Saturday, July 16, 2016
ပကိဏ်းပိုင်းဘာသာဋီကာ
စာ_၁၉၉ မှ ၂၀၃ထိ
အာရုပ္ပေသု ဒုတိယစတုတ္ထာနိ မဟဂ္ဂတာရမဏာနိ။ ။ဒုတိယ အာရုပ္ပ
(ဝိညာဏဉ္စာယတနကုသိုလ် ဝိပါတ် ကြိယာ)တို့တွင် ဝိညာဏဉ္စာယတနကုသိုလ်
သည် ဤဘဝ ရှေးဘဝ အဇ္ဇျတ္တသန္တာန်၌ ဖြစ်ဖူးသော အာကာသာနဉ္စာယတန
ကုသိုလ်ကို အာရုံပြု၏၊ ပဋိသန္ဓေ ဘဝင် စုတိကိစ္စ တပ်ရသော ဝိပါတ်သည်
ရှေးဘဝ အဇ္ဇျတ္တသန္တာန်၌ ဖြစ်ဖူးသော အာကာသာနဉ္စကုသိုလ်ကို အာရုံပြု၏၊
ကြိယာကား ဤဘဝ ရှေးဘဝ အဇ္ဇျတ္တသန္တာန်၌ ဖြစ်ဖူးသော အာကာသာနဉ္စာ
ယတန ကုသိုလ် ကြိယာကို အာရုံပြုသည်။
ချဲ့ဦးအံ့_ပုထုဇဉ် သေက္ခပုဂ္ဂိုလ်သည် အာကာသာနဉ္စာယတနကုသိုလ်ကို ရပြီးနောက် ဤဘဝတွင်ပင် ဝိညာဏဉ္စာယတနကုသိုလ်ကို ဆက်လက်ရသောအခါ ဤဘဝ အဇ္ဇျတ္တ(မိမိသန္တာန်၌)ဖြစ်ဖူးသော အာကာသာနဉ္စာယတနကုသိုလ်ဈာန်ကို အာရုံပြု၏၊ စုတေပြီးနောက် ဒုတိယအရူပဘုံသို့ရောက်၍ ဝိညာဏဉ္စယတနဈာန် ဝင်စားသောအခါ ထိုဝိညာဏဉ္စာယတနဈာန်သည် ရှေးဘဝက အဇ္ဇျတ္တသန္တာန်၌ ဖြစ်ခဲ့ဖူးသော အာကာသာနဉ္စာယတနဈာန်ကို အာရုံပြု၏၊ ဝိညာဏဉ္စာယတနဈာန်ကို ရပြီးနောက် ဒုတိယအရူပဘုံ၌ ပဋိသန္ဓေ ဘဝင် စုတိ ကိစ္စ တပ်သော ဝိညာဏဉ္စာယတနဝိပါတ်စိတ်သည် ရှေးဘဝက မိမိသန္တာန်၌ ဖြစ်ခဲ့ဖူးသော အာကာသာနဉ္စာယတနကုသိုလ်(ကမ္မနိမိတ်)ကိုပင် အာရုံပြုသည်။
ပုထုဇဉ် သေက္ခအဖြစ်တုန်းက အာကာသာနဉ္စာယတနကုသိုလ်ဈာန်ကို ရပြီးနောက် ထိုဘဝ၌ပင် ရဟန္တာ ဖြစ်မှ ဝိညာဏဉ္စာယတနကြိယာဈာန်ကို ရလျှင် ထိုပဌမဆုံး ရအပ်သော ဝိညာဏဉ္စယတနကြိယာဈာန်သည် ဤဘဝ အဇ္ဇျတ္တသန္တာန်၌ ဖြစ်ဖူးသော အာကာသာနဉ္စာယတနကုသိုလ်ဈာန်ကို အာရုံပြု၏၊ ထို့နောက် အာကာသာနဉ္စာယတနဈာန်ကို ပြန်၍မဝင်စားသေးသမျှ ဝိညာဏဉ္စာယတနကြိယာဈာန် ဖြစ်တိုင်း ဖြစ်တိုင်း ဤဘဝ အဇ္ဇျတ္တသန္တာန်၌ ဖြစ်ဖူးသောအာကာသာနဉ္စာယတနကုသိုလ်ဈာန်
ကိုချည်း အာရုံပြုသည်။
