Saturday, July 16, 2016

ဝီထိပိုင်း ဘာသာဋီကာ ############### စာ - ၂၃၇ ၂၃၈ ၂၃၉ ၂၄၀ ၂၄၁ ၂၄၂ ဝမ်းတွင်းဝီထိများ စာ _ ၂၃၇ ဋီကာကျော် ။ ။ "လဘတိ မာရော အာရမဏံ " ဟူသော (မဟာဝဂ္ဂ _ သတိပဋ္ဌာန သံယုတ်) ပါဠိတော်၌ အာရမဏသဒ္ဒါသည် ပစ္စယ (အကြောင်းဟူသော) အနက်ကို ဟောသကဲ့သို့ ဤ အာရမဏဘူတာ ဝယ် အာရမဏသဒ္ဒါလည်း ရှေ့ ၃ ဝါရနှင့် တွဲစပ်ခိုက် အာရုံဟူသော အနက်ကို ဟော၍ မောဃဝါရနှင့် တွဲစပ်ခိုက် မှာ "အကြောင်း" ဟူသော အနက်ကို ဟော၏၊ ထို့ကြောင့် "မောဃဝါရ" ဟု ခေါ်ဝေါ်ပညတ်ခြင်း၏ အကြောင်း ဖြစ်သောကြောင့် " အတိပရိတ္တာရုံ ကို "မောဃဝါရ၏ အာရုံ " ဟု ခေါ်ဝေါ်ရကြောင်းကို ဖွင့်ဆိုသည်၊၊ ဆက္က (၆) ရပ်နှင့် ယှဉ်စပ်ပြခြင်း ။ ။ "ဆ ဝတ္ထူနိ ဆ ဒွါရာနိ ဆ အာရမဏာနိ ဆ ဝိညာဏာနိ ဆ ဝီထိယော ဆဓာ ဝိသယပ္ပဝတ္တိ စေတိ ဝီထိသင်္ဂဟေ ဆ ဆက္ကာနိ ဝေဒိတဗ္ဗာနိ" ဟု ဆက္က ၆ ရပ်၏ ဝီထိခန်း၌ အရေးတကြီး သိထိုက်ကြောင်းကို မိန့်ဆိုခဲ့သည့် အားလျော်စွာ ထို ဆက္က ၆ ရပ်ကို အကျဉ်းချုပ် ယှဉ်စပ်ပြအံ့၊ စက္ခုဒွါရ ၌ ရူပါရုံ သည် အတိမဟန္တ ဝိသယပ္ပဝတ္တိ အဖြစ်ဖြင့် သော် လည်းကောင်း, သို့မဟုတ် မဟန္တစသော ဝိသယပ္ပဝတ္တိ အဖြစ်ဖြင့် သော် လည်းကောင်း ထင်လာသည် ရှိသော် စက္ခုဝိညာဏ်စိတ်သည် စက္ခုဝတ္ထု ကို မှီ၍, ပဉ္စဒွါရဝဇ္ဇန်း စသောစိတ်များကလည်း ဟဒယဝတ္ထုကို မှီ၍ ဖြစ်ကြသည်၊ ထို ဝီထိကို စက္ခုဒွါရ ၌ ထင်လာသော အာရုံကို စွဲ၍ ဖြစ်သောကြောင့် စက္ခုဒွါရ ဝီထိ ဟု လည်းကောင်း ၊ စက္ခုဝိညာဏ်ဟူသော ဝိညာဏ် အထူးပါသောကြောင့် ထို ဝိညာဏ်ဖြင့် မှတ်သား၍ စက္ခုဝိညာဏ ဝီထိဟု လည်းကောင်း ခေါ်ဝေါ်ရသည်။ ဤသို့လျှင် စက္ခုဒွါရ ဝီထိ အတွက် စက္ခုဝတ္ထု, ဟဒယဝတ္ထု, စက္ခုဒွါရ, ရူပါရုံ, စက္ခုဝိညာဏ်, စက္ခုဒွါရ ဝီထိ (စက္ခုဝိညာဏ ဝီထိ ) နှင့်တကွ, အတိမဟန္တ စသော ဝိသယပ္ပဝတ္တိ (၄) ပါးကို သိမှသာ စက္ခုဒွါရ ဝီထိ ဆိုင်ရာကို စုံလင်စွာ သိရာရောက်သည်၊ သောတဒွါရဝီထိ စသည်၌လည်း နည်းတူ။ ဝမ်းတွင်းအောင်းစဉ် ဝီထိများ ။ ။ အမိဝမ်း၌ ဤ ပဉ္စဒွါရ ဝီထိများ ဖြစ်ထိုက်/ မဖြစ်ထိုက် ဟု စိစစ်လေ့ ရှိကြ၏၊ ထို့ကြောင့် ဝဇိရာရာမ ဆရာတော်၏ မေးမြန်း ချက်အရ ပရမတ္ထသရူပဘေဒနီကျမ်း၏ အဆုံးအဖြတ်ကို အကျဉ်းမျှ ရေးသားပေအံ့၊ _ စက္ခုပသာဒ ရူပါရုံ အာလောက မနသိကာရ ဤ အကြောင်း (၄) ပါးစုံမှ စက္ခုဝိညာဏ် ဖြစ်နိုင်၏၊ ထိုတွင် အမိဝမ်း၌ အာလောက (အရောင်အလင်း) မရှိ၍ စက္ခုဒွါရိက ဝီထိ မဖြစ်နိုင်၊ ["အန္တောကု စ္ဆိယံ ဟိ စက္ခုဝိညာဏံ န ဥပ္ပဇ္ဇတိ ".....သုတ်မဟာဝဂ္ဂ _ မဝါပဒါနသုတ်အဋ္ဌကထာ။] အတောင် တစ်ရာ နှစ်ရာရှိသော သစ်တုံး ကြီး၏၊ အရင်း၌ နားကိုကပ်၍ တစ်စပ်တည်းထားလျှင် သစ်တုံး ဖျားက တိုးတိုးသာသာ ခေါက်သည့် အသံကို ကြားနိုင်သောကြောင့် အမိဝမ်းတွင်း၌ နေသော သူငယ်၏ သောတပသာဒရုပ်များ ပြည့်စုံ လုံလောက်သောအခါ သူငယ်၏ ××××××××××××××××××××× သင်္ဂြိုဟ်ဘာသာဋီကာ စာ_၂၃၈ နားနှင့် နီးကပ်လျက်ရှိသော အူတွင်း အူပက ဝမ်းရုတ်သံ ဝမ်းဗိုက်၌ ထိခိုက်ရိုက်နှက်သံများကို အာရုံပြု၍ သောတဒွါရိကဝီထိကား ဖြစ်သင့်ပေသည်၊ အမိဝမ်းတွင်းမှာ နေခိုက် အသက်မရှူနိုင်၊ အသက်မရှူက ဂန္ဓာရုံ သည် နှာခေါင်း တွင်းသို့ မရောက်နိုင်သောကြောင့် ဃာနဒွါရဝီထိ ဖြစ်ဖွယ် မရှိ၊ ဇိဝှါ ပသာဒ ပြည့်စုံ လုံလောက်သည့်အခါ သူငယ်၏ ခံတွင်း၌ အဆင်သင့် ရှိကြသော အာရည် လျှာရည်တို့ အတွက်ကြောင့် ဇိဝှါ ဒွါရိက စိတ်များ ဖြစ်နိုင်ရန်ရှိသည်၊ ကာယဒွါရိက ဝီထိ ဖြစ်ဖို့ရာ ထိခိုက်ဖွယ် ဖောဋ္ဌဗ္ဗာရုံတွေ အမိဝမ်းတွင်းမှာပင် အပြည့်အစုံ ရှိသောကြောင့် ယုံမှားဖွယ် မရှိပြီ။ ဤသို့လျှင် သောတ ဇိဝှါ ကာယဒွါရိက ဝီထိတို့ အမိဝမ်းတွင်းတုန်းကပင် ဖြစ်နှင့်ကြသော်လည်း , စက္ခုဒွါရိက ဃာနဒွါရိက ဝီထိတို့တွင် အမိဝမ်းမှ ထွက်ပြီးနောက် အရည်အမြှေးများ ကင်းစင်၍ မျက်စိပွင့်မှ စက္ခုဒွါရိက ဝီထိတို့ ဖြစ်နိုင်ကြ, ထွက်သက် ဝင်သက် လေမှန်မှန်နှင့် အနံ့ကို ခံယူနိုင်လောက်အောင် နှလုံးသွင်းမှူ မနသိကာရ ရှိသည့် အခါကျမှ ဃာနဒွါရိက ဝီထိတို့ ဖြစ်နိုင်ကြသဖြင့် "ဗဟိနိက္ခန္တကာလေပိ န တာဝ ဣန္ဒြိယာနိ သကိစ္စကာရီနိ ဟောန္တိ " ဟု ဝိသုဒ္ဓိမဂ် မဟာဋီကာ မိန့်ဆိုရပေသည်။[ ဗဟိနိက္ခန္တကာလေပိ _ အမိဝမ်းမှ အပြင်အပသို့ ထွက်ပြီးရာ ကာလ၌လည်း၊ ဣန္ဒြိယာနိ _ စက္ခုစသော ဣနြေ္ဒ တို့သည်၊ သကိစ္စကာရီနိ _ ကိုယ့်ကိစ္စကို ပြုလေ့ရှိကုန်သည်၊ န တာဝ ဟောန္တိ _ မဖြစ်နိုင်ကုန်သေး၊ အတော်ကြာမှ ဖြစ်သည်_ ဟူလို၊] "ဝမ်းတွင်းအောင်းစဉ် ,ဝီထိယှဉ်,ပဉ္စဒွါရကျလိမ့်နည်း" ဟူသော ပုစ္ဆာ ၏ စွယ်စုံ ကျော်ထင် အဖြေကျမ်း၌ကား မဆိုင်ရာကို သာဓကပြုလျက် "အမိဝမ်းတွင်းနေခိုက် ပဉ္စဒွါရ ဝီထိ တစ်ခုမျှ မကျ" ဟု ဖြေဆိုမှားလေသည်။ ××××××××× မနောဒဝါရဝီထိ ************ မနောဒွါရေ ပန ယဒိ ဝိဘူတမာရမဏံ အာပါတမာဂစ္ဆန္တိ ၊ တတော ဘဝင်္ဂစလန မနောဒွါရာဝဇ္ဇနာဝသာနေ တဒါရမဏပါကာနိ ပဝတ္တန္တိ ၊ပေ၊ နတ္ထိ တဒါရမဏုပ္ပါဒေါတိ။ မနောဒွါရ။ ။ "ရူပါရုံ သည် စက္ခုဒွါရ မနောဒွါရ နှစ်ဌာန၌ တစ်ပြိုင်နက်ထင်လာနိုင်သည်" ဟု ဆိုခဲ့ရာ ပါဝင်သော မနောဒွါရ သည် စက္ခုဒွါရ နှင့်တွဲ၍ ထင်ရာ မိဿကမနောဒွါရတည်း၊ ဤနေရာ၌ မနောဒွါရ ကား ထိုကဲ့သို့ တွဲဖက် မပါ မနောဒွါရ ချည်း သက်သက်သာတည်း၊ ["တတော ပရံ ဘဝင်္ဂစလန " ဟု ရှေးပါဌ် ရှိ၏၊ ထင်ပြီးနောက်မှ ဘဝင်လှူပ်သည် မဟုတ် , ထင်သည်နှင့် တစ်ပြိုင်နက် လှူပ်သောကြောင့် တတောနောက်၌ ပရံ မပါသင့်၊ ထို့ကြောင့် "တတော ဘဝင်္ဂစလန " ဟု ဆိုပါသည်။ ××××××÷××××××××××××××× ဝိသယပ္ပဝတ္တိ(၄)မျိုး,(၂)မျိုး စာ_၂၃၉ ဝိဘူတ အဝိဘူတဟု နာမည်တပ်ပုံ။ ။ ဝိသယပ္ပဝတ္တိ ကို နာမည်တပ်ရာ၌ အဘယ်ကြောင့် ပဉ္စဒွါရ ဝယ် အတိမဟန္တ စသည်ဖြင့် နာမည်တပ်၍, မနောဒွါရ ဝယ် ဝိဘူတ အဝိဘူတဟု နာမည်တပ်ရပါသနည်းဟု မေး၊ အဖြေကား _ ပဉ္စဒွါရ ဝယ် အာရုံ ထင်လာရာ ၌ စိတ်၏ အစွမ်းမဟုတ်၊ အာရုံ၏ အစွမ်းတည်း၊ ထို့ကြောင့် မိမိ၏ အစွမ်းကို အစွဲပြု၍ အတိမဟန္တ စသည်ဖြင့် နာမည်တပ်ရသည်၊ မနောဒွါရ ဝယ် အာရုံထင်ရာ၌ ကား အာရုံ၏ အစွမ်းမဟုတ်၊ စိတ်၏ အစွမ်းသာ များသည်၊ (ကံစွမ်း, တန်ခိုး စွမ်း စသည်များလည်း ရှိပါသေး၏၊) ထို့ကြောင့် စိတ် စသည်တို့ကို