Saturday, July 16, 2016
ပကိဏ်းပိုင်း . နှာ_၁၈၃ ၊ ၁၈၄ ၊ ၁၈၅
နှာ _ ၁၈၃
ပိုင်းခြားဆုံးဖြတ်ခြင်းသည် ဝုဋ္ဌောကိစ္စတည်း၊ ဝေါဋ္ဌပနံ ပန ယထာသန္တီရိတေ အတ္ထေ နိစ္ဆယာကာရေန ပဝတ္တိတွာ၊......[မဟာဋီကာ။]
အမှာ။ ။နောက်ဋီကာတို့၌ အညိုဟူ၍လည်းကောင်း, အနီစသည်ဟူ၍လည်းကောင်း, ဆုံးဖြတ်မှုကို ဝုဋ္ဌောကိစ္စ"ဟုဖွင့် ၏၊ ပဉ္စဒွါရဝီထိအခိုက်၌ အညို အနီစသည်ဖြငိ့  မဆုံးဖြတ်နိုင်သေး၊ တဒနုဝတ္တကဝီထိ၌သာ ထိုကဲ့သို့ ဆုံးဖြတ်နိုင်သည်၊ ပဉ္စဒွါရ၌ကား ဇောတို့ က အာရုံအရသာကို ခံစားဖို့ရာ ဣဋ္ဌ_အနိဋ္ဌအခြင်းအရာလောက်ကိုသာ ဆုံးဖြတ်နိုင်ဖွယ်ရှိသည်။
[ဝေါဋ္ဌပနပုဒ်အဆုံးအဖြတ်ကို ဝီထိပိုင်းမှာ ရှုပါ။]
ဇောကိစ္စ။ ။ဇဝတီတိ ဇဝနံ၊
ဇဝတီတိ _ အဟုန်ပြင်းစွာ ဖြစ်ပေါ်လာသည်၏ အဖြစ်ကြောင့် ၊ ဇဝနံ _မည်၏၊ "ဝေဂေါ ဇဝေါ ရယော"ဟု အဘိဓာန်၌ "အဟုန်" အနက်ဟော "ဇဝ"သဒ္ဒါလာ၏၊ထို့ကြောင့်အကြိမ်နည်း
သည်ဖြစ်စေ များသည်ဖြစ်စေ, အဟုန်ပြင်းပြင်း တင်းတင်းထန်ထန် ဖြစ်ပေါ်လာသောစိတ်ကို "ဇောစိတ်"ဟုခေါ်၏၊ မဂ်ဇော အဘိညာဏ်ဇောတို့ သည် တစ်ကြိမ်သာဖြစ်သော်လည်း တစ်ကြိမ်ဆိုရလောက်အောင် အဟုန်အရှိန် ရှိကြ၏၊ ဘဝင်တို့ ကား အကြိမ်များစွာ ဆက်ကာဆက်ကာ ဖြစ်ပါသော်လည်း အဟုန်အရှိန် မရှိကြ၊ ထိုဇောစိတ်တို့၏ ကိစ္စကား အာရုံ၏ အရသာကို ခံစားခြင်းတည်း၊ ထို့ ကြောင့် "ဇဝနဘာဝ"ဟုဆိုလိုလျက် ဘာဝပုဒ်အကျေကြံ၍ "ဇော၏ဖြစ်ကြောင်း ဖြစ်ရာ အာရုံအရသာကို ခံစားခြင်းသည် ဇဝနကိစ္စတည်း " ဟုမှတ်ပါ။
တဒါရုံကိစ္စ ။ ။တဿအာရမဏံ အာရမဏံ ယဿာတိ တဒါရမဏံ၊ တဿ _ထိုဇော၏၊ အာရမဏံ _အာရုံဟူသော၊ ယဿ _အကြင်စိတ်၏၊ အာရမဏံ_ အာရုံသည်၊ အတ္ထိ_ ရှိ၏၊ ဣတိ_ ကြောင့် ၊ တဒါရမဏံ_မည်၏၊["တဒါရမဏာ ရမဏ"ဟု ဆိုလိုလျက် အာရမဏ တစ်ပုဒ်ကျေ၊] မိမိရှေ့က ဇောတို့  ယူအပ်ပြီးသော အာရုံကို ထပ်၍ယူသော စိတ်များကို "တဒါရမဏ"ဟု ခေါ်သည်၊ဤ၌ကား ကိစ္စအရာဖြစ်၍ "တဒါရမဏဘာဝ" ဟုဆိုလိုလျက် ဘာဝပုဒ် အကျေကြံ၍ "ဇော၏အာရုံကို ဆက်ယူခြင်း၌ တဒါရမဏကိစ္စ " ဟု မှန်ပါ ။
စုတိကိစ္စ။ ။စဝနံ စုတိ၊ စဝနံ_ ပစ္စုပ္ပန် ဘဝမှ ရွေ့လျောခြင်း၊ စုတိ_ခြင်း၊ ဝီထိစိတ်တို့၏ အကြားအကြား၌ ကံအရှိန်ရှိသမျှ ဘဝမပြတ်ရအောင် ဘဝင်စိတ်က ဆက်စပ်၍ လာခဲ့ရာ, ကံအရှိန်ကုန်သောအခါ နောက်ထပ် မဆက်စပ်နိုင်တော့ဘဲ အဆုံးသတ်ဖြစ်သော ဘဝင်စိတ်ကိုပင် ဖြစ်ဆဲဘဝမှ လျောကျခြင်းကြောင့် "စုတိ" ဟု ခေါ်ရသည်၊ ထို့ကြောင့် တစ်ဘဝအတွက် ဘဝင်နှင့် စုတိစိတ်တို့ တူရသည်၊ ထို့ကြောင့် တစ်ဘဝအတွက် ဘဝင်နှင့် စုတိစိတ်တို့ တူရသည်၊ ဤစုတိကိစ္စကား ဖြစ်ဆဲဘဝမှ ရွေ့လျောခြင်းတည်း။
...
ပကိဏ်းပိုင်း . နှာ _ ၁၈၄.
ဌာန။ ။တိဋ္ဌတိ ဧတ္ထာတိ ဌာနံ၊ ဧတ္ထ_ ဤအခါ၌၊ စိတ္တံ _ ပဋိသန္ဓေစသော စိတ်သည် တိဋ္ဌတိ _ ဖြစ်တည်၏၊ ဣတိ _ ဤသို့ စိတ်၏ ဖြစ်တည်ရာ၏ အဖြစ်ကြောင့် တံ _ ထိုအခါသည်၊ ဌာနံ _ ဌာန မည်၏၊ ဤဝစနတ္ထအရ စိတ် (၃) ကြိမ်ဆက်၍ဖြစ်ရာတွင် ရှေ့စိတ် နောက်စိတ် နှစ်ခုတို့၏ အလယ်အကြား၌ စိတ်တစ်ခုဖြစ်ဖို့ရာ အခီန်ကာလရှိ၏၊ ထို အကြားဖြစ်သော အခါကာလသည် ပရမတ်မဟုတ်,ပညတ်တည်း၊ ထို အခါကာလ ပညတ်ကို "ဌာန".ဟုမှတ်ပါ၊ ကာလကို တည်ရာဌာနအဖြစ်ဖြင့် သုံးစွဲသင့်ကြောင်းမှာလည်း "ကာလော ဟိ စိတ္တပရိစ္ဆိန္နော သဘာဝတော အဝိဇ္ဇမာနောပိ အာဓာရဘာဝေနေဝ သညာတော အဓိကရဏန္တိဝုတ္တော" ဟူသော အဋ္ဌသာလိနီ ဒွါရကထာအဖွင့် မူလဋီကာကို ထောက်၍ သိပါ၊ ပဋိသန္ဓေိယာ_ ပဋိသန္ဓေစိတ်၏ ၊ဝါ_ပဋိသန္ဓေကိစ္စ၏၊ ဌာနံ _ဖြစ်တည်ရာကာလတည်း၊ ပဋိသန္ဓိဌာနံ_ပဋိသန္ဓေ၏ တည်ရာကာလ။