ရဟန္တာဖြစ်ပြီးမှ အာကာသာနဉ္စာယတနဈာန်ကို ဝင်စားသည်ရှိသော် ထိုဈာန်
သည် ကြိယာဈာန်ဖြစ်၏၊ထို့ကြောင့် နောက်နောက်ဝင်စားသမျှ ဝိညာဏဉ္စာ
ယတနဈာန်သည် ဤဘဝ အဇ္ဇျတ္တသန္တာန်၌ ဖြစ်ဖူးသော အာကာသာနဉ္စယတန
ကြိယာဈာန်ကို အာရုံပြု၏၊ ရဟန္တာဖြစ်ပြီးမှ အာကာသာနဉ္စာယတနဈာန်ကို
ရပြီးနောက် ဝိညာဏဉ္စာယတနဈာန်ကို ဆက်လက်ရလျှင် ထိုဝိညာဏဉ္စာယတန
-------------------------------
၂၀၀
ဈာန်သည် ဤဘဝ၌ အဇ္ဇျတ္တသန္တာန်၌ ဖြစ်ဖူးသော အာကာသာနဉ္စာယတန
ကြိယာဈာန်ကိုချည်း အာရုံပြုသည်။
ကာမ ရူပဘုံဝယ် သေက္ခအဖြစ်တုန်းက ဝိညာဏဉ္စာယတနဈာန်ကို ရ၍
ဝိညာဏဉ္စာယတနဘုံရောက်မှ ရဟန္တာဖြစ်လျှင် ထိုရဟန္တာဖြစ်မှ ဝင်စား
အပ်သော ဝိညာဏဉ္စာယတနဈာန်သည် ရှေးဘဝ အဇ္ဇျတ္တသန္တာန်၌ ဖြစ်ဖူးသော
အာကာသာနဉ္စကုသိုလ်ချည်း အာရုံပြုသည်။ [ဝိညာဏဉ္စာယတနဘုံရောက်မှ
အာကာသာနဉ္စာယတနဈာန်ကို ဝင်စားလို့ မဖြစ်သောကြောင့် အာကာသာနဉ္စာ
ယတနဈာန်ကို အာရုံပြုခွင့် မရတော့ချေ ။]
စတုတ္ထအာရုပ္ပ(နေဝသညာနာသညာယတန)ဈာန်သည် တတိယအာရုပ္ပ
အာကိဉ္စညာယတနဈာန်တည်းဟူသော မဟဂ္ဂုတ်တရားကို အာရုံပြု၏၊ ထိုသို့
အာရုံပြုရာဝယ် အကျယ်ကို ရှေးနည်းအတိုင်းသိပါ ၊ အကျဉ်းမှတ်ဖွယ်ကား-
နေဝသညာနာသညာယတနကုသိုလ်သည် ဤဘဝ ရှေးဘဝ အဇ္ဇျတ္တသန္တာန်၌
ဖြစ်ဖူးသော အာကိဉ္စညာယတနကုသိုလ်ကို အာရုံပြု၏၊ ဝိပါတ်သည် ရှေးဘဝ
အဇ္ဇျတ္တသန္တာန်၌ ဖြစ်ဖူးသော အာကိဉ္စညာယတကုသိုလ်ကိုသာ အာရုံပြု၏ ၊
ကြိယာသည်ကား ဤဘဝ ရှေးဘဝ အဇ္ဇျတ္တသန္တာန်၌(မိမိသန္တာန်၌)ဖြစ်ဖူးသော
အာကိဉ္စညာယတနကုသိုလ် ကြိယာကို အာရုံပြု၏၊
[ဆောင်] ကုသိုလ်ဟူက, ဤဘဝနှင့် ,ထိုဘဝရှေး,ဖြစ်ရေးအဇ္ဇျ, ကုသလကို,မုချအာရုံ,
ပြုရတုံ၏၊ တစ်ဖုံဝိပါက်, ရှေးဘဝတွက်သာ၊ ကိရိယာမူ,နှစ်ဖြာခုရှေး,
ဘဝဒွေးဝယ်,ဖြစ်ရေးအဇ္ဈ, ကုသလနှင့်, ကိရိယစု, လျော်စွာပြုသည်,....
