဖြစ်ခြင်း၊ပကတိရိုးရာအခါကဲ့သို့စိတ်မထက်သန်ဘဲ အဟုန်ရောရဲ့,နုံ့နဲ့နဲ့ဖြစ်နေရာအခါကို"မန္ဒပ္ပဝတ္တိ"ဟုဆိုသည်၊ထိုစကားမှန်၏၊-မရဏကာလစသည်၌
မှီရာဝတ္ထုရုပ်အားနည်းခြင်းကြောင့်စိတ်
၏အဟုန်သည် ရော့ရဲ့ရဲ့ နုံ့နဲ့နဲ့ ဖြစ်ရသည်။
ချဲ့ ဦးအံ့-စိတ်တို့သည် ပင်ကိုသဘောအားဖြင့်"အားရှိသည်/အားမရှိ
ဘူး"ဟုမဆိုနိုင်ပါ,မှီရာဝတ္ထုရုပ်ကိုအစွဲပြု၍သာ အားရှိအားမဲ့ဖြစ်ရပါသည်၊ပကတိရိုးရာအခါကိုပင်လေးလေးနက်နက် စဉ်းစားကြည့်လျှင် ကျန်းကျန်းမာမာနှင့်စားသောက်အိပ်စက် ကောင်းရာအခါတို့၌ စိတ်တို့လည်းအင်အားပြည့်ဝအာရှိကြသကဲ့သို့ဖြစ်၏၊အနည်းငယ် မကျန်းမမာ အစားအသောက် အအိပ်အစက်ပျက်သည့်အခါ၌မူ စိတ်များလည်း အင်အားလျော့ပါးသကဲ့သို့ဖြစ်ကြ၏၊မရဏကာလစသည်၌ကား အပြင်းအထန်ဒုက္ခခံရသဖြင့် ကိုယ်ခန္ဓာတစ်ခုလုံးအင်အားလျော့ပါးရကား စိတ်၏မှီရာ ဟဒယဝတ္ထုရုပ်လည်း အင်အားလျော့ပါးလျက်ရှိသည်၊ထိုအင်အားလျော့ပါးသောဝတ္ထုရုပ်ကိုမှီတွယ်၍ဖြစ်ရသောဇောတို့ကားအဘယ်မှာအဟုန်ပြင်းနိုင်တော့အံ့နည်း၊မခိုင်မြဲသောသံလမ်းပေါ်မှာ ခုတ်သွားရသော မီးရထားကဲ့သို့ ဇောစိတ်အများပင် အဟုန်ရော့ရဲ့ နုံ့နဲ့နဲ့ ရှိကြမည်သာ၊ အလမ္ဗုသာနတ်သမီးအတွေ့ကြောင့် ဣသိသိင်္ဂ မေ့ရာ၌ကား ပီတိဓာတ်အဟုန်လှိုင်းကြောင့် ရုပ်ခန္ဓာကြီးလည်း
ခပ်ထိုင်းထိုင်းဖြစ်နေလေသည်၊ထို့ကြောင့် ပကတိအခါမျိုးကဲ့သို့အားရပါးရ
(၆)ကြိမ်(၇)ကြိမ် မစောနိုင်ကြဘဲ(၅)ကြိမ်မျှသာစောနိုင်ကြသည်၊ ထိုသို့ အဟုန်အင်အားနည်းပါးသည့်အတွက်ကြောင့်ပင်"ဤမုစ္ဆာမရဏာသန္နဇောတို့သည် ပဋိသန္ဓေ အကျိုးပေးစွမ်းနိုင်လောက်အောင် ကမ္မပထမမြောက်"ဟုဖွင့်ကြသည်၊[ပဉ္စဝါရမေဝဟု ဧဝသဒ္ဒါဖြင့် ပိုင်းဖြတ်၍ အတိအကျ သတ်မှတ်ထားသော်လည်း မူလဋီကာ၌(၄)ကြိမ်စောကြောင်းကိုလည်းမိန့်ဆိုသေး၏။ ]
အချို့အယူအဆနှင့် ဤကျမ်းဝါဒ။ ။
ဋီကာကျော်၌"ယေဘုယေန သတ္တက္ခတ္တုံ ဇဝတိ"တုန်းက"မုစ္ဆာ
မရဏာသန္နကာလေသု စ ဆ ပဉ္စပိ ဇဝနာနိ ပဝတ္တန္တိ"ဖြင့်မုစ္ဆာကာလ၌(၆)ကြိမ်စောကြောင်းကိုဖွင့်ဆိုပြီးလျှင်"မရဏကာလာဒီသူတိ အာဒိသဒ္ဒေန မုစ္ဆာကာလံ သင်္ဂဏှာတိ"ဖြင့် မုစ္ဆာကာလ၌(၅)ကြိမ်စောဟန်ကိုဖွင့်ပြပြန်သဖြင့် ဋီကာကျော်ကိုမလွန်ဆန်လိုသော ဆရာတို့သည်"မရဏကာလကဲ့သို့ အလွန်တွေဝေရာ အတိမုစ္ဆာကာလ၌(၅)ကြိမ်,သာမန်လောက်တွေဝေရာ သာမညမုစ္ဆာကာလ၌
(၆)ကြိမ်"ဟု မုစ္ဆာ(၂)မျိုးခွဲပြ၍ ဋီကာကျော်ကိုထောက်ခံကြလေသည်၊အဋ္ဌကထာကြီးနှင့် သင်္ဂြိုဟ်ကျမ်းအလိုမှာ ပကတိအခါ၌ပင်(၆)ကြိမ်စောသင့်ကြောင်းကိုပြလိုရင်းဖြစ်သည်၊
သာဓကကို"ယေဘုယျေန သတ္တက္ခတ္တုံ "
တုန်းကပြခဲ့ပြီ၊ထို့ကြောင့် ပရိတ္တဇဝနာနိ
သတ္တက္ခတ္တုံ ဆက္ခတ္တုမေဝ ဝါ ဇဝန္တိ"
ကား ကာမဇောတို့ ပကတိကာလ၌ စောပုံကိုပြသောစကားတည်း၊"မန္ဒပဝတ္တိယံ ပန"မှစ၍"ဘဂဝတော ပန ယမကပါဋိဟာရိယကာလာဒီသု"
တိုင်အောင်ဝါကျကား ကာမဇောတို့ ဝိကတိကာလ၌ စောပုံကို ပြသောစကားတည်းဟုခွဲခြားရာ၏။
ယမကပါဋိဟာရိယ။ ။ယမက=အစုံ+ပါဋိဟာရိယ=တန်ခိုးပြာဋိဟာ၊"ရေနှင့်
မီးအစုံအစုံထွက်အောင် ဖန်ဆင်းနိုင်သောတန်ခိုးတော်"ဟူလို၊"ပဋိပက္ခေ ဟရတီတိ ပါဋိဟာရိယံ၊ပဋိပက္ခေ-ဆန့်ကျင်ဘက်တို့ကို၊ဟာရတိ-ပယ်ဖျက်နှိမ်နင်းတတ်၏၊ဣတိ-ထို့ကြောင့်၊ပါဋိဟာရိယံ-ပါဋိဟာရိယမည်၏၊ဤဝစနတ်အရ တုပြိုင်ရန်ဖက်သူတို့ကို
နှိမ်နင်းတတ်သောဈာန်အဘိညာဉ်တန်ခိုးကို(သက္ကတအသံထွက် လိုက်၍) ပြာဋိဟာရိယ,ဝါ-ပြာဋိဟာဟုခေါ်သည်၊
ယမကပါဋိဟာရိယကာလာဒီသု၌ အာဒိသဒ္ဒါဖြင့် အရှင်မောဂ္ဂလာန်၏
နန္ဒောပနန္ဒနဂါးမင်းကိုဆုံးမရာအခါစသော အရေးတကြီးအခါတို့ကို ယူပါ၊ စတ္တာရိ ပဉ္စ ဝါ တိက္ခိန္ဒြိယ(ထက်မြက်သော ပညိနြေ္ဒရှိသူ)အတွက်(၄)ကြိမ်,
မုဒိန္ဒြိယ(နုံ့ညံ့သော ပညိနြေ္ဒရှိသူ)