ကိစ္စနှင့်ဌာနအထူး။ ။ ယခုပြအပ်ခဲ့ပြီးသော အဖွင့်များအရ ကိစ္စ နှင့် ဌာန အထူးကို ဤသို့ သိရာ၏၊ ပဋိသန္ဓေစိတ် အစရှိသော ပရမတ္ထတရားတို့၏ ဘဝသစ်ကို ဆက်စပ်ပေးမှု, အာရုံကို ဆင်ခြင်မှုစသော အခြင်းအရာသည် ကိစ္စမည်၏၊ စုတိစိတ် ပဋိသန္ဓေစိတ် ဘဝင်စိတ်ဟု စိတ်အစဉ်ရှိရာတွင် ရှေ့စုတိစိတ် နောက်ဘဝင်စိတ်နှစ်ပါးတို့၏ အကြား၌ ပဋိသန္ဓေစိတ် တစ်ခု၏ ဖြစ်လောက်ရာ ခဏငယ်(၃) ချက်ကာလသည် ဌာနမည်၏၊ ဤ အကြားကာလသည် ပရမတ်မဟုတ်,ပညတ်ဖြစ်သောကြောင့် "အန္တရပညတ် " ဟု ကျမ်းဂန်၌ သုံးစွဲသည်။
မဟာဋီကာ။ ။ ပဋိသန္ဓိဝိဉာဏာဒီနံ ကိစ္စံ နာမ ဘဝန္တရပဋိသန္ဓာနာဒိနာအာကာရေန ပဝတ္တိ ဧဝ၊ ပဋိသန္ဓိပါဒိကာလေ ပန စုတိဘဝင်္ဂါနံ အန္တရာဠှံ ပဋိသန္ဓိယာ၊ပေ၊ ဌာနန္တိဝေဒိတဗ္ဗံ။_ဝိသုဒ္ဓိမဂ်။
ချဲ့ဦးအံ့_ တရားသူကြီး,တရားစီရင်မှုကိစ္စ, တရားစီရင်ရာ ရုံဌာန, သုံးမျိုး ပြသကဲ့သို့, ထို့အတူ ပဋိသန္ဓေစိတ် ,ဆက်စပ်ခြင်းကိစ္စ ,ဆက်စပ်ရာကာလဌာန ဟု (၃) မျိုး ပြားပုံကို သိရာ၏၊ ထိုအချိန်ကာလ ဌာနဟူသည် ဘာမျှမရှိသောပညတ်ဖြစ်၍ ထိုဌာနဖြစ်သော ကာလ၏ပုံစံကို ဘာမျှမရှိသော သုညသုံးလုံးဖြင့် စု_ ပ_ ဘ
၀၀၀. ၀၀၀. ၀၀၀.
ဟုပြကြ၏၊ ဤသို့ သုည သုံးလုံးတွဲမှာ ဌာန၏ ပုံစံတည်း၊ ထိုဌာန၌ ရွေ့လျောခြင်း ဆက်စပ်ခြင်းဟူသော ကိစ္စတပ်လျက်ဖြစ်ကြသော စုတိ ပဋိသန္ဓေ ဘဝင်စိတ်များ၏ ပုံစံတည်း၊ ထို့ကြောင့် ကိစ္စနှင့် ဌာန၏ ကွဲပြားခြားနားပုံမှာ အလွန့်အလွန် ထင်ရှားလှပေ၏၊ ကိစ္စက (၁၄) မျိုး, ဌာနက (၁၀)မျိုးသာ ရှိသဖြင့်လည်း ကိစ္စနှင့်ဌာနတို့ သဘာဝမတူကြောင်းကို ကောင်းကောင်းကြီး မှတ်ယူသင့်ပေပြီ။
.....
နှာ _ ၁၈၅
ဋီကာကျော်ဝါဒ။ ။ဋီကာကျော်၌ကား " ပဋိသန္ဓိကိစ္စအရလည်း.စိတ်ပင်တည်း" ဟု ယူ၍ ကိစ္စနှင့် ဌာနသည် အရမပြားပေ၊ သို့သော်"သိလာပုတ္တကဿ + သရီရံ" ကဲ့သို့"ပဋိသန္ဓိယာ+ဌာနံ,ပဋိသန္ဓိ ဌာနံ "ဟု ဝစနက် ပြုရကြောင်းကို ဖွင့်ပြ၏၊ သိလာပုတ္တကဿ _သားကလေးသဖွယ် သေးငယ်သောကျောက်တုံး၏၊ သရီရံ_ ကိုယ်တည်း၊ ဤ၌ "သိလာပုတ္တကအရ(အထက်,အောက်,နံပါးမကျန်)ကျောက်တုံးကလေး တစ်ခုလုံးရ၏၊ သရီရံ အရလည်း (အထက်,အောက် စသည်မကျန်) တစ်ခုလုံးပင် ရ၏၊ ဤသို့ အရကောက်မကွဲပြားသော်လည်း ကွဲပြားသကဲ့သို့ အဘေဒဘေဒူပစာနည်းအားဖြင့် "သိလာပုတ္တကဿ + သရီရံ" ဟု ဆိုရသကဲ့သို့, ပဋိသန္ဓေ ကိစ္စအရနှင့် ပဋိသန္ဓိဌာနအရ မကွဲပြားသော်လည်း "ပဋိသန္ဓိယာ+ဌာနံ ပဋိသန္ဓိဌာနံ " ဟု သမ္ဗန်နှင့် သမ္ဗန္ဓီ ခွဲခြား၍ ဆဋ္ဌီတပ္ပုရိသ်သမာသ်ပြုနိုင်သည်_ဟူလို။
ပဉ္စဝိဉာဏဌာန။ ။ အာဝဇ္ဇန်း နှင့် သမ္ပဋိစ္ဆိုင်းတို့၏ အကြားဖြစ်သောအခါကာလသည် စက္ခုဝိဉာဏ်၏ဖြစ်ရာဌာနလည်းဟုတ်၏၊ သောန,ဃာန,ဇိဝှါ,ကာယဝိဉာဏ်တို့၏ ဖြစ်ရာဌာနလည်း ဟုတ်၏၊ ထို့ကြောင့် ထိုငါးကိစ္စ၏ ဖြစ်ရာဌာနမှာ "ပဉ္စဝိဉာဏ်ဌာန" တစ်ဌာနတည်းသာတည်း၊ "ပဉ္စဒွါဝဇ္ဇန်း စက္ခုဝိဉာဏ်(သောတဝိဉာဏ်) သမ္ပဋိစ္ဆိုင်း " စည်ဖြင့် ဝီထိကို သတိပြုပါ။
ဌာနအပြား။ ။ သန္ဓိ ဧကံ_ဆ ဘဝင်္ဂံ,ဒွါဝဇ္ဇနံ ပဉ္စဒျေကံ ဒွေ ဝေါ_ဇော ဆ_တဒါ ဒွေတိ, စုတီ တိ ပန္နဝီသတိ။
အမှာ။ ။ပဋိသန္ဓေ(၁)ဌာန , ဘဝင် (၆).ဌာန , အာဝဇ္ဇန်း (၂) ဌာန , ပဉ္စဝိဉာဏ်,သမ္ပဋိစ္ဆိုင်း,သန္တီရဏတို့ (၁).ဌာနစီ ,ဝုဋ္ဌော (၂)ဌာန , ဇော (၆).ဌာန, တဒါရုံ (၂) ဌာန, စုတိ (၃)ဌာန, ပေါင်း.(၂၅)ဌာန ဟူလို၊ ထိုဌာနများကို သင်္ခေပ ဝဏ္ဏနာ၌ လာသော အောက်ပါ အကျယ်ဂါထာဖြင့် ထင်ရှားစေအံ့၊ ဝီထိနားလည်သောအခါ အလိုအလျောက်.သဘောပေါက်ပါလိမ့်မည်။
သန္ဓိဋ္ဌာနံ စုဘန္တရံ,ပအာ_တအာ_ဇအာ_ဝေါအာ၊
တ_စု_ဇ စုန္တရံ ဘဿ, ဆဋ္ဌာနံ ပရိဒီပယေ။
ဘ ဝိ_ဘ ဇန္တရံယေဝ, ဒါ အာဋ္ဌာနံ အာသန္တရံ၊
ဝိဋ္ဌာနေကံ ဝိ တီန္တရံ, သံဋ္ဌာနေကံ သံ ဝေါန္တရံ၊
တိဋ္ဌာနေကံ ဒု ဝေါဋ္ဌာနံ, တီ ဇ_တီ ဘန္တရံ တထာ၊
ဝေါ တ_ဝေါ ဘ_ဝေါ စုန္တရံ,အာ တ_အာ ဘ_အာ စုန္တရံ။
ဇဋ္ဌာနံ ဆ,ဇ ဘ_ဇ စု_န္တရံ, ဉေယျံ ဒု တဋ္ဌာနံ၊
တ ပ_ဇ ပ_ဘ ပန္တရံ,စုတိဋ္ဌာနံ တိဓာ မတံ။_(သင်္ခေပဝဏ္ဏနာ။)
nt
Subscribe to:
Post Comments (Atom)
No comments:
Post a Comment