ရှုလေ အာရုံ အခွဲတည်း။
သေသာနိ မဟဂ္ဂတစိတ္တာနိ သဗ္ဗာနိပိ ပညတ္တာရမဏာနိ။ ။ဤဝါကျ၌
သေသ၏ အပါဒါန်ကို အဘိညာဏ်ကိစ္စ တပ်ခိုက် ရူပကုသိုလ် ကြိယာ
ပဉ္စမဈာန်နှင့် ဒုတိယ စတုတ္ထ အာရုပ္ပစိတ်များကို ခံပါ၊ ထိုစိတ်တို့မှ ကြွင်းသော
မဟဂ္ဂုတ်စိတ် (၂၁)ကား ဆိုင်ရာ ပညတ်တရားကိုသာ အာရုံပြု၏၊ ထိုပညတ်
များသည် ပထဝီကသိုဏ်း စသော ကသိဏပညတ်, အသုဘပညတ်စသော
အားဖြင့် (၂၈)ပါး ရှိ၏၊ ကမ္မဋ္ဌာန်းပိုင်း၌ ထင်ရှားလတ္တံ့။
အမှာ။ ။စေတသိက် တို့ကို ရေတွက်ခြင်း , ဧကန် အနေကန် အာရုံပြုအခွဲ,
အဇ္ဇျတ္တ စသည်ကို အာရုံပြုသော စေတသိက်များ , ဤအလုံးစုံကို မာတိကာ
အကောက်မှာ ကျေးဇူးများသည့်အတွက် အခြေပြုသင်္ဂြိုဟ်တုန်းက ရေးခဲ့ပြီ။
----------------------------------------
၂၀၁
ဝတ္ထုသင်္ဂဟအဖွင့်
ဝတ္ထုသင်္ဂဟေ ဝတ္ထူနိ နာမ စက္ခု ၊ပေ၊ ဆဗ္ဗိဓာနိ ဘဝန္တိ။ ။ ဝသန္တိ
ဧတ္ထာတိ ဝတ္ထု၊ ဧတ္ထ-ဤစက္ခုစသည်၌၊ ဝသန္တိ -စိတ် စေတသိက်တို့ မှီနေကြ
ကုန်၏၊ ဣတိ-ထို့ကြောင့်၊ ဝတ္ထု-မည်၏၊ ကျောင်း၏ တည်ရာ မှီရာမြေကို
"ဝိဟာရဝတ္ထု=ကျောင်းနေရာ"ဟု ခေါသကဲ့သို့, ထို့အတူ စိတ် စေတသိက် တို့၏
မှီရာဖြစ်သော ရုပ်တရားကို "ဝတ္ထု" ဟု ခေါ်သည်။
တာနိ ကာမလောကေ သဗ္ဗာနိပိ လဗ္ဘန္တိ။ ။ စက္ခုနြေ္ဒ, သောတိနြေ္ဒ, ဃာနိနြေ္ဒ,
စသော ဣနြေ္ဒ(ပသာဒရုပ် ) အပြည့်အစုံ ရရှိသူတို့ ကာမဘုံ၌သာဖြစ်ခွင့်ရသော
ကြောင့် ကာမဘုံ၌ ထိုဝတ္ထုရုပ်အားလုံးကို ရနိုင်သည်။ထင်ရှားစေအံ့_ကာမာ
ဝစရကုသိုလ်ကံသည် ဝတ္ထုအာရုံ ကာမဂုဏ်ကို တောင့်တသော ကာမတဏှာ
လျှင် အရင်းခံရှိ၏၊ ထို့ကြောင့် ထိုကုသိုလ်ကံ အကျိုးပေးသောအခါ အရင်းခံ
တဏှာ၏ အလိုကျအောင် ရူပ သဒ္ဒ စသော အာရုံငါးပါးကို စုံစုံလင်လင်