အတွက်(၅)ကြိမ်ဟု အနုဋီကာ ခန့်မှန်း
၏၊ဘုရားရှင်အတွက်(၄)ကြိမ်,သာဝက
များအတွက်(၅)ကြိမ်ဟုလည်းခန့်မှန်း
၏။
ရေမီးအစုံ ထွက်လာပုံ။ ။"ပါဒကဈာန်,
အဓိဋ္ဌာန်နှင့်,တစ်ဖန်ပါဒက,ဖြစ်ပြီးမှ,ကျတုံအဘိညာ"ဟူသည်နှင့်အညီ
ဘုရားရှင်သည် ယမိုက်ပြာဋိဟာကိုပြတော်မူလိုသော် မီးအစုဖြစ်ပေါ်စေခြင်း
ငှါ တေဇောကသိုဏ်းကိုအာရုံပြု၍ စတုတ္ထဈာန်(သမာပတ်)ကို ဝင်စာတော်
မူ၏၊ထိုစတုတ္ထဈာန်သမာပတ်မှ ထတော်မူ၍ ထိုဈာန်၌ပါသော ဥပေက္ခာ ဧကဂ္ဂတာဈာန်အင်္ဂါကိုဆင်ခြင်သော ပစ္စဝေက္ခဏာဝီထိများဖြစ်စေတော်မူ၏၊(ဤပစ္စဝေက္ခဏာဇောတို့သည် အရေးကြီးသောကိစ္စဖြစ်၍(၄)ကြိမ်မျှဖြင့်
ပြီးစီးရ၏၊ )ထို့နောက် အထက်ပိုင်း ကိုယ်တော်မှ မီးအစုထွက်ပေါ်လာစေသတည်းဟု ဓိဋ္ဌာန်တော်မူသော အဓိဋ္ဌာန(ပရိကမ္မ)ဝီထိ ဖြစ်၏။
ထို့နောက် စတုတ္ထဈာန်ကိုတစ်ဖန်ဝင်စားပြန်၏၊ဈာန်မှထ၍ရှေးနည်းအတိုင်းဈာန်အင်္ဂါတို့ကိုဆင်ခြင်သော ပစ္စဝေက္ခဏာဝီထိများဖြစ်ကြ၏၊ထို့နောက်အဘိညာဉ်ဝီထိဖြစ်၏၊ဤ အဘိညဉ်ဝီထိ၏အစွမ်းကြောင့် အထက်ပိုင်းကိုယ်တော်မှမီးအစုထွက်ပေါ်လာသည်၊အောက်ပိုင်းကိုယ်တော်မှ
ရေအယဉ်ထွက်ပေါ်လာစေဖို့ရန်လည်း
အာပေါကသိုဏ်းကို အာရုံပြု၍ရှေးနည်းအတိုင်းဖြစ်စေရပြန်၏၊ထိုဝီထိ
များ အကြားအကြား၌ ဘဝင်များစွာမကျဘဲ(၂)ကြိမ်လောက်သာကျ
ရ၏၊ဤသို့မီးအစုဖြစ်ဖို့ရန် ဝီထိစဉ်တစ်မျိုး,ရေအယဉ်ဖြစ်ဖို့ရန် ဝီထိစဉ်တစ်မျိုးဖြစ်ပါသော်လည်း,စိတ်အစဉ်မှာ အလွန်လျင်မြန်သည့်အတွက် ကြည့်ရှုသူတို့က မီးနှင့်ရေ စုံဖက်၍ တစ်ပြိုင်နက် ထွက်လာသည်ဟုထင်ရပေသည်၊ဤကဲ့သို့အခါမျိုးဝယ် ဈာန်အင်္ဂါကိုဆင်ခြင်သော ပစ္စဝေက္ခဏာဇောတို့လည်း(၄)ကြိမ်လောက်မျှဖြင့် ကိစ္စပြီးအောင်စောကြရသည်။[ဤပစ္စဝေက္ခဏာဇောသည် ကာမဇောပင်ဖြစ်ရကား လဟုကပဝတ္တိအခါ မဟုတ်လျှင်(၇)ကြိမ်ပင်စောခွင့်ရှိသည်။ ]