အစွဲပြု၍ ဝိဘူတာရုံ အဝိဘူတာရုံ ဟု နာမည်တပ်ရလေသည်။ ချဲ့ဦးအံ့ _ ပဉ္စဒွါရ ဝယ် ရူပါရုံ သဒ္ဒါရုံတို့ ရှေးရှူရောက်နေလျှင် မကြည့်ချင်လည်းမနေရ, မကြားချင်လည်း မနေရ , အာရုံအစွမ်းကြောင့် မြင်ရ ကြားရ လေတော့သည်၊ ထင်ရာ၌လည်း အာရုံ၏ အစွမ်း ကောင်း မကောင်း လိုက်၍ အနှေး အမြန်ကွဲပြားရပြန်သည်၊ ထို့ကြောင့် ထင်သည်မှ စ၍ ရေတွက်လျှင် အလွန်များသော စိတ္တက္ခဏ ရှိသော အာရုံကို အတိမဟန္တာရုံ, ဤသို့ စသည့်ဖြင့် မိမိ၏ အစွမ်းကို အစွဲပြု၍ နာမည် တပ်ရသည်။ မနောဒွါရ ၌ ကား စိတ်၏ အစွမ်းကို လိုက်၍ အာရုံတို့ ထင်ရှား မထင်ရှား ကွဲပြားလေသည်၊ မှန်ကို ကြည့်ရာ၌ မှန်ကြည်လျှင် လူရိပ် ထင်ရှား၍ , မှန် မကြည်လင်မူ လူရိပ်မထင်ရှားသကဲ့သို့, စိတ်ဓာတ် က သမာဓိ အားကောင်း၍ ကြည်လင် လေ အာရုံ ထင်ရှားလေ ဖြစ်၏၊ ထို့ကြောင့် စိတ်၏ အစွမ်းကို အစွဲပြု၍ ဝိဘူတာရုံ အဝိဘူတာရုံ ဟု နာမည်တပ်ရလေသည်၊[ဋီကာကျော် ၌ကား မနောဒွါရ ၌ ထင်လာသော အာရုံသည် အတိက် အနာဂတ် အာရုံများလည်း ရှိ၏၊ သို့ဖြစ်၍ အတိမဟန္တ စသော နာမည်ဖြင့် ပိုင်းခြား ခြင်းငှါ မတက်ကောင်းသော ကြောင့် ဝိဘူတ, အဝိဘူတအားဖြင့် ခွဲခြား သတ်မှတ် ရကြောင်းကို ဖွင့်ဆိုလေသည်။] (၄) မျိုး (၂) မျိုးခွဲပုံ ။ ။ ထို့သို့ ဖြစ်လျှင် ရှိပါစေတော့၊ အဘယ်ကြောင့် ပဉ္စဒွါရ ၌ ဝိသယပ္ပဝတ္တိ (၄) မျိုးပြား၍ , မနောဒွါရ ၌ (၂) မျိုးသာ ပြားရသနည်းဟု မေး၊ အဖြေကား _ စိတ်အစဉ် (ဝါရ)ကို စွဲ၍ ပဉ္စဒွါရ၌ ဝိသယပ္ပဝတ္တိ (၄) မျိုး, မနောဒွါရ၌ ဝိသယပ္ပဝတ္တိ (၂) မျိုး ပြားရသည်။ ချဲ့ဦးအံ့ _ ပဉ္စဒွါရ၌ စိတ်ဖြစ်ပုံ အလှည့်အကြိမ်သည် တဒါရမဏဝါရ, ဇဝနဝါရ, ဝေါဋ္ဌပနဒွါရ, မောဃဝါရ (၄) မျိုးရှိ၏၊ ထို (၄) မျိုး အားလျော်စွာ ဝိသယပ္ပဝတ္တိ ကိုလည်း (၄) မျိုးခွဲရသည်၊ မနောဒွါရ ၌ကား တဒါရမဏဝါရ ဇဝနဝါရ ဟု (သင်္ဂဟ ဆရာအလို )(၂) မျိုးသာ ရှိ၏၊ သို့အတွက် ထို ဝါရ အားလျော်စွာ ဝိသယပ္ပဝတ္တိ ကိုလည်း ဝိဘူတ အဝိဘူတဟု (၂) မျိုး ခွဲခြား ရပေသည်၊ [သင်္ဂြိုဟ်အလိုက် ဖြေဆိုရခြင်း