ခံစားနိုင်ဖို့ရာ စက္ခု- သောတ-ဃာန- ဇီဝှါ -ကာယဟူသော ကမ္မဇရုပ် ဣနြေ္ဒ
တို့ကို အကုန်အစင် စီမံပေးရသည်၊ဤသို့  ဣနြေ္ဒပြည့်စုံသော ပုဂ္ဂိုလ်များသည်
ကာမတဏှာ၏ နယ်ပယ်ဖြစ်သော ကာမဘုံ၌သာ ဖြစ်ခွင့်ရှိသောကြောင့် ကာမဘုံ၌
ဝတ္ထုရုပ် (၆)ပါးလုံးကိုရနိုင်သည်။
ရူပလောကေ ပန ဃနာဒိတ္တယံ နတ္ထိ။ ။ ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ရူပ
ဈာန်ကား ဝတ္ထုအာရုံ ကာမဂုဏ်ကို စက်
ဆုပ်သော ကာမဝိရာဂဘာဝနာတည်း၊
ဝတ္ထုအာရုံဟူသည်လည်း ရူပါရုံ စသော အာရုံများ ဖြစ်ရကား ပယ်ရှား၍
မဖြစ်နိုင်၊ သူ့ဘာသာ လှနေသောရူပါရုံကို
မလှအောင် ပယ်လို့မရ, ပယ်လည်းမ
ပယ်ထိုက်၊ သာယာဖွယ်အသံ, မွှေးကြိုင်သောရနံ့, ကောင်းသောအရသာ,
တွေ့ထိဖွယ်ရာ အတွေ့အာရုံများကိုလည်း
ပယ်ရှား လို့ မဖြစ်နိုင်၊ သူတို့အတွက်
အကုသိုလ်များ၍ စက်ဆုပ်ရိုးမှန်လျှင်
"ကြွက်မနိုင် ကျီမီးရှို့ " ဟူသကဲ့သို့, ထို
အာရုံများကို မပယ်ပဲ ထိုအာရုံများနှင့်
ဆက်သွယ်၍နေသော ကိုယ့်ဆိုင်ရာ
ပသာဒကိုသာ ပယ်ရှားခွင့်ရှိသည်၊ ထို့ကြောင့် ကာမဂုဏ်ကို လွန်စွာစက်ဆုပ်
သဖြင့် တရားအားထုတ်သော ယောဂီ
ပုဂ္ဂိုလ်၏ ဘာဝနာကို ကာမဝိရာဂဘာဝနာ
ဟုခေါ်၏၊ ထိုကာမဝိရာဂဘာဝနာသည်
အကျိုးပေးသောအခါ သူပယ်ရှားနိုင်သော ပသာဒရုပ်ငါးပါးလုံးကိုပင် ပယ်
ရှားချင်၏၊ သို့သော် စက္ခု သောတ ဟူ
သော ပသာဒ နှစ်ပါးအတွက်မှာ ဘုရား
ဖူး တရားနာ ကျေးဇူးများသောအရာက
ရှိနေသေးသောကြောင့် ခြွင်းချက်ထား
၍ ဃာန-ဇိဝှါ-ကာယ ပသာဒသုံးခုကိုသာ
ပယ်ရှား ရပေသည်၊ သို့အတွက် ရူပဘုံ
၌ ဃာနာဒိတ္တယကို မရတော့ချေ။
ဋီကာကျော်။ ။ဗြဟ္မာနံ ကာမဝိရာဂ
ဘာဝနာဝသေန ဂန္ဓရသဖောဋ္ဌဗ္ဗေသု
ဝိရတ္တတာယ, တဗ္ဗိသယပသာဒေသု
ပိ ဝိရာဂသဗ္ဘာဝတော(ဃာနာဒိတ္တယံ
နတ္ထိ)၊ ဗုဒ္ဓဒဿနဓမ္မဿဝနာဒိ
အတ္ထံ ပန စက္ခုသောတေသု အဝိ
ရတ္တဘာဝတော စက္ခာဒိဒွယံ တတ္ထ
ဥပလဗ္ဘတိ။
ဃာနာဒိတ္တယံ နတ္ထိနှင့် အဟီနိန္ဒြိယ။ ။ရူပဗြဟ္မာတို့ကို ချီး
မွမ်းသော ပါဠိတော်များ၌ "ရူပီ_ရုပ်
ရှိ၏၊ အဟီနိန္ဒြိယော_မယုတ်လျော့
သော ဣနြေ္ဒ ရှိ၏" ဟူသော စကား
နှင့် "ဃာနာဒိတ္တယံ နတ္ထိ" ဟူသော
ဤ သင်္ဂြိုဟ်စကားသည် မဆန်ကျင်
ပါလော၊ အဖြေကား_ "အဟီနိန္ဒြိယော"
ဟူသော ပါဠိတော်သည် ပုံသဏ္ဌာန်
ကို ရည်ရွယ်သော စကားတည်း၊
"ဃာနာဒိတ္တယံ နတ္ထိ" ကား ဃာနပသာဒ
စသည်ကို ရည်ရွယ် သော စကားဖြစ်
သည်၊ ထို့ကြောင့် အချင်းချင်း မ
ဆန့်ကျင်ပါ၊ဤစကားအရ ရူပဗြဟ္မာ
များ၌ ဃာန ဇိဝှါ ကာယ ပသာဒ ရုပ်
များသာ မရှိသည်၊ နှာခေါင်း
ပုံသဏ္ဌာန်, လျှာနှင့် ကိုယ်ခန္ဓာကြီး
ကား အထင်အရှားရှိသည်" ဟု
မှတ်ပါ။
ဇိနာလင်္ကာရဋီကာ။ ။တတ္ထ ဗြဟ္မာပါ
ရိသဇ္ဇတော ပဋ္ဌာယ ဣမာနိ သောဠ
သ ရူပါဝစရနိ နမ၊ တေသု သဗ္ဗေ
ပုရိသ သဏ္ဌာနာ၊ ဣတ္ထိပုရိသဗျဉ္ဇန
နိမိတ္တံပိ နတ္ထိ၊ စက္ခုသောတာနိ ပန
အတ္ထိ, ရူပံ ပဿန္တိ၊ သဒ္ဒံ သုဏန္တိ ၊
ဃာနံအတ္ထိ, ဃာနပ္ပသာဒေါ စ ဃာန
ဝိညာဏဉ္စ နတ္ထိ ၊ တသ္မာ ဂန္ဓံ န
ဇာနန္တိ၊ သမ္မာ ပရိဝတ္တဇိဝှာ အတ္ထိ၊
တသ္မာ ဟသန္တိ ၊ ဇိဝှါဝိညာဏံ စ
နတ္ထိ၊ တသ္မာ ကိဉ္စိ ရသံ န ဇာနန္တိ,
န ခါဒန္တိ, န ပိဝန္တိ၊ ဈာနပီတိယေဝ
တေသံ အာဟာရော ဟောတိ၊ ကာယော
အတ္ထိ, ကာယပ္ပသာဒေါ စ ကာယဝိ
ညာဏံ စ နတ္ထိ၊တသ္မာ တေ ကိဉ္စိ
ဖဿံ န ဇာနန္တိ၊ ဧဝံ သန္တေပိ နိဝါသ
နပါရုပန သာဋကာ အတ္ထိ,
စာ_၂၀၂_၂၀၃
ဗြဟ္မဝိမာနသယနာနိ အတ္ထိ, ကေ
သာ နခါ ဒန္တာ အတ္ထိ, သေသ ကော
ဋ္ဌာသာနိ ပန နတ္ထိ၊ ဒီပသိခါ ဝိယ
သရီရံ ဟောတိ, မလမုတ္တမဂ္ဂါ နတ္ထိ,
ဣန္ထိယော နတ္ထိ, နစ္စဂီတာဒိနိ နတ္ထိ၊
ကေစိ အရိယဝိဟာရေန, ကေစိ ဒိဗ္ဗ
ဝိဟာရေန, ကေစိ ဗြဟ္မဝိဟာရေန
ဝိဟရန္တီတိ။
အရူပလောကေ ပန သဗ္ဗာနိပိ နသံဝိဇ္ဇန္တိ ။ ။ အရူပဈာန်မည်သည် ရူပဝိရာဂ(ရုပ်ဟူ
သမျှကို စက်ဆုပ်သော) ဘာဝနာတည်း၊
ထို့ကြောင့် အရူပဈာန်၏ အကျိုးပေးရာ
အရူပဘုံ၌ ဝတ္ထုရုပ်(၆) ပါးလုံး မရှိ။
[ ကာမလောကေ သဗ္ဗာနိပိ နှင့် ဤသဗ္ဗာ
နိပိဝယ် ပိသဒ္ဒါသည် သမ္ဘာဝနာဇောတ
ကချည်းတည်း။]
တတ္ထ ပဉ္စဝိညာဏဓာတုယော ယထာက္ကမံ ဧကန္တေန ပဉ္စပသာဒဝတ္ထူနိ နိဿာယေဝ ပဝတ္တန္တိ။ ။ "ဧကန္တေန နိဿာယ"ဖြင့် ရံခါ စက္ခုဝတ္ထု
ကိုမှီ၍ ရံခါ ဟဒယဝတ္ထုကို မှီခြင်းစသော အနေကန်မျိုး မဟုတ်ဟု ပြသည်၊ နိဿာယေဝ၌လဧဝဖြင့် အရူပဘုံ၌ စိတ်အချို့ကဲ့သို့ ရံခါမမှီ
ခြင်းကို ကန့်သည်။
အဝသေ သာ ပန မနောဝိညာဏဓာတုသင်္ခါတာ စ သန္တီရဏမဟာဝိပါက ပဋိဃဒွယပဌမမဂ္ဂဟသနရူပါဝစရဝသေန ဟဒယံ နိဿာယေဝ ပဝတ္တန္တိ။ ။ သန္တီရဏ( ၃), မဟာဝိပါတ်(၈), ဒေါသမူ(၂), သောတာပတ္တိမဂ်(၁), ဟသိတုပ္ပါဒ်( ၁),
ရူပစိတ် (၁၅), ဤ (၃၀)သောစိတ်များသည် အရူပဘုံ၌ မဖြစ်၊ ဟဒယ
ဝတ္ထုရုပ်ရကောင်းရာ ကာမ ရူပဘုံ၌သာ
ဖြစ်သောကြောင့် ဟဒယဝတ္ထုကို အမြဲ
မှီကြ၏၊ ဤစိတ်တို့ အရူပဘုံ၌ မဖြစ်ခြင်း၏ အကြောင်းကို ဋီကာကျော် ဖွင့်
သည့်အတိုင်း ဆိုအပ်လတ္တံ့ လင်္ကာဖြင့်
သိရာ၏။
စာ_၂၀၃
[ဆောင်] မှတ်လော့သာကြည်, ကဗျာ
စီပိမ့်, သန္တီမဟာ_ဝိပါကာတို့,
ဒွါရာကိစ္စ, မရှိကြ၍,အရူပ၌,
မဖြစ်ထိုက်ခဲ့၊ နောက်လိုက်
ဒေါသ, ပဋိဃမှာ,နီဝရဏ
မှန်,မြဲဧကန်ကြောင့်,ဈန်ကို
တားလွှင့်, တရားရင့်မို့, သူ
နှင့်ယှဉ်တူ, ဒေါသမူကား,ရူပ
၌ပင်,မဖြစ်ချင်စွ, အရူပဝယ်
, မဆိုဖွယ်သာ။
မဂ်သောတာလည်း, ဆရာသမား,ဘုရား
အထံ, တရားမှန်ကို, နာခံမရ_ရှိ
တုံကမူ, သာဝကသန္တာန်, အ
မှန်ဖြစ်မျိုး, မရှိရိုးတည်း၊
ကိုယ်ကျိုးစီးပွား,ကိုယ့်တရား
ဖြင့်, ဘုရား ပစ္စေ,ဖြစ်ကြပေ
လည်း,လူ့ပြည်၌သာ,ဖြစ်ရိုးရာ
မို့,သောတာပတ္တိ,မဂ်မရှိခဲ့။
ဟသိတုပ္ပါဒ်, ယင်းစိတ်ဓာတ်
လည်း,ပြုံးတက်စေဖို့, ကာယ
ချို့သဖြင့်,မဖြစ်သင့်တန်၊ရူပ
ဈာန်မှာ, ဘာဝနာတွက်,တပ်
မက်လွတ်ကင်း, စက်ဆုပ်
ခြင်းကြောင့်, အလျှင်းယူဆ,
အရူပ၌,မဖြစ်ထိုက်၍,စွဲပိုက်
ဟဒယ၊ မြဲမှီကြသည်,...ဓမ္မ
သုံးဆယ်နှင်နှင်တည်း။
*သန္တီမဟာ၊ပေ၊မဖြစ်ထိုက်ခဲ့။ ။သန္တီရဏသည် ပဉ္စဒွါရ၌ သန္တီရဏကိစ္စတပ်၏။အရူ
ပဘုံ၌ ပဉ္စဒွါရမရှိရကား သန္တီရဏ
ကိစ္စလည်းမရှိ၊ သန္တီရဏ မဟာဝိပါတ်
တို့ တဒါရုံကိစ္စတပ်ဖို့ရာလည်း ကာမဇော
ကာမသတ္တဝါ, ကာမအာရုံ, သုံးပါးမစုံသော
ကြောင့် တဒါရုံကိစ္စမတပ်နိုင်၊ ဤသို့
ဖြစ်ရာဒွါရနှင့် ပြုဖို့ကိစ္စမရှိသောကြောင့်
ထိုစိတ်များသည် အရူပဘုံ၌ မဖြစ်ထိုက်။
စာ_၂၀၃_၂၀၄
နောက်လိုက်ဒေါသ၊ပေ၊မဆိုဖွယ်သာ။ ။ လောဘသည် ဈာန်ကိုတား
မြစ်သော နီဝရဏလောဘ,နီဝရဏမဟုတ်သော လောဘဟု
နှစ်မျိုးရှိသကဲ့သို့ ဒေါသကား နှစ်မျိုးမ
ရှိ၊ ဒေါသမှန်လျှင် နီဝရဏ ဧကန်သာ
တည်း၊ထို့ကြောင့် ဒေါသနှင့်ယှဉ်သော
ဒေါသမူစိတ်တို့သည် ဈာန်တရား၏
ကျက်စားရာ ရူပဘုံမှာပင် ဖြစ်ခွင့်မရ၊
အထက်တန်း ကျသော အရူပဘုံအတွက်မှာ ဆိုဖွယ်ရာ မရှိတော့ပြီ။
မဂ်သောတာလည်း၊ပေ၊မရှိခဲ့။ ။"သပ္ပုရိသသံသေဝ_အရိယာဖြစ်အောင် ဟောပြနိုင်
သော သူတော်ကောင်းတို့ကိုမှီခိုရခြင်း,
သဒ္ဓမ္မဿဝန_အရိယာဖြစ်ကြောင်း သူ
တော်ကောင်းတရားကို နာရခြင်း,ယော
နိသောမနသိကာရ-
---------------------------------
Subscribe to:
Post Comments (Atom)
No comments:
Post a Comment