အာဒိကမ္မိကဿ ပန ပဌမကပ္ပနာယံ
မဟဂ္ဂတဇဝနာနိ,အဘိညာဇဝနာနိ စ
သဗ္ဗဒါပိ ဧကဝါရမေဝ ဇဝန္တိ။
အာဒိကမ္မိကဿ ပန ပဌမကပ္ပနာယံ
မဟဂ္ဂတဇဝနာနိ ဧကဝါရမေဝ။ ။ဤ
ဝါကျမှစ၍နောက်လာမည့်ဝါကျ
များကား အပ္ပနာဇောများကိုသတ်မှတ်ပြသောစကားတည်း၊"အာဒိကမ္မေ နိယုတ္တော"အရ ကမ္မဋ္ဌာန်းအားထုတ်စပုဂ္ဂိုလ်
ကိုလည်းကောင်း,ဈာန်ရစ ပုဂ္ဂိုလ်ကိုလည်းကောင်း,အာဒိကမ္မိကပုဂ္ဂိုလ်ဟုခေါ်၏၊ပဌမဈာန်ကိုအားထုတ်၍ ပဌမဆုံးရခိုက်မှာ အာဒိကမ္မိကပုဂ္ဂိုလ်မည်၏၊ထို့နောက် ပဌမဈာန်ကိုထပ်ကာ
ထပ်ကာ ဝင်စားသောအခါ"အာဒိကမ္မိကပုဂ္ဂိုလ်"ဟုမခေါ်
ရတော့ပြီ၊ဒုတိယဈာန်ကိုအားထုတ်၍ ပဌမဆုံးရသောအခါ ဒုတိယဈာန်အတွက်"အာဒိကမ္မိကပုဂ္ဂိုလ်"ဟုခေါ်ရပြန်၏၊အထက်အထက်ဈာန်များ
ကို ပဌမဆုံးရသောအခါလည်းဤနည်း
ပင်တည်း၊ဤသို့ပထမဆုံးဖြစ်သော အပ္ပနာဇောကိုပင်"ပဌမကအပ္ပနာ"ဟု
ခေါ်သည်၊"အာဒိကမ္မိပုဂ္ဂိုလ်၏ ပဌမအပ္ပနာဇောစောရာကာလ၌ မဟဂ္ဂုတ်ဇောတို့တစ်ကြိမ်စီသာစောကြသည်"ဟူလို။[အာဒိကမ္မေ-အစ
ဆုံးအားထုတ်မှု ဈာန်ရမှု၌၊နိယုတ္တော-ယှဉ်သောပုဂ္ဂိုလ်သည်၊အာဒိကမ္မိကော-မည်၏၊ပဌမေ-ပဌမအကြိမ်၌၊ပဝတ္တာ-ဖြစ်သောအပ္ပနာသည်၊ပဌမကာ-မည်၏၊ပဌမကာ စ+သာ+အပ္ပနာ စာတိ ပဌမကပ္ပနာ။ ]
အဘိညာဇဝနာနိ စ သဗ္ဗဒါပိ
ဧကဝါရမေဝ။ ။အဘိညာဉ်ဇောတို့
ကားပဌမဆုံး ရခါစ၌ဖြစ်စေ,နောက်အထပ်ထပ် အသုံးပြုရာ၌ဖြစ်စေ,အခါခပ်သိမ်းတစ်
ကြိမ်သာစောသည်၊[သဗ္ဗဒါပိကို ရှေ့က
မဟဂ္ဂတဇဝနာနိနှင့်မတွဲစပ်ပါနှင့်၊မ ဟဂ္ဂုတ်ဇောစောတို့သည်အခါခပ်သိမ်း
တစ်ကြိမ်စောသည်မဟုတ်၊နောက်ထပ်
ဝင်စားရာ၌ အကြိမ်များစွာစောကြောင်းကို ဆိုလတ္တံ့ ၊]ဆက်ဦးအံ့-မဟဂ္ဂုတ်ဇောတို့သည် ပဌမရခါစ၌(ဖွားခါစကလေးသူငယ်အလား)အင်အားနည်းပါးခြင်းကြောင့်
မိမိ၏နောက်၌ ထပ်၍ အပ္ပနာဇောဖြစ်ဖို့ရန် အာသေဝနသတ္တိဖြင့်ကျေးဇူးမပြု
နိုင်၊ထို့ကြောင့် ပဌမအပ္ပနာဇောတို့သည်