ဖြစ်၏၊ ဝီထိ ဆိုရိုး၌ အမျိုးမျိုး ပြထားသည်။] ××××××××××××××××××××××××× သင်္ဂြိုဟ်ဘာသာဋီကာ စာ_ ၂၄၀ ပရမတ္ထဒီပနီ အဆို ။ ။ ပရမတ္ထဒီပနီ ၌ကား မနောဒွါရ ၌လည်း အလွန်ထင်ရှားသော အတိဝိဘူတာရုံ, ထင်ရှားသော ဝိဘူတာရုံ, မထင်ရှားသော အဝိဘူတာရုံ, အထွန်မထင်ရှားသော အတိအဝိဘူတာရုံ ဟု အာရုံ (၄) မျိုး ခွဲခြား၍ စိတ်အကြိမ်ကိုလည်း တဒါရမဏဝါရ ဇဝနဝါရ ဝေါဋ္ဌပနဝါရ မောဃဝါရ ဟု ပဉ္စဒွါရ နည်းအတိုင်း (၄ )မျိုးပင် ခွဲခြားသေး၏၊ ထိုဒီပနီ၌ အာရုံကို အတိဝိဘူတာရုံ စသည်ဖြင့် အမည်တပ်သည်မှာ ကျမ်းဂန်လာ မဟုတ်သော်လည်း မှည့်ခေါ်နိုင်ပါ၏၊ မနောဒွါရဝဇ္ဇန်းတွင် ဆုံးသော ဝီထိကို ဝေါဋ္ဌပနဝါရ ဟု ခေါ်လိုပေသည်၊ ဤဝေါဋ္ဌပနဝါရကား သင်္ဂြိုဟ်ကျမ်းမှာ မလာသော်လည်း ဉာဏဝိဘင်္ဂဋ္ဌကထာ၌ တိုက်ရိုက် လာပေသည်။ စဉ်းစားဖွယ် ။ ။ ဝီထိစိတ် လုံးဝမပါဘဲ ဘဝင်လှူပ်ရုံသာ လှူပ်သော မောဃဝါရ နှင့် အတိအဝိဘူတာရုံ ကိုကား စဉ်းစားထိုက်၏၊ ထို ဒီပနီကား အိပ်ပျော် တုန်းမှာပင် ကံ ကမ္မနိမိတ် ဂတိနိမိတ် အာရုံ တစ်ပါးပါး အပြင် အခြား အာရုံများ လည်း အမြဲထင်နေသည်ဟု ယူ၏၊ ထိုသို့ အယူရှိသည့် အားလျော်စွာ ဘဝင်လှူပ်ရုံမျှဖြင့်သာ ကွယ်ပျောက် ရသော အာရုံတို့လည်း အများအပြား ပင် ရှိသင့်သည်ဟု ယူဆလေသည်၊ ဤကျမ်းအလိုကား _ မနောဒွါရ ၌ အာရုံ တို့သည် စိတ် စသည်တို့၏ အစွမ်းကြောင့် ထင်လာရ၏၊ ထိုစိတ်အစွမ်း စသည်ကြောင့် ထင်လာရသော အာရုံတို့ သည် (အယုတ်သဖြင့် ဓာတ်ချောက်ခြားမှူကြောင့် ထင်ရသော အာရုံများပင် ဖြစ်စေကာမူ )အာဝဇ္ဇန်း သို့ မရောက်ဘဲ ဘဝင်လှူပ်ရုံမျှဖြင့် ချုပ်ပျောက်ကြရမည်မှာ သင့်ဖွယ်ရာ မဟုတ်ချေ၊ အိပ်ပျော် နေတုန်း၌လည်း ဘဝင်စိတ် တို့ ယူနေကျဖြစ်သော ကံ ကမ္မနိမိတ် ဂတိနိမိတ် အာရုံမှတစ်ပါး အခြားအာရုံများ ထင်လာနိုင်ဖွယ် မရှိ၊ ထို့ကြောင့် ထိုဒီပနီ ပြအပ်သော မောဃဝါရနှင့် အတိဝိဘူတာရုံ ကို စဉ်းစားသင့်သည် ။ မနောဒွါရ၌ ထင်နိုင်သော အာရုံများ ။ ။ မနောဒွါရ၌ လွန်လေပြီးသော အတိက်ရုပ်နာမ်တရား , မဖြစ်သေးသော အနာဂါတ်ရုပ်နာမ်တရား, ဖြစ်တုန်းဆဲဆဲ ဖြစ်သော ပစ္စုန်ပ္ပန် ရုပ်နာမ် တရား (ပဉ္စဒွါရ၌ ထင်လာတက်သည့် ရူပါရုံ စသော အာရုံ (၅) ပါးလည်း ပါဝင်သည်) ထင်ရှား မရှိသော ပညတ်အမျိုးမျိုး အလွန်သိမ်မွေ့နက်နဲသော နိဗ္ဗာန် တရားများ လည်း ထင်လာနိုင်ကြသည်၊ ထို့သို့ ထင်လာခြင်း ၏ အကြောင်းများကား_ [ဆောင်] တွေ့_အကြား, နှစ်ပါးရယ်နှင့် စပ်၍ကြုံ၊ ....သဒ္ဒါရုံ _ ကိုယ်အကြိုက်ကယ်နှင့်, ခြင်းရာကို ကြံကာနှိုက်, ကိန်းဆိုက်အာရုံ၊ ဉာဏ်အမှူ _ ကြံရှူ၍ နှစ်သက်ပုံ, ကံအဟုန်တန်ခိုး၊....ဓာတ်ခေါဘံ, နတ်များငယ်ဆော်ဖန်လို့, လျော်ကန် တော်မှန်သိတာကြောင့်, ဘဝင်မှာ ထင်လာငြိရတယ်, ကျမ်းရှိလက်ရိုး။ ××××××××××××××××××× မနောဒွါရ၌ ထင်ခြင်းအကြောင်း စာ_ ၂၄၁ တွေ့။ ။ ကိုယ်တိုင် ဒိဋ္ဌ တွေ့ခဲ့ရသောကြောင့်လည်း မနောဒွါရ၌ အာရုံထင်လာတက်၏၊ ဒိဋ္ဌ (တွေ့)ဟူသော စကား၌ ကိုယ်တိုင် ဒိဋ္ဌမြင်ခဲ့ရ, ကိုယ်တိုင် ဒိဋ္ဌ ကြားခဲ့ရ, ကိုယ်တိုင် ဒိဋ္ဌ နမ်းခဲ့ရ, စားခဲ့ရ, တွေ့ထိခဲ့ရ, သိခဲ့ရသမျှ အာရုံအားလုံးတည်း၊ ဒိဋ္ဌတွေ့ကြုံခဲ့ရပြီးနောက် ထို အာရုံများကို ပြန်၍ ဆင်ခြင်သော အခါ ထို တွေ့ကြုံခဲ့ဖူးသော အာရုံများသည် ဘဝင်ဟူသော မနောဒွါရ၌ ထင်လာတက်သည် _ ဟူလို၊ အကြား ။ ။ သူတစ်ပါးတို့ ပြောသံဟောသံကို ကြားဖူးခြင်းဟူသော သုတကြောင့် လည်း ထင်လာတက်၏၊ သုတ (အကြား) ဟူရာ၌ သူတစ်ပါး တို့ တစ်ဆင့် ဟောပြောအပ်သော ရူပါရုံ ၏ အကြောင်းအရာ, သဒ္ဒါရုံ၏ အကြောင်းအရာ, ဂန္ဓာရုံ ၏ အကြောင်းအရာ, ရသ ဖောဌဗ္ဗ ဓမ္မာရုံတို့၏ အကြောင်းအရာ အားလုံးတည်း၊ ထိုသို့ ပြောဟောသံကို ကြားဖူးခြင်းကြောင့်လည်း ထို ပြောဟောရာတွင် ပါဝင်သော အကြောင်းအရာ တို့သည် ပြန်၍ ဆင်ခြင်သော အခါ (မမြင်ဖူးဘဲလျက်) ဘဝင်မှာ ထင်လာကြသည်။ နှစ်ပါးရယ်နှင့် စပ်၍ကြုံ ။ ။ ဒိဋ္ဌ သုတ နှစ်မျိုးနှင့် ဆက်သွယ်နေသော ဥဘယ သမ္ဗန္ဓခေါ် အာရုံမျိုးလည်း ထင်လာတက်၏၊ "အာရုံတစ်ခုခုကို ကိုယ်တိုင် တွေ့ဖူးသည့်အခါ, သို့မဟုတ် တစ်ဆင့်စကား ကြားဖူးသည့်အခါ , ထိုတွေ့ရ ကြားရသော အာရုံများနှင့် တူသော မတွေ့ မကြားအပ်ဖူးသော အာရုံများ လည်း ထင်လာတက်သည်" ဟူလို၊ တူသော အာရုံသာမက, တွေ့ရမြင်ရသော အာရုံနှင့် ဆန့်ကျင်ဘက် အာရုံများလည်း ဆက်သွယ်၍ ထင်လာတက်သည်သာ။ သဒ္ဓါယုံ ။ ။ သူတစ်ပါး က အဆန်းတကြယ် ပြောဟောလျှင် တွေးတောဆင်ခြင် မှူ မရှိဘဲ တစ်ခါတည်း ပုံ၍ ယုံကြည်လိုက်ခြင်းကြောင့်လည်း မှားသည်ဖြစ်စေ, မှန်သည်ဖြစ်စေ, ထိုပြောသမျှ ဟောသမျှ အာရုံတွေသည် နောင်အခါ မနောဒွါရ မှာ ထင်လာတက်သည်။ [သဒ္ဓါဟူရာ၌ သဒ္ဓါ စစ် သဒ္ဓါ တု အားလုံးပါဝင် သည်။] ကိုယ်အကြိုက် ။ ။ ပါဠိလို "ရုစိ" ဟု ခေါ်ဆိုအပ်သော မိမိကြိုက်နှစ်သက်ရာ အာရုံမျာူလည်း မြင်ဖူး ကြားဖူး မဟုတ်ဘဲလျက် မိမိနှစ်သက်မှူ (ရုစိ)ကြောင့် ဘဝင်မှာ ထင်လာတက်သည်။ ခြင်းရာကို ကြံကာနှူိက် ။ ။ ပရမတ္ထတို့၏ အခြင်းအရာ သဘောကို နှူိက်နှိုက်ချွတ်ချွတ် ကြံစည် စဉ်းစားခြင်းသည် ပါဠိလို "အာကာရပရိဝိတက္က" မည်၏၊ ထိုအာကာရပရိဝိတက္ကကြောင့် ပရမတ္ထတရားတို့၏ အခြင်းအရာ အာကာရ အမျိုးမျိုး သည် ဘဝင်မှာ ထင်လာတက်၏၊၊ [လက္ခဏ ရသ ပစ္စုပဋ္ဌာန်တွင် ပစ္စုပဋ္ဌာန် ထင်ခြင်းမျိုးပင်တည်း။] ဉာဏ်အမှူ _ ကြံရှူ၍ နှစ်သက်ပုံ ။ ။ ဘယ်အရာမဆို ဉာဏ်ဖြင့် စူးစမ်းကြံရှူလျက် နှစ်သက်ကျေနပ်မှူကို ပါဠိလို "ဒိဠိနိဇ္ဈာနက္ခန္တိ" ဟု ခေါ်၏၊ ထိုသို့ ဉာဏ်ဖြင် ××××××××××××××××××××××××× သင်္ဂြိုဟ်ဘာသာဋီကာ စာ_ ၂၄၂ ကြံစည်ကြည့်ရှူလျက် နှစ်သက်ကျေနပ် ဆုံးဖြတ်အပ်သော အာရုံများလည်း ဘဝင်မှာ ထင်လာတက်သည်။ [ဒိဋ္ဌိ=ဉာဏ်+နိဇ္ဈာန=စူးစမ်းခြင်း, ရှူဆင်ခြင်ခြင်း+ခန္တိ=နှစ်သက်ကျေနပ် ဆုံးဖြတ်မှူ။] ကံအဟုန်တန်ခိုး ။ ။ မရဏာသန္နအခါကဲ့သို့ ကံအဟုန်၏ အစွမ်းကြောင့်လည်းကောင်း, တန်ခိုးရှိသော ပုဂ္ဂိုလ်များ ၏ တန်ခိုးဖြင့် ဖန်ဆင်း ဆောင်ပြမှူကို "ဣဒ္ဓိဗလ" ဟု ခေါ်၏၊ ထို ဣဒ္ဓိဗလ ခေါ်သော တန်ခိုး၏ အစွမ်းကြောင့် လည်းကောင်း ထင်လာတက်သည်။ ဓာတ်ခေါဘံ, နတ်များငယ် ဆော်ဖန်လို့ ။ ။ သလိပ် သည်းခြေ သွေး လေ စသော ဓာတ်တို့၏ ချောက်ချားမှူကို ပါဠိလို "ဓာတုက္ခောဘ" ဟည ခေါ်၏၊ ထို ဓာတ်ချောက်ချားမှူကြောင့် ဆောင်းအခါ၌ ကတောက်ကတက် အိမ်မက်မက်ခြင်း , ရူးသွပ်လျက် အမျိုးမျိုး ထင်မြင်နေခြင်း စသည်ဖြင့် လည်းကောင်း, ပါဠိလို "ဒေဝတောပသံဟာရတာ" ဟု ခေါ်ရသော နတ်တို့၏ ဖန်ဆင်း ဆောင်ပြမှူကြောင့် လည်းကောင်း အာရုံ အမျိုးမျိုး ထင်လာတက်၏။ လျော်ကန် တော်မှန် သိတာကြောင့် ။ ။ သစ္စာလေးပါးကို ပိုင်နိုင်စွာ မဟုတ်သေးဘဲ အရိပ်အယောင်မျှ လျော်ကန်အောင် သိမှူ ကို "အနုဗောဓ" ဟု ခေါ်၏၊ ထို အနုဗောဓကြောင့် လည်းကောင်း, သစ္စာလေးပါးကို မှန်ကန် ပိုင်နိုင်စွာ သိမှူကို "ပဋိဝေဓ" ဟု ခေါ်၏၊ ထို ပဋိဝေဓ ကြောင့် လည်းကောင်း, သစ္စာလေးပါးတို့ ရှေးက မမြင် မကြားဘူးဘဲလျက် ထင်လာတက်၏၊ ဓမ္မစကြာ၌ "ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒါပါဒိ" စသည်ဖြင့် ပြတော်မူသည့်အတိုင်း ဘုရားရှင် ၌ သစ္စာလေးပါးတို့ ထင်ထင်ရှားရှား ထင်လာရသည်မှာ ဤ ပဋိဝေဓ အသိပင်တည်း၊ ဤသို့ စသည်ဖြင့် မနောဒွါရ၌ ထင်လာခြင်း ၏ အကြောင်းတွေ များစွာ ရှိပေသည်၊ ဤကား အဋ္ဌသာလိနီ မူလဋီကာ ဟူသော လက်ရိုးကျမ်းတို့ အမိန့်အဆိုများပေတည်း။ စိတ်၏ အစွမ်းသတ္တိ ။ ။ ထို ပြခဲ့သည့်အတိုင်း အကြောင်းအမျိုးမျိုးကြောင့် ထင်လာရာဝယ် ဣဒ္ဓိဗလ ဒေဝတောပသံဟာရ ဓာတုက္ခောဘတို့ကြောင့် ထင်လာရာ ၌ စိတ်၏ အစွမ်းသတ္တိ ကို မသိသာသော်လည်း , အခြားသောအကြောင်းများကြောင့် ထင်လာရာ၌ ကား စိတ်၏ အစွမ်းသတ္တိ သည် အတော်သိသာ၏၊ စိတ်သည် အာရုံနှင့် ကင်း၍ စိုးစဉ်းအနည်းငယ်မျှ မဖြစ်နိုင်၊ "အာရမန္တိ ဧတ္ထာတိ အာရမဏံ " အရ အာရုံသည် စိတ်၏ မွေ့လျော်ရာ ဌာနပေတည်း၊ ထို့ကြောင့် စိတ်သည် အာရုံကို အဆင်သင့်ရလျှင် ရစေ , အဆင်သင့် မရလျှင် အာရုံကို မတွေ့ တွေ့အောင် ရှာ၏၊ ထိုသို့ ရှာရာ၌ ဝိတက် စေတနာ မနသိကာရ စေတသိက်များသည် အရာရောက်သော အဖော်သဟဲများ ဖြစ်ကြသည်၊၊ ............................... ........... MMOO့ 

No comments:

Post a Comment