တစ်ကြိမ်သာစောကြရ၏၊အဘိညာဉ်ဇောတို့ကားဆိုင်ရာတန်ခိုးအမျိုးမျိုးကို
ဖြစ်စေခြင်း သိရခြင်းကိစ္စ ရှိ၏၊ထိုကိစ္စကိုလည်း တစ်ကြိမ်တည်းဖြင့် ပြီးစီးအောင်ဆောင်နိုင်သောကြောင့်နောက်ထပ်ဖြစ်ဖွယ်မလိုတော့ရကား အခါခပ်သိမ်း တစ်ကြိမ်သာစောကြသည်။
[ဆောင်ပုဒ်] ရှေးဦးရခါ,အပ္ပနာဝယ်,
လွန်စွာအင်အား,နည်းလေ
ငြား၍,ဆက်ပွားအနေ,
အပ္ပနာရှည်အောင်,
အာသေသတ္တိ,မရရှိခဲ့၊
အဘိညာဉ်ဇော-တို့သဘော
ကား,နှစ်လောမထပ်,တစ်
ကြိမ်မြတ်ဖြင့်,တပ်အပ်
ကိစ္စ,ပြီးစေကြ၍,ပဌမ
အပ္ပနာ,အဘိညာသည်,မှန်
စွာ တစ်ကြိမ် စောသတည်း။
မဂ်ဇော ဖိုလ်ဇော။ ။"စတ္တာရော ပန
မဂ္ဂုပ္ပါဒါ ဧကစိတ္တက္ခဏိကာ၊တတော ပရံ ဒွေ တီဏိ ဖလစိတ္တာနိ ယထာရဟံ"
နှင့်အညီ မဂ်စိတ်တို့သည် ဝရဇိန်လက်နက်မိုးကြိုးစက်ကဲ့သို့ တစ်ကြိမ်သာဖြစ်ရိုးရှိ၏၊ထိုမဂ်တစ်ကြိမ်စောပြီးနောက်
ဖိုလ်ဇော(၂)ကြိမ်(၃)ကြိမ်ဖြစ်၏၊"ယထာရဟံ"ဟုဆိုသောကြောင့် မန္ဒပညပုဂ္ဂိုလ်၌(၂)ကြိမ်,တိက္ခပညပုဂ္ဂိုလ်၌(၃)ကြိမ်စောသည်၊ ထင်ရှားစေအံ့-သမာပတ်ဝင်စားခိုက် မဟုတ်သော ပကတိရိုးရာအခါ၌ ဇောတို့သည်(၇)ကြိမ်သာအလွန်ဆုံး စောနိုင်ကြ၏၊အပ္ပနာဇောဝါရတုန်းက ပြခဲ့သည့်အတိုင်း မန္ဒပညပုဂ္ဂိုလ်၌ ပရိကံ ဥပစာ အနုလုံ ဂေါတြဘုဟု ဥပစာရသမာဓိဇောက(၄)ကြိမ်စောခဲ့ပြီ၊ထို့နောက် မဂ်တစ်ကြိမ် ဖိုလ်(၂)ကြိမ်ဆို
လျှင်(၇)ကြိမ်ပြည့်၏၊ တိက္ခပညပုဂ္ဂိုလ်
၌ ဥပစာ အနုလုံ ဂေါတြဘုဟု(၃)ကြိမ်
သာစောခဲ့သေး၏၊ထို့နောက် မဂ်တစ်ကြိမ် ဖိုလ်(၃)ကြိမ်စောမှ (၇)ကြိမ်ပြည့်၏၊ထို့ကြောင့်"ဒွေ တီဏိ ဖလစိတ္တာနိ ယထာရဟံ ဥပ္ပဇ္ဇန္တိ"ဟုမိန့်တော်မူသည်။
ဝိသုဒ္ဓိမဂ်။ ။သတ္တစိတ္တပရမာ စ ဧကာ
ဝဇ္ဇနဝီထိ၊တသ္မာ ယဿ ဒွေ အနုလောမာနိ(ဥပစာနှင့်အနုလုံ),တဿ တတိယံ ဂေါတြဘု,စတုတ္ထံ မဂ္ဂစိတ္တံ, တီဏိ ဖလစိတ္တာနိ ဟောန္တိ၊ယဿ တီဏိ အနုလောမာနိ (ပရိကံ ဥပစာ အနုလုံ),တဿ စတုတ္ထံ ဂေါတြဘု,ပဉ္စမံ
မဂ္ဂစိတ္တံ,ဒွေ ဖလစိတ္တာနိ ဟောန္တိ၊ တေန
ဝုတ္တံ "ဒွေ တီဏိ ဝါ ဖလစိတ္တာနိ ဥပ္ပဇ္ဇန္တီ"
တိ။
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀
နိရောဓသမာပတ်
✔ ✔ ✔ ✔ ✔ ✔
နိရောဓသမာပတ္တိကာလေ ဒွိက္ခတ္တုံ
စတုတ္ထာရုပ္ပဇဝနံ ဇဝတိ၊တတော ပရံ
နိရောဓံ ဖုသတိ၊ဝုဋ္ဌာနကာလေ စ
အနာဂါမိဖလံ ဝါ အရဟတ္တဖလံ ဝါ
ယထာရဟမေကဝါရံ ဥပ္ပဇ္ဇိတွာ နိရုဒ္ဓေ
ဘဝင်္ဂပါတောဝ ဟောတိ။
နိရောဓသမာပတ္တိကာလေ။ ။နိရုဇ္ဈ နံ
နိရောဓော,သမာပဇ္ဇနံ သမာပတ္တိ
နိရောဓဿ သမာပတ္တိ,နိရောဓသမာပတ္တိ,နိရောဓသမာပတ္တိယာ ကာလော နိရောဓသမာပတ္တိကာလော၊
ဤသဒ္ဒါနည်းအရ စိတ် စေတသိက် စိတ္တရုပ်တို့အခိုက်အတန့်မျှ ချုပ်ငြိမ်းနေခြင်းကို"နိရောဓသမာပတ်သို့ကောင်းး
စွာရောက်သည်"ဟုခေါ်၏၊ထိုထိုသမာပတ်သို့ရောက်လိုသောအခါ
များသောအားဖြင့် လူသူကင်းပြတ် ဆိတ်ငြိမ်ရာအရပ်သို့ ဝင်ရောက်ရ၏၊ထိုထိုသမာပတ်ဖြင့်နေခြင်းသည် ဈာနလာဘီ အရိယာပုဂ္ဂိုလ်၏ စည်းစိမ်
ခံစားခြင်းတစ်မျိုးပင်ဖြစ်၏၊အင်မတန်
ချမ်းသာ၏၊ထိုသို့ ဆိတ်ငြိမ်ရာအရပ်သို့
ဝင်ရောက်၍ခံစားခြင်းကိုပင်"သမာပတ်ဝင်စားသည်"ဟု မြန်မာတို့ ခေါ်စမှတ်ပြုကြ၏၊ဝင်ရောက်ခံစားမှုကို
"ဝင်စား"ဟုဆိုသည်။ [နိရောဓသမာပတ္တိကာလေ၌သမာပတ်ဝင်စားခိုက်ကိုမယူဘဲ,ဝင်စားခါနီးအခါ
ကို သမီပျူစာအားဖြင့်ယူပါ၊ထို့ကြောင့်
"ဒွိက္ခတ္တုံ စတုတ္ထာရုပ္ပဇဝနံ ဇဝတိ"ဟု
ဆိုသည်၊"နိရောဓသမာပတ်ဝင်စားခါနီး
၌ စတုတ္ထအာရုပ္ပဇောတို့သည်(၂)ကြိမ်
စော၏"ဟူလို၊ဤမှနောက်၌မှတ်ဖွယ်ကို ဝီထိခန်း၌ သိရလတ္တံ့ ။]
အနာဂါမိဖလံ ဝါ အရဟတ္တဖလံ ဝါ။ ။
ဤနှစ်ပုဒ်ကို ယထာရဟမေကဝါရံ ဥပ္ပဇ္ဇတွာ နိရုဒ္ဓေဝယ် နိရုဒ္ဓေ
၌ စာစပ်ရမည်၊ထိုသို့ စပ်ရာ၌ သဒ္ဒထုံးစံမှာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment